• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

၀ဲလ်ဘက်၊ ရော်နယ်ဒိုတို့ရဲ့ ဂိုးတွေနဲ့ ရီးယဲလ် – မန်ယူ သရေကျ

by ဆောင်းဦးလင်း
14 February 2013
in Lifestyle
A A
၀ဲလ်ဘက်၊ ရော်နယ်ဒိုတို့ရဲ့ ဂိုးတွေနဲ့ ရီးယဲလ် – မန်ယူ သရေကျ

မန်ယူအသင်းမှ ဝဲလ်ဘက် အဖွင့်ဂိုး သွင်းယူစဉ် (ဓာတ်ပုံ - Reuters)

35.6k
VIEWS
Share on FacebookShare on Twitter

ဘောလုံးပရိသတ်တွေ စောင့်မျှော်နေတဲ့ ရီးယဲလ်မက်ဒရစ်နဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်ကို  မနေ့ညက ယှဉ်ပြိုင် ကစားခဲ့ရာမှာ မန်ယူအသင်းက အဝေးကွင်းမှာ ဝဲလ်ဘက်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ပေမယ့် မန်ယူကစားသမားဟောင်း ရော်နယ်ဒိုရဲ့ ချေပဂိုးနဲ့ ပထမအကျော့ ရှုံးထွက်ပွဲစဉ်မှာ သရေရလဒ်နဲ့ ပွဲဟာ ပြီးဆုံးခဲ့ပါတယ်။ မန်ယူအသင်းဟာ အဝေးကွင်း မှာ ၁ ဂိုး ရရှိသွားတာကြောင့် နောက်တဆင့် တက်နိုင်ရေးအတွက် မျှော်လင့်ချက် ပိုမိုတောက်ပလာသလို မန်ယူပရိသတ်တွေအတွက် ကျေနပ်စရာရ လဒ်တခု ရရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်။

မော်ရင်ညို ကိုင်တွယ်နေတဲ့ အိမ်ရှင် ရီးယဲလ်မက်ဒရစ် အသင်းမှာ (ဂိုး) ဒီယေဂိုလိုးပက်စ်၊ ဗာရိန်း၊ ရာမို့စ်၊ ကွန်ထရာအို၊ အာဘယ်လိုအာ၊ ခက်ဒီရာ၊ ရော်နယ်ဒို၊ အိုဇေးလ်၊ အလွန်ဆို၊ ဒီမာရီယား၊ ဘန်ဇီမာတို့နဲ့ ပွဲထွက်လာခဲ့ပြီး အရန်မှာတော့ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ကာကာ၊ အက်ဆီယန်၊ မော်ဒရစ်၊ ကာဗယ်ဟို၊ ပီပီတို့ပါဝင်ခဲ့ကြပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
11.2k
မြိတ်မြို့

မြိတ်မြို့

11 May 2025
574
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
249

နည်းပြဖာဂူဆန်ရဲ့ မန်ယူအသင်းမှာတော့ (ဂိုး) ဒီဂီယာ၊ ရာဖေးလ်၊ အီဗရာ၊ ဂျုန်းစ်၊ ဖာဒီနန်၊ အီဗန်၊ ကာရစ်၊ ကာဂါဝါ၊ ရွန်းနီ၊ ဝဲယ်ဘက်၊ ဗန်ပါစီတို့နဲ့ ပွဲထွက်လာခဲ့ပြီး အရန်မှာတော့ ဂစ်၊ စမောလင်း၊ အန်ဒါဆင်နဲ့ချီချာရီတို့ပါဝင်ခဲ့ကြပါတယ်။

အသင်းကြီး ၂ သင်း ဖြစ်တာနဲ့အညီ ပွဲအစမှာတင် သူတင်ကိုယ်တင် ဂိုးရဖို့ ကြိုးစားခဲ့ပြီး မန်ယူနည်းပြ ဖာဂူဆန်ရဲ့ တိုက်စစ် အားသန်တဲ့ ကစားသမား ၄ ယောက်ကို ကွင်းလယ်အထိ လိုက်ဆင်း၊ လိုက်တက် ခိုင်းတဲ့ပုံစံဟာ အလုပ်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဂျုန်းစ်နဲ့ဝဲလ်ဘက်တို့ဟာ ဖာဂူဆန်ရဲ့ ဝှက်ဖဲတွေဖြစ်ခဲ့ကြပြီး အတက်အဆင်း မြန်မြန်နဲ့ ရီးယဲလ်က တိုက်စစ်ကို ကွင်းလယ်မှာတင် ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်။

ရီးယဲလ်အသင်းကတော့ လူအင်အား တောင့်တာနဲ့အညီ ပွဲအစမှာ ကစားကွက်မိမိနဲ့ ထိုးဖောက် ကစားသော်လည်း ဂိုးပေါက်တွေ လွဲချော်နေခဲ့တာကြောင့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ မန်ယူအသင်းဟာ ပထမပိုင်း မိနစ် ၂၀ မှာ ထောင့်ကန်ဘောကနေတဆင့် ဂိုးရရှိသွားပြီး ဝဲလ်ဘက်က ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ ဂိုးမသွင်းနိုင်တာကြောင့် ဝေဖန်ခံနေရတဲ့ ဝဲလ်ဘက် ဟာဒီပွဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။

သိပ်မကြာခင်မှာပဲ ဒီမာရီယား ဘယ်ဘက်ထောင့်ကနေ တင်ပေးလိုက်တဲ့ ဘောလုံးကို ရော်နယ်ဒိုက မန်ယူနောက်တန်းများ ကြားကနေ ကျော်ခုန်ပြီး ချေပဂိုး သွင်းယူခဲ့ပါတယ်။ အသင်းဟောင်းဖက်သို့ ချေပဂိုး သွင်းယူခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဂိုးဟာ ၂၀၀၈ ခုနစ်တုန်းကချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်မှာ ချယ်ဆီးအသင်းဖက်သို့သွင်းယူခဲ့တဲ့ ဂိုးနဲ့ အတော့်ကို ဆင်တူတာ တွေ့ရပါတယ်။ ဒီဂိုးဟာ ရော်နယ်ဒိုအတွက် ဒီရာသီမှာ ၃၄ ပွဲကစားပြီး ၃၅ ဂိုးမြောက် သွင်းတဲ့ ဂိုးလည်း ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ၂ သင်းစလုံးဟာ ဘောလုံးပိုင်ဆိုင်ဖို့ ကွင်းလယ်မှာ ပိုမိုကြိုးစားလာပေမယ့် အကြံချင်း တူနေတာကြောင့် ၂ သင်းစလုံး ဘောလုံးကောင်းကောင်း မကိုင်နိုင်ဘဲ ဘောလုံး အပျက်များလာတာကို တွေ့ရပါတယ်။ ရီးယဲလ် အသင်းဟာ အပိုင်သွင်းခွင့်တချို့ ရခဲ့ပေမယ့် မန်ယူဂိုးသမား ဒီဂီယာ လက်စွမ်းပြနေတာကြောင့် ဂိုးမရရှိဘဲ ဖြစ်နေခဲ့ပါတယ်။

မိနစ် ၆၀ နောက်ပိုင်းမှာ ရီးယဲလ် နည်းပြ မော်ရင်ညိုက မော်ဒရစ်၊ ဟီဂူအင်၊ ပီပီတို့ကို ထည့်ကစားစေခဲ့ပေမယ့် အနိုင်ဂိုး မရရှိခဲ့သလို၊ နည်းပြ ဖာဂူဆန်ကလည်း ဂစ်၊ အန်ဒါဆင်၊ ဗလင်စီယာတို့ကို ထည့်သွင်းကစားပြီး ကစားအားကို မချစေဘဲ တိုက်စစ်ဆင် ကစားခဲ့တာကို တွေ့ရပါတယ်။ ဒီပွဲမှာ မန်ယူအသင်းအတွက် အထူးလက်စွမ်းပြသွားတဲ့ ဒီဂီယာကို နည်းပြဖာဂူဆန်က ချီးကျူးသွားခဲ့ပါတယ်။

ပရိသတ် မျှော်လင့်ထားကြတဲ့ ဗန်ပါစီနဲ့ ရွန်းနီတို့ဟာ သိပ်ခြေစွမ်း မပြနိုင်ခဲ့ကြဘဲ နောက်တန်းက အီဗန်၊ ဂျုန်းစ်၊ ဝဲဘ်ဘက်တို့ကို မန်ယူပရိသတ်များက ချီးကျူးပြောဆိုခဲ့ကြပါတယ်။ ရီးယဲလ် – မန်ယူပွဲစဉ်နဲ့ တချိန်တည်းကန်နေတဲ့ တဖက်ပွဲစဉ် ယူကရိန်းကလပ် ရှက်တာဒိုးနက်နဲ့ ဂျာမန်ကလပ် ဘရုရှားဒေါ့မွန် အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ တဖက်ကို ၂ ဂိုးစီနဲ့သရေ ဖြစ်သွားပါတယ်။

ယခုတပတ် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် ရလဒ်များ

ဆဲယ်တစ် ၀ – ၃ ဂျူဗင်တပ်စ်
ဗလင်စီယာ ၁ – ၂ ပီအက်စ်ဂျီ
ရီးယဲလ်မက်ဒရစ် ၁ – ၁ မန်ယူ
ရှက်တာဒိုးနက် ၂ – ၂ ဘရုရှားဒေါ့မွန်

Your Thoughts …
Tags: Sport
ဆောင်းဦးလင်း

ဆောင်းဦးလင်း

Contributor

Similar Picks:

SEA Games, SEAP Games, အမျိုးသမီး အားကစားသမားများ, မြန်မာ့အားကစား သမိုင်း

မြန်မာ ထူးချွန်ထင်ရှား အမျိုးသမီး အားကစား သမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
10 April 2014
4.2k

မြန်မာနိုင်ငံ၏ ထူးချွန် ထင်ရှားသော အမျိုးသမီး အားကစား သမားများ စာရင်းကို ပြုစုရာ ပြေးခုန်ပစ် အားကစား သမားက အများဆုံး ဖြစ်နေသည်။ ၀ူရှူး (ခိုင်ခိုင်မော်)၊ ရေကူး (မိုးသူအောင်)၊ မြားပစ် (အောင်ငှိမ်း)၊ သေနတ်ပစ်...

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
4.9k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
24 December 2012
14.3k

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

by ဆောင်းဦးလင်း
9 August 2012
5.3k

အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

အားကစား, လူငယ်, အားကစားရုံ, ကစားကွင်း

ယနေ့ လူငယ်များနှင့် အနာဂတ် မြန်မာနိုင်ငံတော်

by ခင်မောင်ထွေး (ပျဉ်းမနား)
2 November 2013
4.3k

သမ္မတကြီး လိုလားသည့် လူငယ်များအတွက် ကောင်းမွန်သော အနာဂတ် ဖန်တီးလိုလျင် လူငယ် လူရွယ်၊ ကျောင်းသူ၊ ကျောင်းသား အားလုံးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တရပ်ကို အားကစားမှ တဆင့် ဖန်တီးပေး ကြရပါလိမ့်မည်

ဦးဒေါင်းနီ,မြန်မာ့ ရိုးရာ လက်ဝှေ့,မွေထိုင်း

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

by ထက်နိုင်ဇော်
1 May 2014
22.8k

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊...

Next Post
မြန်မာကလေးများနေ့ အလှူ (ရုပ်/သံ)

မြန်မာကလေးများနေ့ အလှူ (ရုပ်/သံ)

ဒုတိယပင်လုံ ပေါ်ထွန်းပါစေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.7k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate