• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ရီးယဲလ်နဲ့ ဘာကာတို့ သရေ ကျသွားတဲ့ စပိန် ဘုရင့်ဖလား ဆီမီးဖိုင်နယ်

by ဆောင်းဦးလင်း
31 January 2013
in Lifestyle
A A
ရီးယဲလ်နဲ့ ဘာကာတို့ သရေ ကျသွားတဲ့ စပိန် ဘုရင့်ဖလား ဆီမီးဖိုင်နယ်

ဖာဘရီဂက်စ် ဂိုးသွင်းယူအပြီး အောင်ပွဲခံနေစဉ် (ဓာတ်ပုံ - Reuters)

55.6k
VIEWS
Share on FacebookShare on Twitter

စပိန်ရဲ့ အင်အားကြီး ကလပ် ၂ သင်းတွေ့ကြတဲ့ (အယ်ကလက်စစ်ကို) ရီးယဲလ်မက်ဒရစ်နဲ့ဘာစီလိုနာတို့ရဲ့ ဘုရင့်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို မနေ့ညက ယှဉ်ပြိုင်ခဲ့ရာမှာ ရီးယဲလ်အသင်းနဲ့ဘာကာ အသင်းတို့ တဖက် တဂိုးစီသွင်းကာ သရေ ကျသွားပြီး ဒုတိယအကျော့အဖြစ် ဘာစီလိုနာကွင်းမှာ ကစားရဖို့ရှိပါတယ်။

နှစ်ဖက် အသင်းလုံးက လူအင်အား အပြည့်အစုံနဲ့ပွဲထွက်လာတဲ့ ဒီပွဲမှာ အဖွင့်ဂိုးကို ရရှိခဲ့တာကတော့ ဘာစီလိုနာ အသင်း ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိ သရေ ရလဒ်ဖြင့်သာ ရှိခဲ့ပေမယ့် ဒုတိယ ပိုင်းပြန်အစ မိနစ် ၅၀ မှာတင် မက်ဆီ ဖန်ပေးတဲ့ အလုံးကနေ ဖာဘရီဂက်စ်က အပိုင် ကန်သွင်းယူတာကြောင့် ရီးယဲလ် ဂိုးသမားအသစ် ဒီယေဂို လိုးပက်စ် ဘာမှမတတ်နိုင်ဘဲ ဂိုးပေးလိုက်ရပါတယ်။ ဒီဂိုးဟာ ဘာစီလိုနာ အသင်းအတွက် အဝေးဂိုး ဖြစ်တာကြောင့် အဖိုးတန် ဂိုးလို့ ဆိုရမှာဖြစ်ပြီး နောက်တကျော့မှာ စိတ်ဓာတ်ပိုင်း အသာစီးနဲ့ကစားနိုင်ဖို့ရှိပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
10k
မြိတ်မြို့

မြိတ်မြို့

11 May 2025
570
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
245

ဘာစီလိုနာ အသင်းဟာ နောက်ထပ် ဂိုးသွင်းဖို့အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ပွဲပြီးခါနီးမှာ ရီးယဲလ်နောက်ခံလူ လူငယ်ကစားသမား ဗာရိန်းရဲ့ ဂိုးကြောင့် ပွဲဟာ သရေ ရလဒ်ဖြင့်သာ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲ သရေကျလို့ဘာစီလိုနာ အသင်းအတွက် အသာစီးရနေတယ်လို့ဆိုနိုင်ပေမယ့် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ကာစီးလက်နဲ့ပီပီ၊ ပြီးတော့ ပွဲပယ်ခံထိထားတဲ့ ဆာဂျီယို ရာမို့စ်တို့မပါဝင်နိုင်ခဲ့တာကို အခွင့်ကောင်းမယူ လိုက်နိုင်ဘူးလို့ ဆိုနိုင်ပါတယ်။

ဘာစီလိုနာရဲ့ ဂိုးသွင်းရှင် ဖာဘရီဂက်စ် ကတော့ “ရီးယဲလ်နဲ့ကန်ရတဲ့ပွဲတိုင်းဟာ အလွန်ခက်ခဲပါတယ်၊ ရီးယဲလ်ကွင်းမှာ သရေ ရလဒ် ရယူခဲ့နိုင်တာနဲ့တင် ကျနော်တို့အတွက် တပမ်းသာနေပါပြီ” ဆိုပြီး ပြောသွားပါတယ်။

ရီးယဲလ် မက်ဒရစ် လက်ထောက်နည်းပြ ကာရန်ကာကတော့ ရားမို့စ် ပွဲပယ်ခံထားရတာကြောင့် ဝင်ကစားခဲ့တဲ့ အသက် ၁၉ သာရှိသေးတဲ့ ဗာရိန်းကို ချီးကျူးခဲ့ပြီး မက်ဆီတို့လို တိုက်စစ်မှူးတွေကို လှုပ်မရအောင် ကစားနိုင်ခဲ့တယ်လို့ ပြောကြားသွားပြီး အသစ်ခေါ်ယူထားတဲ့ ဂိုးသမား ဒီယေဂို လိုးပက်ကိုလည်း ချီးကျူးစကားဆိုခဲ့ပါတယ်။ ဒီပွဲအပြီးမှာ စပိန် မီဒီယာ တော်တော်များများ လူငယ်ကစားသမား ဗာရိန်းကို မျက်စိကျနေကြပြီး ရီးယဲလ်အသင်းရဲ့ အနာဂတ် ကြယ်ပွင့် ဖြစ်လာနိုင်တယ်လို့ခန့်မှန်းသုံးသပ်နေကြပါတယ်။

ပြင်းထန်တဲ့ အယ်ကလစ်ကို “El Clasico” အားပြိုင်ပွဲ

ဒီပွဲဟာ စပိန် နာမည်ကျော် ကစားသမားတွေ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲ ဖြစ်သလို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၂ ယောက်ဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ အားပြိုင်မှုလည်း ဖြစ်ခဲ့တာကြောင့် ပွဲဟာ ကြည့်ကောင်းခဲ့ပါတယ်။ ဒီပွဲဟာ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ အသင်းတို့ ၂၂၃ ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံကြတာဖြစ်ပြီး ဘုရင့် ဖလားမှာ ဆိုရင်တော့ ၃၁ ကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ပါတယ်။

မနှစ်ကလည်း ဒီနှစ်သင်းဟာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး ဘာကာက ရီးယဲလ်ကို ကွာတားဖိုင်နယ်မှာ အနိုင်ရခဲ့သလို ၂၀၁၁ တုန်းကတော့ ရီးယဲလ်က ဘာကာကို ဘုရင့်ဖလား ဖိုင်နယ်မှာ အနိုင်ရခဲ့ပြီး သူတပြန် ကိုယ်တပြန် အနိုင်ယူထားကြပါတယ်။ ဒီပွဲကို ရော်နယ်ဒိုက သူရဲ့ ပွဲ ၆၀၀ မြောက် ကစားခဲ့တာဖြစ်ပြီး ရီးယဲလ် အသင်းခေါင်းဆောင် အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

ဒုတိယအကျော့ ဆီမီးဖိုင်နယ် ပွဲစဉ်ကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကစားရမှာဖြစ်ပြီး ဘာစီလိုနာက သူရဲ့ နူးကမ့် ကွင်းမှာ ဧည့်ခံကစားမှာ ဖြစ်ပါတယ်။ တခြား ဆီမီး ဖိုင်နယ်ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်နဲ့ ဆဲဗီလာတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဘောလုံးပရိသတ်ကြီး အနေနဲ့တော့ ကြည့်ကောင်းတဲ့ စပိန်ဘုရင့်ဖလားပွဲတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Source: Reuters

Your Thoughts …
Tags: Sport
ဆောင်းဦးလင်း

ဆောင်းဦးလင်း

Contributor

Similar Picks:

SEA Games, SEAP Games, အမျိုးသမီး အားကစားသမားများ, မြန်မာ့အားကစား သမိုင်း

မြန်မာ ထူးချွန်ထင်ရှား အမျိုးသမီး အားကစား သမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
10 April 2014
4.2k

မြန်မာနိုင်ငံ၏ ထူးချွန် ထင်ရှားသော အမျိုးသမီး အားကစား သမားများ စာရင်းကို ပြုစုရာ ပြေးခုန်ပစ် အားကစား သမားက အများဆုံး ဖြစ်နေသည်။ ၀ူရှူး (ခိုင်ခိုင်မော်)၊ ရေကူး (မိုးသူအောင်)၊ မြားပစ် (အောင်ငှိမ်း)၊ သေနတ်ပစ်...

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
4.9k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
24 December 2012
14.3k

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

by ဆောင်းဦးလင်း
9 August 2012
5.3k

အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

အားကစား, လူငယ်, အားကစားရုံ, ကစားကွင်း

ယနေ့ လူငယ်များနှင့် အနာဂတ် မြန်မာနိုင်ငံတော်

by ခင်မောင်ထွေး (ပျဉ်းမနား)
2 November 2013
4.3k

သမ္မတကြီး လိုလားသည့် လူငယ်များအတွက် ကောင်းမွန်သော အနာဂတ် ဖန်တီးလိုလျင် လူငယ် လူရွယ်၊ ကျောင်းသူ၊ ကျောင်းသား အားလုံးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တရပ်ကို အားကစားမှ တဆင့် ဖန်တီးပေး ကြရပါလိမ့်မည်

ဦးဒေါင်းနီ,မြန်မာ့ ရိုးရာ လက်ဝှေ့,မွေထိုင်း

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

by ထက်နိုင်ဇော်
1 May 2014
22.8k

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊...

Next Post

ဒေါ်အောင်ဆန်းစုကြည် ဂွမ်ဂျူးဆု လက်ခံယူ

ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီးအဖြစ် ပြည်ထောင်စု လွှတ်တော် အတည်ပြု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate