• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

မြန်မာ့ဘောလုံး သွေးသစ်လောင်းပြီး ပြန် လာပြီ

by ဆောင်းဦးလင်း
20 July 2012
in Lifestyle
A A
မြန်မာ့ဘောလုံး သွေးသစ်လောင်းပြီး ပြန် လာပြီ

၂၀၁၁ ဆီးဂိမ်း ပြိုင်ပွဲမှာ ဗီယက်နမ် ကို ၄-၁ ဂိုးနဲ့ အနိုင်ရလို့ ကြေးတံဆိပ်ဆု ရခဲ့တဲ့ အသက်၂၃ နှစ်အောက် မြန်မာ ဘော လုံး အသင်း (ဓာတ်ပုံ - Getty Images)

13.2k
VIEWS
Share on FacebookShare on Twitter

သယံဇာတ အများအပြား ထွက်တယ်လို့ လူသိများတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အလယ်မှာမထင်ပေါ်နိုင်ပဲ ငုပ်လျှိုးနေခဲ့တာကြာပါပြီ။ “မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမည်”လို့ ဆောင်ပုဒ်ရှိပေမယ့် ယခုအချိန်ထိ အာရှအဆင့်ပွဲတွေ ရောက်ဖို့တောင် အရှိန် ယူနေဆဲပါ။

တချိန်က အာရှမှာ ရွှေခေတ်ရောက်ခဲ့ပေမယ့် မြန်မာ့ဘောလုံးဟာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာ အတော်ကြာခဲ့ပါပြီ။ မကြာ ခင်ကမှ လူငယ် ဘောလုံးသမားတွေ မွေးထုတ်ပေးတဲ့ စီမံကိန်းကို စ အကောင်အထည်ဖော်ခဲ့ပြီး မြန်မာ့ဘောလုံး တခေတ်ဆန်းဖို့ အားထုတ်နေတာ အခုဆိုရင် အနာဂတ်အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်ရောက်လာပြီလို့ ဆိုနိုင်ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.4k
မြိတ်မြို့

မြိတ်မြို့

11 May 2025
594
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
260

အသက်၂၃ နှစ်အောက် ဘောလုံးအသင်းဟာ ၂၀၁၁ ဆီးဂိမ်း ပြိုင်ပွဲမှာ ဗီယက်နမ် ကို ၄-၁ နဲ့ အနိုင်ရလို့ ကြေးတံဆိပ်ဆု ရခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံများကို မြန်မာပြန်လာပြီဆိုကာ အချက်ပေးလိုက် နိုင်ပါတယ်။

၂၀၁၂ မှာတော့ အသက် ၂၂ အောက်အသင်း ဟာ ရန်ကုန်မြို့မှာ ကစားခဲ့တဲ့ အာရှ အသက် ၂၂ အောက် ခြေစစ်ပွဲမှာ အာရှ အင်အားကြီး တောင်ကိုရီးယားကို သရေ ကစားနိုင်ခဲ့သလို ဒေသတွင်းပြိုင်ဖက် ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင် တို့ကို ကျော်ဖြတ်ပြီး အုပ်စု ဒုတိယနဲ့ အာဆီယံနိုင်ငံတွေထဲက ပထမဦးဆုံး ခြေစစ်ပွဲအောင်တဲ့ အသင်း ဖြစ်လာခဲ့ပါတယ်။

ခြေစစ်ပွဲစဉ်တွေမှာ တောင်ကိုရီးယားကို ဂိုးမရှိ သရေ၊ တခြားပြိုင်ဖက်အသင်းတွေ အားလုံးကို ဂိုးအသာသွင်းပြီး ခြေစစ်ပွဲအောင် ခဲ့ တာကြောင့် အာဆီယံ ဘောလုံးပရိသတ်များကြား ပြောစမှတ် တွင်ခဲ့ပါတယ်။

မြန်မာ့ ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်အောင် က“လူငယ်အသင်းတွေရဲ့ အောင်မြင်မှုဟာ ကျနော်တို့ ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ် စီမံကိန်းတွေအတွက် ယုံကြည်မှု တိုးစေပါတယ်။ အခု အသက် ၂၂ အောက် အာရှခြေစစ်ပွဲစဉ်မှာ ထိုက် တန်တဲ့ အောင်မြင်မှု ရရှိခဲ့တာက လာမယ့် ၂၀၁၃ ဆီးဂိမ်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ နီးလာချိန်လည်း ဖြစ်တာမို့ စိတ် ဓာတ် ခွန်အားကို မြင့်မားစေပါတယ်”လို့ ဖီဖာ ကို ပြောပါတယ်။

အောက်ဆုံးက စ

မြန်မာဘောလုံး အသင်းဟာ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်တုန်းက အာရှမှာ တန်ခိုးထွားခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် အာရှဖလား မှာ ဒုတိယ ရရှိခဲ့ပြီး ၁၉၆၆ နဲ့ ၁၉၇၀ ခုနစ် အာရှမှာ ၂ ကြိမ် ဆက်တိုက် ချန်ပီယံ သရဖူ ရခဲ့တယ်။ ဆီးဂိမ်းပြိုင်ပွဲတွေမှာလည်း ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁၊ ၁၉၇၃ နှစ်တွေမှာ ၅ ကြိမ် ဆက်တိုက် ဘောလုံးချန်ပီယံ ဖြစ်ခဲ့ပြီး အာရှရဲ့ ဘောလုံးထူးချွန်သူ ကစား သမားတွေ ထွက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် နိုင်ငံရေး စီးပွားရေး နောက်ကျန်နေမှုနဲ့အတူ မြန်မာ့ အားကစားလည်း မှေးမှိန်ခဲ့ရပြီး အာရှမှာ ရေပန်းစားခဲ့တဲ့ မြန်မာ့ ဘောလုံးအသင်း ခြေကျခဲ့တာ နှစ်ပေါင်း ၃၀ ကျော် ရှိနေခဲ့ပါပြီ။

၂၀၁၁ ခုနစ်က ဆီးဂိမ်း ပြိုင်ပွဲမှာ တတိယ ဆုရခဲ့တာကလွဲရင် မြန်မာဘောလုံး တိုးတက်မှု လမ်းစ ပျောက်နေခဲ့ပါတယ်။
၁၉၆၈ ခုနစ်မှာ အာရှဖလား ဖိုင်နယ်ကို ကန်နိုင်ခဲ့ရာကစလို့ အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့ရပြီး ပထမဆုံး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကို လည်း ၂၀၁၀ တောင်အာဖရိက ခြေစစ်ပွဲကျမှ စတင် ပါဝင်ယှဉ်ပြိုင် နိုင်ခဲ့ပေမယ့် အင်အားကြီး တရုတ် ဘောလုံးအသင်းကို ဂိုးပြတ် ရှုံးနိမ့် ခဲ့ပါတယ်။

အတိတ်မြက်ခင်းစိမ်းမှာ ပိုင်ဆိုင်ခဲ့ဖူးတဲ့အောင်မြင်မှုတွေကိုပြန်ရဖို့ မြန်မာဘောလုံးတာဝန်ရှိသူတွေဟာ အခြေခံကအရှိအတိုင်း ပြန် စရမှာကို သိရှိပြီးဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်ဟောင်းတဦးဖြစ်သူ ဦးတင်အောင် က“ကျနော်တို့ဟာ ဘောလုံးလောက ပြန် တိုး တက်လာဖို့ လူငယ်ဖွံဖြိုးရေးတွေကို အာရိုက်စိုက်ပြီး လုပ်ခဲ့တယ်”လို့ ပြောပါတယ်။

ဆက်ပြီး“စီမံကိန်း အသစ်အရဆိုရင် တနိုင်ငံလုံးအတိုင်းအတာ အသက် ၁၂ နှစ်အောက် ဘောလုံးပြိုင်ပွဲတွေကို စတင်ကျင်းပဖို့ စီစဉ်နေပြီး ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်။ အစီအစဉ်တွေ မျှော်မှန်းထားသလို အဆင်ပြေ ချောမွေ့မယ် ဆို ကျနော်တို့ရဲ့ အနာဂတ် အသက် ၁၇ အောက် လူငယ်အသင်းဟာ ၂၀၂၁ ကမ္ဘာ့ဖလားကို ဝင်ကန်နိုင်မှာပါ”လို့ လည်း ဦးတင်အောင် က ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေအတွင်း မြန်မာ့ဘောလုံးလောက တိုးတက်လာတာဟာ ဖီဖာ ရဲ့အကူအညီတွေကြောင့်လို့ ဦးတင်အောင်က ဆိုပါသေးတယ်။

“ဖီဖာ ဂိုးလ် စီမံကိန်းအကူအညီ နဲ့ မြန်မာ့ဘောလုံးအဖွဲ့ချုပ် ရုံးကို တည်ဆောက်နိုင်ခဲ့သလို ဌာနဆိုင်ရာတွေမှာလည်း အုပ်ချုပ်ရေး နဲ့ စီမံခန့်ခွဲရေးတွေ တိုးတက်လာခဲ့တယ်။ မန္တလေးမှာ ဘောလုံးသင်တန်းကျောင်း ဖွင့်လှစ်နိုင်ခဲ့သလို တတိယ ဂိုးလ် စီမံကိန်း က လည်း လူငယ်အသင်း အောင်မြင်မှုတွေ ရလာဖို့ လမ်းခင်းပေးခဲ့တယ်။ ပရော်ဖက်ရှင်နယ် လိဂ် ကိုလည်း ဖီဖာရဲ့ စည်းမျဉ်း စည်း ကမ်း တွေအတိုင်း ၂၀၀၉ ခုနစ်မှာ စတင် ကျင်းပနိုင်ခဲ့ပါတယ်”လို့ ဦးတင်အောင်က ဖီဖာ ဒေါ့ကွန်းကို ပြောပါတယ်။

ခေတ်လူငယ် ခြေသွက်တွေ

မကြာမီက ကျင်းပခဲ့တဲ့ လူငယ်ပြိုင်ပွဲတွေမှာ အောင်မြင်မှုက မြန်မာဘောလုံး လောက ပြန်လည်တိုးတက်မှုရဲ့ သက်သေပါပဲ။ လူငယ်တွေရဲ့အင်အားနဲ့ အသက် ၂၂ အောက်ပြိုင်ပွဲမှာ တောင်ကိုရီးယားကို သရေ ကစားနိုင်ခဲ့သလို အုပ်စု ပွဲစဉ် ၄ ပွဲကိုလည်း ဂိုးပြတ် တွေနဲ့ အနိုင်ရခဲ့ပါတယ်။

ခြေစွမ်းပြနိုင်သူတွေကဆို ကွင်းလယ်ကစားသမား အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်း ဖြစ်ပါတယ်။ ထိုင်ဝမ်ကို ၆ ဂိုး ၁ ဂိုးနဲ့ အပြတ်ဖြတ်ခဲ့တဲ့ ပွဲတုန်းကလည်း ခြေစွမ်းပြနိုင်ခဲ့တယ်။ နောက်တန်းခံစစ်က ဇော်မင်းထွန်းလည်း တဖက်တိုက်စစ်မှူးတွေကို အကောင်း ဆုံး ဟန့်တားနိုင်ခဲ့သလို ရှေ့တန်းတိုက်စစ်မှူးတွေဖြစ်တဲ့ ကျော်ကိုကို နဲ့ ကောင်းစည်သူတို့ ကလည်း ပြိုင်ဘက် နောက် တန်းတွေကို ခြိမ်းခြောက်နိုင်သူတွေပါ။

မြန်မာတွေသာမက အာဆီယံ ပရိသတ်များကိုပါ အံ့အားသင့်သွားရအောင် အကောင်းဆုံး ကစားခဲ့တဲ့ အသက် ၂၂ အောက် မြန်မာ လူငယ်အသင်းကို ကိုင်တွယ်ခဲ့သူက တောင်ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာပါ။ သူ့ကြောင့်လည်း မြန်မာအသင်းရဲ့ စွမ်းဆောင် ရည် မြင့်မားလာနေပြီး ရှေ့ဆက်အောင်မြင်ဖို့ ရည်ရွယ်ချက်လည်း ပိုကြီး လာနေပါတယ်။

ဦးတင်အောင်က“ပတ်ဆောင်ဟွာကို ကျနော်တို့ ကျေးဇူးတင်ရမှာပါ။ ကျနော်တို့ ယူ ၂၂ အသင်း အာရှဖလားခြေစစ်ပွဲတွေမှာ ခြေစွမ်း တွေ ပြနိုင်ခဲ့တာ သူ့ကျေးဇူးမကင်းဘူး။ နောက်တဆင့် အနေနဲ့၂၀၁၃ မှာကျင်းပမယ့် အာရှဖလား ၁၉ နှစ်အောက်ပြိုင်ပွဲကို ခြေ စစ်ပွဲအောင်ဖို့ ကြိုးစား သွားပါမယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်က ခြေစစ်ပွဲအောင်ရုံတင်မက ၂၀၁၄ အာရှ ၁၉ နှစ်အောက်ပြိုင်ပွဲမှာ ထိပ်ဆုံး လေးသင်းထဲ ပါနိုင်ဖို့ပါ။ ဒါမှ အသက် ၂၀ အောက် ကမ္ဘာ့ဖလားကို ကျနော်တို့ရောက်မယ်”ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

ကိုးကား။            ။ www.fifa.com မှ Youth success sends Myanmar soaring

Your Thoughts …
Tags: Sport
ဆောင်းဦးလင်း

ဆောင်းဦးလင်း

Contributor

Similar Picks:

SEA Games, SEAP Games, အမျိုးသမီး အားကစားသမားများ, မြန်မာ့အားကစား သမိုင်း

မြန်မာ ထူးချွန်ထင်ရှား အမျိုးသမီး အားကစား သမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
10 April 2014
4.2k

မြန်မာနိုင်ငံ၏ ထူးချွန် ထင်ရှားသော အမျိုးသမီး အားကစား သမားများ စာရင်းကို ပြုစုရာ ပြေးခုန်ပစ် အားကစား သမားက အများဆုံး ဖြစ်နေသည်။ ၀ူရှူး (ခိုင်ခိုင်မော်)၊ ရေကူး (မိုးသူအောင်)၊ မြားပစ် (အောင်ငှိမ်း)၊ သေနတ်ပစ်...

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
4.9k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
24 December 2012
14.3k

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

by ဆောင်းဦးလင်း
9 August 2012
5.3k

အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

အားကစား, လူငယ်, အားကစားရုံ, ကစားကွင်း

ယနေ့ လူငယ်များနှင့် အနာဂတ် မြန်မာနိုင်ငံတော်

by ခင်မောင်ထွေး (ပျဉ်းမနား)
2 November 2013
4.3k

သမ္မတကြီး လိုလားသည့် လူငယ်များအတွက် ကောင်းမွန်သော အနာဂတ် ဖန်တီးလိုလျင် လူငယ် လူရွယ်၊ ကျောင်းသူ၊ ကျောင်းသား အားလုံးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တရပ်ကို အားကစားမှ တဆင့် ဖန်တီးပေး ကြရပါလိမ့်မည်

ဦးဒေါင်းနီ,မြန်မာ့ ရိုးရာ လက်ဝှေ့,မွေထိုင်း

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

by ထက်နိုင်ဇော်
1 May 2014
22.8k

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊...

Next Post
ကချင်ပြည်နယ်အရေး ကချင်အမတ်များ စပြောသင့်ဟု KIO ဆို

ကချင်ပြည်နယ်အရေး ကချင်အမတ်များ စပြောသင့်ဟု KIO ဆို

သက်ဝင် လှုပ်ရှားလာတဲ့ လွှတ်တော်

သက်ဝင် လှုပ်ရှားလာတဲ့ လွှတ်တော်

Please login to join discussion
No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.3k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate