• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

အာဆီယံ အမျိုးသမီး ယူ ၁၉ ပြိုင်ပွဲ မြန်မာ တတိယ မျှော်မှန်း

by မေစစ်ပိုင်
26 August 2014
in Lifestyle
A A
မြန်မာ လက်ရွေးစင် အမျိုးသမီး ယူ ၁၉ အသင်း, အာဆီယံ အမျိုးသမီး ယူ ၁၉ ချန်ပီယံ ဆုဖလား ပြိုင်ပွဲ, ထိုင်းနိုင်ငံ

မြန်မာ လက်ရွေးစင် အမျိုးသမီး ယူ ၁၉ အသင်း (ဓာတ်ပုံ - MFF)

3.2k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံ အမျိုးသမီး ယူ ၁၉ ချန်ပီယံ ဆုဖလား ပြိုင်ပွဲ တတိယနေရာ လုပွဲအတွက် မြန်မာ အမျိုးသမီး အသင်းသည် အသင့်ဖြစ်နေပြီး အနိုင်ရရန် အစွမ်းကုန် ကြိုးစားမည်ဟု အသင်းတာဝန်ခံ အိုကိုခြားက ဧရာဝတီကို ပြောသည်။

“တတိယနေရာ အတွက် သေချာသလောက် ရှိနေပါတယ်၊ အုပ်စုပွဲတုန်းက မြန်မာအသင်းက စင်္ကာပူအသင်းကို ၁၀ ဂိုး သွင်းနိုင်ခဲ့ တဲ့ အခြေအနေ ရှိတယ်၊ ဗီယက်နမ်နဲ့ ကစားခဲ့တဲ့ ပွဲတုန်းက အစွမ်းကုန် ကစားခဲ့ပေမယ့် သရေပွဲ ဖြစ်သွားတော့ ရ ဂိုး၊ ပေးဂိုးသာတဲ့ ဗီယက်နမ်က ဗိုလ်လုပွဲ တက်သွားရတယ်”ဟု တာဝန်ခံ အိုကိုခြားက ဆိုသည်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
539
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
235
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
778

သြဂုတ် ၂၆ ရက်တွင် ကျင်းပမည့် တတိယ နေရာလုပွဲ အတွက် မြန်မာ လက်ရွေးစင် အမျိုးသမီး ယူ ၁၉ အသင်းသည် စင်္ကာပူ အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အာဆီယံ အမျိုးသမီး ယူ ၁၉ ချန်ပီယံ ဆုဖလား ပြိုင်ပွဲကို သြဂုတ် ၁၆ ရက်က စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ စင်္ကာပူနှင့် အရှေ့တီမော နိုင်ငံတို့ ယှဉ်ပြိုင် ကစားကြခြင်း ဖြစ်သည်။

သြဂုတ် ၂၄ ရက် အထိ အမှတ်ပေး ဇယားအရ အာဆီယံ အမျိုးသမီး ယူ ၁၉ ချန်ပီယံ ဆုဖလားပြိုင်ပွဲတွင် အိမ်ရှင် ထိုင်းအသင်းက ရမှတ် ၁၂ မှတ်ဖြင့် အုပ်စု ပထမ၊ မြန်မာနှင့် ဗီယက်နမ် အသင်းက ရမှတ် ၇ မှတ်ဖြင့် အုပ်စု ဒုတိယ၊ စင်္ကာပူ အသင်းက ရမှတ် ၃ မှတ်ဖြင့် အုပ်စု တတိယနှင့် အရှေ့တီမော အသင်းက ရမှတ် မရှိဘဲ အုပ်စုအဆင့်မှ ထွက်သွားခဲ့ရကြောင်း သိရသည်။

သြဂုတ် ၂၄ ရက် ညနေပိုင်းက ကစားခဲ့သည့် ဗီယက်နမ်နှင့် မြန်မာပွဲစဉ်တွင် မြန်မာအသင်းက ပထမပိုင်း ကစားချိန်တွင် ကိုယ့်ဂိုး ကိုယ် သွင်းမိပြီး ပြိုင်ဘက်အသင်းကို ဂိုးပေးခဲ့ရသည်။ ဒုတိယပိုင်းတွင် ချေပဂိုး ပြန်လည် သွင်းနိုင်ခဲ့သော်လည်း ရဂိုး ကွာခြားချက်ကြောင့် ဗီယက်နမ် အသင်းက ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး မြန်မာအသင်းက တတိယ နေရာလုပွဲကို ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာအသင်း တာဝန်ခံ အိုကိုခြားက“သြဂုတ် ၂၆ ရက်မှာ စင်္ကာပူနဲ့ တတိယနေရာ လုရမယ်၊ အမျိုးသား အသင်းက ဆုဖလား ရပြီး အမျိုးသမီး အသင်းလည်း ရခဲ့ရင် အကောင်းဆုံး ဆိုပေမယ့် ကံတရားက ဒီလို ဆုံးဖြတ်သွားတယ်၊ ဒါပေမယ့် သူတို့ အစွမ်းကုန် ကြိုးစားကြမှာ”ဟု ဆက်ပြောသည်။

မြန်မာ လက်ရွေးစင် အမျိုးသမီး ယူ ၁၉ အသင်းတွင် ဂိုးသမားများ အဖြစ် သန္တာဦးနှင့် မျိုးမြမြငြိမ်း၊ နောက်တန်း ကစားသမားများ အဖြစ် ခင်ဇာဇာဝင်း၊ ချစ်ချစ်၊ ငယ်ငယ်ထွေး၊ အိရတနာဖြိုး၊ အိသိဂီကျော်၊ ခင်ပြည့်လင်း၊ ယွန်းမီမီလွင်၊ အလယ်တန်း ကစားသမားများ အဖြစ် စုနန္ဒာလွင်၊ မေဇင်ထွန်း၊ ဝေဇင်နှင်း၊ ရူပါခိုင်၊ နှင်းကလျာကို၊ ပန်းအိခိုင်၊ စုငယ်ထွေး၊ မေစံပယ်ဖူးနှင့် ရှေ့တန်း ကစား သမားများ အဖြစ် သိမ့်ကိုကို၊ နီလာဝင်းနှင့် ကေဇင်မြင့် တို့က ပါဝင်ကစားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် အမျိုးသမီး ယူ ၁၉ အသင်းများသည် အာရှတွင် အင်အား တောင့်တင်းသော အမျိုးသမီး အသင်းများ အဖြစ် ရပ်တည်နေကြောင်း သိရသည်။

မြန်မာ လက်ရွေးစင် အမျိုးသမီး ယူ ၁၉ အသင်းသည် ၂၀၁၃ ခုနှစ် အတွင်းက အာဆီယံ အမျိုးသမီးအသင်း ခြေစစ်ပွဲတွင် ဗီယက်နမ် အသင်းကို အနိုင်ရပြီး အာဆီယံ ကိုယ်စားပြု အသင်းအဖြစ် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် အာရှဖလား ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးသည့် အတွေ့အကြုံလည်း ရှိထားသည်။

Your Thoughts …
Tags: Sport
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

SEA Games, SEAP Games, အမျိုးသမီး အားကစားသမားများ, မြန်မာ့အားကစား သမိုင်း

မြန်မာ ထူးချွန်ထင်ရှား အမျိုးသမီး အားကစား သမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
10 April 2014
4.2k

မြန်မာနိုင်ငံ၏ ထူးချွန် ထင်ရှားသော အမျိုးသမီး အားကစား သမားများ စာရင်းကို ပြုစုရာ ပြေးခုန်ပစ် အားကစား သမားက အများဆုံး ဖြစ်နေသည်။ ၀ူရှူး (ခိုင်ခိုင်မော်)၊ ရေကူး (မိုးသူအောင်)၊ မြားပစ် (အောင်ငှိမ်း)၊ သေနတ်ပစ်...

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
4.9k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
24 December 2012
14.3k

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

by ဆောင်းဦးလင်း
9 August 2012
5.3k

အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

အားကစား, လူငယ်, အားကစားရုံ, ကစားကွင်း

ယနေ့ လူငယ်များနှင့် အနာဂတ် မြန်မာနိုင်ငံတော်

by ခင်မောင်ထွေး (ပျဉ်းမနား)
2 November 2013
4.3k

သမ္မတကြီး လိုလားသည့် လူငယ်များအတွက် ကောင်းမွန်သော အနာဂတ် ဖန်တီးလိုလျင် လူငယ် လူရွယ်၊ ကျောင်းသူ၊ ကျောင်းသား အားလုံးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တရပ်ကို အားကစားမှ တဆင့် ဖန်တီးပေး ကြရပါလိမ့်မည်

ဦးဒေါင်းနီ,မြန်မာ့ ရိုးရာ လက်ဝှေ့,မွေထိုင်း

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

by ထက်နိုင်ဇော်
1 May 2014
22.8k

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊...

Next Post
Vol.1, No.34, August 24, 2014

Vol.1, No.34, August 24, 2014

ထိုင်း ရဲတပ်ဖွဲ့

ထိုင်း "ကလေးစက်ရုံ" ကို အင်တာပိုလ် သံသယရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate