• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

အိမ်ရှင် မြန်မာအသင်းကို မကြောက်ဘူးလို့ ပြိုင်ဘက်အသင်းတွေပြော

by ကျော်ခ
6 December 2013
in Lifestyle
A A
အာကစား, ဆီးဂိမ်း, ဘောလုံးပွဲ

ရန်ကုန်မြို့ Yangon Hotel မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ အုပ်စု (ခ)အသင်းနည်းပြများ (ဓာတ်ပုံ- ကျော်ခ/ဧရာဝတီ)

8.9k
VIEWS
Share on FacebookShare on Twitter

ကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဘောလုံးပြိုင်ပွဲစဉ်တွေဟာ မြန်မာ့မြေ၊ မြန်မာ့ ပရိသတ်ရှေ့မှာယှဉ်ပြိုင်ကစားရမှာဖြစ်ပေမယ့် အိမ်ရှင်အသင်းကို ကြောက်ရွံ့စိုးရိမ်နေမှာ မဟုတ်ဘူးလို့ ပြိုင်ဘက်အသင်း မန်နေဂျာတွေက ဒီကနေ့ ပြောဆို လိုက်ပါတယ်။

ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံမှာ ရှိတဲ့ Yangon Hotel မှာ အိမ်ရှင်မြန်မာအသင်းနည်းပြ အပါအဝင် ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီယားနဲ့ တီမောအသင်းတို့က အုပ်စု (ခ) အကြို သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ချိန်မှာ ပြိုင်ဘက်နည်းပြတွေကအခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
409
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
831
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

အိမ်ရှင်မြန်မာအသင်းနဲ့ ပထမဆုံး ထိပ်တိုက ်ရင်ဆိုင်ရမယ့် ကမ္ဘောဒီယားအသင်းနည်းပြ Lee Tae-Hoon က “ကျနော်တို့ အနေနဲ့ မြန်မာအသင်းကို  အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားဖို့ ရှိပါတယ်၊ အိမ်ရှင်အသင်းဆိုပြီးတော့ဖိအားတွေ ရှိနေမှာ မဟုတ်ပါဘူး” လို့ သူက သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။

ကမ္ဘောဒီယား အသင်းနည်းပြ Lee Tae-Hoon ဟာ တောင်ကိုရီးယားနိုင်ငံသားဖြစ်တဲ့တဲ့အတွက် မနက်ဖြန် ရန်ကုန်မြို့ သုဝဏ္ဏ ကစားကွင်းကြီးမှာအိမ်ရှင်မြန်မာအသင်းနဲ့ ကစားမယ့် ပြိုင်ပွဲဟာ တောင်ကိုရီးယား
နည်းပြနှစ်ဦးရဲ့ ထိပ်တိုက်တွေ့ဆုံပွဲလို့လည်း ဆိုနိုင်ပါတယ်။

မြန်မာအသင်းအနေနဲ့ အိမ်ရှင်အားသာချက်ရှိသလို နည်းပြ ပတ်ဆောင်ဟွာ ရဲ့နည်းပညာကြွယ်ဝမှုကိုလည်း သူတို့အနေနဲ့ စောင့်ကြည့်ထားတယ်လို့ ဆိုပါတယ်။ သူတို့ အသင်းမှာ ပြင်သစ်နိုင်ငံဖွား တဦးပါပေမယ့် ကမ္ဘောဒီးယားနိုင်ငံသားတဦးပါဝင်ပြီး ကျန်ကစားသမားများကတော့ ကမ္ဘောဒီးယားလူမျိုးတွေဖြစ်တယ်လို့ပြောပါတယ်။

မနက်ဖြန် သုဝဏ္ဏကွင်းမှာ စတင်ယှဉ်ပြိုင်ရမယ့် ကမ္ဘောဒီးယားနဲ့ပွဲအတွက်အသင်းကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း အိမ်ရှင် ဖြစ်လို့အားသာတယ်လို့ ပြောဆိုကြပေမယ့် အိမ်ရှင်ဖြစ်တဲ့ အတွက် ဖိအားတွေလည်းရှိပါတယ်လို့ မြန်မာ အသင်းနည်းပြ ပတ်ဆောင်ဟွာ က ရှင်းပြပါတယ်။

“အိမ်ရှင်ဆိုတဲ့ အားသာချက်ရှိပေမယ့်လည်း အိမ်ရှင်ဆိုတဲ့ တာဝန်ကိုကျေဖို့အတွက်လည်း တာဝန်ကကြီးပါတယ်၊ ကျနော်တို့ ကစားသမားတွေမှာတော့ခွန်အားတွေပြည့်နေဖို့ လိုအပ်ပါတယ်” လို့ ပတ်ဆောင်ဟွာက ပြောပါတယ်။

မြန်မာလက်ရွေးစင် အသင်းမှာတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အားနည်းချက်တွေရှိနေကြောင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်နဲ့ ပတ်သက်ပြီး မနေ့က မြန်မာ ကစားသမားတွေနဲ့တွေ့ဆုံပြီး သတိပေး ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်တွင်း MNL ပွဲတွေမှာကတည်းက ဒိုင်လူကြီးတွေက ပြစ်ဒဏ်ကိုထိထိရောက်ရောက်၊ ပြင်းပြင်းထန်ထန် မပေးလာခဲ့တဲ့ အခါကြတော့ ကစားသမားတွေကမလုပ်သင့်တဲ့ ဟာတွေကို လုပ်လာတဲ့အခါကြတော့ အခုချက်ချင်းကြီးမှာပြင်သွားဖို့ ပြောင်းသွားဖို့ ခဲယင်းပါတယ်၊ သို့သော်လည်း ခေါ်ပြီးတော့ဆွေးနွေးသတိပေးတာမျိုး လုပ်ထားပါတယ်၊ ဒါပေမယ့် ရှိရင်းစွဲအလေ့အကျင့်လေးတခုအတွက်တော့ ရင်လေးနေပါတယ်” လို့ ပတ်ဆောင်ဟွာ က ပြောပါတယ်။

အုပ်စု (ခ) မှာတော့ နည်းစနစ်ပိုင်းနဲ့ ကြံ့ခိုင်မှုပိုင်း အားကောင်းတဲ့ထိုင်းအသင်းကို မြန်မာအသင်းအနေနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ရလိမ့်မယ်လို့ဆိုပါတယ်။ မြန်မာအသင်းဟာ အိမ်ရှင်ဆိုတဲ့ အားသာချက်ရှိပေမယ့် ဒါဟာ သူတို့အတွက်ဖိအားဖြစ်နေမှာမဟုတ်ကြောင်း၊ ထိုင်းအသင်း အနေနဲ့လည်း အကောင်းဆုံး တွေကိုရွေးချယ်ပြီး ပြင်ဆင်ထားတာဖြစ်ကြောင်း ထိုင်းအသင်းရဲ့ လက်ထောက်မန်နေဂျာKlairung Three Jagstang က ပြောပါတယ်။

“ကျနော်တို့ကတော့ ရွှေရဖို့ရည်မှန်းထားပါတယ်၊ ကျနော်တို့ အသင်းကအကောင်းဆုံးပြင်ဆင်ထားတဲ့ အတွက် ဘယ်အသင်း ကိုမှ ဂရုစိုက်နေမှာမဟုတ်ပါဘူး၊ ရွေးချယ်ခွင့်သာရမယ်ဆိုရင် ဆီမီးဖိုင်နယ်မှာ ဗီယက်နန်နဲ့တွေ့ချင်တယ်၊ ဗိုလ်လုပွဲမှာတော့ မြန်မာနဲ့ တွေ့ချင်ပါတယ်” လို့ KlairungThree Jagstang က ရှင်းပြပါတယ်။

မြန်မာအသင်းအကြောင်းကို လည်း လေ့လာထားပြီး ဖြစ်သလို မနက်ဖြန်စပြီးကန်မယ့် တီမောနဲ့ပွဲအပါအဝင် ပြိုင်ပွဲတိုင်းကို အနိုင်ရအောင်ကစားသွားမှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။ပြိုင်ဘက်အသင်းတွေထဲမှာ အားနည်းတဲ့ အသင်းဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေတဲ့တီမောအသင်းမှာ နိုင်ငံသားခံယူထားတဲ့ နိုင်ငံခြားသား ၆ ဦးပါဝင်ကြောင်း၊သို့သော်လည်း ခန္ဓာကိုကြီးထွားမှုထက် အားကစားနည်းပညာပိုင်း ကျွမ်းကျင်မှုကသာပိုပြီး အရေးကြီးတယ်လို့ဆိုပါတယ်။”ကျနော်တို့ကတော့ မြန်မာ့မြေပေါ်မှာ မထင်မှတ်တာတွေ လုပ်ပြသွားချင်တယ်”လို့ တီမောအသင်းနည်းပြ Emerson Alcantara က ပြောပါတယ်။

အုပ်စု (ခ) မှာ မြန်မာ၊ ထိုင်းတို့နဲ့အတူ အင်အားတောင့်တင်းတဲ့ အသင်းကတော့အင်ဒိုနီးရှား ဖြစ်ပါတယ်။ အင်ဒိုနီးရှား အသင်းဟာ နည်းပညာပိုင်းကောင်းမွန်သလို ကြံ့ခိုင်မှုအားလည်း ကောင်းမွန်တဲ့ အတွက် မြန်မာအသင်းရဲ့အုပ်စုတက်ရေး အိမ်မက်ကို ဖျက်ဆီးသွားနိုင်တဲ့ အသင်းဖြစ်ပါတယ်။

အင်ဒိုနီးရှားနည်းပြ Keluarga Rahmad Darmawan က “ပြိုင်ဘက်တွေထဲမှာထိုင်းအသင်းက အရမ်းတောင့်တင်းမှန်း သိသလို၊ မြန်မာအသင်းကလည်းတောင့်တင်းပါတယ်၊ ဒီလိုပဲ ကမ္ဘောဒီးယားအသင်းနဲ့ တီမောအသင်း တို့ကလည်းတိုးတက်လာတဲ့ အသင်းတွေဖြစ်တယ်၊ ဒါကြောင့် အသင်းတိုင်းကဒုက္ခပေးသွားနိုင်ပါတယ်၊ လျှော့တွက်လို့မရပါဘူး” လို့ဆိုပါတယ်။

Your Thoughts …
Tags: Sport
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

SEA Games, SEAP Games, အမျိုးသမီး အားကစားသမားများ, မြန်မာ့အားကစား သမိုင်း

မြန်မာ ထူးချွန်ထင်ရှား အမျိုးသမီး အားကစား သမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
10 April 2014
4.2k

မြန်မာနိုင်ငံ၏ ထူးချွန် ထင်ရှားသော အမျိုးသမီး အားကစား သမားများ စာရင်းကို ပြုစုရာ ပြေးခုန်ပစ် အားကစား သမားက အများဆုံး ဖြစ်နေသည်။ ၀ူရှူး (ခိုင်ခိုင်မော်)၊ ရေကူး (မိုးသူအောင်)၊ မြားပစ် (အောင်ငှိမ်း)၊ သေနတ်ပစ်...

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
4.9k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
24 December 2012
14.3k

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

by ဆောင်းဦးလင်း
9 August 2012
5.3k

အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

အားကစား, လူငယ်, အားကစားရုံ, ကစားကွင်း

ယနေ့ လူငယ်များနှင့် အနာဂတ် မြန်မာနိုင်ငံတော်

by ခင်မောင်ထွေး (ပျဉ်းမနား)
2 November 2013
4.3k

သမ္မတကြီး လိုလားသည့် လူငယ်များအတွက် ကောင်းမွန်သော အနာဂတ် ဖန်တီးလိုလျင် လူငယ် လူရွယ်၊ ကျောင်းသူ၊ ကျောင်းသား အားလုံးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တရပ်ကို အားကစားမှ တဆင့် ဖန်တီးပေး ကြရပါလိမ့်မည်

ဦးဒေါင်းနီ,မြန်မာ့ ရိုးရာ လက်ဝှေ့,မွေထိုင်း

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

by ထက်နိုင်ဇော်
1 May 2014
22.8k

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊...

Next Post
ခင်ဝင့်ဝါ, မျက်ကြည်လွှာ, ပရဟိတ

ကမ္ဘာ့အလှဆုံးမယ် ၁၀၀ စာရင်းမှာ ခင်ဝင့်ဝါ ဖော်ပြခံရ

တိုင်းရင်းသား, ဒီမိုကရေစီ, မတူကွဲပြားမှု

လူမျိုးစုပဋိပက္ခဆိုင်ရာ စိန်ခေါ်ချက် (နိဂုံး)

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate