အားကစား

ဘရာဇီး- တောင်ကိုရီးယား၊ မက်ဆီကို- ဂျပန်တို့ ထိပ်တိုက်တွေ့ဆုံမယ့် အိုလံပစ်ဘောလုံးပွဲစဉ်များ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သြဂုတ်လ၄ရက်နေ့စနေနေ့ညကအိုလံပစ်ဘောလုံး ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက် ကစားခဲ့ရာ အိမ်ရှင် ဂရိတ်ဗြိတိန် နဲ့ တောင်ကိုရီးယား၊ မက်ဆီကိုနဲ့ ဆီနီဂေါ၊ ဘရာဇီးနဲ့ ဟွန်းဒူးရပ်စ်၊ ဂျပန်နဲ့ အီဂျစ် တို့ယှဉ်ပြိုင် ကစားခဲ့ကြပြီး အကြိတ်အနယ် ပွဲစဉ်တွေ ဖြစ်ခဲ့ပါတယ်။

အိမ်ရှင်အသင်းကိုအနိုင်ကစားခဲ့တဲ့တောင်ကိုရီးယားအသင်းဟာပွဲချိန်အတွင်းပယ်နတီ၂လုံးပေးရပေမယ့်အချိန်ပိုအထိ ကြံ့ကြံ့ခံခဲ့တဲ့အပြင်အိမ်ရှင်ဂရိတ်ဗြိတိန်ကိုပယ်နတီနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဥရုဂွေးအသင်းကိုကျော်ဖြတ်ပြီးဆီမီးဖိုင်နယ် အထိတက်လာတဲ့ဆီနီဂေါအသင်းကတော့မက်ဆီကိုအသင်းကိုမယှဉ်နိုင်ဘဲအချိန်ပိုမှာအရှုံးပေးလိုက်ရသလို၊နာမည်ကြီးဘရာဇီးအသင်းဟာလည်ဟွန်းဒူးရပ်စ်အသင်းကိုခက်ခက်ခဲခဲနဲ့အနိုင်ရရှိခဲ့ပါတယ်။

အုပ်စုပွဲစဉ် တလျှောက်လုံးမှာရှုံးပွဲမရှိခဲ့တဲ့ဂျပန်အသင်းကတော့အိုလံပစ်ပြိုင်ပွဲသမိုင်းမှာတတိယအကြိမ်မြောက်ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့အီဂျစ်အသင်းကိုအနိုင်ရရှိခဲ့လို့အကောင်းဆုံး ခြေစွမ်းကိုပိုင်ဆိုင်ထားပါပြီ။

မက်ဆီကို- ဂျပန်

လျင်မြန်တဲ့ကစားပုံရှိတဲ့မက်ဆီကိုအသင်းဟာအုပ်စုအဆင့် ပွဲစဉ်တွေမှာဆွစ်ဇာလန်၊တောင်ကိုရီးယား၊ဂါဘွန်အသင်း တို့နဲ့ တွေ့ဆုံခဲ့ပြီးတောင်ကိုရီးယားကို သရေနဲ့ကျန်နှစ်သင်းကိုအနိုင်ရပြီးတက်ရောက်လာခဲ့တဲ့ အသင်းဖြစ်ပါတယ်။မက်ဆီကိုအသင်းဟာကွာတားဖိုင်နယ်ပွဲစဉ်မှာဆီနီဂေါအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး၂ဂိုး သွင်းယူ ဦးဆောင်နိုင်ခဲ့ပေမယ့်ဆီနီဂေါကစားသမားကိုနာတေးနဲ့ ဘာဒီတို့ရဲ့ ချေပဂိုးတွေကြောင့်အချိန်ပိုအထိ ဆက်လက်ကန်ခဲ့ရာကဒေါ့ဆန်းတို့စ်နဲ့ လူစားဝင်လာတဲ့ဟာရားရာတို့ရဲ့ ဂိုးတွေနဲ့အနိုင်ရရှိခဲ့ပါတယ်။

အုပ်စုပွဲစဉ်တွေကစပြီးယခုအချိန်အထိရှေ့၊လယ်၊နောက်ညီတဲ့အသင်းလို့ ချီးကျူးခံရတဲ့ဂျပန်အသင်းဟာအနီးပေးတွေနဲ့ ပြိုင်ဘက်အသင်းကိုကွင်းလယ်မှာအသာစီး ရအောင် ကစားနိုင်ပြီးပြိုင်ဘက်အသင်းကိုတချိန်လုံးခြိမ်းခြောက်နိုင်တဲ့ အသင်းဖြစ်ပါတယ်။ ဂျပန်အသင်းဟာ ကွာတားဖိုင်နယ် ပွဲစဉ်မှာခြေစွာနေတဲ့ အာဖရိကက အီဂျစ်ကိုနာဂိုင်း၊ယိုရှီဒါ၊ယူကီအော့စုတို့ရဲ့ ဂိုးတွေနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီးဆီမီးဖိုင်နယ်အထိ တက်ရောက်လာတာ ဖြစ်ပါတယ်။ နာမည်ကြီးစပိန်ကို အဖွင့်ပွဲမှာအင်ရရှိပြီးတက်ကြွနေတဲ့ဂျပန်အသင်းဟာဖိုင်နယ် တက်ရောက်ဖို့ အခွင့်အလမ်း သာနေပါတယ်။

ဘရာဇီး- တောင်ကိုရီးယား

လူအင်အားအပြည့်နဲ့ရွှေတံဆိပ်ဆု ရရှိဖို့ ကြိုးပမ်းလာတဲ့ဘရာဇီးအသင်းဟာအုပ်စုပွဲစဉ်တွေမှာအီဂျစ်၊ဘယ်လာရုစ်၊နယူးဇီလန်စတဲ့အသင်းတွေနဲ့ထပ်တိုက်တွေ့ဆုံခဲ့ပြီးပုံမှန်ခြေစွမ်းပြခဲ့ကာအုပ်စုမှကျော်လွန်လာတဲ့ အသင်းဖြစ်ပါတယ်။နေးမာ၊ဟောခ့်၊မာဆယ်လို၊အော်စကာစတဲ့ကစားသမားတွေပါဝင်တဲ့ဘရာဇီးအသင်းဟာကွာတားဖိုင်နယ် ပွဲစဉ်မှာ၂ ယောက်လျှော့ ကစားခဲ့ရတဲ့ဟွန်းဒူးရပ်စ်ကခက်ခက်ခဲခဲကန်ပြီးမှအနိုင်ရရှိခဲ့ကာ အခုလိုဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ဘရာဇီးအသင်းဟာတိုက်စစ်စွမ်းရည် ပြည့်ဝပေမယ့်ခံစစ်ပိုင်းမှာ အားနည်းနေတာကြောင့်ပြိုင်ဘက် အသင်းတွေရဲ့ဂိုးသွင်းခြင်းကို အခုအချိန်အထိမဟန့်တားနိုင်သေးပေ။ပွဲစချိန်မှာဟွန်းဒူးရပ်စ်အသင်းရဲ့ ဦးဆောင်ခြင်းကိုခံခဲ့ရပြီးနေမား၊ဒါမိုင်ယိုရဲ့ချေပဂိုးနဲ့အနိုင်ဂိုးတွေကြောင့်သာအသက်ရှု ချောင်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားအသင်းကတော့အုပ်စုပွဲစဉ်တွေထဲကအသင်းလိုက် ကစားအားကောင်းမွန်တဲ့အသင်းဖြစ်သလိုစိတ်ဓာတ်ပိုင်း ကောင်းမွန်တဲ့အသင်း ဆိုတာကိုလည်းအိမ်ရှင်ဂရိတ်ဗြိတိန်ကို အနိုင်ယူပြီးသက်သေပြနိုင် ခဲ့ပါတယ်။ပွဲချိန်အတွင်းရမ်ဆေးရဲ့ဒုတိယမြောက်ပယ်နတီကိုတောင်ကိုရီးယားဂိုးသမားကာကွယ်နိုင်ခဲ့သလိုအချိန်ပိုပြီးဆုံး၍ပယ်နတီကန်ချိန်မှာလည်းလူစားဝင်ဂိုးသမားလီဘွန်ယောင်ကချယ်ဆီးတိုက်စစ်မှူးစတားရစ်ဂျ်ရဲ့ ကန်ချက်ကိုကာကွယ်နိုင် ခဲ့တာကြောင့်တောင်ကိုရီးယားအသင်းဟာပယ်နတီရလဒ်၅ – ၄ဂိုးနဲ့ ထိုက်ထိုက်တန်တန်ဆီမီးဖိုင်နယ် တက်ရောက် လာတယ်လို့ ဆိုနိုင်ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်အချိန်စာရင်း(သြဂုတ်၇ရက်အင်္ဂါနေ့)

မက်ဆီကို- ဂျပန်(အိုးထရက်ဖို့ထ်ကွင်း)

တောင်ကိုရီးယား- ဘရာဇီး(ဝင်ဘလေ ကွင်း)

Did you find apk for android? You can find new Free Android Games and apps.
Loading