လက်ရှိ ပြည်တွင်းက အားကစား ပရိတ်သတ်တွေ အများဆုံး စိတ်ဝင်စားကြတဲ့ ဘောလုံးပြိုင်ပွဲတွေ ရှိနေ တဲ့ အင်္ဂလန်၊ စပိန်၊ ဂျာမနီ၊ ပြင်သစ်တိုရဲ့ ဌာနေ ဥရောပမှာ ရှိတဲ့ ဘောလုံးကွင်းတွေထဲက အကြီးဆုံးကွင်းတွေ အကြောင်းကို သိရအောင် ပြောပြချင်ပါတယ်။
(၁) Camp Nou
စပိန် ဘောလုံးအသင်း ဘာစီလိုနာရဲ့ အိမ်ကွင်းပါ။ ပရိတ်သတ် ဝင်ဆံ့မှုအရတော့ ဥရောပမှာ အကြီးဆုံးပါပဲ။ ကမ္ဘာ့ဒုတိယ အကြီးဆုံးအားကစားကွင်းပါ။ ချန်ပီယံလိဒ်ဗိုလ်လုပွဲနဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွေကို လက်ခံ ကစားဖူးပါတယ်။ ဘာစီ လိုနာရဲ့ကတ်တလိုနာနယ်မှာ ရှိပါတယ်။ ပရိတ်သတ် ၉၉၃၅၄ ဦး ဆံ့ပါတယ်။
(၂) Wembley Stadium
အင်္ဂလန် ဘောလုံးအဖွ့ဲချုပ်ကနေ ပိုင်ဆိုင်ထားတဲ့ ကွင်းပါ။ ပရိတ်သတ် ၉ သောင်း ဆံ့ပါတယ်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မှာ ရှိတာပါ။ အင်္ဂလန်နိုင်ငံ ကိုယ်စားပြု ဘောလုံးအသင်းရဲ့ အိမ်ကွင်းအဖြစ် သုံးပါတယ်။ လေ့ကျင့်ရေးကွင်း အဖြစ်လည်း သုံး ပါတယ်။ ဒါအပြင် FA ဖလား၊ UEFA ဖလားတွေရဲ့ ဗိုလ်လုပွဲတွေကိုလည်း လက်ခံကျင်းပနေတာ တွေ့ရပါတယ်။
(၃) Signal Iduna Park
ဂျာမနီ အခြေစိုက် ဒေါ့မွန်အသင်းရဲ့ အိမ်ကွင်းပါ။ ဒေါ့မွန်နယ်သားတွေ အပါအဝင် အသင်းက အခုလို ကမ္ဘာ့အဆင့်ရှိ အိမ် ကွင်းကြီးကို ပိုင်ဆိုင်ထားလို့ အထူး ဂုဏ်ယူလေ့ရှိတာ တွေ့ရပါတယ်။ ပွဲစဉ်အများစုမှာ မီးပန်းတွေနဲ့ ဖွင့်လှစ် ကျင်းပလေ့ရှိ ပါတယ်။ လက်ရှိ ဂျာမနီမှာ အကြီးဆုံးကွင်း ဖြစ်ပြီး ပရိတ်သတ် ၈၁၃၆၀ ဦး ဆံ့ပါတယ်။
(၄) Estadio Santiago Bernabeu
၁၁ကြိမ်မြောက် UEFAဖလားကို ရရှိထားတဲ့ စပိန်အသင်း ရီးရဲမက်ဒရစ်ရဲ့ အိမ်ကွင်းပါ။ ကလပ်အသင်းကနေ အနားယူ သွားပြီ ဖြစ်တဲ့ ဥက္ကဌ Santiago Bernabeuရဲ့ အမည်ကို ရယူမှည့်ခေါ်ထားတာပါ။ ၁၉၄၇ ခုနှစ်ကတည်းက အိမ်ကွင်းအဖြစ် သုံးလာခဲ့တာ ဖြစ်ပြီး ကြားကာလတွေမှာ ကွင်းကို ပိုမို ချဲ့ထွင်တည်ဆောက်မှု အကြိမ်ပေါင်းများစွာ လုပ်ဆောင် ထားပါတယ်။ လက်ရှိမှာတော့ ပရိတ်သတ် ၈၁၀၄၄ ဦး ဆံ့ပါတယ်။ လက်ရှိမှာလည်း ကမ္ဘာ့အကြီးဆုံးကွင်းဖြစ်ဖို့ နောက် ထပ်ချဲ့ထွင် တည် ဆောက်မှု လုပ်ဆောင်နေတာ တွေ့ရပါတယ်။
(၅) San Siro
အီတလီအခြေစိုက် နာမည်ကျော် အေစီမီလန်ရော အင်တာမီလန် ၂သင်းလုံးရဲ့ အိမ်ကွင်းပါ။ မီလန်မြို့ရဲ့ဆန်စီရို အပိုင်းမှာ ရှိပါတယ်။ ၁၉၂၆ ခုနှစ်ကတည်းက အေစီမီလန်က အိမ်ကွင်းအဖြစ် သုံးခဲ့ပြီး ၁၉၄၅ခုနှစ်မှာ အင်တာမီလန်ကိုပါ အိမ်ကွင်း အဖြစ် သုံးဖို့ လက်ခံထားခဲ့တာပါ။ ပရိတ်သတ် ၈၀၀၁၈ ဦး ဆံ့ပါတယ်။ တည်ဆောက်မှုအရ Sdade de France ထက် ကြီးမားလို့ အဆင့် ၅မှာ ရှိနေတာပါ။
(၆) Stade de France
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲ့ မြောက်ဘက်မှာ ရှိပါတယ်။ ပြင်သစ်နိုင်ငံ ကိုယ်စားပြု ဘောလုံးအသင်းရဲ့ အိမ်ကွင်းပါ။ ပရိတ် သတ် ၈၁၃၃၈ဦး ဆံ့ပါတယ်။ ၁၉၉၈ခုနှစ်အတွင်း ကမ္ဘာ့ဖလား ဘောလုံးပွဲကို ပြင်သစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရခဲ့လို့ အဆိုပါ ပွဲစဉ်တွေအတွက် တည်ဆောက်ခဲ့တာပါ။ ပြင်သစ်အစိုးရက ဖျော်ဖြေပွဲတွေနဲ့ UEFA ဘောလုံးပွဲတွေကိုလည်း လက် ခံကစားခွင့် ပေးထားပါတယ်။
(၇) Luzhnikl Stadium
ရုရှနိုင်ငံ၊ မော်စကိုမှာ ရှိပါတယ်။ ပရိတ်သတ် ၇၈၃၆၀ ဦး ဆံ့ပါတယ်။ အရင်ကတော့ ရုရှပြည်တွင်း ဘောလုံးအသင်းတွေ ဖြစ်တဲ့ တော်ပီဒိုမော်စကို၊ စီအက်ကေအေ မော်စကိုနဲ့ စပါးတပ်မော်စကိုလို အသင်းတွေက အိမ်ကွင်းအဖြစ် သုံးခဲ့ကြပါ သေးတယ်။ လက်ရှိမှာတော့ ရုရှနိုင်ငံ ကိုယ်စားပြု ဘောလုံးအသင်းရဲ့အိမ်ကွင်းအဖြစ် သုံးနေပါတယ်။
(၈) Ataturk Olympic Stadium
၂၀၀၂ခုနှစ်ကမှ တည်ဆောက်ပြီးစီး အသုံးပြုနေတဲ့ တူရီကီမှာရှိတဲ့ အကြီးဆုံး အားကစားကွင်းပါ။ ၂၀၀၈ ခုနှစ် အိုလံပစ် အားကစားပွဲအတွက် အစိုးရကနေ တည်ဆောက်ခဲ့တာပါ။ ဒါပေမယ့် အိုလံပစ် အားကစားပွဲ လက်ခံ ကျင်းပခွင့်မရခဲ့ဘဲ တရုတ်နိုင်ငံ၊ ဘေကျင်းမှာ ကျင်းပခဲ့တာ တွေ့ရပါတယ်။ ပရိတ်သတ် ၇၆၀၉၂ ဦး ဆံ့ပါတယ်။
၂၀၀၃-၀၄ ဘောလုံးရာသီမှာ တော့ တူရကီ ကလပ် ဂါလာတာစရေးအသင်းရဲ့အိမ်ကွင်း ပြင်ဆင်နေလို့ ဒီကွင်းကို တနှစ် တာအိမ်ကွင်းအဖြစ် ထားရှိ ကစားခဲ့တာ တွေ့ရပါသေးတယ်။
(၉) Old Trafford
အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာ မြို့မှာ ရှိပြီး ပြည်တွင်းမှာပါ လူကြိုက်များတဲ့ မန်ယူအသင်းရဲ့ အိမ်ကွင်းပါ။ ပရိတ်သတ် ၇၆၅၄၃ ဦး ဆ့ံ့ပါတယ်။ Theatre of Dreams အဖြစ်လည်း လူသိများပါတယ်။
၁၉၁၀ ခုနှစ်ကလည်းက အိမ်ကွင်းအဖြစ် လက်ခံ ကစားနေတာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ လေကြောင်း တိုက် ခိုက်ခံရမှုတွေကြောင့် ၈နှစ်ကြာ အကြီးစား ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ရပြီး အဆိုပါ ကာလအတွင်း မန်ယူ ကစားသမား တွေဟာ အိမ်ကွင်းအဖြစ် မြို့ခံ ပြိုင်ဘက် မန်းစီးတီးအိမ်ကွင်းကို သုံးခဲ့ကြပါတယ်။
(၁၀) Allianz Arena
ဂျာမနီ အခြေစိုက် နာမည်ကြီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့အိမ်ကွင်းဖြစ်ပါတယ်။ ကွင်းရဲ့အမည်က အသင်းကို စပွန်ဆာပေး ထားတဲ့ Allianz SE ရဲ့ အမည်ကို ရယူထားတာပါ။
ပရိတ်သတ် ၇၅၀၀၀ ထိအောင် ဆံ့ဝင်ပါတယ်။ ဒီကွင်းရဲ့အတွင်းပိုင်း အပြင်အဆင်တွေက ပလတ်စတစ်သား ဦးစားပေး အလှဆင်ထားပြီး ယူရို သန်း ၃၄၀ အကုန်အကျခံ တည်ဆောက်ထားတာပါ။ နောက်ပြီး အားကစားသမားတွေ အကောင်း ဆုံး လေကို ရှူရှိုက်နိုင်အောင် လေသန့်စင်စနစ်တွေ ထည့်ထားတယ်လို့ ဆိုပါတယ်။
Ref: www.wonderslist.com