အားကစား

အင်္ဂလန်ဘောလုံးလောကရဲ့ ခေတ်သစ်သူရဲကောင်း ဖြစ်လာမလား ဟာရီကိန်း

Want create site? Find Free WordPress Themes and plugins.

အင်္ဂလန်မှာ ဘက်ခမ်း၊ ရွန်းနီ၊ သူတို့ အင်္ဂလန် လက်ရွေစင် ကစားသမား ဘဝတွေကနေ နားသွားတော့ နောက်ထပ် ဘယ်သူ ထွက်ပေါ်လာမလဲ။ ကံကောင်းတာက အင်္ဂလန် အတွက် ဆယ်စုနှစ် တစုမှာ ကစားသမားကောင်း တယောက်တော့ ပေါ်ထွက်နေကျ၊ အခုလည်း ဘက်ခမ်း၊ ရွန်းနီ ပြီးတော့ အခု ဟာရီကိန်း (Harry Kane) ပေါ့။

နာမည် အပြည့်အစုံက Harry Edward Kane၊ ၁၉၉၃ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့မှာ မွေးတယ်၊ အသက် ၂၄ နှစ်ပဲ ရှိသေးတယ်။ လက်ရှိ ခြေစွမ်းကို အကောင်းဆုံး ထိန်းထားနိုင်မယ်၊ နောက်ထပ် ပိုပြီး ထက်မြက်တဲ့ ခြေစွမ်းတွေ တွေ့ရမယ် ဆိုရင်တော့ ဟာရီကိန်းဆိုတာ အနာဂါတ် အတွက် အားအထားရဆုံး ကစားသမား တယောက် အဖြစ် နောက်ထပ် ဆယ်စုနှစ် တစုလောက် ရှိနေဦးမှာပါ။

သူ့ကို အင်္ဂလန်က ဝယ်သမ်စတိုး (Walthamstow) မှာ မွေးတယ်၊ အရပ် ၆ ပေ ၂ လက်မ။ တိုက်စစ်မှူးစစ်စစ်။ ဥပမာ ရော်နယ်ဒို ဆိုရင် တိုက်စစ်မှူးလည်း ဟုတ်တယ်၊ တောင်ပံလည်း ထွက်ကစားနိုင်တယ်။ ဟာရီကိန်းကတော့ တိုက်စစ်သမား သက်သက်ပါ။ ရူနီနဲ့ အတူတူ ကျောနံပါတ် ၁၀ ကိုပဲ ဝတ်ဆင်တယ်၊ ကစားဟန်ကလည်း အင်္ဂလန် ကစားသမားတွေရဲ့ ဟန်အတိုင်း သွက်လက် လျင်မြန်မှုနဲ့ ကစားကွက် ပုံဖော် ကစားခြင်းကို အလေးပေး ကစားတာ တွေ့ရပါတယ်။

ဟာရီကိန်းရဲ့ ဘောလုံးလောကို ၁၉၉၉ ခုနှစ်မှာ စတင်ပြီး Ridgeway Rovers အသင်းမှာ ၂၀၀၁ ခုနှစ် ထိ ဘောလုံး ပညာသင်တယ်၊ ၂၀၀၁-၀၂ မှာတော့ နာမည်ကျော် အာဆင်နယ် အသင်းကို ရောက်လာတယ်၊ ဒါပေမယ့် သူ့ကို သဘောမကျတဲ့ အာဆင်နယ်ကနေ အသင်းဟောင်း Ridgeway Rover ကို နောက်နှစ်မှာ ပြန်ရောက်ပြီး ၂၀၀၄ ခုနှစ်ထိ နေတယ်။

အဲဒီနှစ်မှာ အသင်းကြီးတွေကို ပိုပြီး စိတ်ဝင်စားတဲ့ ဟာရီကိန်းက ဝက်ဖို့ကို ပြောင်းချင်တယ်၊ ဒါပေမယ့် ခဏပဲ ကြာပြီး အဆင်မပြေတာကြောင့် ၂၀၀၄ ကစပြီး လက်ရှိ ကလပ် စပါးရဲ့ ခေါ်ယူ ပညာ သင်ကြားပေးခြင်း ခံခဲ့ရပါတယ်။ စပါးမှာ ၂၀၀၄ ခုနှစ်က ၂၀၀၉ ခုနှစ်ထိ ဘောလုံး ပညာသင်ခဲ့လို့ စပါးရဲ့ ငယ်မွေးခြံပေါက်လို့ ပြောလို့ ရလာပါတယ်။

ကြေးစား ကျွမ်းကျင် ဘောလုံးသမား အဖြစ်တော့ ၂၀၀၉ ခုနှစ်မှာ စတင်လာပြီး လက်ရှိ အချိန်ထိ တခြား အသင်းတွေကို အငှား အချခံရလို့ ခဏတာ ရောက်သွားတာက လွဲလို့ တခြား အသင်းတွေကို ပြောင်းရွှေ့ ကစားတာ မတွေ့ရသေးပါဘူး။ စပါးအသင်း နဲ့ အတူ ရှိနေချိန်အတွင်း အငှားချခံရလို့ ၂၀၁၁ ခုနှစ်မှာ လေတန်အော်ရီယန့်အသင်းကို တရာသီ ရောက်တယ်၊ ၁၈ပွဲ ကစားပေးဖူးတယ်။

၂၀၁၂ ခုနှစ်မှာ မီဝေါလ်ကို ရောက်တယ်၊ ၂၂ ပွဲ ဝင်ကစားဖူးတယ်။ ၂၀၁၃ ခုနှစ်မှာ နော့ဝှစ်ချ်စီးတီးကို အငှားထပ်အချ ခံရတယ်၊ ၃ ပွဲ ဝင်ကစားတယ်၊ အဆိုပါနှစ်မှာပဲ ယခင် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ထားသူ လက်စတာစီးတီးဆီကို ရောက်တယ်၊ ၁၃ ပွဲ ကစားပေးထားဖူးတာ တွေ့ရပါတယ်။

၂၀၁၃ ကနေ နောက်တော့ စပါးကို ပြန်ရောက်လာပြီး အခုချိန်ထိ စပါးရဲ့ သစ္စာတော်ခံ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ စပါး အတွက် အခုချိန်ထိ ၁၂၃ ပွဲ ကစားထားတာ တွေ့ရပါတယ်။ ဒီပွဲတွေထဲမှာ ဟာရီကိန်းရဲ့ သွင်းဂိုးက စပါး အတွက်တင် ၈၆ ဂိုးထိအောင် ရှိနေပါတယ်။

အင်္ဂလန် အသင်း အတွက်ကတော့ အင်္ဂလန် U17 အသင်းမှာ ကတည်းက ပါဝင်ခဲ့ပြီး ၃ ပွဲ၊ U19 အတွက် ၁၄ ပွဲ၊ U20 အတွက် ၃ ပွဲ၊ U21 အသင်း အတွက်လည်း ၁၄ ပွဲနဲ့ အခု လက်ရွေးစင် အသင်းကြီး အတွက် ၂၃ ပွဲထိ ကစားပေးထားတာ တွေ့ရသလို အဆိုပါ ပွဲတွေကနေ ၁၂ ဂိုးရအောင် သွင်းယူပေးထားပြီး နှစ်ပွဲမှာ တဂိုးနှုန်းလောက် ရအောင် လက်ရွေးစင် အသင်း အတွက် ဂိုးတွေ ရယူပေးထားနိုင်တာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ အခုနှစ်ဟာ ဟာရီကိန်းရဲ့ နှစ်လို့တောင် ဆိုရမှာပါ၊ အခုနှစ် အတွင်း အင်္ဂလန်ရဲ့ နိုင်ငံပွဲစဉ် ၆ ပွဲမှာ ဟာရီကိန်းရဲ့ သွင်းဂိုးက ၇ ဂိုးထိအောင် ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဟာရီကိန်းအတွက် အားရစရာ သိပ်မရှိတဲ့ အပိုင်း တခုတော့ ရှိပါတယ်။ အဲဒါကတော့ ဆုဖလား လက်မဲ့ ဖြစ်နေခြင်း ပါ။ သူက အခုချိန်ထိ စပါးရဲ့ သစ္စာတော်ခံ အဖြစ် အမာခံ ကစားတယ်၊ စပါးဆိုတာကလည်း အင်္ဂလန်မှာ ကြီး ၄ ကြီး စာရင်းဝင် မဟုတ်ဘူး၊ သူ့ထက် အားကောင်းတဲ့ မန်ယူ၊ မန်းစီးတီး၊ အာဆင်နယ်၊ ချယ်ဆီး၊ လီဗာပူးတွေ ရှိနေသေးတယ်။ ဒီတော့ အခုချိန်ထိ ဟာရီကိန်းလက်ထဲမှာ အသင်းနဲ့ အတူ ပြစရာဆိုလို့ ၂၀၁၅ ခုနှစ်က ရတဲ့ Football League Cup ဖလားတလုံးပဲ ရှိတာ တွေ့ရပါတယ်။
တဦးချင်း ထူးချွန်ဆုတွေ အနေနဲ့တော့ ဟာရီကိန်းဟာ ၂၀၁၂ ခုနှစ်မှာ မီဝေါလ်အသင်းကနေ ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု ရတယ်၊ ပရီးမီးယားလိဂ်ရဲ့ တလတာ အကောင်းဆုံး ကစားဆုကိုလည်း ၅ ကြိမ်ရဖူးတယ်၊ BBC ကနေ ပေးအပ်တဲ့ တလတာ အကောင်းဆုံး သွင်းဂိုးဆုကိုလည်း ၂ ကြိမ်ရဖူးတယ်၊ PFAကနေ ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး အသင်းလူ စာရင်းမှာလည်း ၂၀၁၄ ကနေ ၂၀၁၇ ထိအောင် ၃ နှစ် ဆက်တိုက် ပါရှိခဲ့ပါတယ်။

PFA ကနေ ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကိုလည်း ၂၀၁၅ ခုနှစ်က ရဖူးတယ်၊ စပါး အသင်းရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ၂၀၁၅ ခုနှစ်က ရတယ်၊ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆု ကိုလည်း ၂၀၁၆ နဲ့ ၂၀၀၁၇ မှာ ၂ နှစ်ဆက် ရထားသလို PFA ရဲ့ ပရိတ်သတ်ကနေ ပေးတဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ၂၀၁၇ မှာ ရထားပါတယ်။ FIFPro World XI စာရင်းမှာလည်း အခုနှစ် ၂၀၁၇ မှာ အဆင့် ၅ ချိတ်ထား ပါသေးတယ်။

Ref: www.en.m.wikipedia.org

Did you find apk for android? You can find new Free Android Games and apps.
Loading