• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲလမ်းညွှန်

by ခင်မောင်ထွေး (ပျဉ်းမနား)
6 December 2013
in Lifestyle
A A
SEA Games, နေပြည်တော် ဆီးဂိမ်း, ပွဲစဉ်များ, အားကစား, ခင်မောင်ထွေး (ပျဉ်းမနား)

ဆီဂိမ်းပွဲ လက်မှတ်အတွက် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် လက်မှတ် တန်းစီ ဝယ်ယူနေသူများ (ဓာတ်ပုံ- စိုင်းဇော်/ဧရာဝတီ)

4.4k
VIEWS
Share on FacebookShare on Twitter

ဦးစွာပထမ တောင်းပန်လိုသည်မှာ ကျင်းပနေဆဲ၊ ကျင်းပတော့မည့် အရှေ့တောင်အာရှ အားကစားပွဲတွင် ထည့်သွင်းမည့် အားကစားနည်းတချို့  ကျင်းပမည့်ရက်၊ ကျင်းပမည့် ဒေသတို့ကို မှားယွင်းရေးသားခဲ့မိခြင်း ဖြစ်ပါသည်။

ဆီးဂိမ်းတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်း ၃၃ စလုံးကို ကျင်းပမည့် ရက်၊ ကျင်းပမည့် နေရာများနှင့် တွဲ၍ ပွဲစဉ် ဇယားကြီးတခုကို နိုဝင်ဘာလ ၂၈ ရက်ထုတ် သတင်းစာကြီး တစောင်တွင် ပါသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အထူးကဏ္ဍ “27 Sea Games Special” (“Sea” ကို သတင်းစာ ထဲပါသည့် အတိုင်းဖော်ပြခြင်း ဖြစ်ပါသည်။ အမှန်က “SEA Games” ဖြစ်ရပါမည်။) တွင် အပြည့်အစုံ ဖော်ပြထားပါသည်။

RelatedPosts

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.4k
အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

8 June 2025
1.8k
မော်လမြိုင်မြို့

မော်လမြိုင်မြို့

8 June 2025
672

ယင်းဇယားထဲတွင် ကြက်တောင်ရိုက် ပြိုင်ပွဲ ဒီဇင်ဘာလ ၅ ရက်တွင် စတင်မည်၊ အမျိုးသား အားကစားရုံ (၁) ရန်ကုန်တွင် ပြိုင်ပွဲများ ကျင်းပမည်ဟု ဖော်ပြထားသည်ကို အမှန်ထင်၍ ကူးယူရေးသားခဲ့ပါသည်။ ယင်း ကြက်တောင် ပွဲစဉ်မှာ မမှန်ပါ။ မှားပါသည်။ ဒီဇင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော် ဘက်စုံအားကစားရုံတွင် ကျင်းပမည် ဖြစ်ပါသည်။

အမျိုးသား အားကစားရုံ (၁) ရန်ကုန်တွင်မူ နပန်းပြိုင်ပွဲနှင့် ကင်ပိုပြိုင်ပွဲများ ပြုလုပ်မည်ဟုဆိုပါသည်။ နပန်း ပြိုင်ပွဲကို ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဟုဆို၏။

ရှိုရင်ဂျီကင် ပိုလိုကိုလည်း အမျိုးသား အားကစားရုံ (၁) မှာပင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင် ကျင်းပမည်ဟု ဆို၏။

သို့ဖြစ်၍ ရန်ကုန်မြို့တွင် နပန်းနှင့် ရှိုရင်ဂျီကင်ပို (အမျိုးသား အားကစားရုံ-၁)၊ ဟော်ကီ (သိမ်ဖြူ ဟော်ကီကွင်း)၊ အလေးမ (သိမ်ဖြူ အားကစားရုံ)၊ ကာယဗလမောင် ပြိုင်ပွဲ (MCC) နှင့် သေနတ်ပစ် (တောင်ဥက္ကလာ စက်ပစ်ကွင်း) တို့တွင် ကျင်းပမည် ဖြစ်သည်။ ဘောလုံးအုပ်စု (ခ) ပွဲစဉ်များကိုမူ သုဝဏ္ဏ အားကစားကွင်းတွင် ဒီဇင်ဘာ ၇ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

ရန်ကုန်မြို့တွင် ကျင်းပမည့် အားကစားနည်းများမှာ လူအများ စိတ်ဝင်စားမည့် အားကစားနည်းမျိုး မဟုတ်ပါ။ သက်ဆိုင်ရာ အားကစားနည်းအလိုက် စိတ်ပါဝင်စားသူများသာ ကြည့်ရှု အားပေးဖွယ် ရှိပါသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတွင် အားကစားနည်း ၃၃ မျိုး ထည့်သွင်းကျင်းပမည့်အနက် ငွေဆောင်တွင် ရွက်လှေ၊ ရန်ကုန်တွင် နပန်း၊ ကင်ပို၊ သေနတ်ပစ်၊ ကာယဗလ၊ အလေးမနှင့် ဟော်ကီပြိုင်ပွဲများ ကျင်းပမည် ဖြစ်သည်။

ဘောလုံးပွဲများကိုမူ ရန်ကုန်တွင် အုပ်စု (ခ) မှ ၁၀ ပွဲသာ ကျင်းပမည် ဖြစ်သည်။ နေပြည်တော်တွင် အုပ်စု (က) မှ ၁၀ ပွဲ၊ အကြို ဗိုလ်လုပွဲ ၂ ပွဲ၊ တတိယနှင့် ပထမနေရာ လုပွဲ ၂ ပွဲ၊ စုစုပေါင်း ၁၄ ပွဲကို ဇေယျာသီရိ အားကစား ပြိုင်ကွင်းတွင် ကျင်းပမည် ဖြစ်သည်။ မန္တလေးတွင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အစအဆုံး ကျင်းပမည် ဖြစ်ရာ စုစုပေါင်း ၁၂ ပွဲ ကစားကြမည် ဖြစ်သည်။

နေပြည်တော်တွင် ဘောလုံး အပါအဝင် အားကစားနည်း ၂၇ မျိုး ကျင်းပမည် ဖြစ်သည်။ ယင်း အားကစားနည်းများမှာ ပြေးခုန်ပစ် ဒီဇင်ဘာလ ၁၃ ရက်မှ ၁၇ ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ဝင်းတွင် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ ရွှေတံဆိပ် (၂၃+၂၃) ၄၆ ဆုချီးမြှင့်မည်။

ရေကူးပြိုင်ပွဲကို ဒီဇင်ဘာလ ၁၀ ရက်မှ ၁၆ ရက်အထိ ဝဏ္ဏသိဒ္ဓိ ရေကူးကန်တွင် ကျင်းပမည်။ ရွှေတံဆိပ် ၃၂ ဆု (၁၆+၁၆) ဆုချီးမြှင့်မည် ဖြစ်သည်။

ဒိုင်ဗင်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိ ရေကူးကန်မှာပင် ဒီဇင်ဘာလ ၁၉ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်။ ရွှေတံဆိပ် ၈ ဆု (၄+၄)  ချီးမြှင့်မည် ဖြစ်သည်။

ဝါတာပိုလို ပြိုင်ပွဲကိုလည်း ဝဏ္ဏသိဒ္ဓိ ရေးကူးကန်မှာပင် ဒီဇင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ ပြိုင်ကြရမည် ဖြစ်သည်။ အမျိုးသား ပြိုင်ပွဲတမျိုးတည်းသာ ပြိုင်ကြရမည် ဖြစ်သည်။

ပြေးခုန်ပစ်တွင် ရွှေတံဆိပ် (၄၆)၊ ရေကူးတွင် (၃၂)၊ ဒိုင်ဗင်တွင် (၈)၊ ဝါတာပိုလိုတွင် (၁)၊ စုစုပေါင်းရွှေတံဆိပ် (၈၇) ဆုရှိသည်။ ပြေးခုန်ပစ်၊ ရေကူး၊ ဒိုင်ဗင်နှင့် ဝါတာပိုလိုကို ပြိုင်ပွဲတို့တွင် ချီးမြှင့်မည့် ရွှေတံဆိပ် (၈၇) ဆု အနက် မြန်မာပြေးခုန်ပစ်၊ ရေကူး၊ ဒိုင်ဗင်နှင့် ဝါတာပိုလို အသင်းတို့ကအစွန်းထွက် ရွှေတံဆိပ် (၇)ရဖို့ မလွယ်ဟု ခန့်မှန်းရပါသည်။

ပြေးခုန်ပစ်နှင့် ရေကူးပြီးလျှင် ရွှေတံဆိပ် အများဆုံး ချီးမြှင့်မည့် ပြိုင်ပွဲမှာ ဝူးရူးအားကစားနည်း ဖြစ်သည်။ အမျိုးသား ပြိုင်ပွဲ (၁၂) မျိုး၊ အမျိုးသမီးပြိုင်ပွဲ (၁၁) မျိုး အတွက် စုစုပေါင်းရွှေတံဆိပ် (၂၃) ဆုချီးမြှင့်မည် ဖြစ်သည်။  ဝူးရူးပြိုင်ပွဲကို ဒီဇင်ဘာလ ၅/၆ ရက်မှ ၁၁ ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ရုံသစ်ကြီးတွင် ကျင်းပးမည် ဖြစ်သည်။ ဝူးရူး အားကစားနည်းတွင် မြန်မာ ဝူးရှုးအားကစားမယ် ခိုင်ခိုင်မော်က အာရှ အားကစား ပြိုင်ပွဲမှာပင် ရွှေတံဆိပ် ဆွတ်ခူးခဲ့ဖူးသည်။ ဗီယက်နမ် ဝူးရှုးမောင်မယ်များနှင့် မြန်မာ ဝူးရှုး အားကစားသမားတို့သာ အကြိတ်အနယ် ယှဉ်ပြိုင်ကြရဖွယ် ရှိသည်။ ၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းတွင်မူ ရွှေတံဆိပ် (၁) ဆုသာ မြန်မာ ဝူးရှုး အားကစားသမားများ ဆွတ်ခူးနိုင်ခဲ့သည်။

ဝူးရူး ပြိုင်ပွဲပြီးလျှင် ရွှေတံဆိပ် အများဆုံး ချီးမြှင့်မည့် ပြိုင်ပွဲမှာ နပန်းပြိုင်ပွဲပင် ဖြစ်သည်။ ရွှေတံဆိပ် (၂၁) ဆု (၁၄+၇) ချီးမြှင့်မည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပသည့် နိုင်ငံတကာ ပြိုင်ပွဲပင် ဖြစ်သည်။ အမျိုးသား အားကစားရုံ (၁) ရန်ကုန်တွင် ကျင်းပမည် ဖြစ်သည်။

ပြည်ပတွင် ကျင်းပသည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ဖူးသော်လည်း ရွှေတံဆိပ်ဆု မဆွတ်ခူးဖူးသေးပါ။ ကိုယ်အလေးချိန် အတန်းအလိုက် ယှဉ်ပြိုင်ရသည့် အားကစားနည်း ဖြစ်သည်။ မြန်မာ နပန်း မောင်မယ်များ ရွှေတံဆိပ် အများဆုံးရဖို့ မလွယ်ပါ။ ဗီယက်နမ် နပန်းသမားများသာ အနိုင်များဖွယ် ရှိပါသည်။ ဒီဇင်ဘာလ ၇ ရက်မှ ၁၂ ရက် အထိ အမျိုးသား အားကစားရုံ (၁)၊ ရန်ကုန်တွင် နပန်းပြိုင်ပွဲများ ကျင်းပမည် ဖြစ်သည်။

နပန်းပြိုင်ပွဲကဲ့သို့ ရွှေတံဆိပ် (၂၁) ဆု ချီးမြှင့်သော အားကစားနည်းမှာ တိုက်ကွမ်ဒို အားကစားနည်း ဖြစ်သည်။ အမျိုးသား ၁၀ ပွဲ၊  အမျိုးသမီး ၁၀ ပွဲ၊ ကျားမ ၂ ယောက်တွဲ (၁) ပွဲ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ တိုက်ကွမ်ဒို ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒိ္ဓ အားကစားရုံ (၁) တွင် ဒီဇင်ဘာလ ၁၀ ရက်မှ ၂၁ ရက် အထိ ကျင်းပမည် ဖြစ်သည်။ ရွှေတံဆိပ်များကို ခွဲဝေ ရယူသွားနိုင်ဖွယ် ရှိပါသည်။ ရွှေတံဆိပ် ၁၈ ဆုအထိ ချီးမြှင့်မည့် အားကစားနည်း ၃ မျိုးရှိပါသည်။ ဗိုဗီနမ်၊ ကင်ပို နှင့် စစ်တုရင် ပြိုင်ပွဲတို့ ဖြစ်သည်။

ဗိုဗီနမ်မှာ ဗီယက်နမ် ကိုယ်ခံပညာကို ခေါ်ခြင်းဖြစ်သည်။ မြန်မာ ဗန်တို ကိုယ်ခံပညာနှင့် ဆင်ဆင်တူသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ယှဉ်ပြိုင်သည့် အားကစားနည်းလည်း ဖြစ်သည်။

ဗိုဗီနမ် ပြိုင်ပွဲတွင် အမျိုးသား ၈ မျိုး၊ အမျိုးသမီး ၇  မျိုး၊ ကျားမ ၂ ယောက်တွဲ ၃ မျိုး ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၇ မှ ၂၁ ရက်နေ့ အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံတွင် ကျင်းပမည် ဖြစ်သည်။ ဗီယက်နမ် ဗိုဗိနမ်ကို မြန်မာတို့ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

အားကစားနည်း၏ အမည်အပြည့်အစုံမှာ ‘SHORINJI KEMPO’ ဟူ၍ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပမည့် ပြိုင်ပွဲလည်း ဖြစ်သည်။ ရန်ကုန်၊ အမျိုးသား အားကစားရုံ (၁) တွင် ဒီဇင်ဘာလ ၁၇ မှ ၂၁  ရက်နေ့ အထိ ကျင်းပမည် ဖြစ်သည်။ ဆုတံဆိပ် ၁၈ ဆု၊ အမျိုးသား ၈ မျိုး၊ အမျိုးသမီး ၈ မျိုး၊ ကျားမ ၂ ယောက်တွဲ ၂ မျိုး ချီးမြှင့်မည် ဖြစ်သည်။ ယင်း အားကစားနည်းမှာ တရုတ်နှင့် ဂျပန် ကိုယ်ခံပညာများ ပေါင်းစပ်ထားသည်ဟု ဆိုပါသည်။ အားကစားနည်းသစ် ဖြစ်သဖြင့် ဆုရရှိမှု အနေအထားကို မခန့်မှန်းနိုင်ပါ။

ဂျူဒို အားကစားနည်းတွင်လည်း ရွှေတံဆိပ် ၁၈ ဆု၊ အမျိုးသား ၉ ဆု၊ အမျိုးသမီး ၉ ဆု ချီးမြှင့်မည် ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းတွင် မြန်မာ ဂျူဒိုသမားများက ဗိုလ်လုပွဲသို့ ခုနှစ်ဦးတက်ခဲ့ ပြီးရွှေ ၁၊ ငွေ ၆ နှင့် ကြေးတံဆိပ် ၁ ဆု ဆွတ်ခူး ခဲ့သည်။ ဂျူဒိုပြိုင်ပွဲကို ဒီဇင်ဘာလ ၁၈ မှ ၂၁ ရက်နေ့ အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (၁) တွင် ကျင်းပမည်ဟု ဆိုသည်။ ဂျာကာတာဆီးဂိမ်းထက် မြန်မာတို့ ရွှေတံဆိပ် ပိုရဖွယ် ရှိသည်။

နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ် ၁၈ ဆု (အမျိုးသား – ၁၂+ အမျိုးသမီး – ၅+ ကျားမ နှစ်ယောက်တွဲ ၁) ချီးမြှင့်မည် ဖြစ်သည်။ ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၃ မှ ၂၁ ရက်နေ့အထိ နေပြည်တော် ဇမ္ဗူသီရိ ဟိုတယ်တွင် ကျင်းပမည်ဟု လျာထားသည်။

ရွှေတံဆိပ် ၁၇ ဆု ချီးမြှင့်မည့် ရိုးရာလှေပြိုင်ပွဲ၊ ကရာတေဒို ပြိုင်ပွဲ၊ ရွှေတံဆိပ် ၁၆ ဆု ချီးမြှင့်မည့် ကနူး၊ ကယက် လှေပြိုင်ပွဲတို့ အားအားလုံးမှာ နေပြည်တော်တွင် ကျင်းပမည် ဖြစ်သည်။

နေပြည်တော်တွင် ကျင်းပမည့် ဆီးဂိမ်းတွင် ရွှေတံဆိပ် အများဆုံး (ပြေးခုန်ပစ် ၄၆ ဆု) ချီးမြှင့်သည့် ပြိုင်ပွဲရှိသလို ရွှေတံဆိပ် အနည်းဆုံး ၁ ဆု တည်းသာ ချီးမြှင့်သည့် အားကစားနည်းမှာ ဝါတာပိုလို အားကစားနည်း လည်းပါဝင်သည်။ ရွှေတံဆိပ် ၂ ဆုသာ ချီးမြှင့်မည့် အားကစားနည်းများမှာ ဘောလုံး (SOCCER) (ကျား ၁ + မ ၁) ၊ ဖူဆယ် ဘောလုံး (ကျား ၁ + မ ၁) ဘောလီဘော (ကျား ၁ + မ ၁) ၊ ဘက်စကတ်ဘော (ကျား ၁ + မ ၁) မြေပြင် ဟော်ကီ (ကျား ၁ + မ ၁) တို့ ဖြစ်သည်။

ရွှေတံဆိပ် ၃ ဆုချီးမြှင့်မည့် အားကစားနည်းများ မရှိဘဲ ရွှေတံဆိပ် ၄ ဆု ချီးမြှင့်သည့် အားကစားနည်း များမှာ ဂေါက်သီးရိုက် (ကျား ၂ + မ၂) ၊ စားပွဲတင်တင်းနစ် ( ကျား ၂ + မ၂) တို့သာ ရှိသည်။ ကာလဗလနှင့် ကြက် တောင်ရိုက် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၅ ဆု ချီးမြှင့်မည် ဖြစ်သည်။ ကြက်တောင်ရိုက် ပြိုင်ပွဲ၌ အမျိုးသား တဦးချင်း၊ နှစ်ယောက်တွဲ၊ အမျိုးသမီး တဦးချင်းနှင့် ကျား+မ ၂ ယောက်တွဲ ကျားမ နှစ်ယောက်တွဲ ပြိုင်ပွဲများ ပါဝင်မည် ဖြစ်သည်။

ဒီဇင်ဘာလ ၄ ရက်မှ စတင်ကာ ကျင်းပနေပြီ ဖြစ်သည့် အရှေ့တောင် အာရှအားကစားပွဲ လမ်းညွှန် သတင်း ဆောင်းပါး ဖြစ်ပြီး အဝေးမှာ ရှိနေကြသော အားကစား ဝါသနာရှင်များ အတွက် အထူးရည်ညွှန်း၍ သတင်း ပေးပို့ခြင်း ဖြစ်ပါသည်။        ။

Your Thoughts …
Tags: Sport
ခင်မောင်ထွေး (ပျဉ်းမနား)

ခင်မောင်ထွေး (ပျဉ်းမနား)

Contributor

Similar Picks:

SEA Games, SEAP Games, အမျိုးသမီး အားကစားသမားများ, မြန်မာ့အားကစား သမိုင်း

မြန်မာ ထူးချွန်ထင်ရှား အမျိုးသမီး အားကစား သမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
10 April 2014
4.2k

မြန်မာနိုင်ငံ၏ ထူးချွန် ထင်ရှားသော အမျိုးသမီး အားကစား သမားများ စာရင်းကို ပြုစုရာ ပြေးခုန်ပစ် အားကစား သမားက အများဆုံး ဖြစ်နေသည်။ ၀ူရှူး (ခိုင်ခိုင်မော်)၊ ရေကူး (မိုးသူအောင်)၊ မြားပစ် (အောင်ငှိမ်း)၊ သေနတ်ပစ်...

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
5k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
24 December 2012
14.3k

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

by ဆောင်းဦးလင်း
9 August 2012
5.3k

အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

အားကစား, လူငယ်, အားကစားရုံ, ကစားကွင်း

ယနေ့ လူငယ်များနှင့် အနာဂတ် မြန်မာနိုင်ငံတော်

by ခင်မောင်ထွေး (ပျဉ်းမနား)
2 November 2013
4.3k

သမ္မတကြီး လိုလားသည့် လူငယ်များအတွက် ကောင်းမွန်သော အနာဂတ် ဖန်တီးလိုလျင် လူငယ် လူရွယ်၊ ကျောင်းသူ၊ ကျောင်းသား အားလုံးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တရပ်ကို အားကစားမှ တဆင့် ဖန်တီးပေး ကြရပါလိမ့်မည်

ဦးဒေါင်းနီ,မြန်မာ့ ရိုးရာ လက်ဝှေ့,မွေထိုင်း

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

by ထက်နိုင်ဇော်
1 May 2014
22.8k

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊...

Next Post
လှိုင်သာယာ, ကျူးကျော်, ပန်းလှိုင်, အိုးမဲ့ အိမ်မဲ့

ပန်းလှိုင်မှာ ကျူးကျော်နှင့် ပိုင်ရှင်များ ပဋိပက္ခဖြစ်ပွားနိုင်

ထိုင်း, ဆီးဂိမ်း, ဆန္ဒပြပွဲ, နိုင်ငံရေး

ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ထိုင်းဝန်ကြီးချုပ် တက်ရောက်မည်မဟုတ်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.6k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

2 days ago
3.9k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate