အားကစား

အိုလံပစ်ပွဲ ပိတ်ပင်ခံရမှု ရုရှားက သပိတ်မှောက်မည်မဟုတ်ဟု သမ္မတ ပူတင်ပြော

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) က ရုရှား အားကစားသမားများ တားမြစ်သုံးစွဲမှုကြောင့် ၂၀၁၈ အိုလံပစ်ပွဲတွင် ပါဝင်ခွင့် ပိတ်ပင်လိုက်ခြင်းနှင့် ပတ်သက်၍ ရုရှားက သပိတ်မှောက်မည် မဟုတ်ဟု သမ္မတ ပူတင်က ဆိုလိုက်သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ရုရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဆောင်းရာသီ အိုလံပစ် ပွဲတော် ၌ ရုရှားအားကစား သမားများ တားမြစ်ဆေးဝါးများ သုံးစွဲသည်ဟု IOC က ပြောကြားခဲ့ပြီးနောက် ပြီးခဲ့သည့် အင်္ဂါနေ့က ၂၀၁၈ ဆောင်းရာသီအိုလံပစ် ပွဲသို့ ရုရှားနိုင်ငံပါဝင် ကစားခွင့် ပိတ်ပင်လိုက် ခြင်းဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အကယ်၍သာ ကစားသမားများအနေဖြင့် (ဆေးမသုံးဘဲ) သဘာ၀ အတိုင်းပါဝင်ယှဉ်ပြိုင်လျှင် မည်သည့်ပြိုင်ပွဲဝင်ဘက်ကမှ မိမိအနေဖြင့် ရပ်တည်ပေးရန်လိုမည် မဟုတ်ကြောင်း ပြောကြားသည်။

“သူတို့အထဲက တယောက်ယောက်က ပင်ကိုစွမ်းရည်ထက် ကျော်လွန်ချင်နေရင်တော့ အိုလံပစ်ပြိုင်ပွဲ ဝင်မယ့်သူ ဘယ်သူ့ကိုမဆို ကျနော် အကာအကွယ်ပေးမှာ မဟုုတ်ဘူး၊ ဘယ်လို တောင်းဆိုဟန့်တား မှုမျိုးမှ ကြေညာပေးမှာမဟုတ်ဘူးဆိုတာ ယုံမှာ သံသယဖြစ်စရာမရှိပါဘူး”ဟု သမ္မတ ပူတင်က မှတ်ချက်ပေး ကြောင်း ရုရှားအိုလံပစ်ကော်မတီ(OAR) ၏ ကြေညချက်တွင် ဖော်ပြသည်။

၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရခြင်းကြောင့် ရုရှားနိုင်ငံတွင် ဒေါသ ထွက်နေကြပြီး ကရင်မလင်အစိုးရဘက်က နှုတ်ဆိတ်နေခြင်းကို တောင်းဆိုမှုအပါအဝင် အမျိုးမျိုး သောတုံ့ပြန်မှုများလည်း ဆက်တိုက်ထွက်ပေါ်လျက်ရှိသည်။

ရုရှားအစိုးရ အာဘော် တပ်စ် သတင်းဌာနတွင်လည်း “ ဒီလူတွေအတွက် ကျနော်လည်း စိုးရိမ်မိပါ တယ်။ အတော်များများက ကျနော်နဲ့ပုဂ္ဂိုလ်အရ သိပါတယ်။ သူတို့ကို ကျနော့်မိတ်ဆွေအဖြစ် သဘော ထားတာပါ” ဟု သမ္မတ ပူတင်၏ ပြောဆိုချက်ကို ဖော်ပြထားသည်။

သတင်းထုတ်ပြန်ရေး အတွင်းဝန် ဒီမီထရီ ပက်စကော့ကလည်း ယင်း အခြေအနေပေါ် ထိခိုက်ခံစား နေရသော်လည်း စိတ်ခံစားမှုနောက်သို့ မလိုက်သင့်ကြောင်း၊ စေ့စေ့စပ်စပ် သုံးသပ်ဖို့ လိုကြောင်း ဆိုသည်။

IOC အိုလံပစ်ကော်မတီကမူ တောင်ကိုရီးယားနိုင်ငံ ဗျောင်ချန်းမြို့တွင် ကျင်းပမည့် ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည့် ရုရှားအားကစားသမားတချို့အတွက် လမ်းကြောင်း တသွယ် ရှိနေသေးကြောင်း၊ ရုရှားပြိုင်ပွဲဝင်သူများ အနေဖြင့် တားမြစ်ဆေး ကင်းစင် ကြောင်း ပြသနိုင်ရမည်ဖြစ်ပြီး၊ အကယ်၍ တားမြစ်ထားသည့် ကြားမှ ဝင်ရောက်ယှဉ်ပြိုင်မည် ဆိုပါက အိုလံပစ်အလံတော်တွင်သာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ဆုရလျှင် ရုရှားနိုင်ငံတော် သီချင်းဖွင့်ပေး မည် မဟုတ်ကြောင်း ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading