အားကစား

ဘောလုံးလောကရဲ့ ဆွဲဆောင်မှု အရှိဆုံး လက်တွဲဖော် WAGs များ

Want create site? Find Free WordPress Themes and plugins.

ဘောလုံးဝါသနာရှင်တွေကတော့ ဘောလုံးသမားတွေနဲ့ အတူ သူတို့ရဲ့ Wags တွေ အကြောင်း သိကြပါတယ်။ Wags ဆိုတာ ဘောလုံးသမားတွေ ရဲ့ ချစ်သူတွေ သို့မဟုတ် ဇနီးကို ဆိုလိုတာပါ။ ဘောလုံးသမားတွေနဲ့ တွဲနေတဲ့ ဆွဲဆောင်မှု အရှိဆုံး Wags တွေ အကြောင်း ပြောပြပါမယ်။

အရင်ဆုံး Wags အကြောင်း ပြောပြပါရစေ။ WAGs ရဲက အရှည်ကောက်က Wives and Girlfriends ဖြစ်ပါတယ်။ WAGs အဖြစ်ရော Wags အဖြစ်ပါ သုံးနိုင်ပါတယ်။ ဒီစကားလုံးကို စတင် ဖန်တီး အသုံးပြုခဲ့တာကတော့ အင်္ဂလန် မီဒီယာတွေက ဖြစ်ပြီး အင်္ဂလန် ဘောလုံးသမားတွေရဲ့ ချစ်သူနဲ့ ဇနီးတွေ အကြောင်းရေးသားရာမှာ စတင် အသုံးပြုခဲ့တာပါ။

ဒီစကားလုံးကို အများဆုံး စတင် အသုံးပြုခဲ့တာကတော့ ၂၀၀၆ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားမှာ ဖြစ်ပြီး အဆိုပါအချိန် မတိုင်ခင်က လူတိုင်း၊ မီဒီယာတိုင်း လက်ခံသုံးတဲ့ စကားလုံး မဟုတ်ခဲ့ပါဘူး။ ဆက်လက်ပြီး Wags တွေကို ဆက်ကြည့်ရအောင်ပါ။

(၁) Amra Silajdzic ။ ။ ၁၉၈၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က ဘော့စနီးယားမှာ မွေးခဲ့တဲ့ မော်ဒယ် မင်းသမီး ဖြစ်ပါတယ်။ အသက် ၁၆ နှစ် ကတည်းက ပါရီမှာ Elite မော်ဒယ်ဆု ရခဲ့သူပါ။ ဆားဘီးယား စီးပွားရေး လုပ်ငန်းရှင် တဦးနဲ့ အိမ်ထောင်ကျဖူးတယ်၊ နောက်တော့ အရင် မန်းစီးတီးက ကစားသမား၊ အခုတော့ အီတလီ စီးရီးအေက ရိုးမားမှာ ကစားနေတဲ့ အီဒင်ဒီဇီကိုနဲ့ ချစ်ကြိုက်နေပါတယ်။ သူမက လူမှုကွန်ရက်တွေမှာ အထူး နာမည်ကြီးပြီး Twitter နဲ့ Instagram တွေမှာ လူသိများ နေသူ ဖြစ်ပါတယ်။

(၂) Elena Gomez ။ ။ အရင်က မန်းစီးတီးမှာရော ဘင်ဖီကာနဲ့ ရီးရဲမက်ဒရစ်တွေမှာ ကစားခဲ့ဖူးပြီး လက်ရှိ ပြင်သစ် ကလပ် PSG မှာ ကစားနေတဲ့ ကစားသမား ဂျာဗီဂရာစီယာရဲ့ ချစ်သူ ဖြစ်ပါတယ်။ ခွေးချစ်သူ အဖြစ် လူသိများပါတယ်၊ Twitter နဲ့ Instagram တွေမှာလည်း သူမကို လူကြိုက်များ ပါတယ်။ နာမည်ကျော် မဂ္ဂဇင်း Maxim ရဲ့ ပေါ်တူဂီဘာသာထုတ် စာအုပ်တွေ အတွက် မော်ဒယ်လုပ်နေ ပါတယ်။ ဒီဇိုင်းဖန်တီးရှင်လည်း ဖြစ်ပြီး သူမရဲ့ Website မှာ သူမရဲ့ လက်ရာတွေကို ကိုယ်တိုင် တင်ရောင်းတာလည်း တွေ့ရပါတယ်။

(၃) Edurne ။ ။ လက်ရှိ မန်ယူကို ကယ်တင်သူ အဖြစ် နာမည်ရနေတဲ့ ဂိုးသမား ဒီဂီယာရဲ့ ချစ်သူ ဖြစ်ပါတယ်။ သူမက သီချင်းဆိုတယ်၊ မင်းသမီးလည်း လုပ်တယ်၊ ရုပ်သံ အစီအစဉ်တွေမှာလည်း အစီအစဉ် တင်ဆက်သူ အဖြစ် ပါဝင်တယ်။ ၂၀၀၅ ခုနှစ်က Operacion Triunfo အစီအစဉ်နဲ့ အတူ လူသိများ အောင်မြင်လာသူ ပါ။ ပြီးတော့ Wake Up လို့ အဓိပ္ပာယ်ရတဲ့ သူမရဲ့ သီချင်း Despierta သီချင်းကလည်း နာမည်ကျော် နေပါတယ်။ ၂၀၀၆ ခုနှစ်က စပိန်အရောင်းရဆုံး အခွေစာရင်းမှာ အဆင့် ၅ ထိ ရောက်ခဲ့ပါတယ်။ ဒီဂီယာနဲ့ ၂၀၁၀ ကတည်းက တွဲနေတယ် လို့ ဆိုပါတယ်။

(၄) Pilar Rubio ။ ။ သူမ က သတင်းထောက် တဦးပါ၊ ရုပ်သံသတင်း တင်ဆက်သူ အဖြစ်လည်း တခါတလေ တွေ့ရပါတယ်။ သူမကို ၁၉၇၈ ခုနှစ် မတ် ၁၇ ရက်က မွေးဖွားပါတယ်။

Operacion Triunfo မှာ ၃ နှစ်ဆက် အစီအစဉ် တင်ဆက်သူ ဖြစ်လာ ခဲ့ပြီး နောက်ပိုင်းမှာ သူမကို ဇာတ်ကားတွေနဲ့ ရုပ်သံ အစီအစဉ်ပေါင်း များစွာမှာ ဆက်လက် နေရာရခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က ရီးရဲအသင်းရဲ့ ဂန္ထဝင်ကစားသမား ဆာဂျီယိုရာမို့နဲ့ လက်ထပ်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်က သားလေး တယောက်ရခဲ့ပြီလို့ ဆိုပါတယ်။

(၅) Antonella Roccuzzo ။ ။ လက်ရှိ ကမ္ဘာ့ အကောင်းဆုံးလို့ ဆိုနေကြတဲ့ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး မက်ဆီရဲ့ ဇနီးဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရိုဆာဆီရိုမြို့မှာ မွေးပါတယ်။ မက်ဆီနဲ့ ဇာတိမြို့ချင်း အတူတူပါ။ မော်ဒယ်တယောက်ဖြစ်တဲ့ ရက်ကူဇိုနဲ့ မက်ဆီတို့ ၂၀၀၈ ခုနှစ်ကတည်းက စေ့စပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ အခုတော့ သူတို့မှာ Thiago နဲ့ Mateo ဆိုတဲ့ သားနှစ်ယောက် ရှိနေပြီ ဖြစ်ပါတယ်။

(၆) Alex Curran ။ ။ ၁၉၈၂ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့က မွေးခဲ့တဲ့ အင်္ဂလန် မော်ဒယ် တယောက်ဖြစ်တဲ့ ကာရန်းက Daily Mail မှာ ဖက်ရှင်ကဏ္ဍကို တာဝန်ယူ ထားသူ ဖြစ်ပါတယ်။ အရင် အင်္ဂလန် ကလပ် လီဗာပူးရဲ့ အသင်းခေါင်းဆောင်၊ နောက်တော့ အမေရိကန် မေဂျာလိဂ်ရဲ့ LA Galaxy အသင်းမှာ ကစားသူ စတီဗင်ဂျရတ်ရဲ့ ဇနီးသည် ဖြစ်ပါတယ်။ ရူနီရဲ့ ဇနီး ကောလင်းရူနီ၊ ဒေးဗစ်ဘက်ခမ်းရဲ့ ဇနီး ဗစ်တိုးရီးယားတို့နဲ့ အတူ အင်္ဂလန်မှာ Wags အဖြစ် စတင် သတ်မှတ်ခံခဲ့ရသူတွေထဲက တဦးပါ။

(၇) Polly Parsons ။ ။ အင်္ဂလန် ရုပ်သံ အစီအစဉ်တွေမှာ နာမည်ကြီးတဲ့ အစီအစဉ် တင်ဆက်သူ တဦးပါ။ ၁၉၈၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဘရစ်စတိုးမြို့မှာ သူမ ကို မွေးပါတယ်။ ပထမဦးဆုံး သူမရဲ့ ချစ်သူက EastEnders ရဲ့ ကြယ်ပွင့် Sid Owen ဖြစ်ပြီး ၆ နှစ်ကြာတွဲခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ လမ်းခွဲခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ လက်ရှိ တွဲနေတဲ့ ဘယ်ဂျီယမ်သား သောမတ်စ် ဘယ်လာမီနဲ့ တွေ့ပြီး အခုတော့ ချစ်သူတွေ အဖြစ် တွဲနေကြပါတယ်။ ဘယ်လာမီနဲ့ သားနှစ်ယောက်ရပြီး Raff နဲ့ Ace တို့ ဖြစ်ပါတယ်။

(၈) Yolanthe Cabau ။ ။ သူမ ကို ၁၉၈၅ ခုနှစ် မတ်လ ၁၉ ရက်က စပိန်မှာ မွေးပါတယ်။ ဒါပေမယ့် ငယ်ဘ၀ အဆင်မပြေမှု တွေနဲ့ နယ်သာလန်ကို ပြောင်းနေခဲ့တယ်၊ နောက်တော့ အစီအစဉ် တင်ဆက်သူနဲ့ သရုပ်ဆောင် တဦး ဖြစ်လာပါတယ်။ ၂၀၀၆၊ ၂၀၀၇ နဲ့ ၂၀၀၉ တွေမှာ နယ်သာလန်ရဲ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၁၀ ကတည်းက နာမည်ကျော် တိုက်စစ်မှူး ဝက်စလေ စနိုက်ဒါနဲ့ လက်ထပ်ခဲ့ပြီး ဒီကစားသမားက ဂါလာတာစရေး၊ အင်တာမီလန်နဲ့ ရီးရဲမက်ဒရစ်တွေမှာ ကစားခဲ့ဖူးတဲ့ ကစားသမား ဖြစ်ပါတယ်။

(၉) Melissa Satta ။ ။ ကမ္ဘာပေါ်က အလှဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံးလို့ သတ်မှတ်ခံရတဲ့ Wags တွေထဲက တဦးပါ။ အီတလီ ပရိတ်သတ်တွေ အကြားမှာ ပိုပြီး ရေပန်းစားပါတယ်။ သူမ ကို ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က ဘော်စတွန်မှာ မွေးပါတယ်။ အီတလီ ရုပ်သံ အစီအစဉ်တွေမှာ တင်ဆက်သူ အဖြစ် နာမည်ကြီးပါတယ်။ အရင်က ခရစ်တီယန် ဗီအဲရီ၊ ဂျွန် ကာရူးလို ကစားသမားတွေနဲ့လည်း တွဲခဲ့ဖူးတာ တွေ့ရပါတယ်။ ၂၀၁၂ ခုနှစ်က စပြီး အရင် မီလန်မှာ ကစားတယ်၊ အခုတော့ ဂျာမနီကလပ် ရှော်ကေးမှာ ကစားနေတဲ့ ကီဗင်ပရင့်ဘိုတန်းနဲ့ လက်ထပ်ထားပါတယ်။

(၁၀) Ann-Kathrin Brommel ။ ။ Wags လောကမှာ ဘရိုမယ်လောက် ဆွဲဆောင်မှု ကောင်းတဲ့သူ နောက်တယောက် ရှိဖို့ မလွယ်ပါဘူး။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှာ သူမ ကို မွေးတယ်၊ နာမည်ကျော် မော်ဒယ် တယောက် ဖြစ်ပြီး ဘိုင်ယန်နဲ့ ဂျာမနီအသင်း တွက် အားထားရတဲ့ ကွင်းလယ် ကစားသမား မာရီယိုဂေါ့ဇီနဲ့ လက်ထပ်ထားပါတယ်။

Ref: www.bettingrunner.com

Did you find apk for android? You can find new Free Android Games and apps.
Loading