• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ဂိုးသွင်းကြမ်းတဲ့ အာဆင်နယ်၊ မန်ယူတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၄)

by ဆောင်းဦးလင်း
17 September 2012
in Lifestyle
A A
javi-garcia
paul-scholes
podolski
5k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


ပရီးမီးယားပွဲစဉ် (၄) ပွဲ မြောက်မှာ အာဆင်နယ်အသင်းက တန်းတက် ဆောက်သမ်ပတန် အသင်းကို ဂိုးမိုးရွာသွားပြီး အလားတူ မန်ယူအသင်းကလည်း ဝီဂန်အသင်းကို အနိုင်ရကာ ၃ ပွဲဆက် အနိုင်ကို ရရှိသွားခဲ့ပါတယ်။ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ အိမ်ကွင်းမာတဲ့ စတုတ်နဲ့ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရပြီး ချယ်ဆီးအသင်းကလည်း လူသစ်တွေနဲ့ အင်အားတောင့်လာတဲ့ ကျူပီအာကို သရေသာ ကစားနိုင်ခဲ့ပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
761
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.4k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
518

နိုင်ပွဲဆက်လက် ရှာဖွေနေဆဲ ဖြစ်တဲ့ လစ်ဗာပူးအသင်းကတော့ ယခုပွဲမှာလည်း ဆန်းဒါးလန်းကွင်းမှာ သရေသာ ကစားနိုင်ခဲ့ပြီး နည်းပြရော်ဂျားစ်အတွက် ခေါင်းခဲစရာဖြစ်လာပြီး တော့တမ်ဟမ် ဟော့စပါးအသင်းကတော့ နည်းပြသစ် ဘိုးအားစ် လက်ထက် ပထမဆုံးနိုင်ပွဲအနေနဲ့ ရီးဒင်းကို အနိုင်ရရှိသွားခဲ့ပါတယ်။

အသင်းလိုက်အင်အားနဲ့ ပွဲကြမ်းခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် ၆-၁ ဆောက်သမ်ပတန်

ယခုပွဲစဉ် ၄ အထိ ပေးဂိုးမရှိသေးတဲ့ အာဆင်နယ် အသင်းဟာ ဆောက်သမ်ပတန် အသင်းကို အသင်းလိုက်ကစားပုံ ကောင်းမွန်မှုနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အထူးသဖြင့် အသစ်ဝယ်ယူထားတဲ့ ပိုဒေါစကီးဟာ အကောင်းဆုံး ကြိုးစားခဲ့ပြီးလှပတဲ့ ဖရီးကစ် ကန်ချက်ကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာပွဲစတာနဲ့ အတင်းတိုက်စစ်ဆင် ကစားတာကြောင့် တဖက်အသင်း အငိုက်မိသွားခဲ့ရပြီး ၄ ဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။ နည်းပြ အာဆင်ဝါးဂါးဟာ ယခုပွဲမှာ အသစ်ခေါ်ယူထားပြီး ဂိုးပေါက်ပျောက်နေတဲ့ ဂျီးရော့ဒ်ကို အရန်မှာထားခဲ့ပြီး စာချုပ်သစ် မချုပ်ဆိုဘဲ အသင်းပြောင်းမယ်ဆိုတဲ့ ဝယ်ကော့ကိုလည်း အရန်မှာသာထား ကစားစေခဲ့ပါတယ်။ ကွင်းလယ်မှာ အာတီတာနဲ့ ကာဇိုလာတို့ရဲ့ စပိန် ကွင်းလယ်အတွဲဟာ ယခုပွဲမှာ ပိုမိုအတွဲမိလာပြီး တဖက်အသင်းရဲ့ ကွင်းလယ်ကို အနီးပေးတွေနဲ့ စိုးမိုးထားတာကြောင့် အာဆင်နယ် တိုက်စစ်မှူးတွေဖြစ်တဲ့ ဂါဗင်ဟိုနဲ့ ပိုဒေါစကီးတို့ စိတ်ကြိုက်လှုပ် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက် ဂိုးတွေကိုတော့ ဆောက်သမ်ပတန် ကစားသမားများဖြစ်တဲ့ ၁၁ မိနစ်မှာ ဟွိုင်းဗယ်၊ ၃၇ မိနစ်မှာ ကလိုင်းတို့ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ပေးခဲ့ရပါတယ်။ ဒါ့အပြင် ပိုဒေါစကီးက ၁ ဂိုး၊ ဂါဗင်ဟိုက ၂ ဂိုးနဲ့ ဝယ်ကော့က လူစားဝင်လာပြီး အသင်းဟောင်းဖက်ကို ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နည်းပြ အာဆင်ဝင်းဂါးကတော့ အာဆင်နယ်အသင်းရဲ့ ခြေစွမ်းနဲ့ပတ်သတ်ပြီး အားရကြောင်း ပြောဆိုခဲ့သလို ပိုဒေါစကီးနဲ့ ကာဇိုလာတို့ရဲ့ စွမ်းဆောင်မှုကိုလည်း ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

လူကြီးတွေရဲ့သမ္ဘာကို အမှီပြုပြီး ခြေစွမ်းပြတဲ့ မန်ယူအသင်း
မန်ယူ ၄-၀ ဝီဂန်

မန်ယူအသင်းဟာ ယခုပွဲစဉ်မှာ အသင်းခေါင်းဆောင် ရိုင်ယန်ဂစ်၊ ပေါစခိုးလ်တို့ ကွင်းလယ်မှာ ပွဲထွက်လာပြီး နောက်တန်းမှာ ဖာဒီနန်နဲ့ ဗီဒစ်တို့အတွဲ ပါဝင်လာပါတယ်။ ဂိုးသမား ဒီဂေယာဟာ အရန်မှာ ဆက်လက်ထိုင်ခဲ့ရပြီး လတ်တလောအချိန်မှာ ဂိုးသမားနေရာကို လင်ဒီဂတ်ကို လွှဲပေးထားရပါတယ်။

မန်ယူအသင်းဟာ ဒဏ်ရာရရှိနေတယ်လို့ အသံထွက်နေတဲ့ ဗန်ပါစီနဲ့ ကာဂါဝါတို့ကို အနားပေးထားခဲ့ပြီး ရှေ့တန်းမှာ ချီချာရီတိုနဲ့ ဝယ်ဘက်တို့ တိုက်စစ်အတွဲ ပွဲထွက်လာခဲ့ပါတယ်။ မန်ယူအသင်းဟာ တိုက်စစ်မှာ အပြောင်းအလဲ လုပ်ထားပေမယ့် ဝီဂန်အသင်းကို ပုံမှန်အတိုင်း ဖိအားပေးနိုင်ခဲ့ပြီး ဝီဂန် နောက်တန်းနဲ့ ဂိုးသမားအဲဟက်ဆီတို့ အမှားအယွင်း များခဲ့ပါတယ်။ ဝဲဘက်ရဲ့ ပယ်နတီဧရိယာအတွင်း လှဲချမှုကနေတဆင့် မန်ယူအသင်း ပယ်နတီ စောစီးစွာ ရရှိခဲ့ပေမယ့် ချီချာရီတိုရဲ့ ကန်ချက်အားနည်းမှုကြောင့် အယ်ဟက်ဆီ အသာအယာ ဖမ်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း အစမှာတော့ မန်ယူအသင်းက တောင်ပံမှ ဖြတ်တင်ဘောတွေ အသုံးပြု တိုက်စစ်ဆင်လာပြီး ပေါစခိုးလ်က နောက်တန်းလူတွေ ရှုပ်ထွေးနေတဲ့ကြားမှ အဖွင့်ဂိုးရအောင် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ခဏအကြာမှာ မန်ယူလူငယ် ဘယ်နောက်ခံလူ ဘတ်နာရဲ့ ကန်ချက်က ချီချာရီတိုနဲ့ထိကာ လမ်းကြောင်းလွဲပြီး ဂိုးဝင်သွားလို့ မန်ယူအသင်း ဒုတိယဂိုးရရှိခဲ့သလို တတိယဂိုးကိုလည်း ဘတ်နာက တကိုယ်တော် ခြေစွမ်းပြပြီး ဆွဲယူလာကာ ကန်သွင်းတာကြောင့် ဂိုးသမားအယ်ဟက်ဆီ ဘယ်လိုမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရပါတယ်။

တတိယဂိုးရတာနဲ့ လူစားလဲအဖြစ် ဗန်ပါစီနဲ့ လူငယ်ကစားသမား ပါဝယ်တို့ ဟာဂစ်နဲ့ ပေါစခိုးလ်တို့ အစားဝင်လာခဲ့ပါတယ်။ မန်ယူအသင်းဟာ ဆက်လက်တိုက်စစ်ဆင် ကစားသွားခဲ့ပြီး လူငယ်ကစားသမား ပါဝယ်က ကွင်းလယ်မှ အပြင်းကန်သွင်းကာ မန်ယူအသင်းအတွက် ၄ ဂိုးမြောက် သွင်းယူပေးခဲ့ပါတယ်။ ထူးခြားမှုအနေနဲ့ကတော့ ယခုပွဲမှာမှ စတင်ပွဲထွက်တဲ့ လူငယ်ကစားသမား ဘတ်နာနဲ့ ပါဝယ်တို့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းပါပဲ။

ပီတာခရော့ချ်ရဲ့ ဂိုးနဲ့ ချန်ပီယံဆီက တမှတ်ခွဲယူသွားတဲ့ စတုတ်
စတုတ် ၁-၁ မန်စီးတီး

အရင်နှစ်က ပီတာခရော့ချ်ရဲ့ မထင်မှတ်တဲ့ ကိုက် ၃၀ အဝေးကန်ချက်နဲ့ မန်စီးတီးကို အနိုင်ရဖူးတဲ့ စတုတ်အသင်းဟာ ယခုအခါမှာလည်း ပီတာခရော့ချ်ရဲ့ အငြင်းပွားဖွယ်ရာ ဖြစ်တဲ့ ဧရိယာအတွင်း ဘောလုံးကို လက်ဖြင့်ထိန်းကာ ဂိုးသွင်းယူခြင်းကို ခံခဲ့ရပါတယ်။

စတုတ်အသင်းမှာ အသစ်ခေါ်ယူထားတဲ့ လစ်ဗာပူးကစားသမားဟောင်း ချာလီအဒမ် ပွဲထွက်လာပြီး မန်စီးတီးဖက်မှာလည်း အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အသစ်ခေါ်ထားတဲ့ ဆင်ကလဲယားနဲ့ ဂျာဗီဂါစီးယားတို့ ပွဲထွက်လာခဲ့ပါတယ်။ အိမ်ကွင်းမာတဲ့ စတုတ်အသင်းဟာ ၁၅ မိနစ်မှာတင် ခရော့ချ်ရဲ့ ဂိုးနဲ့ အဖွင့်ဂိုးရရှိသွားခဲ့ပြီး မန်စီးတီးအသင်းက နောက်မှလိုက်ကစားခဲ့ရပါတယ်။ ၃၅ မိနစ်မှာကော်နာကတဆင့် ဂျာဗီဂါစီးယားက ခေါင်းတိုက်ကာ သွင်းယူပေးခဲ့ပေမယ့် မန်စီးတီးအသင်းဟာ ဂိုးထပ်မံမရှိတော့ဘဲ သရေတမှတ်ဖြင့်သာ ကျေနပ်လိုက်ရပါတယ်။

ရောဘတ်တို မန်ချီနီဟာ ဒုတိယပိုင်းမှာ ဆင်ကလဲယား၊ တေးဗက်စ်တို့ကို ထုတ်ပြီး ဆေးဗားနဲ့ ဂျက်ကိုတို့ကို ထည့်ကစားစေပေမယ့် နောက်တန်းမာတဲ့ စတုတ်ကို မကျော်ဖြတ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ ယခုပွဲဟာ မန်ချီနီအတွက် စတုတ်အသင်းနဲ့ ၆ ကြိမ်မြောက် ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး အနိုင်ပွဲကို မရှာနိုင်သေးဘဲ ဖြစ်နေပါတယ်။ ချန်ပီယံလိဂ် အတွက် ပြင်ဆင်နေတဲ့ မန်စီးတီးအတွက်တော့ ဒီပွဲရလဒ်ဟာ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ပြိုင်ဘက်အသင်းကြီးတွေ အမှတ်ပြည့်ယူနေချိန်မှာ သရေကျခဲ့တာကြောင့် မန်စီးတီးအသင်းဟာ ဖိအားတွေ အနည်းနဲ့အများ ဝင်လာတော့မှာ ဖြစ်ပါတယ်။

တခြား ပရီးမီးယားလိဂ် ပွဲစဉ် (၄) ရလဒ်များ
နောဝစ် ဝ-၀ ဝက်ဟမ်း
ဖူဟမ် ၃-၀ ဝက်ဘရွန်း
မန်ယူ၄-၀ ဝီဂန်
ကျူပီအာ ဝ-၀ချယ်ဆီး
စတုတ် ၁-၁ မန်စီးတီး
အက်စတွန်ဗီလာ ၂-၀ ဆွမ်ဆီး
အာဆင်နယ် ၆-၁ ဆောက်သမ်တမ်
ဆန်းဒါးလန်း ၁-၁ လစ်ဗာပူး
ရီးဒင်း ဝ-၃ တော့တင်ဟမ်

ယနေ့ ညပွဲစဉ်
အဲဗာတွန် – နယူးကာဆယ်

Your Thoughts …
Tags: Sport
ဆောင်းဦးလင်း

ဆောင်းဦးလင်း

Contributor

Similar Picks:

SEA Games, SEAP Games, အမျိုးသမီး အားကစားသမားများ, မြန်မာ့အားကစား သမိုင်း

မြန်မာ ထူးချွန်ထင်ရှား အမျိုးသမီး အားကစား သမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
10 April 2014
4.2k

မြန်မာနိုင်ငံ၏ ထူးချွန် ထင်ရှားသော အမျိုးသမီး အားကစား သမားများ စာရင်းကို ပြုစုရာ ပြေးခုန်ပစ် အားကစား သမားက အများဆုံး ဖြစ်နေသည်။ ၀ူရှူး (ခိုင်ခိုင်မော်)၊ ရေကူး (မိုးသူအောင်)၊ မြားပစ် (အောင်ငှိမ်း)၊ သေနတ်ပစ်...

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
4.9k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
24 December 2012
14.3k

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

by ဆောင်းဦးလင်း
9 August 2012
5.3k

အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

အားကစား, လူငယ်, အားကစားရုံ, ကစားကွင်း

ယနေ့ လူငယ်များနှင့် အနာဂတ် မြန်မာနိုင်ငံတော်

by ခင်မောင်ထွေး (ပျဉ်းမနား)
2 November 2013
4.3k

သမ္မတကြီး လိုလားသည့် လူငယ်များအတွက် ကောင်းမွန်သော အနာဂတ် ဖန်တီးလိုလျင် လူငယ် လူရွယ်၊ ကျောင်းသူ၊ ကျောင်းသား အားလုံးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တရပ်ကို အားကစားမှ တဆင့် ဖန်တီးပေး ကြရပါလိမ့်မည်

ဦးဒေါင်းနီ,မြန်မာ့ ရိုးရာ လက်ဝှေ့,မွေထိုင်း

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

by ထက်နိုင်ဇော်
1 May 2014
22.8k

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊...

Next Post
မွတ်စလင်ကမ္ဘာရဲ့ ဒေါသ အိုဘားမား ဘယ်လိုထိန်းမလဲ

မွတ်စလင်ကမ္ဘာရဲ့ ဒေါသ အိုဘားမား ဘယ်လိုထိန်းမလဲ

နှစ် ၄၀ ကျော်အတွင်း ပထမဆုံး အမျိုးသမီး သံအမတ် ခန့်အပ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate