• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle အားကစား

လာခြင်းကောင်းသော ရှမ်းယူနိုက်တက်နှင့် ၂၀၁၇ ဘောလုံးရာသီရီဗျူး

by Gabriel Tan
22 November 2017
in အားကစား
A A
ရှမ်းယူနိုက်တက် အသင်းက နေရှင်နယ်လိဂ်တွင် ချန်ပီယံအဖြစ် ထိုက်ထိုက်တန်တန် ပေါ်ထွက်လာသည်/ FOX Sports Asia

ရှမ်းယူနိုက်တက် အသင်းက နေရှင်နယ်လိဂ်တွင် ချန်ပီယံအဖြစ် ထိုက်ထိုက်တန်တန် ပေါ်ထွက်လာသည်/ FOX Sports Asia

5.2k
VIEWS
Share on FacebookShare on Twitter

ကလပ်အသင်း တသင်းဖြစ်သည့် ရှမ်းယူနိုက်တက် အသင်းက နေရှင်နယ်လိဂ်တွင် ချန်ပီယံအဖြစ် ထွက်ပေါ်လာခြင်းကြောင့် ၂၀၁၇ ခုနှစ်သည် မြန်မာ့ဘောလုံး လောကတွင် သမိုင်းဝင်နှစ် တနှစ် ဖြစ်သည်။

ပထမဆုံး ၉ ရာသီအတွင်း ရှမ်းယူနိုက်တက် အသင်းသည် ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက်တို့ ၂ သင်း၏ အသာစီး ယူထားခြင်း ကို အဆုံးသတ်ခဲ့ပြီး ရှေ့လာရောက်ခဲ့သည်။ လိဂ်တွင် အနိုင်ရရုံမျှ မကသေးဘဲ ရှမ်းယူနိုက်တက် အသင်းအသည် ရတနာပုံနှင့် ရန်ကုန်တို့၏ ခြေကို မီအောင်ကြိုးစားရင်း ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပါ အနိုင်ရခဲ့သဖြင့် ထပ်ဆင့်အောင်ပွဲခံခဲ့သည်။

RelatedPosts

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

3 March 2025
5.1k
အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

10 August 2024
1.8k
ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ

ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ

30 June 2024
2.1k

နိုင်ငံတကာ မျက်နှာစာတွင်လည်း ၂၀၁၉ AFC အာရှဖလား အတွက် အဆင့်မီမီ ဆက်လက် ရပ်တည်နိုင် သဖြင့် နည်းပြ Gerd Zeise ကြီးကြပ်မှုအောက်တွင် အသင့်အတင့် အောင်မြင်သည့်နှစ် ဖြစ်သည်။ ပြီးခဲ့သည့် ၁၁ လ အတွင်း မြန်မာ့ဘောလုံးလောက ဖြစ်ပျက်ခဲ့သမျှ အားလုံးကို FOX Sports Asia က အောက်ပါအတိုင်း သုံးသပ်ပါသည်။
အိမ်ကွင်းမှာ ဘာဖြစ်ခဲ့လဲ

ယခုရာသီသစ်တွင်လည်း ရန်ကုန် (သို့မဟုတ်) ရတနာပုံ တသင်းသင်းက ချန်ပီယံဖြစ်လာမည် ဟု မျှော်လင့်ခဲ့ကြသည်။ တပတ်ပြီး တပတ် ကစားခဲ့ကြပြီးနောက် ရှမ်းယူနိုက်တက် အသင်း၏ အရှိန်အဟုန်က အားကောင်းလာခဲ့ပြီး အရည်အသွေး ပြည့်၀ အားကောင်းသည့် ကစားသမားများ အဖြစ် သက်သေပြနိုင်ခဲ့ကြသည်။

ရာသီ၏ နောက်ဆုံးနေ့တွင် ချန်ပီယံ ၄ ကြိမ်ရခဲ့သည့် ရန်ကုန်ယူနိုက်တက် အသင်းကို ရှမ်းယူနိုက်တက်အသင်းက ၂ မှတ် အသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ရန်ကုန် ယူနိုက်တက်က ချင်းယူနိုက်တက် အသင်းကို ၇ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ အကြောင်းမူကား ဟံသာဝတီယူနိုက်တက် အသင်းကို ရှမ်းယူနိုက်တက် အသင်းက ၄ ဂိုး- ဂိုးမရှိဖြင့် အောင်ပွဲခံနိုင်ခဲ့သောကြောင့် ဖြစ်သည်။

ထိုအောင်မြင်မှုနှင့် ရပ်တန့် မနေဘဲ နောက် ၃ ရက်မြောက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း နောက်ဆုံးဗိုလ်လုပွဲတွင် ရှမ်းယူနိုုက်တက်က ရန်ကုန်ယူနိုက်တက်ကို ၂ ဂိုး- ၁ ဂိုးဖြင့် ပွဲသိမ်း ကစားနိုင်ခဲ့လေသည်။

အားလုံး၏ ထိပ်ဆုံး

ပြောရမည် ဆိုလျှင် ရှမ်းယူနိုက်တက် အသင်းသည် ၂၀၁၇ တွင် ခြေပေါ်လာသည့် အကောင်းဆုံး အသင်းအဖြစ် မှန်ကန်စွာ ရပ်တည်နိုင်ပြီ ဖြစ်သည်။ ၎င်းတို့သည် ဘောလုံးကို ချုပ်ထိန်းထားနိုင်ဆုံး ဘက်တွင် မရှိသလို အသွင်အမျိုးမျိုး ပြောင်း၍ အကန်နိုင်ဆုံးလည်း မဟုတ်ကြပါ။ သို့သော် နောက်တန်းလုံ သလို ရှေ့တန်းကလည်း ထိုးဖောက်နိုင်သည်။

မြန်မာ့လက်ရွေးစင်များဖြစ်သော သီဟစည်သူ၊ ဝင်းမင်းထွဋ်နှင့် ရန်နိုင်ဦးတို့ဖြင့် အခိုင်အမာ ကျားကန်ထားသော ရှမ်းယူနိုက်တက်သည် လိဂ်တွင် ၈ ဂိုးသာ ပေးခဲ့ရသည်။ ထိန်းချုပ်ရန် ခက်ခဲသော နိုင်ဂျီရီးယား တိုက်စစ်မှူးထံမှ သင်ခန်းစာတခုလည်း အမြတ်ရလိုက်သည်။

တိုးတက်ရန် လိုအပ်ချက်များ

ချန်ပီယံဟောင်း ရတနာပုံသည် အမြင့်ဆုံး ၇ မှတ်အကွာဖြင့် တတိယနေရာသာ ရသဖြင့် စိတ်ပျက်ရဖွယ်ရှိသည်။ ၎င်းတို့သည် ခပ်သွက်သွက်တိုက်စစ်ဖြင့် အကွက်ဆင် ကစားနိုင်ခဲ့ပြီး ၄၇ ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ ၂၇ ဂိုးပေးခဲ့ရပြီး ထိပ်တန်း ၇ ဆင့်တွင် အဆိုးဝါးဆုံးခံစစ် အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ ရတနာပုံသည်လည်း အုပ်စု H ၄ သင်းတွင် အနိုင်ရထားသည့် အသင်းတသင်း ဖြစ်သော်လည်း AFC ဖလား ဝင်ကန်နိုင်ရေး အတွက် အလှမ်းဝေးသွားခဲ့ရသည်။

ဤရာသီ အတွက် ကြယ်ပွင့်များ

အောင်သူ (ရတနာပုံ)

ရတနာပုံအသင်း အတွက် စိတ်ပျက်ဖွယ် ရာသီဟု မှတ်ယူရမည့် အချိန်အတွင်း အောင်သူကတော့ ရေပန်းစားနေဆဲ ဖြစ်ပြီး မကြာသေးမီ ကပင် ထိုင်းနိုင်ငံသို့ သွားရောက်ကစားရန် ချိတ်ဆက်နိုင်ခဲ့ပြီ ဖြစ်သည်။ အသက် ၂၁ အရွယ်ရှိ အောင်သူသည် လိဂ်တွင် သွင်းဂိုးပေါင်း ၆ ဂိုးသာ ရှိသော်လည်း တိုက်စစ်မှူး နံပါတ် ၁၀ နေရာတွင် ကစားနိုင်ကြောင်း ပြသနိုင်ခဲ့သည်။

အောင်သူသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) တွင် ရေပန်းစားလာခဲ့ခြင်း ဖြစ်ပြီး မြန်မာ U-22 အသင်းက ရွှေတံဆိပ်နှင့် လွဲခဲ့ရသော်လည်း သူကတော့ ၄ ဂိုးအထိ သွင်းကာ ဂိုးအများဆုံးသွင်းနိုင်သူ ဖြစ်ခဲ့သည်။

ခရစ္စတိုဖာ ချီဇိုဘာ (ရှမ်းယူနိုက်တက်)

ရှမ်းယူနိုက်တက် အသင်းအတွက် ၂၀၁၇ တွင် အလွန်ကြီးမားသည့် အောင်ပွဲခံ အနိုင်ရရှိခဲ့သလို သူတို့ အတွက် စွဲထင်ကျန်နေ မည်မှာ ခံစစ်မှတ်တမ်း ဖြစ်ပြီး အသင်းကို အောင်ပွဲဆီသို့ တလကြမ်းကစားကာ ဆွဲခေါ်သူမှာ ချီဇိုဗာဖြစ်သည်။ နိုင်ဂျီရီးယား ကစားသမားသည် သူ့ဘက်တွင် ၃၇ ဂိုးရသည့် အနက် ၁၅ ဂိုးကို ပွဲစဉ် တလျှောက် သွင်းနိုင်ခဲ့သည်။ ထို့ထက်ပို၍ အရေးကြီးသည်က အသင်းအတွက် အလိုအပ်ဆုံး အချိန်တွင် သူ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထူးထူးခြားခြား အမှတ်ရစေသည့် ဖြစ်ရပ်မှာ သူ၏ ၈၄ မိနစ် တိုက်စစ် ဖြစ်သည်။ ယင်းသို့ ကစားအရှိန်မြှင့်ကာ မနားတမ်း ထိုးဖောက် ကစားနိုင်မှုက ရတနာပုံကို ၃ ဂိုး ၂ ဂိုးဖြင့် ယခုရာသီ မသိမ်းမီ အောင်ပွဲခံနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်၏ အိပ်မက် လက်တွေ့ အကောင်အထည် ပေါ်လာစေသည်မှာ ယင်း သွင်းဂိုးနှင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

သီဟဇော် (ဧရာဝတီ ယူနိုက်တက်)

မြန်မာနေရှင်နယ်လိဂ်သည် ဒေသတွင်း အလားအလာ အတွက် အောင်သူနှင့် ကျော်ကိုကို တို့လို လျှမ်းလျှမ်းတောက် မဖြစ်ခဲ့သော်လည်း သီဟဇော်ကို ယခုရာသီ အတွက် အားထားရသူ ကစားသမား တဦး အဖြစ် သီးဟဇော်ကို မွေးထုတ်နိုင် ခဲ့သည်။ သူသည် မြန်မာအမျိုးသားအသင်း အတွက် မကြာသေးမီ အချိန်အတွင်း ဝင်လိုက်ထွက်လိုက် ရှိနေခဲ့သော်လည်း နည်းပြ Zeise က သူ့ရလဒ်များကို အသိအမှတ်ပြု လာရသည်။ အထူးသဖြင့် သူ့ကို ကွင်းလယ်သမား အဖြစ် သတ်မှတ် လျာထားခံရသည်။

သူ သွင်းခဲ့သည့် ၈ ဂိုးက ဧရာဝတီယူနိုက်တက် အတွက် အထင်ကရ ဖြစ်ခဲ့ပြီး အများလေးစားစရာ စတုတ္ထ နေရာဖြင့် အဆုံးသတ်နိုင်ခဲ့သည်။ သီဟဇော်သည် အသက် ၂၃ နှစ်သာ ရှိသေးသဖြင့် သူ့အနာဂတ်မှာ တောက်ပလို့ နေသည်။

အမျိုးသားအသင်း အတွက် မှတ်ကျောက်

ယခုနှစ်ပိုင်းများတွင် မြန်မာအမျိုးသား အသင်းမှာ တတ်စွမ်းသလောက် ကစားခဲ့သည်ဟု ဆိုနိုင်သည်။ ဆီးဂိမ်းတွင် စတုတ္ထနေရာ ရခဲ့ခြင်းက U-22s အတွက် စိတ်ပျက်စရာ တချက်ဖြစ်ခဲ့သည်။ သူတို့သည် စစ်မှန်သည့် ပြိုင်ဘက်များနှင့် ပြိုင်ပွဲကို စိတ်ပျက်ဖွယ် ရလဒ်များဖြင့် ဖြတ်သန်းရင်း အချိန်ကုန်ဆုံးခဲ့သည်။ ထိုင်းနှင့် ရင်ဆိုင်ခဲ့ရ သည့် အကြိုဗိုလ်လုပွဲတွင်သာ ခြေစွမ်းပြ ကစားနိုင်မှုကို နားလည် အသိအမှတ်ပြု ပေးစရာရှိသည်။

သူတို့ အတွက် အပေါင်းလက္ခဏာများ များစွာ လိုအပ်နေဆဲ ဖြစ်ပြီး ၂၀၁၇ အတွက် ဝါရင့်အသင်း အနေဖြင့် ဤမျှလောက်ဖြင့် နှစ်သိမ့်ခဲ့ရသည်။ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲအောင်ရန် နှစ်ပွဲသာ ရှိတော့သည်။ ဖြစ်နိုင်ခြေ ရလဒ်များမှ ဝေးကွာလျှက် ကာဂျစ္စတန်နှင့် မကာအိုကို အောင်ပွဲခံနိုင်ခဲ့သည် အထိ ကံကောင်းနေသေးသည်။ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အသင်းနှင့် ခြေစွမ်းကတော့ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

ကိုးကား ။ ။ www.foxsportsasia.com

Your Thoughts …
Tags: မြန်မာ့ဘောလုံး
Gabriel Tan

Gabriel Tan

...

Similar Picks:

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)မှ စီစဉ်သည့် Football For School ပရောဂျက် မိတ်ဆက်ပွဲအခမ်းအနားတွင်တွေ့ရသော နိုင်ငံတော် အတိုင်ပင်ခံနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် / မျိုးမင်းစိုး / ဧရာဝတီ

မြန်မာ့ ဘောလုံးလောကရဲ့ ပြိုင်ဘက် မရှိ ဥက္ကဋ္ဌ

by ဆလိုင်းသန့်စင်
6 February 2020
23.5k

MFF ဥက္ကဋ္ဌရာထူးကို ဝင်ရောက် ယှဉ်ပြိုင် အရွေးခံသူ မရှိတဲ့အတွက် လက်ရှိ ဥက္ကဋ္ဌ ဦးဇော်ဇော်ကပဲ ဆက်လက် တာဝန်ယူခဲ့ရပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဂျပန်နည်းပြများ / JAF

ရန်ကုန်၊ ပုသိမ် ဘောလုံးအကယ်ဒမီများ၌ သင်ကြားရန် ဂျပန်နည်းပြ ၂ဦးရောက်ရှိ

by ဧရာဝတီ
12 March 2018
7.3k

မြန်မာ့ဘောလုံးလောက တိုးတက်ဖွံ့ဖြိုးရေး ဂျပန်ဘောလုံးအဖွဲ့ချုပ်က အကူအညီပေး သည့် အနေဖြင့် နည်းပြ ၂ဦးကို ရန်ကုန်နှင့် ပုသိမ်ရှိ ဘောလုံး အကယ်ဒမီများတွင် တာဝန်ထမ်းဆောင် ရန် မကြာသေးမီက စေလွှတ်လိုက်ကြောင်း သိရသည်။

Next Post
မဟာဗျူဟာ

မဟာဗျူဟာ

ကော့စ်ဘဇားအနီး ဒုက္ခသည်စခန်းတခုရှိ ကလေးငယ်များ စားနပ်ရိက္ခာ အထောက်အပံ့များ သယ်ယူကြစဉ်/Reuters

မြန်မာပြည်တွင် လူမျိုးခွဲခြားဆက်ဆံမှု ကျင့်သုံးဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ပြော

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate