အားကစား

ကျွန်းဆွယ်ပွဲနှင့် မြန်မာ ပြေးခုန်ပစ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ စတင်ကာ နေပြည်တော်ကို ဗဟိုပြု ကျင်းပတော့မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲမှာ ကျင်းပရန် ၆ လမျှသာ လိုပါတော့သည်။

ကျွန်းဆွယ် အားကစား ပြိုင်ပွဲခေတ် ၁၉၆၁ နှင့် ၁၉၆၉ ခုနှစ်တို့တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နှစ်ကြိမ် လက်ခံ ကျင်းပခဲ့ပြီး ဖြစ် သည်။ ၁၉၇၇ ခုနှစ်မှ စတင်ကာ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ (South-east Asia Peninsula Games) မှ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ(South East Asia Games) အဖြစ်သို့ ပြောင်းလဲ ခေါ်ဝေါ်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း နိုင်ငံတို့ပါ ပူးပေါင်း ပါဝင်လာသည့် အားကစား ပြိုင်ပွဲ ခေတ်တွင်မူ ပထမဆုံး အကြိမ် အိမ်ရှင်အဖြစ် မြန်မာနိုင်ငံက လက်ခံကျင်းပခြင်း ဖြစ်သည်။

အရှေ့တောင် အာရှ ကျွန်းဆွယ် ၇ နိုင်ငံ ပါဝင်ယှဉ်ပြိုင်သည့် အားကစား ပြိုင်ပွဲတွင်မူ မြန်မာနိုင်ငံက အထိုက်အလျောက် အောင်မြင်မှု ရရှိခဲ့သည်။ ၁၉၅၉ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက် အားကစား ပြိုင်ပွဲတွင် နိုင်ငံအလိုက် ဒုတိယ၊ မလေးရှား၊ တောင်ဗီယက်နမ်၊ စင်ကာပူ စသည့် နိုင်ငံတို့ အပေါ်တွင် ရပ်တည်နိုင်ခဲ့သည်။

၁၉၆၁ ကျွန်းဆွယ် ပြိုင်ပွဲတွင်မူ ထိုင်း၊ မလေးရှား၊ တောင်ဗီယက်နမ်၊ စင်ကာပူ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံတို့ အပေါ်တွင် နိုင်ငံအလိုက် ပထမနေရာ ရရှိခဲ့သည်။ ၁၉၆၅ တွင် စတုတ္ထ၊ ၁၉၆၇ တွင်လည်း စတုတ္ထ၊ ၁၉၆၉ တွင် ပထမ၊ ၁၉၇၁ တွင် စတုတ္ထ၊ ၁၉၇၃ တွင် စတုတ္ထနှင့် ၁၉၇၅ ခုနှစ် ကျွန်းဆွယ် နောက်ဆုံးပွဲတွင် တတိယ အဆင့် အသီးသီး ရရှိခဲ့သည်။ ကျွန်းဆွယ် အဆင့် ပြိုင်ပွဲ ၈ ကြိမ်ကျင်းပရာတွင် မြန်မာနိုင်ငံက ပထမ ၂ ကြိမ်၊ ဒုတိယ ၁ ကြိမ်၊ တတိယ ၁ ကြိမ် နှင့် စတုတ္ထ ၄ ကြိမ် နိုင်ငံအလိုက် ရပ်တည်နိုင်ခဲ့သည်။

ပြေးခုန်ပစ်

အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် မြန်မာအားကစား အောင်မြင်မှုကို ဦးဆောင်နိုင်ခဲ့သည့် အားကစား နည်းမှာ ပြေးခုန်ပစ် အားကစားနည်း ပင်ဖြစ်သည်။

ခေတ်သစ် ပြေးခုန်ပစ် အားကစားနည်းများကို အင်္ဂလိပ်တို့က မြန်မာနိုင်ငံအတွင်းသို့ ကျူးကျော်စစ်နှင့် အတူ ယူဆောင်လာသော် လည်း မြန်မာနိုင်ငံတွင် ပုဂံခေတ်မှ စတင်ကာ ပြေးခုန်ပစ် သမားများ ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ ဗျတ္တက ပုဂံနှင့် ပုပ္ပားတောင်မ အထိ နေ့စဉ် ပြေးကာ ပန်းများ ရှာဖွေခဲ့သည်။

ကျန်စစ်သားကလည်း ဆင်တရပ်မြင့်သည့် ခြံစည်းရိုးကို လှံထောက် ခုန်ဝင်သည်ဟု သမိုင်းက ဆိုသည် မဟုတ်ပါလား။

လိုရာဆွဲပြောသည်ဟု ဆိုလိုက ဆိုနိုင်ကြပါသည်။ ဧရာဝတီမြစ် ဟိုဘက်ကမ်းနှင့် ဒီဘက်ကမ်း မနားတမ်း ဖြတ်ကူးသည့် ပုဂံခေတ် ရေကူး ချန်ပီယံ ညောင်ဦးဖီး။

ပုဂံခေတ်ဦးမှာပင် ပြည်သူကို နှိပ်စက် ညှဉ်းပန်းနေသည့် ငှက်ဆိုးကြီးအား မြားဖြင့်ခွင်း၍ နှိမ်နင်း အောင်မြင်ခဲ့သည့် ပျူစောထီး သည် လည်း မြားပစ် ချန်ပီယံပင် ဖြစ်သည်။

ပင်းယခေတ်၊ အင်းဝခေတ် တွင် ပြာသိုလ မြင်းခင်းသဘင်ပွဲတွင် မြင်းစီး စွမ်းရည် ပြသခဲ့ကြသော စစ်သည်တော်ကြီး များသည် လည်း မြင်းစီး ချန်ပီယံများပင် ဖြစ်ပေလိမ့်မည်။

မြန်မာနိုင်ငံ၏ ရာဇဝင် သမိုင်းကို မှတ်တမ်းတင် ပြုစုရာ၌ ရာဇာမင်းတို့၏ အကြောင်းများကိုသာ မှတ်တမ်းတင်ခဲ့ကြသဖြင့် ရှေးမင်း အဆက်ဆက်တွင် ရှိခဲ့ကြသော အားကစား သမားများ အကြောင်း မှေးမှိန်ခဲ့ရခြင်း ဖြစ်ဟန်တူပါသည်။ လိုရင်းကို ပြန်ဆက်ရသော် မြန်မာ အားကစား လောကတွင် မကျော်ကြားသည့် အားကစားနည်းမှာ ပြေးခုန်ပစ် ပင်ဖြစ်သည်။

ကမ္ဘာ့အိုလံပစ်

မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ်မှာပင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ၁၄ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲ ကျင်းပ သည်။ မြန်မာနိုင်ငံက လွတ်လပ်သော မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ရာ တာတို အပြေးသမား စိန်ဖေလည်း အပါအဝင် ဖြစ်သည်။

လန်ဒန် အိုလံပစ် ပြီးသည့်နောက် ၁၉၅၁ ခုနှစ်တွင် အာရှ အားကစားပွဲ စတင်ကျင်းပသည်။ ဘွန်ဂတ်၊ စိန်ဖေ၊ ဆန်နီတင်ထွန်း၊ ဒတ်စ်ဘဆွေ၊ ကြီးငွေ စသည့် ပြေးခုန်ပစ် အားကစားသမားများ ယှဉ်ပြိုင်ခဲ့ကြသည်။ ဆုံတံဆိပ် မဆွတ်ခူးနိုင်ကြသော်လည်း မှတ် တမ်းဝင် ဂုဏ်ထူးဆောင် အဆင့်ဖြစ်သည့် စတုတ္ထ မှ ဆဋ္ဌမ အဆင့် ဝင်ခဲ့ကြသည်။

မနီလာ အာရှပွဲ

၁၉၅၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသည့် ဒုတိယ အကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး ပြေးခုန်ပစ်ခေတ် ကို စတင်ထူထောင်သည်။

(ဒေါ်) ခင်ဌေးနှင့် (ဒေါ်) လီလီကြာညွှန့် တို့က မနီလာ အာရှအားကစားပွဲတွင် စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ (ဒေါ်) ခင်ဌေး က သံပြားဝိုင်းပစ်၊ (ဒေါ်) လီလီကြာညွှန့်က သံလုံးပစ် ဝင်ပြိုင်ကြသည်။ (ဒေါ်) ခင်ဌေးက သံပြားဝိုင်းပစ်တွင် ပဉ္စမ၊ (ဒေါ်) လီလီကြာ ညွှန့်က သံလုံးပစ်တွင် ဆဌမ အဆင့်ဖြင့် မှတ်တမ်းတင် ဂုဏ်ပြုတန်း ဝင်ခဲ့သည်။

ပထမဆုံးဆု

တတိယ အကြိမ်မြောက် အာရှ အားကစားပွဲကို ၁၉၅၈ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည်။ မြန်မာတာဝေး အပြေး သမား မီတုန်နော်က မာရသွန်ပြေးပွဲတွင် ၂နာရီ ၃၂မိနစ် ၅၅ စက္ကန့် ဖြင့်ပြေးပြီး ဒုတိယ ငွေတံဆိပ်ဆု ဆွတ်ခူး ခဲ့သည်။ မြန်မာ ပြေး ခုန်ပစ် အားကစားသမား တဦးအနေဖြင့် အာရှ အားကစားပွဲတွင် ပထမဆုံး ဆုတံဆိပ် ဆွတ်ခူး နိုင်ခဲ့ခြင်း ဖြစ်သည်။

ပထမကျွန်းဆွယ်

၁၉၅၉ ခုနှစ် ဒီဇင်ဘာ လဆန်းတွင် ပထမ အကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည်။ မြန်မာ ပြေးခုန်ပစ် အားကစား သမားများက ရွှေတံဆိပ် ၅ ဆု ဆွတ်ခူးနိုင်ခဲ့သည်။

ဂရေစီကား က မီတာ ၈၀ တန်းကျော်ပြေးပွဲတွင် ၁၂ ဒသမ ၇ စက္ကန့်ဖြင့် ပြေးပြီး ရွှေတံဆိပ်ရသည်။ ဖျာပုံသူ မေမေရီက အမျိုးသမီး အမြင့်ခုန် တွင် ၁ ဒသမ ၄၃ မီတာဖြင့် ပထမ၊ မခင်ထွေးက လှံတံပစ်တွင် ၁၄ ဒသမ ၈၄ မီတာဖြင့် ပထမ ရသည်။

သံပြားဝိုင်းပစ် ပြိုင်ပွဲတွင် နော်ဖားမ က ၄၂ ဒသမ ၆၈ မီတာပစ်ပြီး ပထမဆု ရွှေတံဆိပ် ရသည်။ ကာဖူး၊ နော်ဖားမ၊ ဂရေစီကား၊ မေမေရီနှင့် ခင်ခင်ထွေးတို့သည် မြန်မာ ပြေးခုန်ပစ် အားကစား လောကတွင် နိုင်ငံတကာ အားကစား ပြိုင်ပွဲမှ ပထမဆုံး ရွှေတံဆိပ် ဆွတ်ခူးခဲ့ကြသည့် အားကစားသမားများပင် ဖြစ်သည်။

ပထမ ကျွန်းဆွယ်ပြိုင်ပွဲတွင် အလေးမ ရွှေ ၂ ၊ လက်ဝေ့ ရွှေ ၂  နှင့် ရေကူး ရွှေ ၂  တို့ ဆွတ်ခူးနိုင်ခဲ့သည်။

ငွေနှင့် ကြေး

ဘန်ကောက် ကျွန်းဆွယ်ပြိုင်ပွဲတွင် ပြေးခုန်ပစ် အားကစားနည်းက ငွေတံဆိပ် ၆ ဆုနှင့် ကြေးတံဆိပ် ၈ ဆုလည်း ဆွတ်ခူးနိုင်ခဲ့ သည်။

မြန်မာကျွန်းဆွယ်

၁၉၆၁ ခုနှစ် ဒီဇင်ဘာလထဲတွင် မြန်ှမာနိုင်ငံရန်ကုန်မြို့တွင် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင် ပွဲ ကျင်းပသည်။ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ စင်္ကာပူ၊ တောင်ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။

မြန်မာနိုင်ငံက ရွှေတံဆိပ် ၃၅ ၊ ငွေတံဆိပ် ၂၅ ၊ ကြေးတံဆိပ် ၂၂ ဆုဖြင့် နိုင်ငံအလိုက် ပထမရသည်။ မြန်မာနိုင်ငံက ရရှိသည့် ဆု တံဆိပ်များထဲတွင် ပြေးခုန်ပစ် အားကစားနည်းက ရွှေ ၇ ဆု၊ ငွေတံဆိပ် ၁၂ ဆုနှင့် ကြေးတံဆိပ် ၉ ဆု ပါဝင်သည်။

ရွှေဆုရှင်များ

ရွှေတံဆိပ် ၇ ဆု ဆွတ်ခူးရရှိသည့် ပြေးခုန်ပစ် ကစားသမားတို့မှာ အမျိုးသားပြေးခုန်ပစ် အားကစားသမားဖြစ်သည့် ကဖူး မီတာ ၅၀၀၀ (၁၅ မိနစ် ၄၆ စက္ကန့်၊ ကျွန်းဆွယ်ပွဲ စံချိန်သစ်)၊ မီတာ ၁၀၀၀၀ (၃၂ မိနစ် ၃၇ ဒသမ ၆ စက္ကန့်၊ စံချိန်သစ်)၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း (၄၂ ဒသမ ၇ စက္ကန့်)၊ စိုးမရ (ဝါးလုံးထောက်ခုန်၊ စံချိန် ၃ ဒသမ ၈၂ မီတာ)၊ သိန်းဝင်း (သံလုံးပစ်၊ ၁၃ ဒသမ ၇၁ မီတာ၊ စံချိန်သစ်)၊ ခင်ဌေး (သံပြားပစ်၊ ၃၂ ဒသမ ၉၆ မီတာ၊ စံချိန်သစ်)၊ မနန်းယဉ် (လှံတံပစ်) ၃၃ ဒသမ ၇၀ မီတာ တို့ ဖြစ်ကြ သည်။

အာရှ အားကစားပွဲ

အင်ဒိုနီးရှား ဂျကာတာမြို့တွင် စတုတ္ထ အကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကျင်းပသည်။ မြန်မာ ပြေးခုန်ပစ် သမားများက ငွေတံဆိပ် ၁ ဆုနှင့် ကြေးတံဆိပ် ၁ ဆု ဆွတ်ခူးနိုင်ခဲ့သည်။

အမျိုးသမီး အမြင့်ခုန် ပြိုင်ပွဲတွင် မြင့်မြင့်အေးက ၁ ဒသမ ၅၀ မီတာ ခုန်ပြီး ငွေတံဆိပ် ရသည်။ မြန်မာ အမျိုးသမီး အားကစား သမားများထဲမှ အာရှအဆင့် နိုင်ငံတကာ ပြိုင်ပွဲတွင် ပထမဦးစွာ ဆုတံဆိပ် ဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။

အမျိုးသား မာရသွန်ပြိုင်ပွဲ တွင် မီတုန်နော်က မာရသွန်ပြေးပွဲ၌ ၂ နာရီ ၄၉ မိနစ် ၃၇ စက္ကန့် ပြေးပြီး တတိယ ရသည်။

၁၉၆၃ ခုနှစ် တွင် ကမ္ဘောဒီးယား နိုင်ငံ၌ ကျွန်းဆွယ်ပြိုင်ပွဲ မကျင်းပဖြစ်ပါ။ ၁၉၆၅ ခုနှစ်တွင်မှ မလေးရှားနိုင်ငံတွင် တတိယ အကြိမ် မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ကျင်းပဖြစ်သည်။ မြန်မာ အားကစား အဖွဲ့က ရွှေတံဆိပ် ၁၈ ဆု၊ ငွေတံဆိပ် ၁၄ ဆုနှင့် ကြေး တံဆိပ် ၁၆ ဆု ဆွတ်ခူး ရရှိသည်။

မြန်မာပြေးခုန်ပစ် အားကစားသမားက ရွှေတံဆိပ် ၆ ဆု၊ ငွေတံဆိပ် ၄ ဆုနှင့် ကြေးတံဆိပ် ၃ ဆု ဆွတ်ခူးနိုင်ခဲ့ကြသည်။ မြန်မာ ပြေး ခုန်ပစ် သမားများ ဆွတ်ခူး ရရှိကြသည့် ရွှေတံဆိပ် ၆ ဆုတွင် အမျိုးသားများက ရွှေတံဆိပ် ၃ ဆု ဆွတ်ခူး ခဲ့ကြသည်။ မီတာ ၁၀၀၀၀ တွင် ရှင်ဗွေဂမ်က ၃၃ မိနစ် ၂၀ ဒသမ ၄ စက္ကန့် ပြေးပြီး ရွှေတံဆိပ် ရသည်။ ရှင်ဗွေဂမ် ကပင် မာရသွန်ပြေးပွဲတွင် ၃နာရီ ၆ မိနစ်၂၀ စက္ကန့်ဖြင့် ပထမ ရသည်။ ဝါးလုံး ထောက်ခုန် ပြိုင်ပွဲတွင် စိုးမရ က စံချိန်သစ် ၃ ဒသမ ခုန်ပြီး ရွှေတံဆိပ်ရသည်။

ဤရွှေတံဆိပ် သုံးဆုမှာ အမျိုးသမီးများက ဆွတ်ခူးခြင်းဖြစ်သည်။ အမျိုးသမီး မီတာ ၁၀၀ ပြေးပွဲတွင် မိုးစံက စံချိန်သစ် ၁၂ ဒသမ ၃ စက္ကန့်ဖြင့် ရွှေတံဆိပ် ရသည်။ အမျိုးသမီး အလျားခုန်တွင် ဂရေစီကား က ၅ ဒသမ ၆၄ မီတာ ခုန်ပြီး ရွှေတံဆိပ် ရသည်။ သံလုံးပစ် ပြိုင်ပွဲတွင် စံချိန်သစ် ၁၀ ဒသမ ၆၁ မီတာပစ်ပြီး ခင်တာက ရွှေတံဆိပ်ရသည်။

ယိုးဒယား ကျွန်းဆွယ်

၁၉၆၇ ခုနှစ်တွင် စတုတ္ထ အကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပ သည်။

မြန်မာ အားကစား အဖွဲ့က ရွှေတံဆိပ် ၁၁ ဆု၊ ငွေ ၂၆ ဆုနှင့် ကြေးတံဆိပ် ၃၂ ဆု ဆွတ်ခူး ရရှိသည်။ မြန်မာ ပြေးခုန်ပစ် အဖွဲ့က ရွှေတံဆိပ် ၅ ဆု၊ ငွေတံဆိပ် ၅ ဆုနှင့် ကြေးတံဆိပ် ၄ ဆုသာ ဆွတ်ခူးနိုင်ခဲ့သည်။

ရွှေတံဆိပ်များမှာ အမျိုးသား မီတာ ၁၀၀၀၀ ပြေးပွဲတွင် ရှင်ဗွေဂမ်က ၃၂ မိနစ် ၄၉ ဒသမ ၆ စက္ကန့်ဖြင့် ပထမ ရသည်။ မာရသွန် ပြေး ပွဲတွင် မီတုန်နော်က ၃ နာရီ ၅၇ မိနစ် ၃၂ စက္ကန့်ဖြင့် ပထမ ရသည်။ အမျိုးသမီး အမြင့်ခုန်တွင် ဘာဘရာ ကျော်စွာက ၁ ဒသမ ၄၇ မီတာခုန်ပြီး ပထမ ရသည်။

ဂျနီဖာတင်လေး က အမျိုးသမီး သံလုံးပစ်တွင် စံချိန်သစ် ၁၂ ဒသမ ၁၁ မီတာပစ်ပြီး ရွှေတံဆိပ်ရသည်။ လှံတံပစ်တွင် ခင်ခင်ထွေးက ၃၇ ဒသမ ၇၂ မီတာ ပစ်ပြီး ပထမရသည်။

ပဉ္စမ အကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ၁၉၆၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၁၃  ရက်အထိ ကျင်းပခဲ့သည်။ ကျွန်းဆွယ် သက်တမ်း ၈ နှစ်အတွင်း မြန်မာနိုင်ငံက ဒုတိယ အကြိမ် ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို လက်ခံကျင်းပခြင်းပင် ဖြစ်သည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading