ယူရို ၂၀၁၂ အုပ်စု (A) ပွဲကြိုသတင်းများ
This article has been converted from Zawgyi One to Unicode
ဥရောပဖလား ယူရို ၂၀၁၂ အုပ်စု (A) မှာ –
၁။ ချက်
၂။ ဂရိ
၃။ ပိုလန် (အိမ်ရှင်)
၄။ ရုရှား အသင်းတို့ ပါဝင်လာပြီး တဖက်အုပ်စုတွေနဲ့ ယှဉ်ရင် အုပ်စုချောင်တယ်လို့ ပြောရမှာပါ။ ဖလားရဖို့ ရေပန်းစားနေတဲ့ အသင်းတွေ မပါပေမယ့် ၄ သင်းစလုံး ခြေညီနေသလို အစဉ်အလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းတွေ ဖြစ်နေပြန်ပါတယ်။ ဇွန်လ (၈) ရက်နေ့မှာ အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ပိုလန်နဲ့ ဂရိအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ရုရှားနဲ့ ချက်အသင်းက ဒုတိယပွဲစဉ်အဖြစ် ကစားကြမှာ ဖြစ်ပါတယ်။
ချက်
(ဂိုး) – ပီတာချက်၊ လက်စတုဗ်ကာ၊ ဒရော့နီ
နောက်တန်း – ဂဲဗီရီ ဆီလာဆီ၊ ကာဒက်၊ ဆူချီ၊ ဟူပ်နစ်၊ ဆီဗော့်၊ ဟူဗ့်စ်မန်း
အလယ်တန်း – လင်ဘာစကီ၊ ရော့ဆစ်စကီး၊ ပါ့ဇယ်လာ၊ ရက်တိုရယ်၊ ပလာဆယ်၊ ကိုလာ၊ ဂျီရာဆက်၊ ဒါရီဒါ
ရှေ့တန်း – နီစစ်၊ ရီဇက်၊ ပီလာ၊ ဘာရော့စ်၊ ပက်ဟက်၊ လာဖာတာ
ချက်အသင်းဟာ ဥရောပပွဲတွေမှာ ခြေစွာတဲ့အသင်းဖြစ်သလို ၂၀၀၆ ကမ္ဘာ့ဖလားတုန်းကလည်း ပရိသတ် အံ့အားသင့်လောက်အောင် ရော့ဆစ်စကီး၊ ဘာရော့စ်တို့က ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ ယခု ၂၀၁၂ မှာတော့ ကစားသမားသစ်တွေ တော်တော်များများ ပါလာပြီး လူဟောင်းထဲက ဂိုးသမား ပီတာချက်၊ ဂျီရာဆက်၊ ရော့ဆစ်စကီး နဲ့ ဘာရော့စ်တို့သာ ပါလာပြီး လူငယ်ခြေတက်တွေနဲ့ဖွဲ့စည်းထားပါတယ်။ ချက်အသင်းမှာ နည်းပြ ဘိုင်လက်ခ်နဲ့အတူ အထွေထွေ မန်နေဂျာအဖြစ် ပါလာတဲ့ လစ်ဗာပူး ကစားသမားဟောင်း စမစ်ဆာကတော့ ယခု မျိုးဆက်ဟာ ချက်နိုင်ငံရဲ့ ဂုဏ်ဆောင်ဖို့အကောင်းအဆုံး အနေအထားမှာရှိတယ်လို့ ဆိုပါတယ်။
ဂရိ
(ဂိုး) – ချာကီယက်စ်၊ ရှောဗက်စ်၊ ဆီဖာကစ်
နောက်တန်း – မာနီယာတစ်၊ ရှာဗီလက်စ်၊ မာလီဇက်၊ ပါပါဒီပိုလော့စ်၊ တိုရိုဆီဒစ်၊ ပါပက်စ်
အလယ်တန်း – မာကော့စ်၊ ကာရာဂူးနစ်၊ ဖိုတာကစ်၊ နီနစ်၊ ဟိုလီဘက်၊ ကတ်ဆိုရာနစ်၊ ဖက်ဖက်ဆီဒစ်
ရှေ့တန်း – ဆာမာရက်စ်၊ လစ်ဗာရိုပိုလောစ့်၊ မစ်တရိုလော့၊ ဆယ်ပင်ဒစ်၊ ဂီကစ်စ်၊ ဖောတူနစ်
၂၀၀၄ ခုနစ်က ဥရောပ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဂရိဟာ အခုလက်ရှိအချိန်မှာတော့ ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ် ကိုင်တွယ်နေပြီး ဒီနှစ်မှာလည်း ကစားသမားတွေရဲ့ အနေအထားအရ ရေပန်းစားတဲ့အသင်း မဟုတ်ပါဘူး ။ ဒါပေမယ့် ၂၀၀၄ ခုနစ်တုန်းက ဂျာမန်နည်းပြ အော်တို ရီဟေဂယ်ရဲ့ လက်အောက် ပြိုင်ဘက်တိုင်းကို နောက်တန်းမှာ စုစည်းမှုကောင်းစွာဖြင့် ပိတ်ကစားခဲ့ပြီး အသင်းကြီးတွေဖြစ်တဲ့ ပေါ်တူဂီ၊ ပြင်သစ် စတဲ့ အသင်းတွေကို နောက်ကောက်ချဖူးတဲ့ အစဉ်အလာရှိပါတယ်။ ပရီးမီးယားလိဂ် ပရိသတ်ကတော့ ဂရိ တိုက်စစ်မှူး ဆာမာရက်စ် ကို ရင်းနှီးဖူးပြီးဖြစ်သလို ၂၀၀၄ ခုနစ်တုန်းက ပါဝင်ခဲ့တဲ့ ကာရာဂူးနစ်ရဲ့ ဦးဆောင်မှုနဲ့ ဂရိအသင်းဟာ မထင်မှတ်တာတွေ လုပ်ပြဦးမလားဆိုတာ စောင့်ကြည့်ရပါမယ်။
ပိုလန်
(ဂိုး) – ရှက်ဇနီ၊ ဆန်ဒိုမီရာစကီး၊ တိုင်တွန်
နောက်တန်း – ဘော့စနစ်၊ ဝေါ့ကိုဝိတ်၊ ကာမင်စကီး၊ ဝါဆယ်လူးစကီး၊ ဝေါဇနိတ်၊ ပါကွစ်
အလယ်တန်း – မာတူချက်၊ ပိုလန်စကီး၊ ရိုင်ဘက်စ်၊ အိုဘရာနစ်၊ မူရာစကီး၊ ဘလက်စ်ကိုစကီး၊
မီရာဂျူးစကီး၊ ဝေါ့စကီး
ရှေ့တန်း – လီဝန်ဒိုစကီး ၊ ဆိုဗစ် ၊ ပစ်စညက် ၊ ဂရော့စကီး ၊ ဘရိုဇက်
ပူးတွဲ အိမ်ရှင်နိုင်ငံဖြစ်တဲ့ ပိုလန်အသင်းဟာ ပြိုင်ပွဲအကြို ခြေစမ်းပွဲမှာ အန်ဒိုရာအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရထားသလို ခြေစွမ်းမာကြောင်း ချစ်ကြည်ရေးပွဲတွေမှာ ပြသထားပါတယ်။ ၂၀၁၁ ဇွန်လမှာ အာဂျင်တီးနားအသင်းနဲ့ခြေစမ်းခဲ့ရာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိထားသလို စက်တင်ဘာမှာ ဂျာမနီအသင်းနဲ့ခြေစမ်းပွဲမှာလည်း ၂-၂ ဂိုးနဲ့ ဂျာမနီအသင်းကို သူတင်ကိုယ်တင် ကစားပြီး ခြေစွမ်းပြထားနိုင်ပါတယ်။ ယခုပြိုင်ပွဲမှာ အိမ်ကွင်းဖြစ်တာကြောင့် ပိုလန်အသင်းဟာ ပိုမို ကောင်းမွန်လာဖွယ်ရာရှိပြီး အာဆင်နယ် ဂိုးသမား ရှက်ဇနီ၊ ရှေ့တန်းက ဂျာမနီကလပ် ဘရော့ရှား ဒေါ့မွန်မှာ ကစားနေတဲ့ လီဝန်ဒိုစကီးနဲ့ ပစ်စညက်ဟာ စောင့်ကြည့်ရမယ့် ကစားသမားတွေအဖြစ် ဘောလုံးကျွမ်းကျင်သူတွေက သတ်မှတ်ထားပါတယ်။
ရုရှား
(ဂိုး) အကင်ဗီးဗ်၊ ရှနင်၊ မာလာဗီဗ်
နောက်တန်း – အန်ယူကော့ဗ်၊ ရှာရာနော့ဗ်၊ အစ်နစ်ရှ်ဗစ်၊ ဘီရက်ဇက်စကီး၊ ဂရာနက်၊ နာဘက်ကင်
အလယ်တန်း – ရှာကော့ဗ်၊ ရှီရိုနော့ဗ်၊ ဒန်နီဆော့ဗ်၊ ဇီရီနောဗ့်၊ အစ်စမယ်လဗ်၊ အာရှာဗင်၊ ကွန်ဗာရုဗ့်၊ ဂျာဂိုဗ့်၊ ဂလူရှာကော့ဗ်၊ ဆမ်ရှောဗ့်
ရှေ့တန်း – ကာဇာကောဗ့်၊ ပက်ဗလူချင်ကို၊ ကိုကိုရင်၊ ပိုဂရက်ညက်
ဟော်လန်နည်းပြ အက်ဗိုကတ် ကိုင်တွယ်နေတဲ့ ရုရှားအသင်းဟာ နည်းစနစ်ပိုင်းအရ ကောင်းမွန်တဲ့အသင်းဖြစ်ပြီး ကစားသမား အင်အားကလည်း တဖက်အသင်းကြီးတွေကို ကောင်းကောင်း ယှဉ်ကစားနိုင်တဲ့အဆင့်မှာ ရှိပါတယ်။ ဆိုဗီယက်နိုင်ငံအနေ နဲ့ ဥရောပမှာ ထင်ရှားခဲ့ဖူးတဲ့ ရုရှားအသင်းဟာ ၁၉၆၀ တုန်းက ဖလားရယူဖူးထားသလို၊ ၁၉၆၄၊ ၁၉၇၂၊ ၁၉၈၈ နှစ်တွေမှာ ဖိုင်နယ်အထိတက်ရောက်ပြီး ဒုတိယအဆင့်နဲ့ကျေနပ်ခဲ့ရဖူးပါတယ်။ ယခု ရုရှားအသင်းမှာ ပရီးမီယားလိဂ်မှာ ကစားနေတဲ့ ပက်ဗလူချင်ကို၊ ပိုဂရက်ညက်တို့ပါဝင်သလို အတွေ့အကြုံရင့် ကစာသမားတွေဖြစ်တဲ့ အာဆင်နယ် ကစားသမားဟောင်း အာရှာဗင်၊ ချယ်လ်ဆီး ကစားသမားဟောင်း ဇာကော့ဗ်လည်း ပါဝင်လာပါတယ်။ ရှေ့တန်းမှာ လူအင်အားများတဲ့ ရုရှားအသင်း ဘယ်လိုတိုက်စစ်အတွဲနဲ့ပွဲထွက်လာမယ်ဆိုတာ စိတ်ဝင်စားစရာပါ။
အုပ်စု (A) ပွဲစဉ်အချိန်ဇယား
ဇွန်လ ၈ ရက်၊ သောကြာနေ့
ပိုလန် – ဂရိ
ရုရှား – ချက်
ဇွန်လ ၁၂ ရက်၊ အင်္ဂါနေ့
ဂရိ – ချက်
ပိုလန် – ရုရှား
ဇွန်လ ၁၆ ရက်၊ စနေနေ့
ချက် – ပိုလန်
ဂရိ – ရုရှား