• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ထူးချွန်အားကစား သမားများ ရွေးထုတ်ပေးမည့် အမျိုးသား အားကစားပွဲတော်

by ခင်မောင်ထွေး (ပျဉ်းမနား)
26 December 2014
in Lifestyle
A A
ဆီးဂိမ်း, SEAP Games, နေပြည်တော်, ပြေးခုန်ပစ်, တင်မောင်နီ, နန္ဒကျော်စွာ, အမျိုးသမီး ဘောလုံး အသင်း, အမျိုးသား ဘောလုံး အသင်း

နေပြည်တော် ဆီးဂိမ်းတွင် မြန်မာလက်ဝှေ့သမားများက ရွှေ-၂၊ ငွေ-၂၊ ကြေး-၂ သာ ရရှိခဲ့သည် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

2.6k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပထမဆုံး အကြိမ် ကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်မှ ၂၄ ရက်အထိ နေပြည်တော်တွင် ကျင်းပတော့မည် ဖြစ်သည်။ ယခင် စစ်အစိုးရလက်ထက် တွင် ပြုလုပ်ခဲ့သည့် အကြိမ်များ အရ ဆိုလျင် စတုတ္ထ အကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖြစ်သည်။

နေပြည်တော် အမျိုးသားအားကစား ပွဲတော်တွင် တိုင်းနှင့် ပြည်နယ် စနစ်ဖြင့် ကျင်းပသွားမည် ဖြစ်ပြီး၊ အားကစား နည်း ၂၇ မျိုး ထည့်သွင်း ကျင်းပမည် ဟု သိရသည်။ တိုင်းအထူးဒေသကြီးများနှင့် ပြည်နယ်များက အမျိုးသား အားကစား ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်ကြရမည့် သဘောပင် ဖြစ်သည်။ သို့သော် အမျိုးသား အားကစား ပွဲတော်တွင် ထည့်သွင်း ကျင်းပမည့် အားကစားနည်း ၂၇ မျိုးစလုံးတွင် ယှဉ်ပြိုင်နိုင်ကြဖွယ် မရှိပါ။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
723
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
409
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
441

ဆီးဂိမ်းအကြို

နေပြည်တော် အမျိုးသား အားကစား ပွဲတော်ကို စင်ကာပူနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဇွန်လထဲတွင် ကျင်းပမည့် ၂၈ ကြိမ်မြောက် ဆီးဂိမ်း အတွက် လူရွေးပွဲအဖြစ် ကျင်းပမည်ဟုလည်း သိရသည်။ သို့သော် နေပြည်တော်အမျိုးသား အားကစား ပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပမည့် အားကစားနည်း အချို့မှာမူ စင်ကာပူ ဆီးဂိမ်းတွင် ကျင်းပရန် လျာထားသည့် အားကစားနည်း မျိုးများထဲတွင် ပါဝင်ခြင်း မရှိသည်ကိုလည်း တွေ့သည်။

နေပြည်တော် အမျိုးသားကစားပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီလ ၁၇ နေ့ကျမှ တရားဝင် ကျင်းပမည် ဖြစ်သော်လည်း အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ ၇ ရက်နေ့က စတင်ကျင်းပမည် ဖြစ်သည်။ နေပြည်တော် အမျိုးသား အားကစား ပွဲတော်တွင် မသန်စွမ်းသူများ အတွက်လည်း ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ စစ်တုရင်၊ ရေကူး၊ ဒိုင်ဗင်၊ စာပွဲတင်တင်းနစ်၊ ဘော်လီဘော၊ အလေးမ အားကစားနည်းများ ထည့်သွင်းကျင်းပမည် ဖြစ်သည်။

ဇန်နဝါရီလ ၈ ရက်တွင် စတင်ကျင်းပမည့် အားကစားပြိုင်ပွဲများမှာ ကြက်တောင်၊ ဘီလိယက်စနူကာ၊ နိုင်ငံတကာ လက်ဝှေ့၊ စစ်တုရင်၊ စက်ဘီး၊ ဂေါက်သီးရိုက်၊ ရိုးရာလှေ၊ တင်းနစ်၊ အားကစားနည်းတို့ ဖြစ်သည်။ ဆီးဂိမ်း အကြိုဟု ဆိုသော်လည်း စင်ကာပူဆီးဂိမ်းတွင် မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်ရန် လျာထားသည် ဆိုသော အားကစားနည်း အချို့ မပါဝင်သလို၊ ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများထဲတွင် မပါဝင်သည့် အားကစားနည်း အချို့ကိုလည်း နေပြည်တော် အမျိုးသား အားကစားပြိုင်ပွဲတွင် ပါဝင်နေသည်။ ဥပမာ ခရစ်ကက် အားကစားနည်း ဖြစ်သည်။

ပြန်လည်သုံးသပ်

စင်ကာပူ ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်ရန် အတွက် လူရွေးချယ်သည့် အားကစားပြိုင်ပွဲ ဖြစ်သည်ဟု ဆိုသောကြောင့် နေပြည်တော် ဆီးဂိမ်းတွင် ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များ ရရှိခဲ့သော အားကစားနည်းအချို့ကို ပြန်လည်ဖော်ပြလိုပါ သည်။

ပြေးခုန်ပစ်

ပြေးခုန်ပစ် အားကစားနည်းမှာ ကျွန်းဆွယ်နှင့် ဆီးဂိမ်းရှေ့ပိုင်းနှစ်တွင် မြန်မာပြေးခုန်ပစ်မှာ အအောင်မြင်ဆုံး အားကစားပင် ဖြစ်သည်။ ၁၉၅၉ ကျွန်းဆွယ်ပွဲမှစကာ ၂၀၁၃ နေပြည်တော်ဆီးဂိမ်း (ခ) အထိ ရွှေတံဆိပ်စုစုပေါင်း ၂၀၀ ကျော် ဆွတ်ခူးထားနိုင်သည့် အားကစားနည်းလည်းဖြစ်သည်။
သုံးဆင့်ခုန်၊ ကြိုးတပ်သံလုံးပစ်၊  တုတ်ထောက်ခုန်နှင့် မီတာ ၃၀၀၀ တားဆီးကျော် ပြေးပွဲများ အမျိုးသမီးကဏ္ဍတွင် မထည့်သွင်းမီ ကာလတွင် မြန်မာအမျိုးသမီး ပြေးခုန်ပစ် သမားများသည် အမျိုးသမီးပြိုင်ပွဲ အားလုံးတွင် ရွှေတံဆိပ် များ ဆွတ်ခူးခဲ့ဖူးသည်။
အမျိုးသမီးများ ကလည်း ကြိုးတပ်သံလုံးပစ်၊ အမြင့်ခုန် မီတာ ၁၀၀ နှင့်မီတာ ၂၀၀ ပြေးပွဲတို့မှ လွှဲ၍ ကျန်ပြေးခုန်ပစ် အားကစားနည်း တို့တွင် ကျွန်းဆွယ်နှင့် ဆီးဂိမ်းပြိုင်ပွဲများတွင် ရွှေတံဆိပ်များ ဆွတ်ခူးခဲ့ဖူးသည်။

သို့သော် ၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင်မူ ရွှေတံဆိပ်နှစ်ဆုသာ ရတော့သည်။ အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲမှ ရွှေတံဆိပ်မှာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ရွှေတံဆိပ် ပြန်အသိမ်း ခံရသည်။

နေပြည်တော် ဆီးဂိမ်းတွင် ရွှေတံဆိပ်ဆုများကို ထိုင်း ၁၇၊ ဗီယက်နမ်က ၁၀၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့က ၆ ၊ မလေးရှားက ၄ ဆုစီ ဆွတ်ခူးထားသည်။

ကြက်တောင်

ကြက်တောင်ရိုက် အားကစားနည်းတွင် ကျွန်းဆွယ်ရော ဆီးဂိမ်းမှာပါ မြန်မာ ကြက်တောင်ရိုက် မောင်မယ်များ ရွှေတံဆိပ် မရဘူးသေးပါ။ ၁၉၆၉ ရန်ကုန် ကျွန်းဆွယ်ပွဲတွင်မူ ငွေတံဆိပ်သာ ရဖူးသည်။

ဘက်စကတ်ဘောကျွန်းဆွယ်ခေတ်မှာပင် မြန်မာအမျိုးသား ဘတ်စကတ်ဘော အသင်း ရရှိသည့် ဆုတံဆိပ်မှာ ကြေးတံဆိပ်သာ ဖြစ်သည်။ ၁၉၆၉ ကျွန်းဆွယ်တွင်မူ မြန်မာ အမျိုးသမီးအသင်းက ငွေတံဆိပ်ရရှိခဲ့ဖူးသည်။ နေပြည်တော် ဆီးဂိမ်းတွင် အမျိုးသား အသင်းက အဆင့် ၅ သာ ရခဲ့သည်။ အမျိုးသမီး အသင်းလည်း ဆုမရခဲ့ပါ။ လက်ရှိ ချန်ပီယံမှာ ဖိလစ်ပိုင် အမျိုးသားနှင့် ထိုင်း (အမျိုးသမီး) တို့ဖြစ်ကြသည်။

နိုင်ငံတကာလက်ဝှေ့

နိုင်ငံတကာ လက်ဝှေ့ပြိုင်ပွဲကို ဇန်နဝါရီလ ၈ မှ ၁၆ ရက်နေ့အထိ နေပြည်တော် လက်ဝှေ့ရုံတွင် ကျင်းပမည် ဖြစ်သည်။ ယခင်က လက်ဝှေ့အားကစားနည်း အမာခံဒေသများမှာ ရန်ကုန်၊ မန္တလေးနှင့် ချင်းပြည်နယ်တို့ ဖြစ်သည်။ ၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင်မူ နိုင်ငံတကာ လက်ဝှေ့ပြိုင်ပွဲမှ မြန်မာလက်ဝှေ့သမားများက ရွှေ-၂၊ ငွေ-၂၊ ကြေး-၂ သာ ရရှိခဲ့သည်။ ထိုင်းက ရွှေ-၇၊ ငွေ-၂၊ ကြေး-၁ ဆွတ်ခူးထားသည်။ အမျိုးသားနှင့် အမျိုးသမီးအတွက် ပြိုင်ပွဲပါဝင်သည်။

ဘောလုံး

အမျိုးသား ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၁၁ ရက်မှ လည်းကောင်း၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့မှ လည်းကောင်း၊ လေ့ကျင့်ရေးကွင်း (၃/၄)၊ ဝဏ္ဏသိဒိ္ဓကွင်း၊ လယ်ဝေးနှင့် ပျဉ်းမနားပေါင်းလောင်းကွင်း တို့တွင် ဇန်နဝါရီလ ၂၃/၂၄ ရက် အထိ ပြုလုပ်သွားမည် ဖြစ်သည်။

နေပြည်တော် ဆီးဂိမ်းတွင် ထိုင်းအမျိုးသမီး အသင်း နှင့် အမျိုးသား အသင်းတု့ ပထမရသည်။ မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းက တတိယရသည်။ အမျိုးသားအသင်းကမူ အုပ်စုအဆင့်က ထွက်ခဲ့ရသည်။

ဂေါက်သီးရိုက်

ဂေါက်သီးရိုက် ပြိုင်ပွဲကို ဇန်နဝါရီလ ၈ မှ ၁၁ ရက်နေ့ အထိ နေပြည်တော် ဂေါက်ကွင်းတွင် ကျင်းပမည် ဖြစ်သည်။ ၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် မြန်မာအသင်းက ငွေတံဆိပ် ၃ ဆုသာ ဆွတ်ခူးခဲ့သည်။ ထိုင်းက ရွှေ-၂၊ ကြေး-၂၊ ဖိလစ်ပိုင်က ရွှေ-၂ ဆွတ်ခူးခဲ့သည်။

ပိုက်ကျော်ခြင်း

ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဇန်နဝါရီလ  ၁၄ မှ ၂၄ ရက်နေ့ အထိ အားကစားရုံ (B) တွင် ကျင်းပမည် ဖြစ်သည်။ ၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် မြန်မာအသင်းက ရွှေတံဆိပ် ၄၊ ကြေး ၂၊ နှင့် နိုင်ငံအလိုက် ဒုတိယ ရသည်။ ထိုင်းနိုင်ငံက ရွှေတံဆိပ် ၆ ဆုရသည်။

ရေကူး/ဒိုက်ဗင်

ရေကူးနှင့် ဒိုက်ဗင် ပြိုင်ပွဲကို ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၁၃ မှ ၁၆ ရက် အထိကျင်းပမည် ဖြစ်သည်။ ၂၀၁၃ ဆီးဂိမ်းတွင် မြန်မာ ရေကူးအဖွဲ့က ကြေးတံဆိပ် တဆုသာ ဆွတ်ခူးနိုင်ခဲ့သည်။ တင်မောင်နီနှင့် နန္ဒကျော်စွာလို ရေကူး ထူးချွန်သူ များ ပေါ်ထွက်ရေးမှာ အများကြီး ကြိုးစားကြရဦးမည် ဖြစ်သည်။ အမျိုးသား အားကစားပွဲတော် ရေကူး ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒိ္ဓ ရေကူးကန်တွင် ပြုလုပ်သွားမည် ဖြစ်သည်။

တင်းနစ်

တင်းနစ် အားကစားနည်းတွင် ၁၉၆၉ ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာချန်ပီယံ မောင်မောင်လေးက အမျိုးသား တဦးချင်း ပြိုင်ပွဲတွင် ရွှေတံဆိပ်ရခဲ့ဖူးသည်။ သို့ရာတွင် ၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင်မူ ထည့်သွင်း ကျင်းပခဲ့ခြင်း မရှိပါ။

စစ်တုရင်

စစ်တုရင် ပြိုင်ပွဲကို ဇန်နဝါရီလ ၈ မှ ၁၅ ရက်နေ့ အထိ နေပြည်တော်တွင် ကျင်းပမည် ဖြစ်သည်။ ၂၀၁၃ ဆီးဂိမ်းတွင် မြန်မာ စစ်တုရင်သမားများက ရွှေတံဆိပ်-၄၊ ငွေ -၁၊ ကြေး-၃ ဆုဖြင့် နိုင်ငံအလိုက် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။
စင်ကာပူ ဆီးဂိမ်းတွင် ထည့်သွင်းကျင်းပရန် လျာထားသည့် အားကစားနည်းများ စာရင်းထဲတွင် စစ်တုရင် အားကစားနည်း ထည့်သွင်းထားခြင်း မရှိသေးပါ။

မြန်မာသိုင်း

အမျိုးသား အားကစားပွဲတော်တွင် မြန်မာရိုးရာ သိုင်းပညာပြိုင်ပွဲကို ပထမဆုံး ထည့်သွင်းကျင်းပခြင်း ဖြစ်သည်။ တိုင်းခြား ကိုယ်ခံပညာရပ်များနှင့် ယှဉ်နိုင်သော မြန်မာ့ရိုးရာ အားကစားနည်း ပြိုင်ပွဲကို ဇန်နဝါရီလ ၂၁ မှ ၂၄ ရက်နေ့ အထိ နေပြည်တော်အားကစားရုံ (C) တွင် ကျင်းပမည် ဖြစ်သည်။

ဘော်လီဘော

ဘော်လီဘော ပြိုင်ပွဲကို ဇန်နဝါရီလ ၁၄ ရက်မှ စကာ ၂၂ အထိ နေပြည်တော် TCI လေ့ကျင့်ရုံတွင် ကျင်းပမည် ဖြစ်သည်။ ၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် ဘော်လီဘော အမျိုးသားအသင်းနှင့် အမျိုးသမီး အသင်းတို့ ဆုရရှိခြင်း မရှိခဲ့ပါ။ ဆီးဂိမ်းတွင် ဆု မရရှိသော်လည်း အင်ချွန် အာရှအားကစားပွဲတွင် အမျိုးသား အသင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ယခု ကျင်းပမည့် အမျိုးသား အားကစားပွဲတော်တွင် တိုင်းနှင့် ပြည်နယ်အားလုံး ဝင်ရောက် ယှဉ်ပြိုင်ကြဖွယ် ရှိသည်။

အလေးမ

အလေးမ ပြိုင်ပွဲကို ဇန်နဝါရီလ ၂၁ မှ ၂၄ ရက်နေ့ အထိ ပေါင်းလောင်း အားကစားရုံတွင် ကျင်းပမည် ဖြစ်သည်။ ၂၀၁၃ ဆီးဂိမ်းတွင်မူ အလေးမ အားကစားနည်းမှ မြန်မာအလေးမ မောင်မယ်များက ရွှေ-၁၊ ငွေ-၂၊ ကြေး-၂ သာ ဆွတ်ခူး နိုင်ခဲ့သည်။ ထိုင်းအလေးမ သမားများက ရွှေ -၆၊ ငွေ -၂၊ ကြေး-၁ ဖြင့် နိုင်ငံအလိုက် ပထမရရှိ ထားသည်။

အများပြိုင်ဖွယ်

နေပြည်တော်တွင် ကျင်းပတော့မည့် အမျိုးသား အားကစားပွဲတော်တွင် တိုင်းအထူးဒေသကြီးနှင့်  ပြည်နယ်များ စုံစုံညီညီ ပါဝင်ယှဉ်ပြိုင်ဖွယ် ရှိသော အားကစားနည်းအချို့ကို ရွေးထုတ်တင်ပြခြင်း ဖြစ်ပါသည်။

အမျိုးသား အားကစားပွဲတော်တွင် အားကစားနည်းပေါင်း ၂၇ မျိုးထည့်သွင်း ကျင်းပမည် ဖြစ်သော်လည်း အချို့သော အားကစားနည်း တို့မှာ တိုင်းအထူးဒေသကြီးနှင့် ပြည်နယ်များက စုံစုံညီညီဝင်ရောက် ယှဉ်ပြိုင် နိုင်မည် မဟုတ်ဟု ခန့်မှန်းရ ပါသည်။

၂၀၁၅ တွင် ကျင်းပမည့် ၂၈ ကြိမ်မြောက် စင်ကာပူ ဆီးဂိမ်းအကြို လူရွေးပွဲ အဖြစ် ကျင်းပသည့် အားကစား ပြိုင်ပွဲ ဖြစ်ပါသဖြင့် ထူးချွန်ထင်ရှားသည့် အားကစားမောင်မယ်များ ထွက်ပေါ်လာခဲ့လျှင် အမျိုးသား အားကစားပွဲတော်ကြီး ကျင်းပရကျိုး နပ်ပေလိမ့်မည်။     ။

Your Thoughts …
Tags: SEA GameSport
ခင်မောင်ထွေး (ပျဉ်းမနား)

ခင်မောင်ထွေး (ပျဉ်းမနား)

Contributor

Similar Picks:

SEA Games, SEAP Games, အမျိုးသမီး အားကစားသမားများ, မြန်မာ့အားကစား သမိုင်း

မြန်မာ ထူးချွန်ထင်ရှား အမျိုးသမီး အားကစား သမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
10 April 2014
4.2k

မြန်မာနိုင်ငံ၏ ထူးချွန် ထင်ရှားသော အမျိုးသမီး အားကစား သမားများ စာရင်းကို ပြုစုရာ ပြေးခုန်ပစ် အားကစား သမားက အများဆုံး ဖြစ်နေသည်။ ၀ူရှူး (ခိုင်ခိုင်မော်)၊ ရေကူး (မိုးသူအောင်)၊ မြားပစ် (အောင်ငှိမ်း)၊ သေနတ်ပစ်...

အားကစားကွင်း, သမိုင်း

မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)

by ခင်မောင်ထွေး (ပျဉ်းမနား)
28 September 2013
5k

၁၉၅၀-၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
24 December 2012
14.3k

မြန်မာ အမျိုးသမီး ဘောလုံးအသင်းက အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ဘက် အသင်းကြီး နှစ်သင်းဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ကို အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်သည့် အခါ မြန်မာဘောလုံး လောကကို အမျိုးသမီးများ ဦးဆောင်သွားပြီဟု စာနယ်ဇင်း အများစုက မှတ်ချက်ချခဲ့ကြသည်။

ဦးဒေါင်းနီ,မြန်မာ့ ရိုးရာ လက်ဝှေ့,မွေထိုင်း

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ

by ထက်နိုင်ဇော်
1 May 2014
22.8k

“ဦးက အသက် ၁၃ နှစ်သား ကတည်းက လက်ဝှေ့ထိုးလာတာ၊ စထိုးတာက ကမ္ဘာအေးဘုရား ပွဲမှာ၊ ဦးက ရန်ကုန်ဇာတိပဲ၊ ကြည့်မြင်တိုင်သား၊ လက်ဝှေ့ထိုးတဲ့မျိုးရိုး မရှိဘူး၊ ဦးထိုးခဲ့တဲ့ ပွဲပေါင်းက ရာကျော်တယ်၊ အလံလုပွဲတင်ကို ရာကျော်တယ်၊ ပထမအလံ၊...

ဂုဏ်ပြုအပ်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ

ဂုဏ်ပြုအပ်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ

by ခင်မောင်ထွေး (ပျဉ်းမနား)
4 July 2014
5.9k

မြန်မာ့ ဂုဏ်ဆောင် အားကစား မောင်မယ် များကို ဂုဏ်ပြုသည့် နည်းတူ မြန်မာ အားကစား လောကကို စတင် ထူထောင် ဦးဆောင် ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီး များကိုလည်း ဂုဏ်ပြု မှတ်တမ်း တင်သင့် ပါသည်။

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန် ဘော့တ်

by ဆောင်းဦးလင်း
9 August 2012
5.3k

အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

Next Post
ထားဝယ်အထူး စီပွားရေးဇုန်, ထားဝယ် အမျိုးသမီး သမဂ္ဂ

ထားဝယ်အထူး စီပွားရေးဇုန် စီမံကိန်း ရပ်ဆိုင်းရန် ထားဝယ် အမျိုးသမီး သမဂ္ဂ တောင်းဆို

လိပ်ကျွန်း လူသတ်မှု, မြန်မာ လူငယ် ၂ဦး

လိပ်ကျွန်း လူသတ်မှု ဒုတိယရုံးချိန်း တရားလိုပြ သက်သေ ၄၀ တင်ပြ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate