အားကစား

တရုတ်စူပါလိဂ်မှာ အအောင်မြင်ဆုံး ဘောလုံးအသင်း ကွမ်ကျိုးထောင်းပေါင်

Want create site? Find Free WordPress Themes and plugins.

အသင်းရဲ့ နာမည်အရှည်က (Guangzhou Evergrande Taobao Football Club) ဖြစ်ပြီး Evergrande စီးပွားရေးအုပ်စုက ပိုင်ဆိုင်တဲ့ ကွမ်ကျိုးထောင်းပေါင် အသင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ကွမ်ကျိုးနယ်က ထောင်းပေါင် အသင်းပါ။ လက်ရှိ ပြည်တွင်း အမှတ်ပေး ဘောလုံး ပြိုင်ပွဲ စူပါလိဂ် (Super League) မှာ အအောင်မြင်ဆုံး အသင်း တသင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ် ကွမ်ကျိုးမှာ အခြေစိုက်တဲ့ အသင်း ဖြစ်ပြီး အိမ်ကွင်း အဖြစ် ပရိတ်သတ် ၅၈၅၀၀ ထိအောင် ဆံ့တဲ့ Tianhe Stadium ကို အိမ်ကွင်း အဖြစ် အသုံးပြုတာ တွေ့ရပါတယ်။

နာမည်ကျော် အလီဘာဘာ စီးပွားရေး လုပ်ငန်းစုက ရှယ်ယာဝင် ပိုင်ဆိုင်တဲ့ အသင်း တသင်းလည်း ဖြစ်ပါတယ်။ အသင်းရဲ့ ရှှယ်ယာ အများစုကိုတော့ Evergrande Real Estate Group က ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ဒီစီးပွားရေး အုပ်စုက ရှယ်ယာ ၅၆ ဒသမ ၇၁ ရာခိုင်နှုန်းကိုင်ထား တာပါ။ အလီဘာဘာအုပ်စုကတော့ ကျန်ရှိ ရှယ်ယာ ၃၇ ဒသမ ၈၁ ရာခိုင်နှုန်းနဲ့ Chinese OTC လုပ်ငန်းစုက အခြား ရှယ်ယာ ၅ ဒသမ ၄၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။

အသင်းကို Southern China Tigers (တရုတ်တောင်ပိုင်းကျားများ) အဖြစ်လည်း အမည်ပြောင် ခေါ်ကြပါတယ်။ အသင်းက လွန်ခဲ့တဲ့ ၆၃ နှစ်၊ ၁၉၅၄ ခုနှစ် ဇွန်လ ကတည်းက တည်ထောင်ခဲ့တာ ဖြစ်ပြီး အဲဒီ အချိန်ကတော့ Semi-pro အဆင့် အသင်း အနေနဲ့ တည်ထောင်ထားတာပါ။ အမှတ်ပေးပြိင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမျိုး မရှိခဲ့ပါဘူး။

ဒါပေမယ့် တရုတ်ပြည်တွင်း အမှတ်ပေးဘောလုံးပွဲတွေ ခေတ်စားလာတာနဲ့အတူ လွန်ခဲ့တဲ့ ၂၄ နှစ်၊ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှာတော့ အသင်းက Pro ဘောလုံး အသင်း တသင်း အဖြစ် ပြောင်းလဲပြီး အမှတ်ပေးပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်လာတာလည်း ဖြစ်ပါတယ်။ လက်ရှိ အသင်းရဲ့ ဥက္ကဌက လီရန်မင်း (Li Yimeng) ဖြစ်ပြီး နည်းပြကတော့ လုဇ်ဖယ်ပီစကိုလာရီ (Luiz Felipe Scolari) ဖြစ်ပါတယ်။ ဒီ အသင်းက ပြီးနှစ် တရုတ် စူပါလိဂ် ဖလားကို ရယူထားနိုင်တဲ့ အသင်းပါ။

အသင်းက အိမ်ကွင်း ဝတ်စုံ အဖြစ်နဲ့ အကျႌနဲ့ ခြေအိတ် ကြက်သွေးရောင်၊ ဘောင်းဘီ အဖြူရောင်ကို ဝတ်ဆင် ကစားတယ်၊ အဝေးကွင်းမှာတော့ အကျႌနဲ့ ခြေအိတ်အဝါရောင်၊ ဘောင်းဘီက အနက်ရောင် ဖြစ်ပါတယ်။ အသင်း တည်ထောင်ပြီး ၁၉၅၄ ခုနှစ် နောက်ပိုင်း ဘောလုံး ပြိုင်ပွဲတွေမှာ ဆုဖလားပေါင်း များစွာ ရရှိအောင်မြင်ခဲ့တာ ဖြစ်ပြီး အဆိုပါ အောင်မြင်မှု အရှိန်တွေနဲ့ အတူ ၁၉၉၃ ခုနှစ်မှာ Pro အသင်း အဖြစ် ရပ်တည်လာတာလည်း ဖြစ်ပါတယ်။ သမိုင်း တလျှောက် ရလဒ် အဆိုးဆုံး နှစ်တွေ အဖြစ် ၂၀၀၇ ခုနှစ် ဝန်းကျင်က ဒုတိယတန်းမှာ ကစားခဲ့ရတဲ့ အခိုက်အတန့် ခဏတာပဲ ရှိခဲ့ပြီး ၂၀၀၉ ခုနှစ် အတွင်း တန်း ပြန်တက် နိုင်အောင် ကြိုးစားရုန်းထွက်နိုင်ခဲ့တာလည်း တွေ့ရပါတယ်။

အသင်းရဲ့ ပိုင်ရှင်လို့ ဆိုရမယ့် Evergrande စီးပွားရေး အဖွဲ့ကလည်း အသင်းအတွက် ကုန်ကျစရိတ် တော်တော်များများကို စိုက်ထည့် အားဖြည့်ပေးခဲ့တာ တွေ့ရပြီး ၂၀၁၁ ခုနှစ်မှာ အောင်မြင်မှုတွေ ပြန်ရလာတာ ဖြစ်ပါတယ်၊ ပြီးတော့ စံချိန် တင်ထားနိုင်တာက AFC Champions League လို ဖလားကို တရုတ် အခြေစိုက် အသင်းတွေထဲက အသင်း တသင်းပဲ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ၂ ကြိမ် ရအောင် ယူထားနိုင်တာ ဖြစ်ပြီး အခြား ကွမ်ကျိုးအခြေစိုက် ဘယ် တရုတ်အသင်းမှ အဆိုပါ ချန်ပီယံလိဂ် ဖလား ရယူထားနိုင်တာ မရှိသေးပါ။

ဒီလို AFC ချန်ပီယံလိဂ်ကိုလည်း ရယူနိုင်ခဲ့တာကြောင့် FIFA ရဲ့ Club World Cup ကိုလည်း ဝင်ခွင့် ရခဲ့ပြီး ကမ္ဘာကျော် ဥရောပနဲ့ တောင်အမေရိက အသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့ဖူးတာ တွေ့ရပါတယ်။ အမေရိကန် အခြေစိုက် မဂ္ဂဇင်း ဖြစ်တဲ့ Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက် အရ ဂွမ်ဇူးဟာ တရုတ် အခြေစိုက် ဘောလုံး အသင်းတွေထဲမှာ အချမ်းသာဆုံး အသင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ် အတွင်း အသင်းရဲ့ ခန့်မှန်းခြေ တန်ဖိုးက အမေရိကန် ဒေါ်လာ ၂၈၂ သန်းထိ ရှိပြီး တနှစ်ကို ဝင်ငွေ အမေရိကန် ဒေါ်လာ ၅၇ သန်းထိ ရှိနေတာလည်း ဖြစ်ပါတယ်။

 

ကွမ်ကျိုးထောင်းပေါင် အတွက် အနီးဆုံးနဲ့ အပြင်းထန်ဆုံး ပြိုင်ဖက် အသင်းက ကွမ်ကျိုးမတ်ဆုနီချီ (Guangzhou Matsunichi) အသင်း ဖြစ်ပြီး သူတို့ ၂ သင်းက တရုတ်မှာ အမှတ်ပေး ဘောလုံးပွဲတွေ စတင်ချိန် ၁၉၉၄ ခုနှစ်မှာမှ Pro အသင်းတွေ အဖြစ် ရပ်တည် လာခဲ့ကြတာပါ။ သူတို့ နှစ်သင်းရဲ့ ပထမဆုံး ထိပ်တိုက်တွေ့ဆုံပွဲက ၁၉၉၅ ခုနှစ် တရုတ် FA ဖလားပြိုင်ပွဲ၊ ပထမအဆင့်မှာ တွေ့ခဲ့တာ ဖြစ်ပြီး ဒီပွဲမှာ ကွမ်ကျိုး မတ်ဆုနီချီ အသင်းက ကွမ်ကျိုး ထောင်းပေါင်ကို ၄ ဂိုး ၃ ဂိုးနဲ့ နိုင်ပြီး ပြိုင်ပွဲကနေ ကန်ထုတ် လိုက်တာ တွေ့သလို အဲဒီ အချိန်က စပြီး ပြိုင်ဆိုင်မှုလည်း ပြင်းထန်းလာတာပါ။ အခု နောက်ပိုင်းမှာတော့ ကွမ်ကျူးထောင်းပေါင် အသင်းကပဲ အောင်မြင်မှုတွေ အများအပြား ရနေတာ တွေ့ရပြီး တရုတ် စူပါလိဂ်မှာလည်း အအောင်မြင်ဆုံး အသင်း တသင်း အဖြစ် ရပ်တည်နေနိုင်တာ တွေ့ရပါတယ်။

အသင်းရဲ့ အောင်မြင်မှု တချို့ကို ကြည့်ရင် တရုတ် ပြည်တွင်း အမှတ်ပေး ဘောလုံး ပြိုင်ပွဲတွေထဲက အမြင့်ဆုံး ဖြစ်တဲ့ စူပါလိဂ်ဖလားကို ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆နဲ့ ၂၀၁၇တွေမှာ ၇ ကြိမ်ထိ ဆုဖလား ဆက်တိုက် ရယူထားတယ်၊ တဆက်တည်း ဆုဖလား ထိန်းထားနိုင်မှု အကြာဆုံး အသင်း အဖြစ်ပါ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။ တန်းဆင်ပြီး Jia-B League ဆိုတဲ့ စူပါလိဂ်ထက် တဆင့်နိမ့် ပြိုင်ပွဲမှာ ကစားရချိန်မှာလည်း ပြိုင်ပွဲမှာ ၁၉၅၆၊ ၁၉၅၈၊ ၁၉၈၁၊ ၂၀၀၇ နဲ့ ၂၀၁၀ ခုနှစ်တွေမှာ ဆုဖလား ၅ ကြိမ် ရထားတာ ဖြစ်ပါတယ်။

အခြား ဖလားပွဲတွေမှာတော့ ၂၀၁၂ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ တရုတ် FA ဖလားကို ၂ ကြိမ် ရဖူးတယ်၊ FA Super ဖလားကို ၂၀၁၂၊ ၂၀၁၆နဲ့ ၂၀၁၇တွေမှာ ၃ ကြိမ် ရဖူးတယ်၊ နိုင်ငံ တကာပွဲစဉ်တွေမှာလည ်း အထက်မှာ ပြောခဲ့သလို AFC ချန်ပီယံလိဂ် ဖလား ၂ ကြိမ် ရဖူးတယ်၊ FIFA ရဲ့ Club World Cup ပြိုင်ပွဲ ၂ ကြိမ် ဝင်ခဲ့ဖူးပြီး အဆိုပါ ၂ ကြိမ်လုံးအဆင့် အဆင့် ၄ နေရာနဲ့ ကျေနပ်ခဲ့ရ တာလည်း တွေ့ရပါတယ်။ ။

Ref: www.en.m.wikipedia.org

Did you find apk for android? You can find new Free Android Games and apps.
Loading