ကမ္ဘာ့ဖလား ဘောလုံးပွဲ အတိတ်နှင့် ပစ္စုပ္ပန်
This article has been converted from Zawgyi One to Unicode
ကမ္ဘာ့ဖလား ဘောလုံးပွဲ (၂၀၁၄) တွင် ပါဝင်ယှဉ်ပြိုင် နေကြသည့် နိုင်ငံပေါင်း ၃၂ နိုင်ငံ လက်ရွေးစင် ဘောလုံးအသင်း များသည် ဇွန် ၁၈ ရက်နေ့တွင် ပထမကျော့ပွဲများ ကစားပြီးသွားကြပြီ ဖြစ်သည်။ ထင်မှတ်ထားသည့် နိုင်ပွဲများရှိခဲ့သလို မျှော်လင့်မထားကြ သော ရှုံးပွဲများလည်း ထွက်ပေါ်လာသည်ကို တွေ့ကြရသည်။
ကစားပြီးခဲ့သည့် ပွဲများအပေါ် အခြေခံ၍ ပြိုင်ပွဲ သုံးသပ်မှုများ မပြုလုပ်မီ ကမ္ဘာ့ဖလား ဘောလုံးပွဲနှင့် ပတ်သက်သော စိတ်ဝင်စား စရာ ကောင်းသည့် အချက်အလက် တချို့ကို တင်ပြလိုသည်။
ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပသည့် ခုနှစ်များကို လေ့လာကြည့်လျှင် အုပ်စု ၅ အုပ်စု တွေ့ရသည်။
ပထမ အုပ်စုမှာ သုညဖြင့် ဆုံးသည့် အုပ်စု ဖြစ်သည်။ ၁၉၃၀ (ဥရုဂွေး)၊ ၁၉၅၀ (ဘရာဇီး)၊ ၁၉၇၀ (မက္ကဆီကို)၊ ၁၉၉၀ (အီတလီ)၊ ၂၀၁၀ (တောင်အာဖရိက)။
ဒုတိယ အုပ်စုမှာ ၂ ဂဏန်းဖြင့် ဆုံးသည့် အုပ်စု ဖြစ်သည်။ ၁၉၆၂ (ချီလီ)၊ ၁၉၈၂ (စပိန်)၊ ၂၀၀၂ (တောင်ကိုရိးယားနှင့် ဂျပန်)။
တတိယ အုပ်စုမှာ ၄ ဂဏန်းဖြင့် ဆုံးသည့် အုပ်စု ဖြစ်သည်။ ၁၉၃၄ (အီတလီ)၊ ၁၉၅၄ (ဆွစ်ဇာလန်)၊ ၁၉၇၄ (အနောက်ဂျာမနီ)၊ ၁၉၉၄ (အမေရိကန်)၊ ၂၀၁၄ (ဘရာဇီး) တို့ ဖြစ်သည်။
စတုတ္ထ အုပ်စုမှာ ၆ ဂဏန်းဖြင့် ဆုံးသည့် အုပ်စု ဖြစ်သည်။ ၁၉၆၆ (အင်္ဂလန်)၊ ၁၉၈၆ (မက်ဆီကို)၊ ၂၀၀၆ (ဂျာမနီ)။
ပဉ္စမ အုပ်စုမှာ ၈ ဂဏန်းဖြင့် ဆုံးသည့် အုပ်စုဖြစ်သည်။ ၁၉၅၈ (ဆွီဒင်)၊ ၁၉၇၈ (အာဂျင်တီးနား)၊ ၁၉၈၈ (ပြင်သစ်) တို့ဖြစ်ကြသည်။
ယခု ဘရာဇီးနိုင်ငံတွင် ကျင်းပနေသည့် ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ၄ အုပ်စုထဲတွင် ပါဝင်နေသည်။
၁၉၃၄ ခုနှစ်တွင် အီတလီ၊ ၁၉၅၄ ခုနှစ်တွင် ဂျာမနီ၊ ၁၉၇၄ ခုနှစ်တွင် ဂျာမနီ၊ ၁၉၉၄ ခုနှစ်တွင် ဘရာဇီး အသင်းတို့ ပထမ ရခဲ့ကြ သည်။ သို့ဖြစ်ရာ ၂၀၁၄ ခုနှစ်တွင် ဥရောပမှ အသင်းတသင်းသာ ပထမရမည်ဟု ကမ္ဘာ့ဖလား ဘောလုံးပွဲ သုတေသီ တချို့က ရေးသားနေကြသည်။
ထိုအယူအဆနှင့် ဆန့်ကျင်ဘက် အယူအဆတခုကလည်း ပေါ်လာသည်။ ယင်းမှာ တောင်အမေရိကတိုက်တွင် ကျင်းပသည့် ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် တောင်အမေရိက တိုက်မှ နိုင်ငံများသာ ပထမ ရခဲ့သည်။ ဥရောပ အသင်းများ ပထမ မရခဲ့ဘူးသေး ဟူသော အယူအဆ ဖြစ်သည်။
တောင်အာဖရိက တိုက်၌ ကမ္ဘာ့ဖလား ဘောလုံးပွဲ ၄ ကြိမ် ကျင်းပခဲ့ဖူးသည်။ ၁၉၃၀၊ ၁၉၅၀၊ ၁၉၆၂၊ ၁၉၇၈ တို့တွင် ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပွဲတွင် ဥရုဂွေး၊ ၁၉၅၀ ပြည့်နှစ် ဘရာဇီး၊ ၁၉၆၂ တွင် ချီလီ၊ ၁၉၇၈ တွင် အာဂျင်တီးနား နိုင်ငံတို့တွင် ကျင်းပခဲ့သည်။ ၁၉၃၀ နှင့် ၁၉၅၀ ကမ္ဘာ့ဖလား ဘောလုံးပွဲများတွင် ဥရုဂွေး ပထမရသည်။ ၁၉၆၂ ချီလီပွဲတွင် ဘရာဇီး၊ ၁၉၇၈ အာဂျင်တီးနားပွဲတွင် အာဂျင်တီးနား အသင်းတို့သာ ပထမရခဲ့သည်။
ထိုနည်းတူစွာ ဥရောပတွင် ကျင်းပသည့် ကမ္ဘာ့ဖလား ဘောလုံးပွဲများတွင် ဆွီဒင် ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် တကြိမ်သာ ပထမ ရဖူးသည်။ ဥရောပတွင် ကျင်းပသည့် ၁၉၅၈ ခုနှစ်မှလွဲ၍ ကျန်ပြိုင်ပွဲများတွင် ဥရောပ အသင်းများ သာ ဗိုလ်စွဲခဲ့ဖူးသည်။
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို တောင်အမေရိက တိုက်နှင့် ဥရောပတိုက်မှ ခွဲထွက် ကြားဒေသများဟု ဆိုရမည့် မြောက်အမေရိက တိုက်မှ မက္ကဆီကို၊ အမေရိကန်၊ အာရှတိုက်မှ တောင်ကိုရီးယားနှင့် ဂျပန် (ပူးတွဲ)၊ အာဖရိကတိုက်မှ တောင်အာဖရိက နိုင်ငံတို့တွင်သာ ကျင်းပခဲ့ဖူးသည်။ မက္ကဆီကို နိုင်ငံတွင် နှစ်ကြိမ် ကျင်းပခဲ့သည်။ ၁၉၇၀ ပြည့်နှစ် ကမ္ဘာ့ဖလားပွဲတွင် ဘရာဇီးအသင်း ပထမရသည်။ ၁၉၈၆ ပြိုင်ပွဲတွင် အာဂျင်တီးနား ပထမရသည်။ ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကို အမေရိကန် ပြည်ထောင်စု၌ ကျင်းပသည်။ ဘရာဇီး ပထမရသည်။ ၂၀၀၂ ကမ္ဘာ့ဖလား ဘောလုံးပွဲကို တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့တွင် ကျင်းပခဲ့သည်။ ဘရာဇီးပင် ပထမရသည်။ ၂၀၁၀ ပွဲကို တောင်အာဖရိက နိုင်ငံတွင် ကျင်းပသည့် စပိန်အသင်း ပထမဆုံး ပထမ ရသည်။
သို့ဖြစ်ရာ ကြားပွဲတွင် တောင်အမေရိတိုက် အသင်းများ အထူးသဖြင့် ဘရာဇီးအသင်းက အနိုင်များသည်ကို တွေ့ရသည်။ ဘောလုံးဝါသနာရှင်များ မေ့နေကြမည် ဖြစ်သည့် ကမ္ဘာ့ဘောလုံးပွဲ အတိတ်အကြောင်းကို ပြန်ပြောင်း တင်ပြခြင်း ဖြစ်ပါသည်။
၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင် အသင်း ၃၂ သင်းစလုံး ပွဲဦးထွက် တပွဲစီ ကစားပြီးခဲ့ကြပြီဖြစ်သည်။ ထင်မှတ်ထား သည့် အတိုင်း ရလဒ်များ ထွက်ပေါ်ခဲ့သလို မထင်မှတ်ထားသည့် ရလဒ်များလည်း ထွက်ပေါ်လာခဲ့သည်။ ကစားပြီးခဲ့သည့် ပွဲများကို အခြေခံ၍ အုပ်အလိုက် သုံးသပ်ကြည့်ချင်သည်။
အုပ်စု (က)
အိမ်ရှင်ဘရာဇီး၊ ခရိုအေရှား၊ မက္ကဆီကိုနှင့် ကင်မရွန်းတို့ပါသည်။ ဘရာဇီးက ခရိုအေးရှားကို ၃း၁ ဂိုးဖြင့် နိုင်သည်။ မက္ကဆီကိုက ကင်မရွန်းကို ၃း၁ ဂိုးဖြင့် နိုင်သည်။ ဇွန်၁၈ ရက်နေ့တွင် ဘရာဇီးနှင့် မက္ကဆီကိုတို့ ကစားခဲ့သည်။ သရေကျသည်။ ရှုံးသင်းနှစ်သင်းဖြစ် သည့် ကင်မရွန်းနှင့် ခရိုအေရှားတို့က ဇွန် ၁၉ ရက်နေ့တွင် ကစားကြမည် ဖြစ်သည်။
ယခုဆောင်းပါးရေးသည့် အချိန်အထိ မကစားရသေးပါ။ စာရေးသူကတော့ ခရိုအေးရှား အနိုင်ရဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။ ခရိုအေးရှားနှင့် မက္ကဆီကို တို့ ဇွန်လ ၂၄ ရက်တွင် အုပ်စုများ ပွဲသိမ်း ကစားကြရမည့် ပွဲမှ ထွက်ရှိလာမည့် အရှုံးအနိုင်ရလဒ်က အုပ် စု (က) ဒုတိယ နေရာအတွက် အဆုံးအဖြတ် မေးမည့် ပွဲ ဖြစ်သည်။ စာရေးသူကတော့ အုပ်စု (က) တွင် ဘရာဇီး (ပထမ)၊ ခရိုအေးရှား (ဒုတိယ) ရဖွယ်ရှိသည်ဟု ခန့်မှန်း ထားသည်။
အုပ်စု (ခ)
အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ စပိန်ကို ၂၀၁၄ ငွေတံဆိပ်ရှင် နယ်သာလန်က ၅း၁ ဂိုးဖြင့် အပြတ်အသတ် အနိုင် ရရှိသွားသည်။ ဘောလုံးဝါသနာရှင်များ အတွက် ထင်မှတ်မထားသော အရှုံးအနိုင်ရလဒ်ပင် ဖြစ်သည်။
ချီလီကလည်း သြစတြေးလျကို ၃း၁ ဂိုးဖြင့် နိုင်ထားသည်။ ဇွန်လ ၁၉ ရက်တွင် ကစားမည့်ချီလီနှင့် စပိန်ပွဲ တို့က တသင်းသင်း နောက်တဆင့်တက်မည့် ပွဲပင် ဖြစ်သည်။ စပိန်ရှုံးလျှင်ထွက်၊ နိုင်လည်း ရှေ့တဆင့်တက်မည့်ပွဲ ပင်ဖြစ်သည်။ ယင်းအုပ်စုမှ ဟော်လန် ခေါ် နယ်သာလန်က (ပထမ)၊ ချီလီနှင့် စပိန် တသင်းသင်း ဒုတိယရမည်။
အုပ်စု (ဂ)
အုပ်စု (ဂ) တွင် ကိုလံဘီယာ အသင်းက ဂရိကို ၃း၀ ဖြင့် နိုင်သည်။ ဂျပန်က အိုင်ဗရီကို့စ်ကို ၁း၂ ဖြင့် ရှုံးသည်။ လေးသင်းစလုံး ဗိန်မသာ လိန်မသာ ခပ်ညံ့ညံ့အသင်းများ ဖြစ်နေသည်။ ဂျပန်အသင်းမှ ကစားသမား တချို့ ဥရောပ တွင် အနေကြာ၍လားမသိ ဘူရှီဒိုစိတ် ပျောက်နေကြသည်။ ဇွန်၂၄ ရက်ကျမှပင် အဖြေထွက်မည့် အုပ်စုဟု ခန့်မှန်းရသည်။
အုပ်စု (ဃ)
အုပ်စုဖွဲ့စည်းမှု ထူးဆန်းသည့် အုပ်စုဖြစ်သည်။ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးသည့် နိုင်ငံ ၃ နိုင်ငံ ပါဝင်နေသည်။ အီတလီ (၁၉၃၄၊ ၁၉၃၈၊ ၁၉၈၂၊ ၂၀၀၆)၊ ဥရုဂွေး (၁၉၉၃၊ ၁၉၅၁) နှင့် အင်္ဂလန် (၁၉၆၆) တို့ ဖြစ်ကြသည်။ ယင်း ၃ သင်းနှင့် ပြိုင်ရမည့် အသင်းက ဗဟို အမေရိကတိုယ်မှ ကော်စတာရီကာ အသင်းဖြစ်သည်။ ကမ္ဘာ့ဘောလုံးပွဲတွင် ဝင်ခဲ့ဖူးရုံ အဆင့်သာ ရှိသည်။ လက်တွေ့ကစားတော့ ဥရုဂွေးကို ၃း၁ ဂိုးဖြင့်နိုင်သည်။ အင်္ဂလန် အသင်းကတော့ အီတလီ အသင်းကို ၂း၁ ဖြင့် ရှုံးထားသည်။ အီတလီက လက်ကျန်နှစ်ပွဲတွင် တပွဲနိုင်ရုံဖြင့် အုပ်စုတက်မည်။ အင်္ဂလန်အသင်း ကတော့ လက်ကျန်ကစားရန် ရှိသည့်နှစ်ပွဲ အနက်မှ တပွဲရှုံးလျှင် အုပ်စုမှ ထွက်ရမည်။
စိတ်ဝင်စားစရာ ကောင်းသည့် အုပ်စု ဖြစ်သည်။ ကမ္ဘာ့ချန်ပီယံဟောင်း တသင်းကတော့ မုချ အုပ်စုမှ ထွက်ရမည်။ ကော်စတာရီကာ အသင်း ဆက်လက်ခြေစွမ်း ပြလျှင် ချန်ပီယံဟောင်း ၂ သင်းထွက်ခွာ နိုင်သည်။ ဇွန်လ ၂၀ ရက်တွင် ကစားမည့် အီတလီနှင့် ကော်စတာရီကာ၊ ဥရုဂွေးနှင့် အင်္ဂလန်တို့ပွဲများပြီးလျှင်တော့ အဖြေသိကြရမည် ထင်သည်။
အုပ်စု (င)
ကမ္ဘာ့ ချန်ပီယံဟောင်း ပြင်သစ်နှင့် ဆွစ်ဇာလန်၊ အီကွေဒေါ၊ ဟွန်ဒူးရပ်စ်တို့ နေရာလုကြ ရမည့် ပွဲဖြစ်သည်။ ပြင်သစ်က ဟွန်းဒူးရပ်စ် ကို ၃း၀ ၊ ဆွစ်ဇာလန်က အီကွေဒေါကို ၂း၁ ဖြင့် အဖွင့် ပွဲစဉ်များ၌ နိုင်ထားသည်။ ကမောက်ကမ ရလဒ်များ မထွက်ခဲ့လျှင် ပြင်သစ်နှင့် ဆွစ်ဇာလန်တို့ ၁၆ သင်း ရှုံးထွက်အဆင့် ရောက်မည်။
အုပ်စု (စ)
အုပ်စု (စ) တွင်လည်း ကမ္ဘာ့ ချန်ပီယံဟောင်း အာဂျင်တီးနား၊ နိုင်ဂျီးရီးယား၊ အီရန်နှင့် ယခု ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲကျမှ စတင်ပါဝင်ယှဉ်ပြိုင် ခဲ့သည့် ဘော့စနီးယား အသင်းတို့ ပါဝင်သည်။ မက်ဆီခြေစွမ်းပြသော်လည်း ဘော့စနီးယား နောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းမိသဖြင့်သာ ဘရာဇီး ၂း၁ ဂိုးဖြင့် နိုင်ရခြင်း ဖြစ်သည်။ ဂိုးမရှိ သရေကျထား သည့် အီရန်နှင့်နိုင်ဂျီးယားတို့ အိမ်ပြန်တော့မည့် အုပ်စုဖြစ်သည်။
အုပ်စု (ဆ)
အုပ်စု (ဆ) တွင် ရိုနယ်ဒိုနှင့် ပေါ်တူဂီအသင်း ဂျာမနီအသင်းကို ၄း၀ ဂိုးဖြင့် ပွဲဦးထွက် ရှုံးသည်။ အမေရိကန်က ဂါနာကို ၂း၁ ဂိုးဖြင့် နိုင်သည်။ ပေါ်တူဂီ အသင်းရှေ့တဆင့်တက်ရေး အတွက် ဂါနာနှင့် အမေရိကန် အသင်းကို အနိုင်ကစားမှ ဖြစ်မည်။ ဤအုပ်စုတွင် ဂျာမနီနှင့် အမေရိကန်တို့ အုပ်စု တက်နိုင်သည်။
အုပ်စု (ဇ)
ရုရှားနှင့် ဘယ်လ်ဂျီယံကို တောင်ကိုရီးယားနှင့် အယ်လ်ဂျီးရီးယား အသင်းတို့ ကျော်နိုင်ဖွယ် မရှိပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်း ၃၂ သင်း စလုံး ပထမအကျော့ ကစားခဲ့သည်များကို ကြည့်ရှုလေ့လာပြီး ဖြစ်နိုင်ခြေများကို သုံးသပ်တင်ပြရခြင်း ဖြစ်ပါသည်။
ကမောက်ကမ ရလဒ်များဖြင့် အုပ်စုလိုက် ရလဒ်များ ပြောင်းလဲသွားနိုင်ပါ သည်။ သို့ဖြစ်လျှင် ကြိုတင်ခန့်မှန်းထားချက်များ မှားသွားနိုင်ပါ သည်။ မှန်လျှင်လည်း မှန်နိုင်ပါသည်။ အထူး မှာကြားလိုသည်မှာ ကမ္ဘာ့ဘောလုံးပွဲကို အပျော်သက်သက် အားပေးကြသူများ အတွက် ရည်စူးပြီး ခန့်မှန်းချက်များ ပေးရခြင်းဖြစ်ကြောင်း အစီရင်ခံလိုက် ရပါသည်။ ။