• English
Saturday, September 23, 2023
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

    TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်

    ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

    ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး

    တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

    တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

    သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

    သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

    ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

    ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

    စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

    တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

    တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home Lifestyle

          ငွေကုန်ခံကျင်းပခဲ့သည့် MNL အောင်မြင်မှု မရှိခြင်းအပေါ် မေးခွန်းထုတ်နေကြ

          by ထက်နိုင်ဇော်
          15 January 2014
          in Lifestyle
          Reading Time: 1 min read
          A A
          MNL, ဆီးဂိမ်း, ဘောလုံး, ရန်ကုန်ယူနိုက်တက်

          ၂၇ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

          4.1k
          VIEWS
          Share on FacebookShare on Twitter

          ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်ကြီးများက ငွေကြေးသိန်းပေါင်းများစွာ အကုန်အကျခံပြီး မြန်မာနေရှင်နယ်လိဂ် ဘောလုံး ပြိုင်ပွဲများ ကျင်းပပေးခဲ့သော်လည်း မြန်မာ အမျိုးသား လက်ရွေးစင်အသင်း အောင်မြင်မှု မရသည့်အဖြစ်ကို ဘောလုံး အသိုင်းအဝိုင်းက မေးခွန်းထုတ်နေကြသည်။

          မြန်မာ နေရှင်နယ်လိဂ် (MNL) ကို ၂၀၀၉ ခုနှစ်တွင် မြန်မာ အမျိုးသား ဘောလုံးအသင်း အောင်မြင်ရေး၊ လူငယ် ဘောလုံး သမား လက်ရွှေးစင်များ ပေါ်ထွက်လာရေးတို့ အတွက် တည်ထောင်ခဲ့သော်လည်း မြန်မာက အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကြီးတွင် ကိုယ့်ပရိသတ်၊ ကိုယ့်ကွင်း၌ မြန်မာအမျိုးသား ဘောလုံး အသင်းမှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဘောလုံး သမားများကို လစာ လျှော့ချမှု အပါအဝင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး အဖြေရှာရန် ကြိုးစားလာသည်။

          RelatedPosts

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          23 September 2023
          1.2k
          ကုသိုလ်ဆက်

          ကုသိုလ်ဆက်

          23 September 2023
          441
          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          22 September 2023
          480

          ၁၉၇၇ ခုနှစ် မလေးရှား ဆီးဂိမ်း ပြိုင်ပွဲမှ ယနေ့ ၂၀၁၃ ခုနှစ် အထိ မြန်မာဘောလုံးအသင်းမှာ ရွှေတံဆိပ် ရယူနိုင်ခဲ့ခြင်း မရှိဘဲ၊ ထိုစဉ်က ကစားသမားများမှာ လုံလောက်သော အထောက်အပံ့မရခဲ့ဟု အကြောင်းပြခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၀၉ ခုနှစ်တွင် MNL ပြိုင်ပွဲများ ကျင်းပပြီး အားကစားသမားများကို ထောက်ပံ့မှုများ လုံလောက်စွာ ပေးခဲ့ကြောင်း၊ သို့ရာတွင် အမျိုးသား ဘောလုံးအသင်း မအောင်မြင်ခဲ့ခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဝါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောသည်။

          “အရင်က ကစားသမားတွေက လုံလောက်တဲ့ အထောက်အပံ့ မရခဲ့ဘူးလို့ ပြောကြတယ်။ အခု ထောက်ပံ့မှုလည်း ပေးရော မြန်မာတွေက ဆင်းရဲတဲ့ဒဏ်ထက် ချမ်းသားတဲ့ ဒဏ်ကို မခံနိုင်ကြဘူး။ ဘောလုံး သူေဋ္ဌးကြီးတွေက ပွဲနိုင်ရင် ပိုက်ဆံတွေ
          ပုံပေးလိုက်တာက ကစားသမားတွေကို ဖျက်ဆီးလိုက်သလို ဖြစ်သွားတယ်။ ဟိုနှစ်က ရန်ကုန်က ရတနာပုံကို နိုင်တော့ ကစားသမား တွေကို သိန်းရာနဲ့ချီ ဆုချတယ်။ ကစားသမားတွေ ကလည်း ဝတ်စုံတောင် မလဲဘူး။ အကုန် နိုက်ကလပ်ရောက်၊
          ဘီယာဆိုင်ရောက် ။ တချို့ဆို အိမ်ထောင်ရေး ဖောက်ပြန်လို့ လျော်ကြေးတွေ ဘာတွေတောင် ပေးရတယ်” ဟု ဦးခင်မောင်ထွေး (ပျဉ်းမနား) က ဆိုသည်။

          MNL သည် ပရော်ဖက်ရှင်နယ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ် အဆင့်သို့ ပြောင်းလဲရန် တည်ထောင်ခဲ့ခြင်း ဖြစ်သော်လည်း အောင်မြင်မှု မရခဲ့သည့်အတွက် မြန်မာနိုင်ငံ
          ဘောလုံးအဖွဲ့ချုပ်က ယင်းပြဿနာ အဖြေရှာလျှက်ရှိကြောင်း အဖွဲ့ချုပ်မှ မီဒီယာအရာရှိ ကိုဟိန်းစိုးထွန်းက ဧရာဝတီသို့ ပြောသည်။

          “ကျနော်တို့ အဖွဲ့ချုပ်က ပြုပြင်ပြောင်းလဲရေးတော့ သေချာပေါက် လုပ်မှာ။ အခုကျောင်းတွေ၊ ရပ်ကွက်တွေမှာ ဘောလုံးပွဲတွေ ပြန်လုပ်ပေးမယ်။ ယူ ၁၆ ကို ရန်ကုန်နဲ့ မန္တလေးမှာ ပြန်လုပ်မယ်။ တဦးချင်းစွမ်းရည် ပြပွဲတွေ၊ ဘောလုံးပွဲတွေ လုပ်ပေးမယ်။ ဒီလိဂ်ကို စတုန်းက FRAME WORK အရမ်းကောင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ MNL ကို လူတဦးတယောက်ရဲ့ ဆုံးဖြတ်ချက် ဆိုတာထက် အားလုံးသဘောတူပြီး လုပ်ခဲ့ကြတာပါ” ဟု ကိုဟိန်းစိုးထွန်းက ဆိုသည်။

          ဘောလုံးသမားများ ကြိုးစားလာစေရန် ယခင် ဝန်ထမ်းလစာ ပေးပုံစံစနစ်မှ ဆုကြေးစား လစာပုံစံစနစ်သို့ ပြောင်းလဲခြင်း၊ ကလပ် အသင်းများကိုလည်း ကိုယ်ပိုင် အကယ်ဒမီများ တည်ထောင်ရန် အထိ တွန်းအားပေးခြင်း၊ ဘောလုံးကို
          စိတ်ပါဝင်စားသူ များပြားလာစေရန် ဘောလုံးပွဲ ကွင်းဝင်ကြေး အခမဲ့၊ လာရောက် ကြည့်ရှုသူ ပရိသတ်များကို ထမင်းကျွေး၊ လက်ဖက်ရည်တိုက် အထိ ဝန်ဆောင် ပေးခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သောကြောင့် ဘောလုံးအဖွဲ့ချုပ်မှာ ယခုအခါ ကစားသမားများ၏ လစာကို အကန့်အသတ်ဖြင့်သာ ပေးချေရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

          ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းမှ အားကစားသမား တဦးက “MNL စကတည်းက ကျနော်တို့က ဘယ်လောက်ပေးပါ ဆိုပြီး တောင်းခဲ့တာ မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့ပေးခဲ့တာပါ။ အခုလည်း သူတို့ပဲ မပေးနိုင်ဘူးလို့ ထုတ်ပြန်တဲ့အတွက်
          ပြောစရာ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။

          ယခင် လက်ရွေးစင် အသင်းတွင် ပါဝင်သော ဘောလုံးသမားတဦးမှာ လစာ ကျပ်သိန်း ၃၀ အထိ ရရှိခဲ့သော်လည်း ယခုအခါ ကျပ် ၁၀ သိန်း အထိသာ ပေးချေရန် ဘောလုံးအဖွဲ့ချုပ်က မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများသို့ အကြောင်းကြားစာ ပို့ထားသည်ဟု ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း၏ CEO ဦးမင်းဆွေဦးက ရှင်းပြသည်။

          “ကျနော်တို့ကတော့ ဒီကိစ္စကို Review လုပ်တုန်းပဲ ရှိသေးတယ်” ဟု ၎င်းက ပြောဆိုပြီး ရန်ကုန်ယူနိုက်တက် ဘောလုံး အသင်း၏ နှစ်ချုပ် အသုံးစရိတ်ကိုမူ ထုတ်ဖော် ပြောဆိုရန် ငြင်းဆန်သည်။

          “ကျနော်တို့မှာ ဘတ်ဂျက်ဘယ်လောက် သုံးတယ်ဆိုတာ မရှိပါဘူး။ ကျနော်တို့ အသင်းပိုင်ရှင်က လိုအပ်တဲ့ အပေါ်မှာ ဖြည့်ဆည်းမှု အမြဲရှိပါတယ်။ ကျနော်တို့ အသင်းပိုင်ရှင်တွေက ဘတ်ဂျက်ကို ဘယ်ရွေ့ဘယ်မျှသုံး ဆိုပြီး
          ကန့်သတ် မထားပါဘူး” ဟု ဦးမင်းဆွေဦးက ဆိုသည်။

          MNL သည် ယခင်အစိုးရလက်ထက် အာဏာရှိ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တဦး၏ စိတ်ကူးယဉ်မှုကို နီးစပ်မှုရှိသော ခရိုနီ စီးပွားရေး လုပ်ငန်းရှင်တချို့က ငွေကြေးစိုက်ထုတ် အကုန်အကျ ခံရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သောကြောင့် မျိုးစေ့ မမှန်ဟု ပြောနိုင်ကြောင်း၊ ထိုသူေဋ္ဌးကြီးများသည် ဘောလုံးကလပ်များကို ပြ၍ စီးပွားရေး လုပ်ပိုင်ခွင့် အခွင့်အရေးများ ရရှိခဲ့သည်ဟု ယုံကြည်ကြောင်း ပြည်တွင်း အခြေစိုက် အပတ်စဉ် နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဦးစည်သူအောင်မြင့်က ပြောသည်။

          “ဘောလုံးလောက အောင်မြင်ဖို့ ဆိုရင် လက်တွေ့ကျတာကနေ စဖို့လိုတယ်။ ဒီသူေဋ္ဌးကြီးတွေ ဘယ်နှယောက်ရှိလဲ၊ ဘယ်လောက် အကုန်ခံနိုင်လဲ၊ အကုန်ခံနိုင်တဲ့ အပေါ်မှာ မြို့နယ်အဆင့်က စမှာလား၊ ပြည်နယ်နဲ့ တိုင်းအဆင့်က စမှာလား။ ဘယ်နည်းနဲ့ လုပ်မလဲ ဆိုတာတော့ သေချာ မပြောတတ်ဘူး။ ဒီဟာကြီးက မရှိမဖြစ်လည်း မဟုတ်ဘူး။ အခုက လူတယောက် ရဲ့ စိတ်ဆန္ဒနဲ့ ဒီဟာကြီးကိုဖွဲ့၊ ဖွဲ့ပြီးတော့မှ ကုန်ကျစရိတ်တွေ ထုတ်ပေး။ ပြီးရင် တဘက်က အခွင့်အရေးတွေ ပြန်ယူဆိုတော့ မျိုးစေ့မမှန်တဲ့ အခါမှာ ရေရှည်ရှင်သန်ဖို့ ခက်တာပေါ့” ဟု ၎င်းက ဆိုသည်။

          ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း၏ အဓိက စပွန်ဆာများမှာ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ELITE TECH ၊ AIR BAGAN ၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၊ KTM သောက်ရေသန့်၊ 100 PLUS၊ BAGAN INNOVATION TECHNOLAGY တို့ဖြစ်ပြီး အများစုမှာ ဘောလုံးအသင်းပိုင်ရှင် ဦးတေဇ ပိုင်ဆိုင်သော လုပ်ငန်းများ ဖြစ်သည်။

          “အသင်းကို စထောင်ကတည်းက အသင်းပိုင်ရှင်ရဲ့ ရည်ရွယ်ချက်က အကျိုးအမြတ်ကို မျှော်မှန်းပြီး လုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံမှာ မရှိဘူးသေးတဲ့ ပရော်ဖက်ရှင်နယ်လိဂ်ကို တည်ထောင်ပြီးတော့ ကွင်းနေရာတွေက အစ Player တွေရဲ့ နေထိုင်မှုတွေ အတွက်ပါ လုပ်ရတာကအစ ဘောလုံးအဆင့်အတန်းကို နေရာစုံ ဘက်ပေါင်းစုံကနေ တိုးတက်အောင်
          လုပ်ခဲ့တဲ့ဟာက ငွေရေးကြေးရေး အကျိုးအမြတ်အတွက် မဟုတ်ဘူး။ နိုင်ငံအတွက် ကစားသမားကောင်းတွေ မွေးထုတ်ပေးဖို့ အတွက်ပါပဲ” ဟု ရန်ကုန်ယူနိုက်တက်မှ ဦးမင်းဆွေဦးက ပြောသည်။

          MNL တွင် ကစားနေသော ဘောလုံးသမားများ မထူးချွန်မှုသည် အမျိုးသား ဘောလုံးအသင်း ကိုလည်း တိုက်ရိုက် ထိခိုက်လျှက် ရှိပြီး ဘောလုံးသမားကောင်းများ မရှိဘဲ ကလပ်များ တည်ထောင်လိုက်သောကြောင့် ယခုကဲ့သို့ ပြဿနာများ
          ကြုံတွေ့ရခြင်းဖြစ်ကြောင်း ဦးခင်မောင်ထွေး (ပျဉ်းမနား) က သုံးသပ်သည်။

          “အခုက ပရိုဆိုပြီးတော့သာ ကစားနေကြတာ ပရိုအဆင့်နဲ့ ညီတဲ့ ကစားသမားက တော်တော်လေး နည်းတယ်။ ပရောရှင်နယ် လိဂ်ဆိုရင် ကစားသမားတွေ ကလည်း ပရော်ဖက်ရှင်နယ် ဖြစ်ဖို့လိုတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုရင် အောက်ခြေ ကနေ ပြန်စမှ ရတော့မယ်။ ကလေးတွေကန်ဖို့ ဘောလုံးကွင်းရော ရှိရဲ့လား၊ ရာပြည့်ကွင်း၊ သိမ်ဖြူကွင်းတို့ဆိုရင် ရောင်းစားဖို့ လုပ်နေကြတယ်” ဟု သူက ဆိုသည်။

          MNL ကလပ်အသင်း ပိုင်ရှင်များမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်ပြီး တချို့မှာ ယခုအခါ အောင်မြင်မှု မရရှိဘဲ တနှစ်လျှင် သိန်းထောင်ချီ အရှုံးပေါ်လာသော ဘောလုံးကလပ်များကို ဆက်လက် လုပ်ဆောင်ရန် တွန့်ဆုတ်နေကြပြီဟု သတင်းများ ထွက်ပေါ်နေသည်။

          “အရင် အစိုးရလက်ထက် မှာတော့ ဘောလုံးကိုပြပြီး အကျိုးစီးပွားတွေ အများကြီးရှိခဲ့တယ်လို့ ကြားတယ်။ ဥပမာ ကားတွေ
          သွင်းခွင့် ရတာမျိုးပေါ့။ ဒီဘက်ခေတ်မှာတော့ ပွင့်လင်းလာတော့ အရင်လို အခွင့်အရေးမျိုးတွေ မရရင် သူတို့ ဆက်သွား ပါဦးမလား” ဟု ဝါရင့် အားကစားကလောင်ရှင် တဦးက မေးခွန်းထုတ်သည်။

          ယခုအခါ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ၂၀၁၄ MNL ရာသီသစ်တွင် ဘောလုံး ကလပ် အသင်းများကို MRTV – 4 ရုပ်သံလိုင်းမှ ရရှိသော ဝင်ငွေဖြင့် ထောက်ပံကြေး သိန်းတထောင်စီပေးရန် စီစဉ်ထားကြောင်း သိရသည်။

          Your Thoughts …
          Tags: Sport
          ထက်နိုင်ဇော်

          ထက်နိုင်ဇော်

          ဧရာဝတီ

          Similar Picks:

          No Content Available
          Next Post
          တနိုင်ငံလုံး သန်းခေါင်စာရင်း, တိုင်းရင်းသားများ,မျိုးနွယ်စုငယ်များ,ကုဒ်နံပါတ် သတ်မှတ်ချက်များ

          သန်းခေါင်စာရင်း ကောက်ယူမည့် သင်္ကေတ တိုင်းရင်းသားများ ကန့်ကွက်

          ဒီမိုကရေစီ, ရွေးကောက်ပွဲ, နိုင်ငံရေး, အစိုးရ, ခရိုနီ

          ဒီမိုကရေစီ တည်ဆောက်ရေး ရွေးကောက်ပွဲနှင့် မပြီး

          No Result
          View All Result

          Recommended

          ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

          ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

          9 hours ago
          8.5k
          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          1 week ago
          25.6k

          Most Read

          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0
          • စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

            shares
            Share 0 Tweet 0
          • တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

            shares
            Share 0 Tweet 0
          • မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

            shares
            Share 0 Tweet 0
          • ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved