အခု ပြောမှာက ဘိလိယက်နဲ့ စနုကာ ကစားသမားတွေထဲက အချောဆုံး၊ အလှဆုံး ဘိလိယက်မယ်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောသလို အားကစားလည်း ထူးချွန်တဲ့ နိုင်ငံတကာက အားကစားမယ်တွေပါ။
(၁၀) Emily Duddy ။ ။ အမေရိကန်မှာတော့ အတော်ဆုံး ဘိလိယက်မယ်လို့ ဆိုရင် ရနိုင်ပါတယ်။ TruTV မှာလည်း The Hustlers ဆိုတဲ့ သူမရဲ့ ဘိလိယက် ကစားကွက်တွေကို ပြသနေပါတယ်။ ၂၀၁၀ ခုနှစ် သူမ အသက် ၂၆ နှစ် ကတည်းက ကြေးစား ဘိလိယက်မယ် ဖြစ်နေခဲ့တာပါ။ အဆိုပါ နှစ်မှာပဲ Rookie of the Year ဆုကို ရပါတယ်။ အမေရိကန် အတွက် ၇ ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆု ရယူပေးထားပြီး အမေရိကန်ကို တရုတ်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်တွေနဲ့ အတူ ရပ်တည်နေစေသူပါ။
(၉) Mary Avina ။ ။ အနီရောင်နတ်သမီးလို့ ချစ်စနိုးခေါ်ခံရသူပါ။ ကယ်လီဖိုးနီးယားမှာ မွေးခဲ့ပါတယ်။ စပိန်-အမေရိကန် ကပြားပါ။ အသက် ၁၄ နှစ် ကတည်းက ဘိလိယက်ကစားလာသူ ပါ။ ပန်းချီလည်း ဆွဲတယ်၊ မော်ဒယ်လည်း လုပ်ပါသေးတယ်။ ဘိလိယက်မယ် ကစားကွက်တွေကို အင်တာနက်မှာ တင်ပြထားတာနဲ့ အတူ လူကြိုက်များပါတယ်။ အားကစား လောကရဲ့ အထင်ကရ ကစားသမားတဦးလို့ သတ်မှတ်နိုင်ပါတယ်။
(၈) Angelina Paglia ။ ။ နတ်သမီးလို့ ချစ်စနိုး ခေါ်ကြပါတယ်။ အမေရိကန်က မစ်ချီကန်ပြည်နယ်မှာ မွေးတယ်၊ အခုတော့ အရီဇိုးနားမှာ နေပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းက ကြေးစား ဘိလိယက်မယ် ဖြစ်နေခဲ့သူပါ။ တယောလည်း ထိုးတယ်၊ ရေကူးလည်း ကျွမ်းကျင်တယ်၊ ဘိလိယက် အပါအဝင် ဒီနယ်ပယ် ၃ ခုလုံးမှာ နာမည်ကြီးပါတယ်။ အသက် ၁၀ နှစ် အရွယ်ကတည်းက ဘိလိယက် ကစားတယ် လို့ သိရပါတယ်။ နာမည်ကြီး ပြိုင်ပွဲ ၅ ခုမှာ ဆုတံဆိပ်တွေ အများအပြား ရထားပါတယ်။
(၇) Ewa Mataya Laurance ။ ။ ဘိလိယက်လောကရဲ့ ဘုရင်မလို့ အခေါ်ခံရသူပါ။ အမေရိကန်-ဆွီဒင် ကပြား ဖြစ်ပြီး ၂၀၀၄ ခုနှစ် အမေရိကန် Hall of Fame မှာ ပါဝင်ခဲ့ပါတယ်။ ESPN မှာလည်း စာရေးသူ အဖြစ်ရော သုံးသပ်သူ အဖြစ်ပါ လုပ်ပါသေးတယ်။ ၁၇ နှစ်ကတည်းက ကမ္ဘာ့ဘိလိယက်မယ် ပြိုင်ပွဲဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ မူလက ဥရောပမှာ နေပြီး ဥရောပ ကိုယ်စားပြု ပြိုင်ခဲ့ပေမယ့် အခုတော့ အမေရိကန်မှာ နေပြီး ဘိလိယက်ကစားနေပါတယ်။
(၆) Neslihan Gurl ။ ။ Nesလို့ သူ့ကို လူသိများပါတယ်။ တူရကီကပါ၊ ၁၉၉၅ ခုနှစ်က အန်ကာရာအမျိုးသမီး ရေကူးပြိုင်ပွဲမှာ အနိုင်ရပြီး လူသိများလာပါတယ်။ နောက်တော့ ဘောလုံးလည်း ကစားတယ်၊ ဘောလီဘောလည်း ပုတ်သေးတယ်။ အားကစားနည်းစုံကနေ ဆုဖလားစု ၃၀ လောက် ရထားပါတယ်။ ဖိနပ်တွေကို ဒီဇိုင်းေ ရးဆွဲ ဖန်တီးသူ အဖြစ်လည်း နာမည်ရပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာမှ ဘိလိယက်မယ် ဖြစ်လာပြီး Tri-State ချန်ပီယံ ဖြစ်လာပါတယ်။
(၅) Borana Andoni ။ ။ ပျားဘုရင်မလို့ ချစ်စနိုးခေါ်ကြပါတယ်။ အခုတော့ နယူးယောက်မှာ နေပေမယ့် အာမေးနီးယား ဘိလိယက်မယ်ပါ။ သူမက တနေ့တာ အချိန် အများစုမှာ ဘိလိယက် ကစားနေလေ့ ရှိသူပါ။ ၁၀ နှစ် ကတည်းက အမေရိကန်ရောက်လာတယ်၊ ၁၂ နှစ်မှာ ဂီတကျောင်း တက်တယ်၊ စန္ဒရားတီးတယ်၊ တယောထိုးတယ်၊ ၄ နှစ်လောက် ကြာပါတယ်။ နောက်တော့ ငွေကြေးစီမန့်ခန့်ခွဲမှု ပညာနဲ့ ဘွဲ့ရတယ်၊ တက္ကသိုလ်တက်နေရင်းက ဘိလိယက်မယ် ဖြစ်လာပြီး ၂၀၁၀ မှာ Amsterdam Straight Pool ချန်ပီယံ ဖြစ်ခဲ့သလို တနှစ်တာ အကောင်းဆုံး ဘိလိယက်မယ် ဖြစ်လာပါတယ်။ Tri-State Tour ပြိုင်ပွဲမှာလည်း ဆုပေါင်းများစွာ ရရှိထားပါတယ်။
(၄) Jeanette Lee ။ ။ Billiards Digest က ရွေးချယ်ခံရတဲ့ အကောင်းဆုံး ဘိလိယက်မယ် ဖြစ်ထားသူပါ။ နိုင်ငံ ကိုယ်စားပြု အနေနဲ့ ဆုပေါင်း ၃၀ ကျော် ရထားပါတယ်။ အရင်က ကမ္ဘာ့ အကောင်းဆုံး အဆင့် ၁ ဖြစ်ဖူးတယ်၊ အခုတော့ အဆင့် ၃ ပါ။ ၂၀၁၂ ခုနှစ် ဘိလိယက် Hall of fame မှာလည်း ပါတယ်၊ ၂၀၁၃ ခုနှစ် BCA Hall of fame မှာလည်း ပါတယ်၊ ၁၉၉၈ ခုနှစ်အတွက် WPBA ကနေ ရွေးချယ်တဲ့ တနှစ်တာ အကောင်းဆုံး အားကစားမယ်လည်း ဖြစ်ခဲ့ပါတယ်။ အခုတော့ အမေရိကန်က အင်ဒီယားနားပြည်နယ်၊ အင်ဒီယာနာပိုလစ်မှာ နေထိုင်လျက်ရှိပါတယ်။
(၃) Jennifer Barretta ။ ။ 9MMလို့ သူ့ကို လူသိများပါတယ်။ ပင်ဆယ်ဗေးနီးယား ပြည်နယ်သူ ဖြစ်ပြီး 9-ball ကစားနည်း တခုတည်း ကစားသူလည်း ဖြစ်ပါတယ်။ သဘာဝအတိုင်း ဓာတ်ပုံရိုက်ကူးမှုတွေမှာလည်း မော်ဒယ် အဖြစ် ပါရှိတတ်ပြီး Play Boy မဂ္ဂဇင်းမှာ ၄ မျက်နှာအပြည့် ဖော်ပြခံရဖူးပါတယ်။ ESPN ကနေ ပေးအပ်တဲ့ ဆွဲဆောင်မှု အရှိဆုံး အားကစားမယ် ၂၅ ဦးစာရင်း အတွက် ဆန်ကာတင် စာရင်းဝင်ခဲ့ပါတယ်။ InGameNow.com ရဲ့ ဆွဲဆောင်မှု အရှိဆုံး အားကစားမယ် ၁၆ ဦးစာရင်းမှာလည်း ပါခဲ့ဖူးပါတယ်။
(၂) Anastasia Luppova ။ ။ ရုရှမှာတော့ လူကြိုက် အများဆုံးနဲ့ အကောင်းဆုံး ဘိလိယက်မယ် ဖြစ်ပါတယ်။ လူကြိုက် အများဆုံး ဘိလိယက်မယ် စာရင်းမှာလည်း ထိပ်ဆုံက ရပ်တည်နေသူပါ။ ဥရောပ ဘိလိယက် ချန်ပီယံ ၂ ကြိမ် ဖြစ်ထား ပါတယ်။ မော်စကို ဘိလိယက်ပြိုင်ပွဲမှာရော Russian Master of Sport ပွဲစဉ်တွေမှာပါ အနိုင်ရဖူးပါတယ်။ ၂၀၀၉ ခုနှစ် Miss Billiards မှာလည်း ဗိုလ်စွဲခဲ့ပါတယ်။
(၁) Shanelle Loraine ။ ။ သူမကို ဂျပန်မှာ မွေးပါတယ်။ ဂူအမ်မှာ ကြီးပြင်းတယ်၊ ဒါကြောင့် တချို့ကလည်း ဂူအမ်ရဲ့ အကောင်းဆုံး ဘိလိယက်မယ်လို့ ဆိုကြပါတယ်။ လူကြိုက် အများဆုံး ဘိလိယက်မယ် တွေထဲက တဦးပါ။ ၂၀၀၀ ခုနှစ်ကတည်းက ဘိလိယက် ကစားနေခဲ့တာပါ။ ဖလော်ရီဒါ တက္ကသိုလ်မှာ ကျောင်းတက်ရင်း ၄ နှစ်ကြာ ကျောင်းကိုယ်စားပြု ကစားပါတယ်။ တခြား ဘိလိယက်မယ်တွေ လို ပြိုင်ပွဲကြီးတွေမှာ ဗိုလ်စွဲထားတာ မတွေ့ရပေမယ့် ဆွဲဆောင်မှု ကောင်းခြင်းတွေက ကမ္ဘာကျော်ပြီး လူသိများနေစေတာပါ။
Ref: www.wonderlist.com