• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

စိန်ခေါ်မှုများနှင့် မြန်မာ့ ဘောလုံး

by ခင်မောင်ထွေး (ပျဉ်းမနား)
8 January 2014
in Lifestyle
A A
ယူ-၂၂, ယူ-၁၉, ယူ-၁၆,MFF, AFC, Head to Head

မန္တလေးတွင် ကျင်းပသော မြန်မာ-ထိုင်း အမျိုးသမီး အကြိုဗိုလ်လုပွဲတွင် မြန်မာအသင်းကို အားပေးနေသည့် ပရိသတ်များ (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)

4.9k
VIEWS
Share on FacebookShare on Twitter

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲ ပိတ်ပွဲကျင်းပပြီး သည့် နောက် မြန်မာ နိုင်ငံတွင် အားကစား လှုပ်ရှားမှုများ ငြိမ်သက်သွားသည်။ အရှေ့တောင် အာရှ အားကစားပွဲတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည့် အားကစားသမားများကို သက်ဆိုင်ရာ ကျောင်းများ၊ ရပ်ကွက်များ၊ မြို့နယ်များက သီးသန့် ဂုဏ်ပြုကြသည်ကိုမူ ထူးခြားစွာ ကြားသိနေ ရသည်။

ရှေးယခင်ကမူ ယခုကဲ့သို့ အောက်ခြေ များတွင် အားကစားသမားများကို အရေးတယူ ဂုဏ်ပြုခြင်းမျိုးမှာ မရှိ သလောက် ရှားသည်။ ၂၀၁၃ အရှေ့တောင် အာရှအားကစားပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အားကစား သမားများကို သမ္မတ ကိုယ်တိုင်က စိတ်ရောကိုယ်ပါ အားပေး ချီးကျူး ဂုဏ်ပြုမှုများ ရှိတဲ့အပြင် အောက်ခြေများကပါ လိုက်လံ ဂုဏ်ပြုကြခြင်း ဖြစ်သည်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
235
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
236
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.8k

အားကစား လှုပ်ရှားမှု ဆိုရင် ဘောလုံး လှုပ်ရှားမှုသာ တွေ့ရသည်။ ပထမဆုံး လှုပ်ရှားမှုမှာ မြန်မာလက်ရွေးစင်အသင်း အတွက် သင့်လျော်သော နည်းပြဆရာတဦး ရှာဖွေနေခြင်း ဖြစ်သည်။ ယခုနှစ်ထဲတွင် မြန်မာ လက်ရွေးစင် ဘောလုံး အသင်းက နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

လက်ရွေးစင် အသင်းကြီး အနေဖြင့် ၂၀၁၄ ခုနှစ်ထဲတွင် အာရှဘောလုံးအဖွဲ့ချုပ် စိန်ခေါ်ဖလား “AFC Challenge Cup” ပြိုင်ပွဲကို ၂၀၁၄ ခုနှစ် မေလ ၁၉ မှ ၃၁ ရက်နေ့ အထိ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ယင်း ပြိုင်ပွဲတွင် အနိုင်ရရှိမှ အာရှဖလားပွဲသို့ တက်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။ ယခင် နှစ်ကြိမ် ပါဝင်ယှဉ်ပြိုင် ခဲ့ရာတွင်မူ အောင်မြင်ခြင်း မရှိခဲ့ပါ။

အာရှ စိန်ခေါ်ဖလား ဘောလုံးပွဲ ပြီးသည့်နောက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲမှာ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဆူဇူကီး ဖလား ဘောလုံးပွဲ ဖြစ်သည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်မှ ၁၈ ရက်အထိ လာအိုနိုင်ငံတွင် ခြေစစ်ပွဲ ကစားရမည် ဖြစ်သည်။ ခြေစစ်ပွဲ အောင်မှသာ နောက်အဆင့် ပွဲများကို နိုဝင်ဘာလ ၁၁ ရက်မှ ၁၉ ရက်အထိ စင်ကာပူနှင့် ဗီယက်နမ် တို့တွင် ကစားရမည် ဖြစ်သည်။

တဆင့် တက်ခဲ့လျှင် အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲတို့ကို ဒီဇင်ဘာလ ၆ ရက်မှ ၂၀ ရက်အထိ ကစားကြရမည် ဖြစ် သည်။

မြန်မာ လက်ရွေးစင် ဘောလုံး အသင်းကြီးသည် ဆူဇူကီးဖလား (ယခင် တိုက်ဂါးဖလား) ပြိုင်ပွဲတွင်လည်း အောင်မြင်မှု မရရှိခဲ့ သေးပါ။ ၂၀၁၄ ခုနှစ်တွင်မူ အောင်မြင်မှု ရရှိရေး အတွက် ပြင်ဆင်ရာတွင် နည်းပြဆရာ (ပြည်ပ)ကို အပ်သလို ပြည်တွင်းမှ အကူ နည်းပြအဖွဲ့လည်း အထူး လိုအပ်ပါသည်။ လက်ထောက်နည်းပြ ဆရာ၊ ဂိုးနည်းပြဆရာ၊ ကြံ့ခိုင်မှု နည်းပြဆရာများ အပါအဝင် အသင်းဆေးမှူး၊ အသင်း အုပ်ချုပ်သူတို့ကိုပါ တတ်ကျွမ်း နားလည်သူများကို စံနစ်တကျ ရွေးချယ်ပြီးမှ တာဝန် ပေးသင့်ပါသည်။ အထူးသဖြင့် လာမည့်လက်ရွေးစင် အသင်းကြီး အတွက် နည်းပြဆရာ ခေါ်ယူ တာဝန် ပေးရေးက အရေးကြီးပါသည်။ စာရေးသူ အကြံပြုလိုသည်ကတော့ စကားပြန်မပါဘဲ ဆက်သွယ် စကားပြော နိုင်မည့် နည်းပြဆရာမျိုးကိုသာ ဦးစားပေးစေချင်ပါသည်။ နို့မဟုတ်လျှင် Head to Head မသိပါဟု ဆင်ခြေပေးမည် စိုးသောကြောင့် ဖြစ်ပါသည်။

မြန်မာနိုင်ငံ အတွက် နောက်ထပ် အရေးကြီးသော ဘောလုံးပြိုင်ပွဲ တပွဲမှာ အသက် ၂၂ အောက် (U 22) ဘောလုံးပွဲ ဖြစ်သည်။ အာရှအဆင့် ပြိုင်ပွဲဖြစ်သည်။ ၂၀၁၄ ဇန်နဝါရီလ ၁၁ ရက်မှ ၂၆ ရက်အထိ အိုမန် နိုင်ငံတွင် ကစားရမည် ဖြစ်သည်။ မြန်မာ U 22 အသင်းသည် အိမ်ရှင် အိုမန်၊ ကိုရီးယား၊ ဂျော်ဒန် အသင်းများနှင့်အတူ အုပ်စု ပွဲများ ကစားရ မည် ဖြစ်သည်။

မြန်မာ U 22 ဘောလုံး အသင်းမှာ အရှေ့တောင်အာရှဒေသမှ ခြေစစ်အောင်သော အသင်း တသင်းတည်းသာ ဖြစ် သည်။ အရှုံးအနိုင်ထက် အာရှအဆင့်တွင် ကစားခွင့် ရရှိခဲ့ခြင်းကပင် အောင်မြင်မှု တရပ်ဖြစ်သည်။

လက်ရှိ U 22 အသင်းမှာ လာမည့် စင်ကာပူ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲအတွက် အားထားရမည့် အသင်းတသင်းလည်း ဖြစ် သည်။ ဘောလုံး အသင်းအားလုံး စိတ်ဓာတ်ကောင်းအောင် ယခုကတည်းက လေ့ကျင့် သင်ကြားပေးထား သင့် သည်။ နေထိုင် စားသောက်ကြသည်က အစ အားကစားသမား ကောင်းများကဲ့သို့ နေထိုင်စားသောက်ကြရန် လို သည်။ ဒေးကလပ်၊ နိုက်ကလပ်တွေ တက်၊ KTV ဆိုင်တွေသွားပြီးတော့ ဘီယာလေး သောက်လိုက်၊ စီးကရက်လေး ဖွာလိုက်၊ အပေါင်းအသင်း ကောင်းတွေ့ ဟိုအိမ်ဝင်၊ ဒီအိမ်ဝင် လုပ်နေကြလျှင်တော့ လိုရာပန်းတိုင် မရောက်နိုင်ဆို သည်ကို ဘောလုံးသမားတိုင်းကို အသိပေးထား သင့်သည်။ ပညာပေး သင့်သည်၊ ဆုံးမ ထားသင့်သည်။

အသက် ၁၉ နှစ်အောက် (U 19) ဘောလုံး အသင်း ကလည်း အာရှအဆင့်တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အာရှ တံခွန်စိုက် နောက်ဆုံး အဆင့်ပွဲစဉ်များကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၉ မှ ၂၃ ရက်နေ့ အထိ ရန်ကုန် နှင့် နေပြည်တော် တွင် ကျင်းပရန် လျာထားသည်။ အာရှအဆင့် AFC U 19 Championship 2014 Final Round တွင် လည်း မြန်မာယူ ၁၉ ဘောလုံး သမားလေးများ အစွမ်းအစကို ပြည်သူအများက စောင့်ကြည့်နေ ကြမည် ဖြစ်သည်။  ပရိသတ် အားပေးမှုများသည် ယှဉ်ပြိုင်ကြရသည့် အားကစားသမားများအတွက် “ဆေး” ဟုဆိုသော်လည်း တခါတရန် “ဘေး” ဖြစ်တတ်သည်ကို ဆီးဂိမ်း ဘောလုံးပွဲတွင် တွေ့ကြုံခဲ့ကြရပြီး ဖြစ်သည်။

အားပေးသူများ ဆေးဘဝမှ ဘေးအဖြစ်သို့ မရောက်ရန်မှာ အားကစား အသိုင်းအဝိုင်း များတွင်သာ မူတည်သည်။ ယခု ပြိုင်ပွဲတွင်လည်း Head to Head မသိလို့ပါ ဟု ဆိုလျှင်တော့ မသိသူ၊ သိအောင်ရှင်းပြ မထားသူတို့ကို သည်းခံ ခွင့်လွှတ်နိုင်ရန် အထူး ကြိုးစားကြရပါ လိမ့်မည်။

အာရှဘောလုံးအဖွဲ့ချုပ် အသက် ၁၆ နှစ် အောက် (AFC U-16 Championship) ဘောလုံးပွဲ နောက်ဆုံး အဆင့်ပွဲမှာ မြန်မာ (U 16) အသင်းလည်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၆ ရက်မှ စက်တင်ဘာလ ၂၁ ရက်အထိ ထိုင်းနိုင်ငံ ကောက်မြို့မှာ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

အာရှ ဘောလုံးအဖွဲ့ချုပ် အသက် (၁၄) နှစ်အောက် တံခွန်စိုက် ဘောလုံးပြိုင်ပွဲ (AFC U 14 Championship 2014) ခြေစစ်ပွဲ အုပ်စု E နှင့် F အုပ်စုများကို မြန်မာနိုင်ငံ၊ နေပြည်တော်မှာ ၂၀၁၄ ခုနှစ် မေလ ၂၄ ရက်မှ ဇွန်လ ၃ ရက်နေ့ အထိ ကျင်းပမည် ဖြစ်သည်။ မြန်မာ U 14 လက်ရွေးစင် ဘောလုံး အသင်းပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၂၀၁၄ ခုနှစ်အတွင်း လက်ရွေးစင် အသင်း U 22 ၊ U 19 ၊ U 16 နှင့် U 14 အသင်းတို့က နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အိမ်ရှင် အဖြစ် လက်ခံ ကျင်းပရမည့် ပြိုင်ပွဲများလည်း ရှိသည်။ အိမ်ကွင်းများတွင် ယှဉ်ပြိုင်ကစားကြမည့် ဘောလုံးပွဲ များတွင် မြန်မာ ဘောလုံးအသင်း များကို အားပေးကြမည့် ပရိသတ်များသည် မြန်မာ လက်ရွေးစင် ဘောလုံး အသင်း များ အတွက် “ဆေး” ဖြစ်ဖို့ လိုပါသည်။ “ဘေး” မဖြစ်ဖို့လည်း အထူးလို ပါသည်။

၂၀၁၄ ခုနှစ်အတွင်း ပြည်သူတို့၏ အသည်းကျော် မြန်မာ လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ကလည်း ယှဉ်ပြိုင် စရာ နိုင်ငံတကာ ဘောလုံးပွဲများ ရှိနေသည်။ ပထမဆုံးပွဲမှာ အာရှဘောလုံး အဖွဲ့ချုပ် အမျိုးသမီး တံခွန်စိုက် ၂၀၁၄ ဘောလုံးပွဲ ဖြစ်သည်။ မေလ ၁၄ ရက်မှ ၂၅ ရက် အထိ ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပမည့် ပြိုင်ပွဲ ဖြစ်သည်။ ယင်း အာရှအမျိုးသမီး တံခွန်စိုက် ဘောလုံးပွဲတွင် ပထမနှစ် စတုတ္ထရသည့် အသင်း ၄ သင်းသည် အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

ပဉ္စမ တနေရာ အတွက် အုပ်စု တတိယရသည့် အသင်းချင်း ကစားပြီး နိုင်သည့် အသင်းက ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။ မြန်မာ အမျိုးသမီး ဘောလုံး အသင်းသည် တောင်ကိုရီးယား၊ ဂျပန်နှင့် ထိုင်း အမျိုးသမီး အသင်းများနှင့် ကစားရမည် ဖြစ်သည်။ ဆီးဂိမ်းတွင်တော့ ထိုင်း အမျိုးသမီး အသင်းကို အရှုံးပေးခဲ့ ရသည်။ ထိုင်း အသင်းကို ပြန် လည် ၍ ဘောင် အတွင်းမှ လက်စားခြေ အနိုင်ယူရမည် ဖြစ်သည်။ ထိုင်းကို နိုင်လျှင် မြန်မာ အမျိုးသမီးအသင်း ကမ္ဘာ့အဆင့် ရောက်ပြီ ဖြစ်သည်။

သန်းသန်းထွေးတို့ လူသိုက် အထူးကြိုးစားဖို့ လိုသလို၊ အားပေးကြသူများကလည်း ယခုထက် အထူးပိုမိုအားပေး ကြဖို့ လိုပါသည်။

အာရှဘောလုံး အဖွဲ့ချုပ် U 19 တံခွန်စိုက် အမျိုးသမီး ဘောလုံးပွဲကလည်း ၂၀၁၄ ခုနှစ် နိုဝင်ဘာလထဲမှာပင် ခြေစစ်ပွဲ ကစားရန် ရှိနေသည်။ မည်သည့်နိုင်ငံက လက်ခံကျင်းပမည် ကိုမူ မသိရသေးပါ။

၂၀၁၅ ခုနှစ် အာရှဘောလုံး အဖွဲ့ချုပ် အမျိုးသမီး တံခွန်စိုက် ဘောလုံးပြိုင်ပွဲ အတွက် ၂၀၁၄ ခုနှစ် အတွင်းမှာပင် ခြေစစ်ပွဲများ ကျင်းပသွားမည် ဖြစ်သည်။ မြန်မာ U 16 အမျိုးသမီး အသင်းလည်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာ ဘောလုံးလောက အတွက် စိန်ခေါ်မှုများမှာ ၂၀၁၄ ခုနှစ် အတွင်း တန်းစီပြီး စောင့်ဆိုင်းလျက် ရှိသည်။ အထက် ဖော်ပြပါ စိန်ခေါ်ပွဲများ ကျော်ဖြတ် အနိုင်ရရှိရေး အတွက် နည်းပြဆရာများ ခန့်ထားခြင်း၊ နည်းပြအုပ်ချုပ် အဖွဲ့ ရွေးချယ် တာဝန်ပေးခြင်းမှအစ ၂၀၁၃ ခုနှစ် အတွင်း ကြုံတွေ့ခဲ့ရသည့် အမှားများမှ သင်ခန်းစာရယူပြီး အမှန်ရောက်ရန် မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်က မည်ကဲ့သို့ ဆောင်ရွက်သွားမည် ဆိုသည်ကို စောင့်ကြည့် နေကြပါသည်။     ။

Your Thoughts …
Tags: SEA GameSport
ခင်မောင်ထွေး (ပျဉ်းမနား)

ခင်မောင်ထွေး (ပျဉ်းမနား)

Contributor

Similar Picks:

SEA Games, SEAP Games, အမျိုးသမီး အားကစားသမားများ, မြန်မာ့အားကစား သမိုင်း

မြန်မာ ထူးချွန်ထင်ရှား အမျိုးသမီး အားကစား သမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
10 April 2014
4.2k

မြန်မာနိုင်ငံ၏ ထူးချွန် ထင်ရှားသော အမျိုးသမီး အားကစား သမားများ စာရင်းကို ပြုစုရာ ပြေးခုန်ပစ် အားကစား သမားက အများဆုံး ဖြစ်နေသည်။ ၀ူရှူး (ခိုင်ခိုင်မော်)၊ ရေကူး (မိုးသူအောင်)၊ မြားပစ် (အောင်ငှိမ်း)၊ သေနတ်ပစ်...

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
4.9k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
24 December 2012
14.3k

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

by ဆောင်းဦးလင်း
9 August 2012
5.3k

အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

အားကစား, လူငယ်, အားကစားရုံ, ကစားကွင်း

ယနေ့ လူငယ်များနှင့် အနာဂတ် မြန်မာနိုင်ငံတော်

by ခင်မောင်ထွေး (ပျဉ်းမနား)
2 November 2013
4.3k

သမ္မတကြီး လိုလားသည့် လူငယ်များအတွက် ကောင်းမွန်သော အနာဂတ် ဖန်တီးလိုလျင် လူငယ် လူရွယ်၊ ကျောင်းသူ၊ ကျောင်းသား အားလုံးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တရပ်ကို အားကစားမှ တဆင့် ဖန်တီးပေး ကြရပါလိမ့်မည်

ဦးဒေါင်းနီ,မြန်မာ့ ရိုးရာ လက်ဝှေ့,မွေထိုင်း

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

by ထက်နိုင်ဇော်
1 May 2014
22.8k

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊...

Next Post
ကျေးလက်ဒေသ ဖွံဖြိုးရေး, ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်,ဘတ်ဂျက်

ကျေးလက် ဖွံဖြိုးရေး လာမည့် ဘဏ္ဍာနှစ် ဘတ်ဂျက် သုံးဆခန့် ပိုတောင်းမည်

၅နှစ်အောက်ကလေး,သံဓာတ်ချို့တဲ့မှု,သွေးအားနည်းရောဂါ,ကျန်းမာရေးဦးစီးဌာန, ကမ္ဘာ့ကျန်းမာရေးအဖွဲ့,UNICEF, Sprinkles.

မြန်မာနိုင်ငံ၌ ၅ နှစ်အောက်ကလေး ထက်ဝက်ကျော် သံဓာတ်ချို့တဲ့နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate