• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ပရီးမီးယားလိဂ်မှာ အသင်းသစ်တွေနဲ့ ခြေစွမ်းပြမယ့် ၅ ဦး

by ဆောင်းဦးလင်း
29 August 2012
in Lifestyle
A A
cazorla
LONDON, ENGLAND - JUNE 04:  (EXCLUSIVE COVERAGE) (MINIMUM FEES APPLY - GBP 150 OR LOCAL EQUIVALENT, PER IMAGE) Eden Hazard poses with a team shirt after agreeing terms with Chelsea FC at Stamford Bridge on June 4, 2012 in London, England.  (Photo by Darren Walsh/Chelsea FC via Getty Images)
jackrodwell
joeallensignsforliverpoolfc
14329689
5.5k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


ဗန်ပါစီ (မန်ချက်စတာ ယူနိုက်တက်)

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
539
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
235
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
777

ဗန်ပါစီရဲ့ မန်ယူအသင်းသို့ပြောင်းရွေ့သွားမှုဟာ ဘယ်သူမှ မထင်ခဲ့တဲ့ ဖြစ်ရပ်ပါ။ ပြိုင်ဖက် အာဆင်နယ် အသင်းအနေနဲ့ မန်ယူလို အသင်းကို ရောင်းချလိုက်တာကတော့ အာဆင်နယ် ပရိသတ်တွေအတွက် အလွန်ခံပြင်းစရာ ဖြစ်ခဲ့သလို ကမ္ဘာ့ဘောလုံးသတင်းတွေမှာလည်း ဒီအပြောင်းအရွေ့ဟာ အတော်ကိုလှုပ်ခတ်ခဲ့ပါတယ်။

၂၀၁၁-၂၀၁၂ ရာသီမှာ ဗန်ပါစီဟာ အာဆင်နယ်အသင်းအတွက် ကပ္ပတိန် လက်ပတ်ကိုဝတ်ပြီး ဂိုးပေါင်း ၃၀ တိတိ သွင်းယူကာ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးဆုကို ရရှိခဲ့ပါတယ်။ ရာသီကုန်ချိန်မှာ အသင်းအတွက် လူအင်အား ဖြည့်တင်းမှုဟာ အားရစရာမရှိတာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့တဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့အပြီး မန်ယူအသင်းမှာ နည်းပြကြီးဖာဂူဆန်က ဝယ်ယူဖို့ ကြိုးပမ်ခဲ့တာပါ။

ဗန်ပါစီဟာအွန်နရီ၊ နာစရီ၊ ဖာဘရီဂက်စ် တို့အပြီး တခြားအသင်းသို့ ပြောင်းရွေ့သွားတဲ့ ကြယ်ပွင့်ကစားသမား ဖြစ်လာခဲ့ပါတယ်။ ယခု ၂၀၁၂-၂၀၁၃ ရာသီမှာတော့ ဗန်ပါစီဟာ ကျောနံပါတ် ၂၀ ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။ ယခုအချိန်မှာ ၂ ပွဲကစားအပြီး ၁ ဂိုးသွင်းယူပေးထားပြီး ဖြစ်သလို မန်ယူအသင်းရဲ့ တိုက်စစ်အသားပေးဟန်ကြောင့် ယခုနှစ်မှာ ဗန်ပါစီ ဂိုးပိုမိုသွင်းယူနိုင်လိမ့်လို့ ဘောလုံးဝေဖန်ရေးသမားတွေက ခန့်မှန်းနေကြပါတယ်။ အသက် ၂၉ နှစ်ရှိပြီဖြစ်တာကြောင့် အောင်မြင်မှုတွေရယူဖို့ပေါင် ၂၄ သန်းတန်ကြေးနဲ့ အသင်းပြောင်းခဲ့တဲ့ ဗန်ပါစီ ပရီးမီးယားလိဂ်မှာသာမက ဥရောပချန်ပီယံလိဂ်မှာပါ ခြေစွမ်းပြနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

မန်ယူအသင်းသို့ ရောက်ရှိလာတဲ့ ကစားသမားသစ်များ – ကာဂါဝါ၊ ပါဝဲလ်

အီဒင်ဟာဇက် (ချယ်ဆီး)

ဥရောပချန်ပီယံလိဂ် ဖလားချန်ပီယံ ချယ်ဆီးအသင်းသို့ ပေါင် ၃၃ သန်းဖြင့် စောစီးစွာရောက်ရှိလာတဲ့ ဘယ်ဂျီယမ် နိုင်ငံသား အီဒင် ဟာဇက်ဟာ ပြင်သစ်လိဂ် လိုင်လီအသင်းမှ ပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။ နာမည်ကြီးရီးယဲလ်၊ ဘာကာတို့နဲ့အပြိုင် ချယ်ဆီးအသင်းဟာ ဟာဇက်ကိုရယူဖို့ ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ ကစားသမား အဝင်များတဲ့ ချယ်ဆီးမှာ ဟာဇက်နဲ့အတူ ဘရာဇီးကစားသမား အော်စကာ၊ ဝီဂန်အသင်းမှ မော့စစ်တို့ ရောက်လာခဲ့ပေမယ့် တကယ်တမ်း အသင်းသစ်နဲ့အတူ စောစောစီးစီး ခြေစွမ်းပြခွင့်ရနေတာက ဟာဇက်ဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ၃ ပွဲ ကစားပြီးချိန် ဂိုးဖန်တီးမှုများနှင့်အတူ ပယ်နတီကနေတဆင့် ဂိုးပါသွင်းယူပေးထားတဲ့ ဟာဇက်ကို ပရိသတ်က အချစ်တော် သက်ဝင်နေကြပြီ ဖြစ်ပါတယ်။ တိုက်စစ်မှူး တောရက်စ် နောက်ကနေ နေရာစုံလိုက်ကစားတဲ့ ဟာဇက်ရဲ့ ကစားပုံဟာ ပြိုင်ဘက် နောက်တန်းတွေအတွက် ထိတ်လန့်စရာဖြစ်လာပြီး ကွင်းလယ်လူတွေဖြစ်တဲ့ လမ်းပတ်၊ မာတာ၊ ရာမီရက်စ်၊ မီရာလက်စ် တို့လို ကစားသမားတွေကြောင့် ဟာဇက်ဟာ လွတ်လွတ်လပ်လပ် လှုပ်ရှားကစားနိုင်တာကို တွေ့ရပါတယ်။ ပြင်သစ်လိဂ်မှာ တနှစ်တာအကောင်းဆုံး ကစားသမားဆု အကြိမ်ကြိမ်ရဖူးတဲ့ ဟာဇက် ပရီးမီးယားလိဂ်မှာလည်း ခြေစွမ်းဆက်လက်ပြပြီး ဘယ်လိုဆုတွေ ရယူဦးမယ်ဆိုတာ စောင့်ကြည့်ရမှာ ရင်ခုန်ဖွယ်ကောင်းပါတယ်။

ချယ်ဆီးအသင်းသို့ ရောက်ရှိလာတဲ့ ကစားသစ်များ – အော်စကာ၊ မော့စစ်

ကာဇိုလာ (အာဆင်နယ်)

ကစားသမားအသစ် ပိုဒေါစကီး၊ ဂျီးရော့ဒ်တို့အပြီး အာဆင်ဝင်းဂါး ခေါ်ယူခဲ့တဲ့ ကစားသမားကတော့ ကာဇိုလာ ဖြစ်ပါတယ်။ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖူးပေမယ့် အရန်မှာသာ ပါဝင်နေခဲ့တာကြောင့် ပရိသတ်က သိပ်ပြီး သတိမထားမိကြပါဘူး။  ဗီလာရယ်မှာ ကစားစဉ်ကပင် အာဆင်နယ်အသင်းသို့ ရောက်ရှိဖို့ အသံထွက်ခဲ့တဲ့ ကာဇိုလာဟာ လွန်ခဲ့တဲ့ ၂ နှစ်က မာလာဂါ အသင်းသို့ ပြောင်းရွေ့ကစားနေခဲ့တာ ဖြစ်ပါတယ်။

စပိန်လိဂ်မှာ ပုံမှန်ခြေစွမ်းပြနေတဲ့ ကာဇိုလာဟာ ထူးချွန်တဲ့ စပိန်ဘောလုံးကစားသမားတွေထဲက တဦးပါ။ အာဆင်နယ် အသင်းသို့ ပြောင်းရွေ့အပြီးမှာ ဗန်ပါစီနဲ့ အဲလက်စ်ဆွန်းတို့ တဆက်တည်းဆိုသလို ထွက်ခွာခဲ့တာကြောင့် အာဆင်နယ် အသင်းရဲ့ ကစားပုံထိခိုက်နိုင်တယ်လို့ ဘောလုံးဝေဖန်ရေးသမားတွေက ပြောဆိုနေကြပေမယ့် စပိန်နိုင်ငံသား အာတီတာနဲ့ ကွင်းလယ်မှာ ကစားဖို့ စိတ်အားထက်သန်နေတယ်လို့ ကာဇိုလာက ဆိုပါတယ်။ ကစားသမားသစ်တွေထဲကနေ ပရိသတ် အမျှော်လင့်ဆုံး ကစားသမားဖြစ်နေတဲ့ ကာဇိုလာရဲ့ ကစားဟန်ကို ပရိတ်သတ်တွေ နှစ်ခြိုက်ပါလိမ့်မယ်။

အာဆင်နယ်အသင်းသို့ ရောက်ရှိလာတဲ့ ကစားသမားများ – ပိုဒေါစကီး၊ ဂျီးရော့ဒ်

ဂျိုးအဲလန် (လီဗာပူး)

ဘရန်ဒန် ရော့ဂျားစ်ရဲ့ အန်ဖီး ပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်ဖို့ ပေါင် ၁၅ သန်းနဲ့ ဆွမ်ဆီးအသင်းမှ ခေါ်ယူခဲ့တဲ့ ဂျိုးအဲလန်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဘောလုံးပေးပို့သူအဖြစ် အရင်နှစ်က ဆွမ်ဆီးအသင်းနှင့်အတူ မှတ်တမ်းဝင်ထားပါတယ်။ အဲလန်နဲ့အတူ ရောက်ရှိလာတာကတော့ ဘိုရီနီ၊ အက်ဆိုက်ဒီနဲ့ ဆာဟင်တို့ဖြစ်ပြီး ရောက်ရှိလာတဲ့ ကစားသမားသစ်တွေထဲကမှ အဓိက ကစားသမားအဖြစ် ဝင်ကစားနေတဲ့ ဂျိုးအဲလန်ရဲ့ ကစားပုံဟာ မန်စီးတီးနဲ့ပွဲအပြီးမှာ ပြောစမှတ်တွင်စေခဲ့ပါတယ်။ ပြိုင်ဘက် ကစားသမား ယာယာတိုရေး၊ နာစရီတို့ကို ကွင်းလယ်မှာ ထိန်းချုပ်ခဲ့တဲ့ အဲလန်ဟာ ပွဲအပြီးမှာတော့ လစ်ဗာပူးဝက်ဆိုဒ်ကပေးတဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ အသက် ၂၂ သာ ရှိသေးတဲ့ ဝေလကွင်းလယ်လူ အဲလန်ဟာ လီဗာပူးအသင်းအတွက် အကောင်းဆုံးဝယ်ယူမှု ဖြစ်လာနိုင်ပြီး ရော့ဂျားစ်ရဲ့ ဖဲချပ်တပွင့်ဖြစ်လာနိုင်ပါတယ်။

လစ်ဗာပူးအသင်းသို့ ရောက်ရှိလာတဲ့ ကစားသမားများ – ဘိုရီနီ၊ အက်ဆိုက်ဒီ၊ ဆာဟင်

ရော့ဒ်ဝဲလ် (မန်စီးတီး)

နာမည်ကြီး မန်စီးတီးအသင်းက ဒီနှစ်မှာ လူဝယ်ဖို့ ငြိမ်သက်နေခဲ့ပြီး လောလောဆယ်မှာတော့ ဂျက် ရော့ဒ်ဝဲလ် တယောက်ကိုသာ ခေါ်ယူထားပါတယ်။ အင်္ဂလန် လူငယ်ကစားသမား ရော့ဒ်ဝဲလ်ဟာ၊ အဲဗာတွန်အသင်းမှာ အဓိကကစားသမားအဖြစ် ပါဝင်ကစားနေခဲ့တာ ကြာပြီဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ထွန်းတောက်လာနိုင်တဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ်သမားတွေထဲက တယောက်ဖြစ်ပါတယ်။ ပေါင် ၁၃ သန်းနဲ့ ခေါ်ယူခဲ့တဲ့ မန်စီးတီးရဲ့ လုပ်ရပ်ဟာ အကောင်းဆုံး အကျိုးပြုဖွယ်ရှိပြီး ရော့ဒ်ဝဲလ်ရဲ့ မာထန်တဲ့ ဖျက်ထုတ်ဟန်၊ တိုက်စစ်ကို ဘောလုံးပေးပို့မှု ကောင်းကောင်းတွေနဲ့ လိုက်ကစားနိုင်တာကြောင့် မန်စီးတီးအသင်းရဲ့ ကွင်းလယ်ခံစစ် ဟာဒီဂျွန်၊ ဘယ်ရီ၊ ရော့ဒ်ဝဲလ်တို့ အုပ်စုနဲ့ ပိုမိုမာကျောလာတော့မှာ ဖြစ်ပါတယ်။ ယခုအချိန် ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ပွဲ ကစားအပြီးမှာ ရော့ဒ်ဝဲလ် ပွဲစဉ်တိုင်းကို ပါဝင်ကစားခွင့်ရထားပြီး ယခုနှစ်မှာမန်စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်ခံစစ်သမား ဖြစ်လာဖွယ်ရှိနေပါတယ်။

Your Thoughts …
Tags: Sport
ဆောင်းဦးလင်း

ဆောင်းဦးလင်း

Contributor

Similar Picks:

SEA Games, SEAP Games, အမျိုးသမီး အားကစားသမားများ, မြန်မာ့အားကစား သမိုင်း

မြန်မာ ထူးချွန်ထင်ရှား အမျိုးသမီး အားကစား သမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
10 April 2014
4.2k

မြန်မာနိုင်ငံ၏ ထူးချွန် ထင်ရှားသော အမျိုးသမီး အားကစား သမားများ စာရင်းကို ပြုစုရာ ပြေးခုန်ပစ် အားကစား သမားက အများဆုံး ဖြစ်နေသည်။ ၀ူရှူး (ခိုင်ခိုင်မော်)၊ ရေကူး (မိုးသူအောင်)၊ မြားပစ် (အောင်ငှိမ်း)၊ သေနတ်ပစ်...

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
4.9k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
24 December 2012
14.3k

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

by ဆောင်းဦးလင်း
9 August 2012
5.3k

အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

အားကစား, လူငယ်, အားကစားရုံ, ကစားကွင်း

ယနေ့ လူငယ်များနှင့် အနာဂတ် မြန်မာနိုင်ငံတော်

by ခင်မောင်ထွေး (ပျဉ်းမနား)
2 November 2013
4.3k

သမ္မတကြီး လိုလားသည့် လူငယ်များအတွက် ကောင်းမွန်သော အနာဂတ် ဖန်တီးလိုလျင် လူငယ် လူရွယ်၊ ကျောင်းသူ၊ ကျောင်းသား အားလုံးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တရပ်ကို အားကစားမှ တဆင့် ဖန်တီးပေး ကြရပါလိမ့်မည်

ဦးဒေါင်းနီ,မြန်မာ့ ရိုးရာ လက်ဝှေ့,မွေထိုင်း

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

by ထက်နိုင်ဇော်
1 May 2014
22.8k

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊...

Next Post

အခြေခံဥပဒေဆိုင်ရာ ခုံရုံး စွပ်စွဲပြစ်တင် အဆို အမျိုးသား လွှတ်တော် အတည်ပြု

အစိုးရ ပြုပြင်ပြောင်းလဲမှုကို အကောင်းလက္ခဏာအဖြစ် ရှုမြင်

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate