• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

၂၀၁၂ -၂၀၁၃ ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်များနဲ့ ရာသီကြို ရင်ခုန်သံများ

by ဆောင်းဦးလင်း
17 August 2012
in Lifestyle
A A
၂၀၁၂ -၂၀၁၃ ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်များနဲ့ ရာသီကြို ရင်ခုန်သံများ

(ဓာတ်ပုံ - mirror.co.uk)

4.8k
VIEWS
Share on FacebookShare on Twitter

၂ လကျော်ကြာ နားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာ သြဂုတ် လ ၁၈ ရက် စနေနေ့က စတင်ပြီး ပြန်လည်ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။ အသင်းကြီးတွေ အားလုံးဟာ ကစားသမားအသစ်တွေ ဝယ်ပြီးရာသီသစ်အတွက် ပြင်ဆင်ကြတာဟာ ပရီးမီးယားလိဂ် မစခင် ရက်ပိုင်းမှာ ပိုပြီးပြင်းထန်လာသလို အသင်းသေးတွေကလည်း အပြောင်းအရွေ့မှာ ခပ်စိပ်စိပ် လှုပ်ရှားနေကြပါတယ်။ ၂၀၁၂-၂၀၁၃ ရာသီကတော့ မနက်ဖြန် စတင်မှာမို့ ဘောလုံးပရိသတ်ကြီးလည်း ရင်ခုန်သံတွေ မြန်နေလောက်ပါပြီ။ အောက်မှာ ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ လှုပ်ရှားမှုတွေကိုဖတ်ပြီး ကြိုတင်ရင်ခုန်ကြည့်ကြရအောင်။

မန်စီးတီး

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
474
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
475

လက်ရှိချန်ပီယံ မန်စီးတီးအသင်းက အပြောင်းအရွေ့ဈေးကွက်မှာ ငြိမ်နေပြီး ရှိပြီးသားလူအင်အားနဲ့ နောက်ရာသီမှာ ဗိုလ်ဆွဲဖို့တာဆူနေပြန်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန်စီနီက လစ်ဗာပူးနောက်ခံ လူဒန်နီယယ် အက်ဂါကို ဝယ်ယူဖို့ပြင်ဆင်နေပြီး ပေါင် ၁၇ သန်းတကြိမ်၊ ပေါင် သန်း ၂၀ တကြိမ် ကမ်းလှမ်းခဲ့တာကို လစ်ဗာပူးအသင်းက ပယ်ချခဲ့တယ်လို့သိရပါတယ်။ တိုက်စစ်၊ ကွင်းလယ် ပြည့်စုံနေတဲ့ မန်စီးတီးအသင်းဟာ ရာသီကြို ကွန်မြူနတီ ဖလားလုပွဲမှာလည်း ချယ်ဆီးအသင်းကို ၃-၂ နဲ့ အနိုင်ရရှိထားပြီး ခြေစွမ်းပြထားပါတယ်။

ရှေ့တန်း၊ ကွင်းလယ် ကစားသမားကောင်းတွေများ ပြားတဲ့ မန်စီးတီးနည်းပြကတော့ နောက်တန်းခံစစ် ပိုင်းမှာအမှားများနေတတ်တဲ့ လက်စကော့နဲ့ တိုရေးတို့အစားအက်ဂါကို အသည်းအသန် လိုချင်နေတာကြောင့် လာမယ့် ရက်ပိုင်းအတွင်း တစုံတရာထူးခြားဖွယ်ရှိနေပါတယ်။ ပြီးခဲ့နှစ်က လူစာရင်းအတိုင်း မပြောင်းလဲဘဲ ပရီးမီးယားလိဂ် သရဖူကို ခုခံမယ့် မန်စီးတီးအသင်းဟာ လူအင်အားတောင့်တင်းမြဲ ဖြစ်တာကြောင့် မန်စီးတီးအသင်းရဲ့ အကောင်းဆုံး ကစားပုံကို ဆက်လက်မြင်တွေ့ရဖွယ်ရှိပါတယ်။

မန်ယူ

ချန်ပီယံဆုကို နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့်မှာ လွဲချော်ခဲ့တဲ့ မန်ယူအသင်းကတော့ အပြောင်းအရွေ့ ဖွင့်ချိန်ကတည်းက ဂျပန်ကွင်းလယ်လူ ကာဂါဝါကို ခေါ်ယူခဲ့ပြီး လူငယ်ကစားသမား ပါဝယ် ကိုပါ အင်အားထပ်ဖြည့်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အပြောင်းအရွေ့ပိုင်းမှာ ငြိမ်နေခဲ့သလို အသင်းမှာ ပိုလျှံနေတဲ့ ကစားသမားများကိုသာ ရောင်းထုတ်ဖို့ကြိုးပမ်းနေခဲ့တာကို တွေ့ရပါတယ်။ ယခု ပရီးမီးယားလိဂ် မစခင် ရက်ပိုင်းအလိုမှာတော့ မထင်မှတ်ဘဲ ပြိုင်ဘက် အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူး၊ ယခင်နှစ် ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင် ဗန်ပါစီကို ပေါင် ၂၄ သန်းနဲ့ခေါ်ယူခဲ့ကာ ပရိသတ်တွေ ကြားထဲမှာ အပြောဆုံးသတင်း ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ အပတ်ကမှာ တိုက်စစ်မှူး ဝယ်ဘက်ကို စာချုပ်သက်တမ်းတိုးခဲ့သလို ရွန်းနီ၊ ချီချာရီတိုနဲ့ဘာဘာတော့ဗ်တို့ရှိတဲ့ မန်ယူအသင်းကို နာမည်ကျော် တိုက်စစ်မှူး ရောက်နိုင်ဖွယ် မရှိလို့ မန်ယူပရိသတ်များကပင် ထင်မှတ်ထားခဲ့ပေမယ့် အခုလို ပြိုင်ဆိုင်မှုတွေ ပြင်းထန်တဲ့ ဖာဂူဆန်နဲ့အာဆင်ဝင်းဂါးတို့ဘယ်လိုဘယ်ပုံ သဘောတူညီမှု ရခဲ့တယ်ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လို့လာပါတယ်။ ဖာဂူဆန်ရဲ့ ယခုနှစ် ဝှက်ဖဲဟာ ကာဂါဝါ ဖြစ်လာဖွယ်ရှိပြီး ဗန်ပါစီကိုပါ ထပ်မံခေါ်ယူခဲ့တာကြောင့် မန်ယူအသင်းရဲ့ တိုက်စစ်ဟာ ၁၉၉၉ က တိုက်စစ်ကို ပြန်လည်ပုံဖော်ဖို့ကြိုးစားနေတယ်လို့ ဘောလုံးဝေဖန်သူတွေက သုံးသပ်နေကြပါတယ်။

အာဆင်နယ်

အာဆင်နယ် အသင်းဟာ မထင်မှတ်ဘဲ ဒီနှစ်အပြောင်းအရွေ့မှာ လှုပ်ရှားနေပါတယ်။ ဂျာမန်တိုက်စစ်မှူး ပိုဒေါစကီးကို အစောဆုံးစာချုပ် ချုပ်နိုင်ခဲ့သလို ပြင်သစ်ရဲ့ တိုက်စစ်မှူး ဂီရော့ဒ်ကိုလည်း ၁၃ သန်းမျှ သုံးကာ ခေါ်ယူ အားဖြည့်ထားပါတယ်။ ဒါ့အပြင် အရင်တပတ် ကမာလာဂါအသင်းမှ ပလေးမိတ်ကာ ဖြစ်တဲ့ ကာဇိုလာကို ထပ်မံခေါ်ယူထားခဲ့တာကြောင့် အာဆင်နယ် ပရိသတ်တွေအတွက် ပျော်ရွင်စရာနေ့တွေ ဖြစ်လို့နေခဲ့ပါတယ်။

ဒါပေမယ့် မနေ့က သတင်းတပုဒ်ကတော့ အာဆင်နယ် ပရိသတ်ကို အံ့အားသင့်စေတဲ့နေ့ ဖြစ်ခဲ့သလို ကမ္ဘာ့ဘောလုံးပရိတ်သတ် အများဆုံးဟာလည်း ဗန်ပါစီရဲ့သတင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။ အသက် ၂၉ နှစ်ထဲ ဝင်နေပြီဖြစ်တဲ့ ဗန်ပါစီကို မန်ယူအသင်းက ပေါင် ၂၄ သန်းနဲ့ခေါ်ယူတဲ့ သတင်းဟာ အင်တာနက် စာမျက်နှာတွေမှာ နေရယူထားပြီး ဗန်ပါစီကို လှောင်ပြောင်တဲ့ ကာတွန်းအများအပြားလည်း ထွက်ပေါ်လာနေပါတယ်။ အာဆင်နယ် နည်းပြ ဝင်းဂါး ကိုယ်တိုင်လည်း ပရိသတ်ရဲ့ အမျက်ရှခြင်းကို ခံရဖွယ်ရှိပြီး နောက်ဆုံးရသတင်းများအရ အရင်နှစ်က ဗန်ပါစီနဲ့အတွဲညီခဲ့တဲ့ အဲလက်စ် ဆွန်းကို ဘာစီလိုနာကို ရောင်းချဖို့ဆွေးနွေးနေတယ်လို့သိရတာကြောင့် ရာသီအစမှာ အာဆင်နယ် အသင်းမတည် မငြိမ်ဖြစ်မှာကို ပရိသတ်တွေက စတင်စိုးရိမ်နေကြပါပြီ။ အာဆင်နယ်အသင်းဟာ ပြီးခဲ့ဲတဲ့နှစ်က ခေါ်ယူထားတဲ့ အာတီတာ၊ ဂါဗင်ဟို၊ ဘီနာယောင်နဲ့ယခုနှစ်မှာခေါ်ယူထားတဲ့ ဂီးရော့ဒ်၊ ပိုဒေါစကီး၊ ကာဇိုလာတို့ရဲ့ ခြေစွမ်းနဲ့အင်အားတောင့်နေဆဲပါပဲ။

(ဓာတ်ပုံ – eplindex)

ချယ်ဆီး

ချန်ပီယံလိဂ် ချန်ပီယံ ချယ်ဆီးကတော့ ဒီနှစ်မှာလည်း ပိုက်ဆံအများအပြား သုံးထားပါတယ်။ ဟာဇက်ကို ပေါင်သန်း ၃၀ ကျော် ပေးဝယ်ထားသလို ဘရာဇီး ကစားသမား အော့စကာကို လည်း ပြိုင်ဘက် အသင်းကြီးတွေနဲ့ အပြိုင် ခေါ်ယူ ထားနိုင်ခဲ့ပါတယ်။ နည်းပြ ရောဘတ်တို ဒီမက်တီယိုဟာ အသင်းကို ပြန်လည် တည်ဆောက်နေပြီး ထွက်ခွာ သွားတဲ့ ဒရော့ဘာနေရာမှာ အစားထိုးဖို့တိုက်စစ်မှူး တယောက်ကိုလည်း ရှာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကွင်းလယ်လူတွေ များပြားနေတဲ့ ချယ်ဆီးအသင်းဟာ ယခင်နှစ်ကလို တိုက်စစ်မှူးတဦးတည်းကိုသာ အထောင်ထား ကစားဖွယ်ရှိပြီး တောင်ပံကစားသမားတွေဖြစ်တဲ့ မာရင် ၊ မာတာ၊ ဟာဇက်နဲ့ ရာမီရက်စ်တို့ဟာ အသင်းရဲ့ အဓိကကစားကွက်ကို ပုံဖော်သူတွေ ဖြစ်လာနိုင်ပါတယ်။ ကွင်းလယ်မှာ ဝါရင့် ကွင်းလယ်လူ လမ်းပတ်ရှိသလို၊ မီးခေးလ်၊ မီရာလက်စ်၊ အက်ဆီယန်နဲ့ အသစ် ဝယ်ယူထားတဲ့ အော်စကာတို့လည်း ရှိနေတာကြောင့် ချယ်ဆီးအသင်းဟာ အရင်နှစ်ကထက် လူအင်အား ပိုမိုတောင့်တင်းကာ ပရီးမီးယားလိဂ်ဖလား ပြန်လည်ရယူဖို့ စိုင်းပြင်းနေပါပြီ။

လစ်ဗာပူးလ်

ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အပြောင်းအလဲတွေများခဲ့တဲ့ လစ်ဗာပူးလ် အသင်းဟာ ဒီနှစ်မှာလည်း အပြောင်းအလဲများစွာနဲ့ ပြန်လည်တည်ဆောက်နေပါတယ်။ အမေရိကန် ပိုင်ရှင်တွေဟာ ပြီးခဲ့တဲ့ ရာသီမှာ ရလဒ်တွေ ဆိုးဝါးစွာရရှိခဲ့တဲ့ အသင်းရဲ့ ဂန္ထဝင်ကစားသမားနဲ့နည်းပြဟောင်း ကန်နီကို ဖြုတ်ချပြီး လူငယ်နည်းပြ ဘရန်ဒန် ရော့ဂျားစ်ကို ဆွမ်းဆီးအသင်းမှ ရအောင်ခေါ်ယူ၍ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အပြောင်းအလဲအနေနဲ့ ဘယ်လာမီ၊ ကောချ်၊ အကွီလာနီ၊ မက်ဆီတို့အသင်းမှ ထွက်ခွာသွားခဲ့ပြီး အဝင်အနေနဲ့ အီတလီတိုက်စစ်မှူး ဘိုရီနီ၊ ဂျိုးအဲလန်နဲ့ နောက်ဆုံးသတင်းအရ မော်ရိုကိုနိုင်ငံ ကစားသမား အက်ဆိုက်ဒီကို ဟော်လန်ကလပ် ဟီရန်ဗင်းအသင်းမှာ ခေါ်ယူဖို့သဘောတူညီချက် ရရှိသွားဖြစ်ပါတယ်။ အဝင်ထက် အထွက်များနေတဲ့ လစ်ဗာပူးလ် အသင်းဟာ လာမည့်ရက်ပိုင်းအတွင်း လူအင်အား ထပ်မံ ဖြည့်တင်းဖွယ်ရာရှိပြီး ရီးရဲယ်မက်ဒရစ်မှာ ဆာဟင်၊ ဘာစီလိုနာမှ တယ်လိုနဲ့ ဖူဟမ်မှ ဒမ်ဆေးတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာ ဘောလုံးဝေဖန်သူတွေရဲ့ ချီးကျူးခြင်းကို ခံထားရတဲ့ ဘရန်ဒန် ရော့ဂျားစ်ဟာ ရှိတဲ့ ကစားသမားတွေနဲ့ကစားပုံ ပိုမိုကောင်းမွန်လာတာ တွေ့ရပြီး ဆွာရက်စ်၊ ကာရိုးလ်၊ ဘိုရီနီတို့ရဲ့ တိုက်စစ်ဟာ ယခုနစ်မှာ တမူထူးခြားဖွယ်ရှိသလို ကွင်းလယ်မှာ ကာလကြာရှည် နားနေရတဲ့ လူးကပ်စ်လည်း ပြန်လည်ပါဝင်လာပါပြီ။ လက်ရှိကစားသမားတွေနဲ့လူငယ်ကစားသမားတွေ ပေါင်းစပ်ပြီး ဘရန်ဒန် ရော့ဂျားစ် ဘယ်လောက် စွမ်းဆောင်နိုင်မလဲဆိုတဲ့ မေးခွန်းကလည်း လစ်ဗာပူးလ် ပရိသတ်တွေတင်မဟုတ် ပရီးမီးယားလိဂ် ဘောလုံးပရိသတ်ကလည်း စိတ်ဝင်တစား စောင့်ကြည့်လို့နေပါတယ်။

တော့တမ်ဟမ် ဟော့စပါး

လစ်ဗာပူးလ် အသင်းနည်းတူ နည်းပြအပြောင်းအလဲ ရှိခဲ့တဲ့ စပါးအသင်းဟာလည်း ရာသီသစ်အတွက် အကောင်းဆုံးပြင်ဆင်နေတဲ့ အသင်းဆိုရင် မမှားပါဘူး။ ပရီးမီးယားလိဂ်မှာ အဆင့် ၄ ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ရက်နက်ရဲ့ စပါးအသင်းဟာ ကံအကြောင်းမလှစွာဖြင့် ချယ်ဆီးအသင်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တာကြောင့် ချန်ပီယံလိဂ်တနေရာ ဆုံးရှုံးခဲ့ရကာ ယူရိုပါလိဂ်သို့သာ ဝင်ပြိုင်ခွင့်ရရှိခဲ့သလို စပါးအသင်းပိုင်ရှင်တွေကလည်း ရက်နက်ကို ထုတ်ပယ်ခဲ့တာကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။ ရက်နက် အစား အရင်နှစ်က ချယ်ဆီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ ဘိုးအာ့စ်ရောက်ရှိလာပြီး ဆွမ်းဆီးအသင်းမှ ဆစ်ဂါဆန်ကို လစ်ဗာပူးလ်နဲ့အပြိုင် ခေါ်ယူနိုင်ခဲ့ပါတယ်။ အခုနောက်ဆုံး သတင်းအရတော့ အသင်းပြောင်းရွေ့ဖို့ကာလကြာရှည်တဲ့ ပြဿနာဖြစ်နေတဲ့ မော်ဒရစ်ဟာ ရီးရဲမက်ဒရစ် အသင်းသို့ ပေါင် ၂၄ သန်းနဲ့ ပြောင်းဖို့သဘောတူညီမှု ရရှိသွားပြီလို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က အဆင့် ၄ ရခဲ့တဲ့ စပါးအသင်းကို ဘိုးအာစ့် ဒီထက့် ပိုပြီးကောင်းအောင် ဘယ်လို ကိုင်တွယ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Your Thoughts …
ဆောင်းဦးလင်း

ဆောင်းဦးလင်း

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.5k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.6k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ထိုင်း-အမေရိကန် စစ်ရေးလေ့ကျင့်မှု မြန်မာလေ့လာချင်

ထိုင်း-အမေရိကန် စစ်ရေးလေ့ကျင့်မှု မြန်မာလေ့လာချင်

“ထွက်ပေါက် မရှိရင် ဖောက်ထွက်ရမယ်”

“ထွက်ပေါက် မရှိရင် ဖောက်ထွက်ရမယ်”

Please login to join discussion
No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.2k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate