အားကစား

Rapper နပန်းသမား ဂျွန်စီနား

Want create site? Find Free WordPress Themes and plugins.

The Rock ၊ Stone Cold တို့လို နပန်းသမားတွေ ၂၀၀၄ ခုနှစ် ဝန်းကျင်လောက်မှာ ကြိုးဝိုင်းတွေထဲကနေ ပျောက်သွားပြီး နောက်ပိုင်း လူငယ်ဆန်ဆန် သွက်သွက်လက်လက်၊ သန့်သန့်ရှင်းရှင်း ကစားမှု၊ ခံနိုင်ရည်ရှိရှိ ဇွဲကောင်းကောင်းနဲ့ ခါးပတ်တွေ ရယူနိုင်မှုကြောင့် အောင်မြင်မှု ရရှိလာတဲ့ နပန်းသမား ဂျွန်စီနား (John Cena) အကြောင်း ပြောပြချင်ပါတယ်။

သူ့ရဲ့ နာမည် အရင်းကတော့ ဂျွန်ဖီးလစ်အန်ထော်နီ စီနား (John Felix Anthony Cena) ဖြစ်ပါတယ်။ နပန်းသတ်တယ်၊ Rap သီချင်းတွေလည်း ဆိုတယ်၊ ရုပ်ရှင်သရုပ်ဆောင်လည်း လုပ်တယ်၊ ရုပ်မြင်သံကြား အစီအစဉ်တွေမှာလည်း တင်ဆက်သူ အဖြစ် ပါဝင်တာတွေ ရှိတယ်၊ လက်ရှိ ကမ္ဘာမှာ နာမည်အကြီးဆုံး နပန်းပွဲစဉ် WWE နဲ့ စာချုပ် ချုပ်ဆို ကစားနေတာပါ။

ဒါပေမယ့် သူက အလွတ်တန်းသဘောမျိုးလည်း Raw နဲ့ Smack Down လို ပွဲစဉ်တွေမှာလည်း ဝင်ကစားတာ တွေ့ရပါတယ်၊ ၁၉၉၉ ခုနှစ်မှာ နပန်းသမားဘဝကို စတင်ခဲ့ပြီး Ultimate Pro Wrestling (UPW) ရဲ့ ပွဲစဉ်တွေမှာ ပါဝင်ခဲ့သလို အဆိုပါ UPW World Heavyweight Champion ဖြစ်ခဲ့ပါတယ်။ အဲဒီလို အောင်မြင်မှုနဲ့ အတူ အခု WWE မဖြစ်သေးခင် WWF နဲ့ ၂၀၀၁ ခုနှစ်မှာ စာချုပ် ချုပ်ပြီး ၂၀၀၂ ခုနှစ်ကနေ စတင်ကာ WWE ရဲ့ ပွဲစဉ်တိုင်းမှာ ပါဝင်ခွင့် ရလာခဲ့ပါတယ်။

စီနားဟာ ၁၉၇၇ ခုနှစ် ဧပြီ ၂၃ ရက်နေ့က အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက် ပြည်နယ်၊ ဝက်နယူးဘာရီမှာ မွေးခဲ့ပြီး အခုဆို အသက် ၄၀ ရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိနေတာက ဖလော်ရီဒါပြည်နယ်က တမ်ပါမှာ ဖြစ်ပါတယ်။ နပန်းသမား ဘဝကို ၁၉၉၉ ခုနှစ်ကနေ စခဲ့တယ်၊ ၂၀၀၀ မှာ ရုပ်ရှင် သရုပ်ဆောင်လောကထဲ ဝင်တယ်၊ ၂၀၀၄-၀၅ နဲ့ ၂၀၁၄ တွေမှာ Rapper တယောက် အနေနဲ့ သီချင်းဆိုတာ တွေ့ရတယ်၊ ၂၀၁၆ ခုနှစ်ကနေ စတင်ပြီး ရုပ်သံ တင်ဆက်မှုတွေမှာ ပါဝင်နေ ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် အတွင်းက Elizabeth Huberdeau နဲ့ လက်ထပ်ခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာ လမ်းခွဲကွာရှင်းခဲ့ကြ ပါတယ်။ သူ့ကို ကြိုးဝိုင်း တွင်းမှာ John Cena အဖြစ်ရော၊ ရှေ့ပိုင်းမှာ Juan Cena နဲ့ The Prototype အဖြစ်ပါ ခေါ်ခဲ့ဖူးပါတယ်။ အရပ် ၆ ပေနဲ့ ၁ လက်မ၊ ကိုယ်အလေးချိန် ၂၅၁ ပေါင်ရှိတယ်၊ UPW အပြင် Ohio Valley Wrestling, Dave Finlay နဲ့ Christopher Daniels တွေနဲ့ပါ လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

အနုပညာ နယ်ပယ်ထဲမှာ နပန်းလောက ကနေ နာမည်ကျော်သူတွေ ဖြစ်တဲ့ စီနား အပါအဝင် The Rock ၊ Randy Orton ၊ Stone Cold နဲ့ အခြား ကစားသမား အများအပြား ဝင်ရောက် ရိုက်ကူးခဲ့ပါတယ်။ ၂၀၀၀ နဲ့ ၂၀၁၀ခုနှစ် အတွင်း လူသိအများဆုံး နပန်းသမား အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ John Layfield ၊ Paul Heyman နဲ့ Kurt Angle လို နာမည်ကျော် နပန်းသမားတွေက စီနားကို အကောင်းဆုံး နပန်းသမား အဖြစ် မှတ်ချက်ပေးတာ တွေ့ရပါတယ်။

ကစားသမား သက်တမ်းတလျှောက်သူဟာ ချန်ပီယံ အစုံ ၂၅ ကြိမ် ဖြစ်ဖူးပါတယ်။ အဲဒီထဲက ၁၆ ခုက ကမ္ဘာ့ ချန်ပီယံ ခါးပတ်တွေ ဖြစ်ပါတယ်။ ၁၃ ကြိမ်က WWE ချန်ပီယံ ဖြစ်ပြီး ၃ ကြိမ်က ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်ခဲ့တာပါ။ အမေရိကန်ကန် ချန်ပီယံခါးပတ်ဆုကို ၅ ကြိမ်ရတယ်၊ Tag Team (အတွဲလိုက်) ချန်ပီယံဆုကို ၄ ကြိမ်ရခဲ့ပါတယ်။

Money In the Bank ဆိုတဲ့ အကြမ်းကစားရတဲ့ ပွဲမှာ ၂၀၁၂ က အနိုင်ရတယ်၊ Royal Rumbl လို လူဦးရေ ဆယ်နဲ့ ချီပြီး ဝင်ရောက် ကစားတဲ့ ပွဲတွေမှာ ၂၀၀၈ နဲ့ ၂၀၁၃ တွေမှာ အနိုင်ရတယ်။ Slammy ဆိုတဲ့ လူသိအများဆုံး လူကြိုက်အများဆုံး ဆုကို ၂၀၀၉၊ ၂၀၁၀ နဲ့ ၂၀၁၂ တွေမှာ ရဖူးတယ်။

WWE ခါးပတ်စုံကို အများဆုံး ရယူ နိုင်မှုမှာလည်း Bruno Sammartino ၊ Bob Backlund နဲ့ Hulk Horgan တို့ ပြီးရင် သူက အဆင့် ၄ နေရာမှာ ရပ်တည်နိုင်လောက်အောင် ချန်ပီယံခါးပတ် ကာကွယ် ပိုင်ဆိုင်ထားသူပါ။

အနုပညာ နယ်ပယ်မှာတော့ ပထမဆုံး သူ့ရဲ့ သီချင်းခွေ You Can’t See Me က အမေရိကန် ဘေဘုတ် ၂၀၀ စာရင်းမှာ အဆင့် ၁၅ ထိ အမြင့်ဆုံး ရောက်ရှိခဲ့သလို ၂၀၀၆ ခုနှစ် အတွင်း ပထမဆုံး ဇာတ်ကား The Marine လည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။ ၂၀၀၉ ခုနှစ်မှာ 12 Rounds ဆက် ထွက်တယ်၊ ၂၀၁၀မှာ Legendary ထွက်လာတယ်၊ ၂၀၁၁ ခုနှစ်မှာ The Reunion၊ ၂၀၁၅ မှာ Trainwreck နဲ့ အဆိုပါ နှစ်ထဲမှာပဲ Sisters တွေ ထွက်ခဲ့တာ တွေ့ရပါတယ်။

ရုပ်သံ အစီအစဉ်တွေမှာ ပါရှိမှု အနေနဲ့ Manhunt ၊ Deal or Not Deal ၊ MADtv ၊ Saturday Night Live ၊ Punk’d ၊ Psych နဲ့ Parks and Recreation လို အစီအစဉ်တွေမှာ ပါဝင်ခဲ့တာလည်း တွေ့ရပါတယ်။

ရုပ်သံ ဇာတ်ကားတွေထဲမှာ သူ့ရဲ့ ပထမ ဇာတ်ကား The Marine ဆိုရင် WWE Studios ကနေ ထုတ်လုပ်တယ်၊ 20th Century Fox ကနေ ဖြန့်ချိတယ်၊ ဝင်ငွေ ၁၈ ဒသမ ၇ သန်းထိ ရခဲ့သလို DVD အနေနဲ့ ဖြန့်ချိချိန်မှာတော့ ပထမ ၁၂ ပတ် အတွင်း သန်း ၃၀ ဖိုးထိ ရောင်းချခဲ့ရတာ တွေ့ရပါတယ်။ ဒီကားက သူ့ အတွက် အအောင်မြင်ဆုံး ဇာတ်ကား ဖြစ်ခဲ့ပြီး နောက်ပိုင်းထွက် ဇာတ်ကားတွေကတော့ လူကြိုက်ရော စီးပွားရေး အရပါ အောင်မြင်မှု နည်းခဲ့ပါတယ်။ အခုနှစ်ထဲမှာတော့ သရုပ်ဖော် Animation ဇာတ်ကား တကားဖြစ်တဲ့ Ferdinand မှာ အသံ သရုပ်ဆောင် အဖြစ် ပါဝင်နေတာလည်း တွေ့ရပါတယ်။

ထူးခြားတဲ့ မှတ်တမ်းတွေ အနေနဲ့ ဆိုရင် သူ့ရဲ့ ကစားသမားဘဝမှာ မကျေပွဲ အဖြစ် ၂၀၀၆ ခုနှစ်က Edge နဲ့ ကစားခဲ့တဲ့ ပွဲစဉ်၊ ၂၀၁၁ ခုနှစ်က CM Punk နဲ့ ကစားခဲ့တဲ့ ပွဲစဉ်၊ ၂၀၀၇ ခုနှစ်က Shawn Michaels နဲ့ ကစားခဲ့တဲ့ Raw ပွဲစဉ်၊ ၂၀၁၁ ခုနှစ်က CM Punk နဲ့ ကစားခဲ့တဲ့ Money In the Bank ပွဲစဉ်၊ ၂၀၁၃ ခုနှစ် Summer Slamမ ှာ Daniel Brayna နဲ့ ကစားခဲ့တဲ့ ပွဲစဉ်၊ ၂၀၀၆ ခုနှစ်က Summer Slam မှာ ကစားခဲ့တဲ့ A J Style နဲ့ ပွဲစဉ်တွေကို အကောင်းဆုံး အဖြစ် လူကြိုက်များတာ တွေ့ရပါတယ်။

နာမည်ကျော် နပန်းသမားကြီး The Rockနဲ့ ၂၀၁၁ ခုနှစ်က ကစားခဲ့တဲ့ ပွဲစဉ် ဆိုရင်လည်း ပွဲကို အကောင်းဆုံး အလှည့် အပြောင်းလုပ် ကစားနိုင်ခဲ့တဲ့ ပွဲကောင်း အဖြစ် အားလုံးက အသိအမှတ်ပြု ခံရတာ တွေ့ရပါတယ်။ AJ Lee နဲ့ အတူ ၂၀၁၂ ခုနှစ်ကလည်း Kiss of the Year လို့ ပေါ်ပြူလာ လုပ်ဆောင်ချက်မျိုး လုပ်ဆောင်ရရှိခဲ့တာလည်း တွေ့ရဖူူးပါတယ်။

၂၀၀၀-၀၉ ခုကာလ ဆယ်စုနှစ် အတွင်း လူကြိုက် အများဆုံ နပန်းသမား အဖြစ် သတ်မှတ်ခံရပါတယ်။ ၂၀၀၇ နဲ့ ၂၀၁၀ တွေမှာလည်း တနှစ်တာ အကောင်းဆုံး နပန်းသမား ဖြစ်ခဲ့ပါတယ်။ ဒီလို ဆုတွေ၊ ချန်ပီယံတွေ အကြိမ်ကြိမ် ရဖူးသူက အမေရိကန် နပန်းသမား လူငယ်ကြိုက် ဂျွန်စီနား ဖြစ်ပါတယ်။

Ref: www.em.m.wikipedia.org

Did you find apk for android? You can find new Free Android Games and apps.
Loading