• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle အားကစား

ဘရာဇီးရဲ့ အမြင့်ဆုံး ပြည်တွင်းအမှတ်ပေး ဘောလုံးပြိုင်ပွဲ စီးရီးအေ

by Sid
22 November 2017
in အားကစား
A A
ဘရာဇီးရဲ့ အမြင့်ဆုံး ပြည်တွင်းအမှတ်ပေး ဘောလုံးပြိုင်ပွဲ စီးရီးအေ
4.5k
VIEWS
Share on FacebookShare on Twitter

အမေရိကတိုက် နှစ်တိုက်ဖြစ်တဲ့ မြောက်အမေရိကနဲ့ တောင်အမေရိက တွေမှာ ဒေသချင်း နီးစပ်ပေမယ့် တောင်အမေရိကတိုက် မှာ မက္ကဆီကိုက အစ ဘရာဇီးထိ ဘောလုံးကန်တာကို ဝါသနာပါတယ်၊ ဘောလုံးသမားကောင်းတွေ ထွက်ရှိပေမယ့် မြောက် အမေရိကတိုက် မှာတော့ ကမ္ဘာ့အင်အားကြီး အမေရိကန် ကိုယ်တိုင်တောင်မှ အမှတ်ပေးဘောလုံးပြိုင်ပွဲကို ကနေဒါနဲ့ တွဲဖက် ကျင်းပရလောက်သည်ထိ ဘောလုံးပရိတ်သတ်ရော ဝါသနာရှင်ပါ နည်းပါးပါတယ်။ အခုတော့ တောင်အမေရိကတိုက် အတွက်လည်း ပရိသတ် အများဆုံး ရှိတဲ့၊ ဘရာဇီး ပြည်တွင်းအမှတ်ပေး ဘောလုံးပွဲတွေထဲမှာ လည်း အဆင့်အမြင့်ဆုံးဖြစ်တဲ့ အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဘရာဇီးစီးရီးအေ အကြောင်း ပြောပြချင်ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12k
မြိတ်မြို့

မြိတ်မြို့

11 May 2025
577
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
252

ပြိုင်ပွဲအမည်ဖြစ်တဲ့ Campenonato Brasilerio Serie A က ဘရာဇီးလို ရေးထားတာ ဖြစ်လို့ အသံထွက်ရ နည်းနည်းခက် ပေမယ့် အင်္ဂလိပ် ဆိုရင်တော့ Brazilian Championship A Series လို့ အဓိပ္ပာယ်ရပါတယ်။ အမျိုးသားအမှတ်ပေး ဘောလုံး ပြိုင်ပွဲ တွေထဲမှာတော့ အမြင့်ဆုံး ပြိုင်ပွဲ ဖြစ်ပြီး အသင်းပေါင်း ၂၀ ပါဝင် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ စီးရီးအေဆိုတဲ့ အတိုင်း အစဉ်လိုက် အနေနဲ့ သူ့အောက်မှာ စီးရီးဘီ ပြိုင်ပွဲရှိတယ်၊ အခြားအမှတ်ပေး ဘောလုံးပြိုင်ပွဲတွေလိုပဲ တန်းဆင်း၊ တန်းတက် စနစ်ကိုလည်း ကျင့်သုံးတာတွေ့ရပါတယ်။ လက်ရှိမှာ ပြိုင်ပွဲကို အမေရိကန် အခြေစိုက် နာမည်ကျော် ကားကုမ္ပဏီ Chevrolet က စပွန်ဆာပေးထားလို့ ပြိုင်ပွဲအမည်ကို Brasileirao Chevrolet လို့လည်း ခေါ်တာတွေ့ရပါတယ်။

ပြိုင်ပွဲကို လွန်ခဲ့တဲ့ ၅၆ နှစ်၊ ၁၉၅၉ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က စတင် တည်ထောင် ကျင်းပခဲ့ပါတယ်။ ဘောလုံးအဖွဲ့ချုပ် အနေနဲ့တော့ ဘရာဇီး ဘောလုံးအဖွဲ့ချုပ် CBF ရဲ့ လက်အောက်ခံ အသိအမှတ်ပြု ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ရှေ့ပိုင်းမှာ ပါဝင် အသင်း ၂၀ မရှိပေမယ့် ၂၀၀၆ ခုနှစ်ကတည်းက အသင်း ၂၀ ထိအောင် ပါဝင် ယှဉ်ပြိုင်နေတာ ဖြစ်သလို တန်းဆင်းအသင်းက စီးရီးဘီကို ရောက်လာပြီး အဆိုပါ ပြိုင်ပွဲက ချန်ပီယံနဲ့ အမှတ်ပေး ဇယားထိပ်ဆုံးက သတ်မှတ် အသင်းတွေကအခု ပြိုင်ပွဲ ဘရာဇီးစီးရီးအေကို တန်းတက်ခွင့် ရတာ ဖြစ်ပါတယ်။

ပြည်တွင်း အခြားပြိုင်ပွဲတွေ အနေနဲ့တော့ အခု အမှတ်ပေးဖလား ပြိုင်ပွဲဝင် အသင်းတွေက Copa do Brasil ဖလားပြိုင်ပွဲကို ဝင်ကစားခွင့် ရတယ်၊ ချန်ပီယံအသင်းနဲ့ အတူ အခြားအမှတ်ပေး ဇယားထိပ်ဆုံးက အသင်းတွေ အနေနဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေ ဖြစ်တဲ့ Copa Libertadores နဲ့ Copa Sudamericana ပြိုင်ပွဲတွေကို ဝင်ခွင့်ရနေတာလည်း ဖြစ်ပါတယ်။ လက်ရှိ ၂၀၁၇ ခုနှစ် ဘောလုံးရာသီ ပြီးဆုံးသွားချိန်မှာ ချန်ပီယံအဖြစ် Corinthians အသင်းက ချန်ပီယံအဖြစ် ၇ ကြိမ်မြောက် ဆုဖလားကို ရယူထားနိုင်တာ တွေ့ရပြီး သမိုင်းတလျှောက် ချန်ပီယံ အများဆုံး ဖြစ်ထားတဲ့ အသင်းကတော့ Palmerias က ချန်ပီယံ ၉ ကြိမ်ထိ အများဆုံး ရထားပါတယ်။

အခု ဘရာဇီးစီးရီးအေ ဆိုတာက ကမ္ဘာမှာ လူကြိုက် အများဆုံး အမှတ်ပေး ဘောလုံးပြိုင်ပွဲတွေထဲက တခုပါ။ ဥရောပမှာ အင်္ဂလန်၊ စပိန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီတို့နဲ့ အတူ အခြားရုရှ၊ နယ်သာလန်စတဲ့ ပြိုင်ပွဲတွေ ကြီးစိုးထားသည့်တိုင်အောင် ကမ္ဘာ့အကြီးဆုံး အမှတ်ပေးဘောလုံးပြိုင်ပွဲကြီး ထိပ်ဆုံး ၁၀ စာရင်းမှာ အခုဘရာဇီးစီးရီးအေက ပါရှိနေတာလည်း ဖြစ်ပါတယ်။

International Federation of Football History & Statistics (IFFHS) ရဲ့ ၂၀၀၁ ခုနှစ် ကနေ ၂၀၁၂ ခုနှစ် အတွင်းဆယ်စုနှစ် စာရင်း ထုတ်ပြန်မှုမှာ ပရိတ်သတ် အားပေးမှုနဲ့ အင်အားတောင့်တင်းမှု စာရင်းမှာ ဘရာဇီးစီးရီးအေက အဆင့် ၄ နေရာ ချိတ်တာလည်း တွေ့ရပါတယ်။ အင်္ဂလန်၊ စပိန်၊ အီတလီတို့ပြီးရင် သူကအဆင့် ၄ နေရာမှာ ရှိနေတာ ဖြစ်ပြီး ဒါဟာ အခုနောက်ပိုင်း ငွေကြေးအသုံးပြုမှု များလာတဲ့ ပြင်သစ်လီဂူးနဲ့ ကမ္ဘာမှာ တပွဲပျမ်းမျှ ပရိတ်သတ် အများဆုံး ကြည့်ရှုတဲ့ ဂျာမနီဘွန်ဒက်လီဂါတွေကို နောက်ကောက်ကျ စေတာလည်း ဖြစ်ပါတယ်။

အမေရိကတိုက်မှာလူကြည့်အများဆုံး ဘောလုံးပြိုင်ပွဲ အဖြစ် စာရင်းဝင်နေသလို ထုတ်လွှင့်မှု အများဆုံး ဘောလုံးပွဲတခုအဖြစ် လည်း နိုင်ငံပေါင်း ၁၅၅ နိုင်ငံမှာ ပြသနေပါတယ်။ ဘဏ္ဍာရေးအင်အား အရ ကြည့်မယ် ဆိုရင်လည်း ငွေကြေးသုံးစွဲနိုင်မှု ဆဌမမြောက် အမြင့်ဆုံးပြိုင်ပွဲပါ။ ၂၀၁၂ ခုနှစ်ကစပြီး စာရင်းတွေ အရ ပြိုင်ပွဲကနေ တနှစ်ကို ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၇ ဘီလီယံလောက် ရရှိနေတာလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲစတင် တည်ထောင်ချိန်ကနေ အခုချိန်ထိ အသင်းပေါင်း ၁၅၆ သင်း ရှိခဲ့ပြီး အသင်းပေါင်း ၁၇ သင်းက ချန်ပီယံဖြစ်ဖူး သလို အဆိုပါ အသင်းတွေထဲက ၁၂ သင်းက တကြိမ်ထက် မက ချန်ပီယံဆု ရယူထားနိုင်ကြပါတယ်။

ဘရာဇီးစီးရီးအေ ရဲ့ ပြိုင်ပွဲကစားပုံက မေလကနေ ဒီဇင်ဘာ နှစ်မကူးဘဲ တနှစ် အတွင်းမှာပဲ ဘောလုံးရာသီ သိမ်းအောင် ကစားပါတယ်။ အခြားအမှတ်ပေး ပြိုင်ပွဲတွေလိုပဲ အိမ်ကွင်း၊ အဝေးကွင်း လက်ခံကစားပါတယ်။ တနှစ်မှာ အသင်းတသင်းက ၃၈ ပွဲ ကစားရပါတယ်။ ရမှတ်၊ နိုင်ပွဲ အရေအတွက်၊ ဂိုးကွာခြားချက်၊ စုစုပေါင်း သွင်းဂိုးတွေကို ကြည့်ပြီး အမှတ်ပေးဇယားကို စဉ်ပါတယ်။

ရာသီသိမ်းချိန်မှာ ရမှတ်တူနေရင် နိုင်ပွဲရမှု အရေအတွက်၊ ဂိုးကွားခြားချက်၊ စုစုပေါင်းသွင်းဂိုးနဲ့ ရမှတ်တူ အသင်းချင်း ရင်ဆိုင်စဉ် ရလဒ်တွေကို ပြန်ကြည့်ပြီး ချန်ပီယံကို ဆုံးဖြတ်တာလည်း တွေ့ရပါတယ်။ ဒီအချက်တွေမှ ထပ်တူနေမယ် ဆိုရင်တောင် အဝါကတ် ပြသခံရမှု၊ အနီကတ် ပြသခံရမှုတွေကို ကြည့်ပြီးချန်ပီယံ ရွေးချယ်မယ် လို့ စည်းကမ်းထုတ်ထားတာလည်း တွေ့ရပါ တယ်။

ဘရာဇီး စီးရီးအေမှာ အခုချိန်ထိ ချန်ပီယံအများဆုံး ဖြစ်ထားသူ အသင်းက Palmeiras ဖြစ်ပြီးချန်ပီယံ ၉ ကြိမ်၊ ဒုတိယ ၃ ကြိမ် ရထားပါတယ်။ Santos အသင်းကတော့ ချန်ပီယံ ၈ ကြိမ်၊ ဒုတိယ ၇ ကြိမ်နဲ့ Palmeiras ကို အနီးကပ် ဖိအားပေးနေတာပါ။ Corinthians အသင်းကတော့ ချန်ပီယံ ၇ ကြိမ်၊ ဒုတိယ ၃ ကြိမ် ရထားပါတယ်။

Sao Paulo အသင်းက ချန်ပီယံ ၆ ကြိမ်၊ ဒုတိယ ၆ ကြိမ် ရထားပါတယ်၊ Flamengo ကတော့ ချန်ပီယံ ၅ ကြိမ်၊ ဒုတိယ ၁ ကြိမ်၊ Cruzeiro က ချန်ပီယံ ၄ ကြိမ်၊ ဒုတိယ ၅ ကြိမ်၊ Vasco က ချန်ပီယံ ၄ ကြိမ်၊ ဒုတိယ ၄ ကြိမ်၊ Fluminese က ချန်ပီယံ ၄ ကြိမ်၊ Internacional က ချန်ပီယံ ၃ ကြိမ်၊ ဒုတိယ ၆ ကြိမ်၊ Botafogo အသင်းက ချန်ပီယံ ၂ ကြိမ်၊ ဒုတိယ ၃ ကြိမ်၊ Germio က ချန်ပီယံ ၂ ကြိမ်၊ ဒုတိယ ၃ ကြိမ်၊ Bahia က ချန်ပီယံ ၂ ကြိမ်၊ ဒုတိယ ၂ ကြိမ်၊ Atletico Mineiro အသင်းက ချန်ပီယံ ၁ ကြိမ်၊ ဒုတိယ ၅ ကြိမ်၊ Guarani က ချန်ပီယံ ၁ ကြိမ်၊ ဒုတိယ ၂ ကြိမ်၊ Atletico Paranaense က ချန်ပီယံ ၁ ကြိမ်၊ ဒုတိယ ၁ ကြိမ်၊ Sport နဲ့ Coritiba တို့က ချန်ပီယံ ၁ ကြိမ်စီ ရယူထားနိုင်တာ တွေ့ရပါတယ်။

ပြိုင်ပွဲတလျှောက် ပွဲအများဆုံး ကစားထားသူအဖြစ် ဂိုးသမား Rogerio Ceni က ပွဲပေါင်း ၅၇၅ ပွဲထိအောင် ကစားပြီးစံချိန် တင်ထားသလို ဂိုးအများဆုံး သွင်းယူထားသူ အဖြစ်ကတော့ Roberto Dinamite က ပြိုင်ပွဲစုံဂိုး ၁၉၀ ထိအောင် သွင်းယူထားပါတယ်။

Ref: ww.en.m.wikipedia.org

Your Thoughts …
Tags: ဘရာဇီး စီးရီးအေ
Sid

Sid

...

Similar Picks:

No Content Available
Next Post
မေတ္တာဖြင့် ပေးပြီးမှ ဖယ်ရှားပေးရန် တရားစွဲဆို (ရုပ်/သံ)

မေတ္တာဖြင့် ပေးပြီးမှ ဖယ်ရှားပေးရန် တရားစွဲဆို (ရုပ်/သံ)

ရှမ်းယူနိုက်တက် အသင်းက နေရှင်နယ်လိဂ်တွင် ချန်ပီယံအဖြစ် ထိုက်ထိုက်တန်တန် ပေါ်ထွက်လာသည်/ FOX Sports Asia

လာခြင်းကောင်းသော ရှမ်းယူနိုက်တက်နှင့် ၂၀၁၇ ဘောလုံးရာသီရီဗျူး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate