ဒီနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့ဈေးကွက်ကတော့ ကြီးမားတဲ့ အပြောင်းအရွှေ့တွေ မတွေ့ရသလို အသင်းကြီးအများစုကလည်း ဝင်ရောက်လှုပ်ရှားတာ မတွေ့ရပါဘူး။ပရီးမီးယားလိဂ်အသင်းတွေထဲမှာ အလှုပ်ရှားဆုံးအသင်းကတော့ နည်းပြသစ် မက်ဟုရှ် ကိုင်တွယ်နေတဲ့ ကျူပီအာပဲ ဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ပရီးမီးယားလိဂ်အသင်းအားလုံးရဲ့ သုံးစွဲမှုပေါင်းဟာ ၆၅ သန်းသာရှိခဲ့ပြီး မနှစ်က ချဲလ်ဆီးကဝယ်ယူတဲ့ တောရက်စ်၊ လီဗာပူးလ်က ဝယ်ယူတဲ့ ကာရိုးတို့ နှစ်ယောက်ပေါင်း ပြောင်းရွှေ့ကြေးကိုတောင် မမီခဲ့ပါဘူး။
အာဆင်နယ်
အဝင် – အွန်နရီ (အငှား)၊ သောမတ်စ်အစ်ဖီး (ပေါင် ၄ သိန်း)
အထွက် – ဖရင်ပေါင် (ဝုဗ်-အငှား) ၊ မနိုနီ (ဟူးလ် – အငှား)၊ မိုင်ယန်ချီ (ဘော်လ်တန် – အငှား)
အက်စတွန်ဗီလာ
အဝင် – ရော်ဘီကိန်း (အငှား)၊ အန်ဒါစတီဗင် (ပေါင်နှစ်သိန်းခွဲ)၊
အထွက် – ဒယ်ဖွန်ဆို (အငှား)၊ ဖာဘီယန်ဒပ် (အငှား)၊ ရှိန်းလော်ရီ (အငှား)
ဘလက်ဘန်း
အဝင် – မိုဒက်စ်တီ (အငှား)၊ မားကပ်စ်အော်ဆန် (အလွတ်)၊ ဘရက်ဒလေအော (ပြောင်းရွှေ့ကြေး မဖော်ပြ)
အထွက် – ဂျေဆင်ရောဘတ် (အလွတ်)၊ ကိတ်အင်ဒရူး (ဝက်စ်ဘရွန်းသို့ အလွတ်)
ဘော်လ်တန်
အဝင် – တင်ရင်းမ် (ပေါင် ၂ သန်း)၊ မီယန်ချီ (အာဆင်နယ်မှ အငှား)
အထွက်။ ဂယ်ရီကာဟေးလ် (ချဲလ်ဆီးသို့ – ပေါင်ခုနှစ်သန်း)
ချဲလ်ဆီး
အဝင် – ဂယ်ရီကာဟေးလ် (ဘော်လ်တန်မှ ပေါင် ၇ သန်း)၊ ဒီဘရိုင်း (ဂျန့်မှ ပေါင် ၆.၇ သန်း) ၊ ပက်ထရစ်ဘမ်ဖို့ဒ် (ဖောရက်စ်မှ ပေါင် ၁.၅ သန်း)
အထွက် – အဲလက်စ် (ပီအက်စ်ဂျီသို့ ပေါင် ၄သန်း)၊ မက်အက်ချရန် (ဆွမ်းဆီးသို့ အငှား)၊ ကာကူတာ (ဒီဂျွန်သို့ အငှား)၊ အနယ်ကာ (ရှန်ဟိုင်းရှန်ဟွာသို့ အလွတ်)၊ ဒီဘရိုင်း (ဂျန့်သို့ ပြန်အငှားချ)
အဲဗာတန်
အဝင် – ဒိုနိုဗန် (ဂလက်စီမှ အငှား)၊ ဒါရင်းဂစ်ဆင် (မန်ယူမှ ပေါင် ၂သန်း)၊ လီကီကာဂျယ်လဗစ် (ရိန်းဂျားမှ ပေါင် ၆ သန်း)၊ စတီဗင်ပင်နာ (စပါးမှ အငှား)
အထွက် – ဘီယာလတ်ဒီနော့ (စပါးတပ်မော်စကိုသို့ ပြောင်းရွှေ့ကြေး မဖော်ပြ)၊ လူးဝစ်ဆာဟာ (စပါးသို့ ပြောင်းရွှေ့ကြေး မဖော်ပြ)
ဖူလ်ဟမ်
အဝင် – ဂျက်ဂရင်မာ (အဘာဒင်းမှ ပေါင် ၂ သိန်း)၊ ပေဗယ်ပိုဂရက်ညက် (စတုဂတ်မှ ပေါင် ၄ သန်း)၊ ခရစ်တန်ဆန် (ပြောင်းရွှေ့ကြေး မဖော်ပြ)၊ ရိုင်ရန်ဝီလီယမ် (ပွန်ပေမှ ပြောင်းရွှေ့ကြေး မဖော်ပြ)
အထွက် – ဘော်ဘီဇာမိုရာ (ကျူပီအာသို့ ပေါင် ၆ သန်း)
လီဗာပူးလ်
အဝင် – ဂျောဒန်အိုင်ဘီ (ဝိုင်ကွန်ဘီမှ ပေါင် ၅ သိန်း)
အထွက် – ဒန်နီဝီလ်ဆင် (ဘလက်ပူးလ်သို့ အငှား)၊ မာတင်ဟန်ဆန် (ပြောင်းရွှေ့ကြေး မဖော်ပြ)
မန်စီးတီး
အဝင် – ဒေးဗစ်ပစ်ဇာရို (ရိုးမားမှ အငှား)
အထွက် – အိုနူဟာ (ကျူပီအာသို့ ပေါင် ၂ သန်း)၊ ဝိန်းဘရစ် (ဆန်းဒါးလန်းသို့ အငှား)၊ ဖရက်ဒရစ်ဗက်ဆယ်လီ (မန်ယူသို့ ပြောင်းရွှေ့ကြေး မဖော်ပြ)
မန်ချက်စတာယူနိုက်တက်
အဝင် – ပေါလ်စခိုး (ကလပ်မဲ့)၊ ဖရက်ဒရစ်ဗက်ဆယ်လီ (မန်စီးတီးမှ ပြောင်းရွှေ့ကြေး မဖော်ပြ)
အထွက် – မာချီဒါ (ကျူပီအာသို့ အငှား)၊ ဒါရင်းဂစ်ဆင် (အဲဗာတန်သို့ ပေါင် ၂ သန်း)၊ ဒီအော့ဖ် (ဟန်နိုဗာသို့ ပြောင်းရွှေ့ကြေး မဖော်ပြ)၊ ရေဗယ်မော်ရစ်ဆင် (ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ကြေး မဖော်ပြ)၊ ဂျို့ရှ်ကင်း (ဟူးလ်စီးတီးသို့ အငှား)
နယူးကာဆယ်
အဝင် – ဒမ်ဘာဆစ်စီ (ဖရိုင်းဘတ်မှ ပေါင် ၁၀ သန်း)၊
အထွက် – အလန်စမစ် (အငှား)
နောဝှစ်ချ်
အဝင် – ဂျွန်နီဟောင်ဆန် (လိဒ်စ်မှ ပေါင် ၂ သန်း)၊ ရိုင်ယန်ဘန်းနက် (ပီတာဘရော့မှ ပေါင် ၃ သန်း)၊
အထွက် – ဖရန်ကွန့် (အငှား)၊ ကိုရေစမစ် (အငှား)၊ ရိုင်ယန်ဘန်းနက် (ပီတာဘရော့သို့ ပြန်အငှားချ)
ကျူပီအာ
အဝင် – ဒီယာကိုက် (အငှား)၊ တိုင်ဝို (အေစီမှ အငှား)၊ မာချီဒါ (မန်ယူမှ အငှား)၊ အိုနူဟာ (မန်စီးတီးမှ ပေါင် ၂.၅ သန်း)၊ ဒီဂျီဘရီဆစ်စီ (လာဇီယိုမှ ပေါင် ၄.၅ သန်း)၊ ဘော်ဘီဇာမိုရာ (ဖူလ်ဟမ်မှ ပေါင် ၆ သန်း)
အထွက် – မက်သယူးကိုနိုလီ (အငှား)၊ ဘရက်ဒလေအော (ဘလက်ဘန်းသို့ ပြောင်းရွှေ့ကြေး မဖော်ပြ)
စတုတ်ခ်စီးတီး
အဝင် – မရှိ
အထွက် – တွန်ဂီ (အငှား)၊ ဒန်နီပွတ် (ပြောင်းရွှေ့ကြေး မဖော်ပြ)၊ မာရှယ် (ပေါင် ၁ သန်း)
ဆန်းဒါးလန်း
အဝင် – ဝိန်းဘရစ် (မန်စီးတီးမှ အငှား)၊ ကရိုင်ဂျီယာကို့စ် (ဝုဗ်ဘတ်မှ အငှား)
အထွက် – နိုဝေါ်သီ (ပြောင်းရွှေ့ကြေး မဖော်ပြ)၊ ဂျောဒန်ကွတ် (ကာလ်ဆီးသို့ အငှား)
ဆွမ်းဆီး
အဝင် – မက်အက်ချရန် (ချဲလ်ဆီးမှ အငှား)၊ ဒါနယ်စစ်တူ (လန်းစ်မှ ပေါင် ၂.၅သန်း)၊ ရိုဝီဒိုနယ်လီ (ပေါင် ၂ သိန်း)
အထွက် – မရှိ
စပါး
အဝင် – ယာဂိုဖဲ့ (ဂျူဗင်တပ်စ်မှ ပေါင် ၅ သိန်း)၊ လူးဝစ်ဆာဟာ (အဲဗာတန်မှ ပြောင်းရွှေ့ကြေး မဖော်ပြ)၊ ရိုင်ယန်နယ်ဆန် (အလွတ်)
အထွက် – ကော်လူကာ (လီဗာကူဆင်သို့ အငှား)၊ ပက်ဗလူချန်ကို (လိုကိုမိုးတစ်မော်စကိုသို့ ပေါင် ၃ သန်း)၊ ဘက်ဆောင်း (ဝုဗ်သို့ အငှား)၊ စတီဗင်ပင်နာ (အဲဗာတန်သို့ အငှား)
ဝက်စ်ဘရွန်း
အဝင် – စကော့အလန် (ဒန်းဒီးမှ ပေါင် ၃ သိန်း)၊ ရစ်ဝဲလ် (ဘာမင်ဂမ်မှ ပေါင် ၂.၅ သန်း)၊ ကိတ်အင်ဒရူး (ဘလက်ဘန်းမှ အလွတ်)
အထွက် – ဂျိုးမက်ကော့ (ပွန်ပေသို့ အငှား)၊ ဘဒ်နာ (ဘလက်ပူးသို့ အငှား)
ဝီဂန်
အဝင် – ဘီယော့စ်ဂျော (ဘာမင်ဂမ်မှ ပေါင် ၃ သန်း)၊
အထွက် – ဒစ်ကို (ဘလက်ပူးသို့ အငှား)
ဝုဗ်
အဝင် – အက်ဂတ်ဂျွန်ဆွန် (ဟတ်စ်မှ ပေါင် ၂ သိန်း)၊ ဖရင်ပေါင် (အာဆင်နယ်မှ အငှား)၊ ဘက်ဆောင်း (စပါးမှ အငှား)
အထွက် – ဆမ်ဗုတ်ခ် (ဘရိုက်တန်သို့ အငှား)