အားကစား

ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဘောလုံးကွင်းများ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာပေါ်မှာ ရှိတဲ့ ဘောလုံးကွင်းတွေထဲကမှ သက်တမ်း အရင့်ဆုံး အားကစားကွင်းတွေ အကြောင်း တင်ပြပါမယ်။ သက်တမ်း အရင့်ဆုံးလည်း ဖြစ်၊ အစဉ်အလာကောင်းတို့ စတင်ရာလည်း ဖြစ်လို့ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ဘောလုံးကွင်း အများစုက ဘောလုံးကို နှစ်သက်ကြတဲ့ ဥရောပမှာ တည်ရှိတာ ဖြစ်ပြီး Footballs Top Ten ရဲ့ ဖော်ပြချက်မှာ ဥရောပက အားကစားကွင်းတွေ အများဆုံး ပါဝင်နေတာ တွေ့ရပါတယ်။

(၁၀) Celtic Park ကစားကွင်း ။ ။ စကော့တလန်မှာ ရှိတဲ့ ဘောလုံးကွင်းတွေထဲမှာတော့ သက်တမ်းအရင့်ဆုံး ဘောလုံးကွင်း တခု ဖြစ်ပြီး ၁၈၉၂ ခုနှစ်ကတည်းက တည်ဆောက် အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ စကော့တလန် အင်အားကြီး ဘောလုံးအသင်း ဆဲလ်တစ်ရဲ့ အိမ်ကွင်း အဖြစ် အသုံးပြုနေပါတယ်။ အခု အိမ်ကွင်းကို အသစ် ပြန်လည် တည်ဆောက် ပြင်ဆင်ထားတာ မကြာသေးပဲ လက်ရှိမှာတော့ ပရိတ်သတ် ၆ သောင်းလောက်ထိ ဆံ့နေပြီ ဖြစ်လု့ိ အင်္ဂလန်မှာ အကြီးဆုံး ဘောလုံးကွင်းတွေထဲက တခု ဖြစ်လာပါတယ်။ ၂၀၁၄ ခုနှစ်က ဓနသဟာယနိုင်ငံများ အားကစားပြိုင်ပွဲ ဖွင့်ပွဲကို လက်ခံကျင်းပခဲ့တာလည်း တွေ့ရပါတယ်။

(၉) St. James’ Park ကစားကွင်း ။ ။ ဆဲလ်တစ်အိမ်ကွင်းနဲ့ သက်တမ်း အတူတူ ဖြစ်ပြီး ၁၈၉၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပေမယ့် တကယ်တမ်း လေ့လာချက်တွေ အရ ၁၈၈၀ ပြည့်နှစ်ကတည်းက တည်ဆောက် အသုံးပြုလာခဲ့တယ် လို့လည်း ယူဆရပါတယ်။ မှတ်တမ်းတွေ အရ ကွင်းနေရာမှာ ပထမဆုံး အားကစားပွဲတွေကို ၁၈၈၀ ပြည့်နှစ်တွေမှာ ကစားနေပြီ ဖြစ်ပေမယ့် စိန့်ဂျိမ်းပါ့ခ် အမည်နဲ့ ကွင်းကိုတော့ ၁၈၉၂ ခုနှစ်မှာမှ တည်ဆောက်ပြီးစီးခဲ့တာပါ။ လက်ရှိ အင်္ဂလန်မှာလည်း ၄ ခုမြောက် အကြီးဆုံး ဘောလုံးကွင်း တခု ဖြစ်နေပြီး ပရိတ်သတ် ၅၂၀၀၀ ဆံ့ပါတယ်။

(၈) Anfield ကစားကွင်း ။ ။ ၁၈၈၄ ခုနှစ်မှာ တည်ဆောက် အသုံးပြုနေခဲ့တဲ့ အခု ကွင်းကတော့ အစပိုင်းမှာ အဲဗာတန်ရဲ့ အိမ်ကွင်း ဖြစ်ဖူးပြီး လက်ရှိမှာတော့ အင်္ဂလန် ကလပ် အသင်းတွေထဲမှာ ဒုတိယမြောက် အောင်မြင်မှု အများဆုံး အသင်း လီဗာပူးလ်ရဲ့ အိမ်ကွင်း ဖြစ်နေပါပြီ။ ၁၈၉၁ ခုနှစ်မှာ Football League ဖလားရသည်ထိ အဲဗာတန်က လီဗာပူးအရင် ၈ နှစ်ကြာ အိမ်ကွင်း အဖြစ် သုံးခဲ့ဖူးပါတယ်။ နောက်တော့ အဲဗာတန်က Goodison Park ကို ရောက်သွားပြီး အဆိုပါ အချိန်က အိမ်ကွင်း မရှိတဲ့ လီဗာပူးလ် အတွက် အခု အန်ဖီးလ်က အိမ်ကွင်း ဖြစ်လာပါတယ်။

(၇) Cappielow Park ကစားကွင်း ။ ။ ၁၈၇၉ ခုနှစ်ကတည်းက သုံးလာခဲ့တဲ့ အခု ကွင်းက ကမ္ဘာပေါ်က ရှေးအကျဆုံး ဘောလုံး အသင်း တသင်း ဖြစ်တဲ့ Greenock Morton F.C ရဲ့ အိမ်ကွင်း ဖြစ်ခဲ့ပါတယ်။ အသင်းက စကော့တလန် အမှတ်ပေးပြိုင်ပွဲမှာ ဝင်ပြိုင်နေတာ တွေ့ရပြီး ၁၉၀၀ ပြည့်နှစ်တွေ အတွင်းက ဆိုရင် စကော့တလန်မှာ အကောင်းဆုံး ဘောလုံးကွင်းတွေထဲက တခု ဖြစ်ခဲ့ပါတယ်။ ၁၉၀၂ ခုနှစ်က ဝေးလ်နဲ့ စကော့တလန်ရဲ့ Home Championship ကိုတောင် အိမ်ကွင်း အဖြစ် လက်ခံ ကစားနိုင်အောင် ကောင်းမွန်ခဲ့ပါတယ်။

(၆) Stamford Bridge ကစားကွင်း ။ ။ ၁၈၇၇ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ အခု ကွင်းက မူလ အစပိုင်းမှာ London Athletic Club ရဲ့ အိမ်ကွင်း ဖြစ်ခဲ့ပါတယ်။ Counter လို့ လူသိများတဲ့ ချောင်းငယ်လေး အနီးမှာ တည်ဆောက်ထားပါတယ်။ ဒီမြစ်ငယ် လေးကို ဖြတ်ပြီး တည်ဆောက်ထားတဲ့ တံတားလည်း ၂ စင်း ရှိပါတယ်။ Stanbridge နဲ့ Stamford Bridge တွေ ဖြစ်ပါတယ်။ ဒီတံတားတွေဆီကနေပဲ အိမ်ကွင်း အမည်ကို ရယူထားပုံ ရပါတယ်။ အစပိုင်းမှာ လီဗာပူးလ်နဲ့ ချယ်ဆီးလို အိမ်ကွင်း မရှိတဲ့ အသင်းတွေ အတွက် အိမ်ကွင်း ရရှိဖို့ အခွင့်အလမ်း ရှိလာစေခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိ ချယ်ဆီးရဲ့ အိမ်ကွင်း ဖြစ်ပြီး FA ဖလား ဗိုလ်လုပွဲတွေကိုတောင် လက်ခံကစားနိုင်နေတာ တွေ့ရပါတယ်။

(၅) Deepdale ကစားကွင်း ။ ။ Preston North End အသင်းရဲ့ အိမ်ကွင်း ဖြစ်ပြီး သူ့ကို ၁၈၇၈ ခုနှစ်ကတည်းက တည်ဆောက် အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းမှာ ဘောလုံးထက် အခြား အားကစားပွဲတွေ လက်ခံကစားဖို့ တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။ လယ်ကွက်မြေနေရာမှာ တည်ဆောက်ထားတာပါ။ အင်္ဂလန်မှာ လက်ရာမြောက် လှပသေသပ်အောင် တည်ဆောက်ထားတဲ့ ကွင်းတွေထဲက တခုပါ။ အခုတော့ ပြန်လည် ပြင်ဆင်ထားမှုတွေ ပြုလုပ်ထားပြီး ပရိတ်သတ် ၂၃၀၀၀ ဆံ့ပါတယ်။ ပွဲကြည့်ဆောင် ပင်မ ၄ ခုရဲ့ အမည်တွေက ကစားသမားဟောင်းတွေထဲက ဂုဏ်ပြုထိုက်သူ တွေရဲ့ အမည်တွေကို ပေးထားတာလည်း တွေ့ရပါတယ်။

(၄) The Racecourse ကစားကွင်း ။ ။ ဝေးလ်က Wrexham မှာ ရှိပြီး နိုင်ငံတွင်းမှာတော့ သက်တမ်းအရင့်ဆုံး ဘောလုံးကွင်း လည်း ဖြစ်ပါတယ်။ ၁၈၀၇ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာပါ။ အစပိုင်းမှာ ခရစ်ကတ်ပွဲတွေ ကစားပြီး ၁၈၆၄ ရောက်မှ ဘောလုံးပွဲတွေ လက်ခံ ကစားခဲ့ကြတာပါ။ Wrexham F.C ကလည်း အဆိုပါ ၁၈၆၄ မှာပဲ တည်ထောင်ခဲ့ပြီး အခုကွင်းကို အိမ်ကွင်း အဖြစ် အသုံးပြုခဲ့ပါတယ်။ ဝေးလ်ကိုယ်စားပြုလက်ရွေးစင် အသင်းကလည်း ၁၈၇၇ ခုနှစ်မှာ အိမ်ကွင်း အဖြစ် ရယူ အသုံးပြုတာလည်း တွေ့ရပါတယ်။ နိုင်ငံတကာ ပွဲစဉ်တွေကိုလည်း လက်ခံကစားပါတယ်။ အခုနှစ်ပိုင်းမှာတော့ ကွင်း အနေနဲ့ ဘဏ္ဍာရေး အခက်အခဲ ရှိနေပြီး ပြင်ဆင်မှု အားနည်းနေတာ တွေ့ရပါတယ်။

(၃) Bramall Lane ကစားကွင်း ။ ။ ကမ္ဘာပေါ်က သမိုင်းဝင် ဘောလုံးကွင်း တခုပါ။ ၁၈၅၅ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ပြီး ကနဦးမှာ ခရစ်ကက်ကွင်း ဖြစ်ခဲ့ပါတယ်။ ၁၈၆၂ ခုနှစ်မှာတော့ Sheffield F.C နဲ့ Hallam F.C ရဲ့ ပွဲကို ပထမဆုံး လက်ခံ ကစား ခဲ့ပါတယ်။ အင်္ဂလန်ပြည်တွင်း ဘောလုံးပွဲတွေကို ပထမဆုံး လက်ခံ ကစားတဲ့ ကွင်း အဖြစ်လည်း မှတ်တမ်း ဝင်နေပါတယ်။ ၁၈၆၇ ခုနှစ်မှာ Youdan Cup ကို ပထမဆုံး လက်ခံ ကျင်းပခဲ့ပါတယ်။ ၁၈၉၉ ခုနှစ်ကတည်းက ရှက်ဖီးအသင်းရဲ့ အိမ်ကွင်း ဖြစ်နေခဲ့ပြီး လက်ရှိ ပရိတ်သတ် ၃၂၀၀၀ ဆံ့ပါတယ်။

(၂) Field Mill ကစားကွင်း ။ ။ ၁၈၉၁ ခုနှစ်ကတည်းက ဘောလုံးပွဲတွေ လက်ခံ ကျင်းပနေပြီ ဖြစ်တဲ့ ဘောလုံးကွင်း တကွင်းပါ။ ဒါပေမယ့် မှတ်တမ်းတွေ အရတော့ အခုကွင်းရဲ့ သက်တမ်းက အခုထက်ပိုပြီး ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ၁၉၁၉ ခုနှစ်ကတည်းက Mansfield Town ရဲ့ အိမ်ကွင်း အဖြစ် ရှိနေတာ ဖြစ်ပြီး လက်ရှိမှာ ပရိတ်သတ် ၁ သောင်းလောက်ပဲ ဝင်ဆံ့ပါတယ်။ League Two မှာ ကစားနေတဲ့ အသင်း တသင်း အတွက် အဆင်ပြေပေမယ့် ရှေးအကျဆုံး ကွင်း တခု အနေနဲ့ အခုထက်ပိုပြီး ပြင်ဆင် တည်ဆောက်မှု လုပ်ဆောင်သင့်နေတာလည်း ဖြစ်ပါတယ်။

(၁) Sandygate Road ကစားကွင်း ။ ။ ဒီကွင်းက လက်ရှိ ကမ္ဘာမှာ သက်တမ်းအရင့်ဆုံး ဘောလုံးကွင်း အဖြစ် စာရင်းဝင်နေပြီး ၁၈၆၀ ခုနှစ်ကတည်းက အသုံးပြုနေတာ ဖြစ်သလို ကမ္ဘာပေါ်မှာ ဒုတိယမြောက် သက်တမ်းအရင့်ဆုံး ဘောလုံး အသင်း Hallam F.C ရဲ့ အိမ်ကွင်းလည်း ဖြစ်ပါတယ်။ ၁၈၉၄ ခုနှစ်ကတည်းက တည်ဆောက်မှု စတင်နေတာ ဖြစ်ပြီး ပထမဆုံး ဘောလုံးပွဲကို ၁၈၆၀ မှာ လက်ခံကစားခဲ့တာပါ။

ပထမဆုံးပွဲကို ဟဲလ်န် နဲ့ ရှက်ဖီးတို့ ကစားခဲ့တာပါ။ ဒီပွဲကို ကမ္ဘာ့ပထမဆုံး ဘောလုံးပွဲ အဖြစ်လည်း မှတ်တမ်းဝင်နေပါတယ်။ ဒါပေမယ့် ကွင်းရော အသင်းရော ဒီခေတ်မှာ သိပ်ပြီး အောင်မြင်မှု မရှိတော့ပါဘူး။ ကွင်းက ပရိတ်သတ် ၇၀၀ ပဲ ဆံ့ပါတယ်။ အသင်းကလည်း Northern Counties East Football League မှာ ကစားနေပြီး အင်္ဂလန် အမှတ်ပေးပွဲတွေရဲ့ အဆင့် သတ်မှတ်ချက် ၉ ဆင့်မြောက်ပဲ ရှိတဲ့ ပွဲစဉ်မှာ ကစားနေရတာ ဖြစ်ပါတယ်။

Ref: footballstopten.com

Did you find apk for android? You can find new Free Android Games and apps.
Loading