• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

၂၀၁၄ မြန်မာ့ အားကစားကို လေ့လာခြင်း

by ခင်မောင်ထွေး (ပျဉ်းမနား)
20 December 2014
in Lifestyle
A A
နေပြည်တော်ဆီးဂိမ်း, ယူ-၁၉, ယူ-၂၀, AFC, အင်ချွန်အာရှအားကစားပွဲ,

ယူ-၁၉ အသင်းကို အားပေးနေသည့် မြန်မာပရိတ်များကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

20.2k
VIEWS
Share on FacebookShare on Twitter

၂၀၁၄ ခုနှစ် ကုန်ဆုံးပြီး ၂၀၁၅ ခုနှစ် အတွင်းသို့ စတင်ဝင်ရောက်တော့မည်။ ကုန်ဆုံးခဲ့သည့် နှစ်တွင် နိုင်ငံတနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် လုပ်ငန်းကြီးများ၏ အောင်မြင်မှုများ၊ ဆုံးရှုံးမှုများကို ပြန်လည် လေ့လာ ဆန်းစစ်လေ့ရှိကြသည်။

သို့မှသာ အောင်မြင်မှုကို နမူနာယူ၍ လာမည့် နှစ်သစ်ထဲတွင် ပိုမို တိုးတက် အောင်မြင်ရန် စီမံကိန်းများ ချမှတ်ကာ လုပ်ဆောင်ကြသည်။ ထိုနည်းတူစွာ ဆုံးရှုံးမှု၊ မအောင်မြင်မှု ရှိခဲ့လျှင်လည်း ယင်းဆုံးရှုံးမှု၊ မအောင်မြင်မှုများကို သင်ခန်းစာအဖြစ် ရယူကာ အမှားကို ပြင်ဆင်၍ အမှန်ရောက်အောင် ဆောင်ရွက်ကြရမြဲ ဖြစ်သည်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
661
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.2k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
497

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အားကစား လှုပ်ရှားမှုများ၏ အောင်မြင်မှုများ၊ ဆုံးရှုံးမှုများကို ပြန်လည် သုံးသပ် ကြည့်ချင်သည်။ ထိုသို့ ပြန်လည်သုံးသပ်ရာတွင် စာရေးသူအတွက် ကြီးစွာသော အားနည်းချက်တရပ် ရှိနေပါသည်။ အားကစားကို လေ့လာသုံးသပ်ရာ၌ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ သေနတ်ပစ်၊ မြားပစ် စသည့် အားကစားနည်း များမှာ စံချိန်များဖြင့် အရှုံး/အနိုင် ဆုံးဖြတ်ကြရသည့် အားကစားနည်းများ ဖြစ်သည်။

ဘောလုံး၊ ဘော်လီဘော၊ ဘက်စကက်ဘော၊ တင်းနစ်၊ ကြက်တောင်ရိုက်၊ စားပွဲတင် တင်းနစ်၊ ပိုက်ကျော်ခြင်း စသည့် အားကစား နည်းများမှာ အမှတ်ပေးစနစ်ဖြင့် အရှုံး အနိုင် ဆုံးဖြတ်သည့် အားကစားနည်းများ ဖြစ်သည်။

ယင်း အားကစားနည်းများ၏ နောက်ဆုံး မြန်မာပြည် စံချိန်များကို စာရေးသူ မသိရပါ။ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲမှ အထက်ပါ အားကစားနည်းများ၏ အရှုံး/အနိုင် ရလဒ်များ၊ ဆုတံဆိပ် ဆွတ်ခူးမှုများ ကို မှတ်တမ်း ရှိသော်လည်း စံချိန်များကို မသိရပါ။

အနီးကပ်ဆုံး အားကစား ပြိုင်ပွဲကြီး ဖြစ်သည့် နေပြည်တော် ဆီးဂိမ်း ပြိုင်ပွဲ၏ ပြိုင်ပွဲမှတ်တမ်းများ ပင်လျင် စာရေးသူ ထံတွင် အားကစားနည်း တမျိုးစီတွင် နိုင်ငံအလိုက် ဆုတံဆိပ်ရရှိသည့် စာရင်းကလွဲ၍ အသေးစိတ် မှတ်တမ်း မှတ်ရာများ စာရေးသူထံတွင် မရှိခြင်းသည် စာရေးသူ၏ အားနည်းချက်သာ ဖြစ်ပါသည်။ သို့ပါ၍ ၂၀၁၄ ခုနှစ် အားကစား သုံးသပ်ရာတွင် လိုအပ်ချက်များ၊ မှားယွင်းမှုများ ရှိခဲ့ပါလျှင် စာရေးသူ၏ အားနည်းချက်သာဖြစ်ကြောင်း ကြိုတင် ဝန်ခံထားလိုပါသည်။

အာရှ အားကစားပွဲ

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ အတွက် အမြင့်ဆုံးသော အားကစား ပြိုင်ပွဲမှာ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ ကျင်းပခဲ့သည့် အာရှ အားကစား ပြိုင်ပွဲပင် ဖြစ်သည်။ မြန်မာနိုင်ငံက အားကစားနည်း ၁၀ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ သည်။ ပိုက်ကျော်ခြင်း အားကစားနည်း တမျိုးထဲကသာ ရွှေတံဆိပ် ၂ ဆုနှင့် ငွေတံဆိပ် ၁ ဆု ဆွတ်ခူးခဲ့သည်။ ဝှုရှူး အားကစားနည်းက ကြေးတံဆိပ် ၁ ဆုသာ ဆွတ်ခူးခဲ့သည်။ ကျန် အားကစားနည်း ၈ မျိုးကမူ ဆုတံဆိပ်များ ဆွတ်ခူး နိုင်ခြင်း မရှိခဲ့ပါ။

အင်ချွန် အာရှအားကစား ပြိုင်ပွဲဝင် မြန်မာ အားကစားအဖွဲ့၏ ထူးခြားချက်မှာ ၂၀၁၃ နေပြည်တော် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် ၅ ဆု ဆွတ်ခူးခဲ့သည့် အနောက်တိုင်းလှေနှင့် ကနူးကယက်လှေ တို့ကို စေလွှတ်ယှဉ်ပြိုင် ခြင်း မပြုဘဲ နေပြည်တော် ဆီးဂိမ်းတွင် ဆုတံဆိပ် တခု မဆွတ်ခူးနိုင်သည့် ဘော်လီဘော (အမျိုးသား) အသင်းကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ဘောလုံး

၂၀၁၄ ခုနှစ် အတွင်း ဘောလုံး အားကစားနည်းတွင်မူ အောင်မြင်မှုနှင့် ဆုံးရှုံးမှုများ ဒွန်တွဲလျက် ရှိသည်။ အောင်မြင်မှု မှာ အမျိုးသား ယူ-၁၉ ဘောလုံးအသင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်အတွင်း ပထမဆုံး နိုင်ငံတကာပွဲ အပြင် ဘရူနိုင်း ဘုရင့်ဖလား ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုံး ရွှေဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့သည်။ ဘောလုံး ရွှေတံဆိပ်ကို ငတ်မွတ်နေကြသော ပြည်သူတရပ်လုံးက  ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။

မကြားရသည်မှာ ကြာပြီဖြစ်သော မြန်မာနိုင်ပြီ၊ တို့မြန်မာနိုင်ပြီ အစချီသည့် ဘောလုံးဂုဏ်ပြုသီချင်း ပြန်လည်ကြားခဲ့ ရသည်။ သို့သော် အရှေ့တောင်အာရှ ယူ-၁၉ တံခွန်စိုက် ပြိုင်ပွဲတွင်မူ စတုတ္ထသာ ရခဲ့သည်။ ဆက်တိုက်ဆိုသလို အာရှ ယူ-၁၉ ပြိုင်ပွဲနှင့် ၂၀၁၅ ကမ္ဘာ့ ယူ-၂၀ ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် မြန်မာနိုင်ငံ လက်ခံကျင်းပသည်။

မြန်မာ ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းက ယီမင်၊ ထိုင်း၊ အီရန်တို့နှင့် တအုပ်စုထဲ ကစားရသည်။ ယီမင်နှင့် ဂိုးမရှိ သရေ၊ ထိုင်းကို ၃ ဂိုး ဂိုးမရှိဖြင့် နိုင်သည်။ အီရန်ကို ဝး၂ ဖြင့် ရှုံးသည်။ အုပ်စုဒုတိယဖြင့် ကွာတားဖိုင်နယ် တက်သည်။ တဖက်အုပ်စုမှ ပထမနေရာဖြင့် တက်လာသည့် ယူအေအီး အသင်းနှင့် ကစားရသည်။ ၁း၀ ဂိုးဖြင့် နိုင်ပြီး အကြိုဗိုလ်လုပွဲ တက်သည်။ ကမ္ဘာ့ ယူ-၂၀ ဘောလုံးပွဲ ဝင်ကစားခွင့်ရသည်။

အကြိုဗိုလ်လုပွဲတွင် ကာတာအသင်းနှင့် ခြေရည်တူ ကစားပြီး ၂း၃ ဂိုးဖြင့် ရှုံးသည်။ ဥဇဘက်ကစ္စတန်နှင့် ပူးတွဲ တတိယ ရသည်။ ၁၉၇၀ ပြည့် နောက်ပိုင်းတွင် အာရှအဆင့်၌ မြန်မာလက်ရွေးစင် ဘောလုံးအသင်းတသင်း ပထမဆုံး ဆုတံဆိပ်ရခြင်းပင် ဖြစ်သည်။

ဆုံးရှုံးမှု

အာရှ ယူ-၁၉ ဘောလုံး ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်း အောင်မြင်မှု ရရှိသည့်နည်းတူ ဆုံးရှုံးမှုများလည်း ရှိခဲ့သည်။ ယင်းဆုံးရှုံးမှုများမှာ ကမ္ဘာ့ဘောလုံး သမိုင်းမှာပင် ရှိအံ့မထင်ပါ။ ဘောလုံးအသင်း တသင်းသည် ဘောလုံးပွဲ တပွဲတွင် ပွဲငယ် ၅ ပွဲ ကစားရာတွင် ၂ ပွဲ အရေးယူ အပြစ်ပေးခြင်း ခံရခြင်းပင် ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်း ကွာတားဖိုင်နယ်တွင် ယူအေအီးအသင်း တဂိုးတည်းဖြင့် ကပ်နိုင်သည်။ သုဝဏ္ဏကွင်း အတွင်း မြန်မာယူ-၁၉ အသင်းကို အားပေးနေကြသည့် ပရိသတ်အားလုံး ဝမ်းသာမှု အထွတ်အထိပ် ရောက်ကြသည်။ ပွဲကြည့် စင်ပေါ်များမှ ကွင်းအတွင်းသို့ ခုန်ဆင်းကြကာ ဘောလုံးသမားများကို ပွေ့ဖက်နမ်းရှုံ့ ကခုန်ကာ အောင်ပွဲဆင်ခဲ့ကြ သည်။ ယင်းမြင်ကွင်းကို ရုပ်မြင်သံကြားမှ မြင်တွေ့ရသူများကိုပင် အပျော်ကူးစက်ကုန်ကြသည်။

မပျော်နိုင်

သို့ရာတွင် ယင်းမြင်ကွင်းကို ကြည့်ကာ မပျော်နိုင်သူတစု ရှိသည်။ အာရှဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဖြစ်သည်။ ကစားနေသော ဘောလုံးကွင်း အတွင်းသို့ ဝင်ရောက် ကျူးကျော်သည့် ပရိသတ်များကို အရေးယူအပြစ်ပေး ဆုံးဖြတ်ချက် ထွက်လာည်။ ကွင်းတပွဲ ကစားခွင့်ပိတ်သည်။ ဒဏ်ငွေ ဒေါ်လာ ၂၄၀၀၀ ပေးဆောင် စေဟု အာရှဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

နောက်တပွဲမှာ ကာတာနှင့် ကစားသည့် အကြိုဗိုလ်လုပွဲတွင် မြန်မာပရိသတ်များက ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ကြမှုဖြင့် AFC က ထပ်မံ အပြစ်ပေး ပြန်သည်။

နိုင်ငံတကာ ပွဲတပွဲကို ပရိသတ်မပါဘဲ ကစားရမည်။ ဒဏ်ကြေးငွေ ဒေါ်လာ ၉၀၀၀ ပေးဆောင်စေ ဟူ၍ ဖြစ်သည်။ ယင်းဖြစ်ရပ် ၂ ခုမှာ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ကြုံတွေ့ရသည့် ဆုံးရှုံးမှုပင် ဖြစ်သည်။

အားကစားနည်းများ အနေဖြင့် ၂၀၁၄ ခုနှစ်အတွင်း သိသာထင်ရှားသည့် အောင်မြင်မှု၊ ဆုံးရှုံးမှုများမှာ ဘောလုံးကစား နည်း တွင်သာ ရှိသည်။

အောင်မြင်မှုများ

၂၀၁၄ ခုနှစ်အတွင်း မြန်မာ အားကစား၏ ကောင်းသတင်းများမှာ နိုင်ငံတကာ ပြိုင်ပွဲများတွင် လှေလှော် အားကစား နည်း၊ သေနတ်ပစ် အားကစားနည်းများလည်း သွားရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အသင့်အတင့် အောင်မြင်မှုများ ရရှိခဲ့ကြ သည်။

တက္ကသိုလ်ပေါင်းစုံ

ထိုနည်းတူစွာ အရှေ့တောင်အာရှ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပရာ မြန်မာ တက္ကသိုလ်ပေါင်းစုံ လက်ရွေးစင် ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထင်မှတ်ထားသလောက် အောင်မြင်မှု မရခဲ့ကြပါ။ အထူးသဖြင့် ဘောလုံးပြိုင်ပွဲတွင် လာအို တက္ကသိုလ် ပေါင်းစုံ လက်ရွေးစင် ဘောလုံးအသင်း ကို ရှုံးနိမ့်ခဲ့ရခြင်းက  မြန်မာတက္ကသိုလ်များ၏ အားကစား အဆင့်အတန်းကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

ကမ္ဘာ့အဆင့်

၂၀၁၄ ခုနှစ် အတွင်း မြန်မာနိုင်ငံ၌ ကမ္ဘာ့အဆင့် အားကစား ပြိုင်ပွဲတပွဲ ကျင်းပသွားခဲ့သည်။ ကမ္ဘာ့ Super Series ပိုက်ကျော်ခြင်း ပြိုင်ပွဲဖြစ်သည်။

အရှေ့တောင်အာရှ ဗိုဗီနမ် ပြိုင်ပွဲတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနိုင်သည်။

အအောင်မြင်ဆုံး

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အားကစား တိုးတက်မှုကို အားကစား ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ ဖြစ်သည်။ ပြည်သူလူထု တရပ်လုံး အားကစား စိတ်ဓာတ်များ ပြန်လည် စီးဝင်စေရန်အတွက် တိုင်းအထူးဒေသကြီးနှင့် ပြည်နယ်အချို့တွင် တိုင်းနှင့် ပြည်နယ် အားကစား ပြိုင်ပွဲများ ကျင်းပခြင်း ဖြစ်သည်။

အားကစား ဝန်ကြီးဌာန၏ စည်းရုံးလှုံ့ဆော်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အောက်ခြေအဆင့်မှ စတင်ကာ အားကစား လှုပ်ရှားမှုများ ပြန်လည်ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။

၂၀၁၄ ခုနှစ်အတွင်း အထူးခြားဆုံးသော အားကစား လှုပ်ရှားမှုမှာ ဒီဇင်ဘာလကို ပြည်သူ့အားကစားလဟု သတ်မှတ်ပြီး လူထုစုပေါင်း လမ်းလျှောက်ပွဲများ နယ်မြို့ကြီး အချို့တွင် ပြန်လည် ကျင်းပလာခြင်း ဖြစ်သည်။

ဤသည်တို့မှာ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အားကစားလောက တိုးတက်မှု၊ ဆုံးရှုံးမှုများကို အကြမ်းဖျင်း သုံးသပ်ကြည့်ခြင်း ဖြစ်ပါသည်။     ။

Your Thoughts …
Tags: Sport
ခင်မောင်ထွေး (ပျဉ်းမနား)

ခင်မောင်ထွေး (ပျဉ်းမနား)

Contributor

Similar Picks:

SEA Games, SEAP Games, အမျိုးသမီး အားကစားသမားများ, မြန်မာ့အားကစား သမိုင်း

မြန်မာ ထူးချွန်ထင်ရှား အမျိုးသမီး အားကစား သမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
10 April 2014
4.2k

မြန်မာနိုင်ငံ၏ ထူးချွန် ထင်ရှားသော အမျိုးသမီး အားကစား သမားများ စာရင်းကို ပြုစုရာ ပြေးခုန်ပစ် အားကစား သမားက အများဆုံး ဖြစ်နေသည်။ ၀ူရှူး (ခိုင်ခိုင်မော်)၊ ရေကူး (မိုးသူအောင်)၊ မြားပစ် (အောင်ငှိမ်း)၊ သေနတ်ပစ်...

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
4.9k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
24 December 2012
14.3k

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

by ဆောင်းဦးလင်း
9 August 2012
5.3k

အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

အားကစား, လူငယ်, အားကစားရုံ, ကစားကွင်း

ယနေ့ လူငယ်များနှင့် အနာဂတ် မြန်မာနိုင်ငံတော်

by ခင်မောင်ထွေး (ပျဉ်းမနား)
2 November 2013
4.3k

သမ္မတကြီး လိုလားသည့် လူငယ်များအတွက် ကောင်းမွန်သော အနာဂတ် ဖန်တီးလိုလျင် လူငယ် လူရွယ်၊ ကျောင်းသူ၊ ကျောင်းသား အားလုံးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် တရပ်ကို အားကစားမှ တဆင့် ဖန်တီးပေး ကြရပါလိမ့်မည်

ဦးဒေါင်းနီ,မြန်မာ့ ရိုးရာ လက်ဝှေ့,မွေထိုင်း

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

by ထက်နိုင်ဇော်
1 May 2014
22.8k

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊...

Next Post
ကျော်ဟိန်း, အောင်သင်း, အင်တာဗျူး, စာပေစိစစ်ရေး

ကျော်ဟိန်းကတော့ ကျော်ဟိန်းပါပဲ

ကြံခိုင်ရေး ပါတီ, အစိုးရ ဝန်ထမ်း , NLD

ကြံ့ခိုင်ရေး ပါတီ လူထုတွေ့ဆုံပွဲ အစိုးရဝန်ထမ်းများ အသုံးပြုမှု ပါတီများ ဝေဖန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate