အားကစား

၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ဘယ် အသင်းတွေ ပါဝင်မှာလဲ

Want create site? Find Free WordPress Themes and plugins.

၂၀၁၄ ခုနှစ် ဘရာဇီး ကမ္ဘာ့ဖလား အပြီး ၄ နှစ်အကြာ လာမယ့် ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်တွေကို ရုရှားနိုင်ငံမှာ ကျင်းပသွား မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ရင်ခုန်သံနဲ့ ဝေးကွာခဲ့ရတဲ့ ဘောလုံး ပရိတ်သတ်ကြီး အတွက် ပြန်ပြီး ရင်ခုန်စရာ ကောင်းလာတဲ့ အချိန် ပြန်ရောက်လာတယ်လို့ ဆိုရမှာပါ။ လာမယ့် ၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ကနေ ဇူလိုင် ၁၅ ရက်နေ့ထိ တလ ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဒေသ အသီးသီးကနေ နိုင်ငံတွေ အားလုံးက ပြိုင်ပွဲ ဝင်ခွင့် အတွက် အုပ်စုပတ်လည် ခြေစစ်ပွဲတွေ ကစားရတယ်၊ အကောင်းဆုံး စစ်ထုတ်ပြီး အသင်းပေါင်း ၃၁ သင်းက ပြိုင်ပွဲ ဝင်ခွင့်ရတယ်၊ အိမ်ရှင် အသင်းကတော့ အခွင့်ထူးခံ အသင်းလို့ ဆိုရမှာ ဖြစ်ပြီး ခြေစစ်ပွဲ ဝင်စရာ မလိုဘဲ ပြိုင်ပွဲ ဝင်ခွင့်ရပြီး စုစုပေါင်း ၃၂ သင်း ဖြစ်လာပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ရုရှားက အိမ်ရှင် အဖြစ်နဲ့ လက်ခံကစားမယ့် အားကစားကွင်းရှိရာ မြို့တွေကတော့ Kaliningrad (ကလင်နီဂရက်)၊ Kazan (ကာဇန်)၊ Krasnodar (ခရက်စနိုဒါ)၊ Moscow (မော်စကို)၊ Nizhny Novgorod (နက်ရှ်နီ နိုဂိုရော့)၊ Rostov-on-Don (ရော့စတော့ အွန် ဒွန်)၊ Saint Petersburg (စိန့် ပီတာစဘက်)၊ Samara (ဆာမာရာ)၊ Saransk (စရန့်)၊ Sochi (ဆိုချီ)၊ Volgograd (ဘိုဂိုဂရက်)၊ Yaroslavl (ရာရိုစဘယ်) နဲ့ Yekaterinburg (ရီခါတာနီဘက်) မြို့တွေပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲကို ကမ္ဘာတလွှားက ရုပ်သံလွှင့် ဌာနပေါင်း ၈၀ ကျော်ကနေ ပြသသွားမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘရာဇီး ကမ္ဘာ့ဖလားကို အောင်မြင်အောင် ချို့ယွင်းချက် မရှိ ကျင်းပနိုင်ခဲ့သလို အခု ပြိုင်ပွဲကိုလည်း လုံခြုံရေးက အစ အလေးထား ဆောင်ရွက်နေတယ် လု့ိ ရုရှားက ဆိုပါတယ်။ ပြီးတော့ ပြိုင်ပွဲကျင်းပတာကနေ FIFA အတွက်လည်း ဝင်ငွေ ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံလောက် ရမယ်လို့ ယူဆထားပါတယ်။ ပြိုင်ပွဲ အတွက် ကုန်ကျစရိတ် စုစုပေါင်း ၂ ဒသမ ၂ ဘီလီယံလောက်ကို FIFA ကနေ အကုန်အကျခံဖို့ ရှိနေပြီး နောက်ထပ် ၂ ဒသမ ၆ ဘီလီယံလောက် အပို (အမြတ်) ပြနေတဲ့ FIFA အတွက် အဆိုပါ ပိုငွေကို ဘယ်လို၊ ဘယ်နေရာမှာ သုံးမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

အထူးသဖြင့်တော့ FIFA ဟာ အဆိုပါ ၂ ဒသမ ၆ ဘီလီယံ အပိုငွေတွေကို ရုပ်သံထုတ်လွှင့်မှု သဘောတူညီချက်၊ စပွန်ဆာပေးမှု နဲ့ လက်မှတ်ရောင်းချရမှုတွေကနေ ရရှိတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘရာဇီး ကမ္ဘာ့ဖလားမှာ FIFA ကနေ အိမ်ရှင် နိုင်ငံကို အသုံး စရိတ် ပေးအပ်မှု ဒေါ်လာ သန်း ၁၀၀ လောက်ပဲ ရှိခဲ့ပြီး တကယ်တော့ ဘရာဇီးဟာ အိမ်ရှင် အဖြစ် အောင်မြင်အောင် လက်ခံ ကျင်းပဖို့ ပြင်ဆင်မှု အားလုံး အသုံးစရိတ် ဒေါ်လာ ၁၅ ဘီလီယံလောက် ကုန်ကျခဲ့ပြီး FIFA ကနေ ပေးအပ်မှုနဲ့ ပြန်ကြည့်ရင် အရှုံးပြခဲ့ပါတယ်။

အထူးသဖြင့်တော့ ဘရာဇီးဟာ ဘောလုံးကွင်းတွေ တည်ဆောက်မှုနဲ့ အဆင့်မြှင့်တင်မှုတွေ အတွက် အဆိုပါ ကုန်ကျစရိတ်တွေ တက်ခဲ့တာပါ။ ရလဒ်ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို လက်ခံကျင်းပရတာ ဘရာဇီး အတွက် တွက်ခြေမကိုက် ဖြစ်ခဲ့ရပါတယ်။

လာမယ့် နှစ်မှာ ကမ္ဘာ့ပြိုင်ပွဲ အတွက် ဆုကြေးငွေ ပေးအပ်မှုက ၂၂ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးအပ်မယ်လို့လည်း သိရပါတယ်။ TotalSportek ရဲ့ ခန့်မှန်းချက် အရ ဆိုရင် လာမယ့် ကမ္ဘာ့ဖလားမှာ ပေးအပ်မယ့် ဆုကြေးငွေက ဒေါ်လာ သန်း ၇၀၀ ဖိုးလောက် ရှိပါလိမ့်မယ်။ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ပေးအပ်ခဲ့တဲ့ ဆုကြေးငွေကတော့ ဒေါ်လာ ၅၇၆ သန်း ဖြစ်ပြီး ၃၂ သင်းလုံးကို အဆင့် အလိုက် ဆုကြေးပေးအပ်မှုနဲ့ အတူ ကစားသမားတွေ အတွက် အာမခံစရိတ် သန်း ၁၀၀ လောက် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဂျာမနီက ဒေါ်လာ ၃၅ သန်း ရခဲ့ပြီး ဒုတိယ ရခဲ့တဲ့ အာဂျင်တီးနားက ၂၅ သန်း ရခဲ့ပါတယ်။

အခု ကျင်းပမယ့် ကမ္ဘာ့ဖလားမှာ စပွန်ဆာပေးတဲ့ ကုမ္ပဏီ အသစ်တွေလည်း ပါရှိလာပါတယ်။ Visa, Adidas, Coca-Cola, Qatar Airways, Gazprom, Wanda Group နဲ့ Vivo တို့ကလည်း စပွန်ဆာပေးမယ်၊ အရင်က စပွန်ဆာပေးထားတဲ့ McDonald’s, Hisense နဲ့ Budweiser, Castrol, Johnson & Johnson, Continental Tyres, Sony နဲ့ Emirates တို့ကတော့ ၂၀၁၄ ပြိုင်ပွဲ အပြီးကနေ စပြီး သဘောတူညီမှု ကာလ ထပ်တိုးမထားလို့ အခု ပြိုင်ပွဲမှာ စပွန်ဆာ မပေးတော့ဘူး လို့ ဆိုပါတယ်။

Vivo လို ဖုန်းကုမ္ပဏီကတော့ အခု ပြိုင်ပွဲတင် မဟုတ်ပဲ လာမယ့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအတွက်ပါ စပွန်ဆာ ပေးထားတယ် လို့ ဆိုပါတယ်။ အခု ပြိုင်ပွဲ ကာလအတွင်းမှာလည်း ကုမ္ပဏီက အထူးထုတ် ဖုန်းအသစ် ထွက်လာမယ် လို့ ဆိုပါသေးတယ်။ FIFA ရဲ့ အထွေထွေ အတွင်းရေးမှူး Fatma Samoura ကတော့ အခုလို စပွန်ဆာပေးခြင်းက ဖီဖာ အတွက်ရော စပွန်ဆာ ပေးတဲ့ ကုမ္ပဏီ အတွက်ပါ အကျိုးဖြစ်ထွန်းမှု ရှိတယ် လို့ မှတ်ချက်ပေးပါတယ်။ ဒီနေ့ခေတ် ဘောလုံးနဲ့ နည်းပညာ ကဏ္ဍဟာ တနေ့ထက် တနေ့ နီးစပ်လာနေပါတယ်၊ အခုလို ကမ္ဘာကျော် ဖုန်းကုမ္ပဏီ တခုနဲ့ လက်တွဲခွင့်ရလို့လည်း ကျေနပ်မိတယ်လိ့ု ဆိုပါတယ်။

လက်ရှိ ကမ္ဘာ့ဖလား အတွက်ကိုတော့ ပြိုင်ပွဲဝင်ခွင့်ရ အသင်းတွေ ထွက်ပေါ်နေပြီ ဖြစ်ပြီး အုပ်စုတွေကိုလည်း ၄ သင်း တအုပ်စု အနေနဲ့ အုပ်စု ၈ ခု ခွဲခြားထားပြီး ဖြစ်တာ တွေ့ရပါတယ်။ အုပ်စု (က) မှာတော့ ရုရှား၊ ဆော်ဒီအာရေဗျ၊ အီဂျစ်နဲ့ ဥရုဂွေးတို့ ပါရှိပြီး ရုရှားနဲ့ ဥရုဂွေးက အုပ်စု အဆင့် ကျော်ဖြတ်နိုင်ဖို့ အခွင့်အလမ်း အကောင်းဆုံး ဖြစ်နေပါတယ်။ အုပ်စု (ခ) မှာ ပေါ်တူဂီ၊ စပိန်၊ မော်ရိုကိုနဲ့ အီရန်ရှိပြီး စပိန်နဲ့ ပေါ်တူဂီတို့ အုပ်စုက တက်ဖို့ အခွင့်သာနေပါတယ်။

အုပ်စု (ဂ) မှာ ပြင်သစ်၊ သြစတြေးလျ၊ ပီရူးနဲ့ ဒိန်းမတ်တို့ ပါရှိပြီး ပြင်သစ် အတွက် အုပ်စုချောင်နေပြီး သြစတြေးလျနဲ့ ဒိန်းမတ်တို့ ဒုတိယ နေရာကို လုရမယ့်သဘောရှိပါတယ်။ အုပ်စု (ဃ) မှာ အာဂျင်တီးနား၊ အိုက်စလန်၊ ခရိုအေးရှား၊ နိုင်ဂျီးရီးယားတို့ရှိပြီး အာဂျင်တီးနား အတွက် အုပ်စုချောင် သလို နာမည်ကျော် ကစားသမား မက်ဆီ အတွက် နောက်ဆုံး ပါဝင်တဲ့ ကမ္ဘာ့ဖလား ဖြစ်နိုင်လို့ လက်ရွေးစင်ကစားသမား ဘဝကနေ အနားမယူခင် ကမ္ဘာ့ဖလားကို ကိုင်မြှောက်ဖို့ အဓိက ကြိုးစားလာဖို့ ရှိပါတယ်။

အုပ်စု (င) မှာ ဘရာဇီး၊ ဆွစ်ဇာလန်၊ ကော်စတာရီကာနဲ့ ဆားဘီးယားတို့ ပါရှိပြီး ဘရာဇီး အတွက် ခက်ခဲတဲ့ ပြိုင်ဘက် မပါ သလောက် ချောင်နေပါတယ်။ ဆားဘီးယားနဲ့ ဆွစ်ဇာလန် နှစ်သင်း ကတော့ ဒုတိယ နေရာ အတွက် ကြိုးစားရဖို့ ရှိနေပါတယ်။

အုပ်စု (စ) လုံးမှာတော့ လက်ရှိ ချန်ပီယံ ဂျာမနီ၊ မက္ကဆီကို၊ ဆွီဒင်နဲ့ တောင်ကိုရီးယားတို့ ပါရှိပြီး ဂျာမနီ အတွက် အုပ်စုချောင် နေပါတယ်။ အာရှအသင်း အတွက် မျှော်လင့်ချက်ကတော့ မက္ကဆီကိုရော ဆွီဒင်ပါ ပါနေလို့ နောက်တဆင့်တက်ဖို့ ခက်ခဲပါလိမ့်မယ်။

အုပ်စု (ဆ) မှာက ဘယ်ဂျီယမ်၊ ပနားမား၊ တူနီးရှားနဲ့ အင်္ဂလန်တွေ ပါရှိပြီး အင်္ဂလန် အုပ်စုချောင် ပါတယ်။ ဘယ်ဂျီယမ်အတွက် လည်း အခွင့်အလမ်းကောင်း ပိုင်ဆိုင်ထားတယ် လို့ ဆိုမှာပါ။

အုပ်စု (ဇ) မှာတော့ ပိုလန်၊ ဆီနီဂေါ၊ ကိုလံဘီယာနဲ့ ဂျပန်တွေ ပါရှိပြီး ဂျပန် အတွက် အုပ်စုချောင်နေတယ် လို့ ဆိုနိုင်ပါတယ်။ ပိုလန်၊ ကိုလံဘီယာနဲ့ ဂျပန်တို့ အခြေအနေ ကောင်းမယ်လို့ ခန့်မှန်းရပါတယ်။

Ref: www.born2invest.com

Did you find apk for android? You can find new Free Android Games and apps.
Loading