• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle အားကစား

ရေခဲတောင် အရည်ပျော်သွားမယ့် ရုရှားဟော်ကီမယ်များ

by ဧရာဝတီ
2 January 2018
in အားကစား
A A
ရုရှား ဟော်ကီအားကစားမယ်များ / whl.khl.ru

ရုရှား ဟော်ကီအားကစားမယ်များ / whl.khl.ru

20.9k
VIEWS
Share on FacebookShare on Twitter

ရုရှား အမျိုးသမီးဟော်ကီ အဖွဲ့ချုပ် (WHL) က ရုရှားနိုင်ငံရှိ ဟော်ကီအသင်း ၇ သင်းမှ အမျိုးသမီး ကစားသမား ၁၂ ဦး၏ ရုပ်ပုံများဖြင့် “ရေခဲများကို အရည်ပျော်စေခြင်း” အမည်ရှိ ပြက္ခဒိန်သစ် တစောင် ထုတ်ဝေလိုက်သည်။

အမျိုးသမီး ဟော်ကီ အဖွဲ့ချုပ် ၏ အတက်ကြွဆုံးနှင့် အအောင်မြင်ဆုံး အမျိုးသမီး ကစားသမားများ ပါဝင်ကိုယ်ဟန်ပြပြီး L’uomo Vogue, Harper’s Bazaar, Elle Russia နှင့် အခြားသော ဖက်ရှင် မဂ္ဂဇင်းများ၏ ထင်ရှားသော ရုရှား ဓာတ်ပုံဆရာ ပျိုတာတစ်တာရန်ကို (Pyotr Titarenko) က ရိုက်ကူးပေးခြင်း ဖြစ်သည်။

RelatedPosts

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

3 March 2025
5.1k
အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

10 August 2024
1.8k
ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ

ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ

30 June 2024
2.1k
အန်နာ ပရူဂိုဗာ (Anna Prugova)

အန်နာ ပရူဂိုဗာ (Anna Prugova)

အန်နာ ပရူဂိုဗာ က အဂျီဒယ် အိတ်ချ်စီ (Agidel HC) ရေခဲပြင်ဟော်ကီအသင်း၏ ဂိုးသမားတဦး ဖြစ်သည်။ သူသည် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင် ကြေးတံဆိပ်ရ ကမ္ဘာ့ချန်ပီယံအသင်းတွင် ပါဝင်ခဲ့သည်။ ထိုအသင်းသည် နှစ်နှစ်လုံးတွင် တတိယ နေရာလုပွဲတွင် ဖင်လန်အသင်းကို အနိုင်ရခဲ့သည်။

သူသည် သူ၏ ကလပ်အသင်းဟောင်း တော်နေဒိုအသင်း (မော်စကိုဒေသ) နှင့်လည်း IIHF ဥရောပ အမျိုးသမီး ချန်ပီယံဖလား ၄ ကြိမ်နှင့် အမျိုးသားချန်ပီယံ ၄ ကြိမ်ရဖူးသည်။ ၂၀၁၀ ခုနှစ်က အသက် ၁၆ နှစ်သာ ရှိသေးသောကြောင့် ဗန်ကူးဗား အိုလံပစ်တွင် အသက်အငယ်ဆုံး ရေခဲပြင်ဟော်ကီ ကစားသမားဖြစ်ခဲ့သည်။

ပရူဂိုဗာသည် အသက် ၁၁ နှစ်တွင် ဟော်ကီဂိုးသမား ဝတ်စုံနှင့် ကိရိယာများ လက်ဆောင်ရရှိရာမှ ဟော်ကီလောကသို့ စတင် ဝင်ရောက်ခဲ့သည်။ သူမ၏ ဇာတိမြို့ဖြစ်သော ခါဘာရော့ဗ်တွင် အမ်မာ အိတ်ချ်စီ အသင်း၏ ပွဲတပွဲကို ကြည့်ရာမှ ရေခဲပြင် ဟော်ကီကစားခြင်းကို နှစ်သက်စွဲလမ်းလာသည်။ ထိုအချိန်မှ စတင်ပြီး ရေခဲပြင် ဟော်ကီကစားလိုသော စိတ် ဆက်လက်ကြီးထွားလာကာ ဟော်ကီ ဂိုးသမား ဖြစ်လိုသော အိပ်မက်သည် ပြည့်ဝသွားခဲ့ပြီး အဆင့်မြင့်ပွဲများတွင် ဂိုးပိုက်ကို ဆယ်စုနှစ် တခုမျှ လုံခြုံအောင် စောင့်ကြပ်နိုင်ခဲ့သည်။

မာရီယာ ပက်ချ်နီကိုဗာ (Maria Pechnikova)

မာရီယာ ပက်ချ်နီကိုဗာ (Maria Pechnikova)

စပိန်နှင့် ဆလိုဗက်ကီးယားတို့ ပူးပေါင်းအိမ်ရှင် အဖြစ်ကျင်းပသော ၂၀၁၅ ခုနှစ် Winter Universiade တွင် အနိုင်ရသူ တဦး ဖြစ်သည်။ ပက်ချ်နီကိုဗာသည် ဥရောပ အမျိုးသမီး ချန်ပီယံ ဖလားတွင်လည်း ငွေတံဆိပ်ဆုရှင် ဖြစ်သည်။

သူ၏ ယခင်ကလပ်အသင်းဖြစ်သော SKIF တွင် ကစားစဉ်က အမျိုးသားအဆင့် ဆုများ ရရှိခဲ့ပြီး ငွေတံဆိပ် ၄ ခုရယူ နိုင်ခဲ့ကာ ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် အမျိုးသားချန်ပီယံဆု ၉ ကြိမ်ရထားသော တော်နေဒို အိတ်ချ်စီအသင်း၏ နောက်တွင် ရပ်တည်နေသည်။

ပက်ချ်နီကိုဗာသည် ရေခဲပြင်ဟော်ကီ မကစားမီ အခြား အားကစားများစွာ ကစားခဲ့သည်။ လှပမှု၊ ခွန်အားနှင့် အဖွဲ့အစည်းစိတ်ဓာတ် စသည်တို့ ပြည့်စုံရသည့် ဟော်ကီကစားနည်းကို နှစ်သက်သူ ဖြစ်သည်။

ငယ်စဉ်က ဖခင်ဖြစ်သူက ဟော်ကီရိုက်တန် တခုပေးပြီး “ရေခဲပြင်ဟော်ကီကစား၊ ဒါပေမယ့် အိမ်မှာ တော့ မကစားနဲ့” ဟု ပြောခဲ့သည်။ သို့သော် မာရီယာသည် သူမ၏ ရေခဲပြင်ဟော်ကီ ကျွမ်းကျင်မှု ပိုမိုကောင်းမွန်စေရန် သူမ၏ အခန်းအတွင်းရှိ ကောဇောပေါ်တွင် လေ့ကျင့်ခဲ့ပြီးနောက်မှသာ ရေခဲပြင်တွင် ကစားသည်။ သူမသည် သူမ၏ အနှစ်သက်ဆုံး ကစားနည်း ဖြစ်သည့် ရေခဲပြင်ဟော်ကီ ကစားခြင်းကို ဆက်လက်မြတ်နိုးနေဆဲဖြစ်သည်။

အော့ဆာနာ အဖိုနီနာ (Oksana Afonina)

အော့ဆာနာ အဖိုနီနာ (Oksana Afonina)

အော့ဆာ အဖိုနီနာသည် အသက် ၇ နှစ်အရွယ်တွင် ရေခဲပြင် ဟော်ကီ စတင်ကစားပြီး သူ၏ ဇာတိမြို့ဖြစ်သော ပါဘော်ရက်စ် ရှိ ယူရယ်လော့ချာ အိတ်စီ အသင်းတွင် ကစားခဲ့သည်။ ကစားသည့် သက်တမ်းအတွင်း အသင်းအမျိုးမျိုး ပြောင်းခဲ့ပြီး စပါတက်-မာကာရိုင်၊ ဖက်ကယ်၊ တော်ပီဒို အသင်းများတွင်လည်းကစားခဲ့ပြီး တော်ပီဒို အသင်းတွင် သူမ၏ တခုတည်းသော အမျိုးသားအဆင့် ဆုတံဆိပ်ကို ရရှိခဲ့သည်။

သူမသည် ရေခဲပြင်ဟော်ကီ ကစားခြင်းအပြင် ကမ္ဘာတွင် လူသိနည်းသော်လည်း ရုရှားနိုင်ငံ ယူရယ်လ် ဒေသတွင် လူကြိုက်များသည့် အားကစားနည်း တမျိုးဖြစ်သည့် ဘန်ဒီကစားနည်းကိုလည်းကစားသည်။

အိဗ်ဂျန်နီယာ ဒိုယူပီနာ (Evgeniya Dyupina)

အိဗ်ဂျန်နီယာ ဒိုယူပီနာ (Evgeniya Dyupina)

လက်ရှိ ဒီနာမို အက်စ်ပီဘီ အိတ်ချ်စီ (Dinamo-Spb HC) တွင် ကစားနေသူ ဖြစ်သည်။ ရုရှား အမျိုး သမီး အသင်း၏ အဖွဲ့ဝင်တဦး အနေဖြင့် ဂျူပီနာသည် Winter Universiades တွင် ၃ ကြိမ်ပြိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ငွေတံဆိပ်နှင့် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ရွှေတံဆိပ်များရခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ရုရှား အငယ်တန်း အသင်း၏ ကစားသမား အနေဖြင့် အုပ်စု ၁ တွင် ယူ ၁၈ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည်။

အိဗ်ဂျန်နီယာသည် ဟော်ကီမိသားစုတွင် မွေဖွားခဲ့သောကြောင့် ထိုကစားနည်းကို နှစ်သက်ခြင်း ဖြစ် သည်။ ဖခင်သည် ရေခဲပြင်ဟော်ကီ နည်းပြ ဖြစ်သည်။ ဖခင်ဖြစ်သူ၏ လေ့ကျင့်ကွင်းသို့ လိုက်သွား ရင်း အသက် ၇ နှစ် အရွယ်တွင် ရေခဲပြင် ဟော်ကီ စတင်ကစားခဲ့သည်။

ဒိုင်ယာနာ ကာနေဗာ (Diana Kanaeva)

ဒိုင်ယာနာ ကာနေဗာ (Diana Kanaeva)

သူမသည် ဒီနာမို အက်စ်ပီဘီ အိတ်ချ်စီ (Dinamo-Spb HC) တွင် ကစားနေသူ ဖြစ်သည်။၂၀၁၅ ခုနှစ် လူငယ် ကမ္ဘာ့ချန်ပီယံလုပွဲတွင် ကြေးတံဆိပ်ရထားသူဖြစ်သည်။ ကာနေဗာသည် လွန်ခဲ့သော ရာသီက ဒီနာမို အက်စ်ပီဘီ အိတ်ချ်စီ အသင်းအတွက် ကစားရင်း အမျိုးသား ချန်ပီယံလုပွဲတွင်လည်း ကြေးတံဆိပ်ရခဲ့သည်။

ငယ်စဉ်က စည်းချက်ညီ ဂျွမ်းဘားကစားခဲ့သော်လည်း နောက်ပိုင်းတွင် ရေခဲပြင်ဟော်ကီသို့ပြောင်း လဲကစားခဲ့သည်။

နာဒက်ဇာ မိုရိုဇိုဗာ (Nadezda Morozova )

နာဒက်ဇာ မိုရိုဇိုဗာ (Nadezda Morozova )

သူမသည် လက်ရှိ ဘာရုဆာ အိတ်ချ်စီ (Biryusa HC) အသင်းမှ ဖြစ်ပြီး၊ ၁၉၉၈ မှ ၂၀၀၄ အထိ ပစ်စ်ဘာ့ဂ် ပင်ဂွင်း အသင်းတွင် ကစားခဲ့သော အမျိုးသားအဆင့် ဟော်ကီသမားဟောင်း အလက်ဇီ မိုရိုဇော့ဗ် နှင့် ဝမ်းကွဲတော်စပ်သည်။ ရေခဲပြင် ဟော်ကီကစားခြင်းကို မိသားစုက သဘောမတူသဖြင့် ခွင့်ပြုချက်ရရန် ၃ နှစ်ခန့်မိသားစုကို ဖျောင်းဖျ ပြောဆိုခဲ့ရသည်။

မိုရိုဇိုဗာ၏ အားထုတ်မှုများသည် နောက်ဆုံံးတွင် ဆုလာဘ်များ ဖြစ်လာခဲ့သည်။ သူမသည် ရေခဲပြင် ကစားကွင်းတွင် အောင်မြင်မှု အချို့ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ကမ္ဘာ့ အငယ်တန်း ချန်ပီယံလုပွဲတွင် ကြေး တံဆိပ် ရခဲ့ပြီး ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်များက Winter Univesiades ပွဲများတွင်လည်း အနိုင်ရခဲ့ သည်။

တာတီယာနာ ရှာတာလိုဗာ(Tatiana Shatalova)

တာတီယာနာ ရှာတာလိုဗာ(Tatiana Shatalova)

သူမသည် လက်ရှိ ဘိုင်ရုဆာ အိတ်ချ်စီ (Biryusa HC) အသင်းမှ ဖြစ်သည်။ ၂၀၁၇ ခုနှစ် ကမ္ဘာ့ အငယ်တန်း ရေခဲပြင် ဟော်ကီ ချန်ပီယံလုပွဲတွင် ကြေးတံဆိပ်ဆုရခဲ့သည်။ သူမသည် မိသားစုနှင့် အတူနေထိုင်ရာ ဘယ်လာရပ်စ်နိုင်ငံ မင့်စ်ခ် မြို့ရှိ ရေခဲပြင် ဟော်ကီကစားကွင်းတွင် စတင်ကစားခဲ့ သည်။ ထိုစဉ်က အသက် ၅ နှစ်သာ ရှိသေးသောကြောင့် ကစားခွင့် ရရန် မိသားစုကို ပူဆာခဲ့ရ သော်လည်း သမီးဖြစ်သူကဲ့သို့ စိတ်အားထက်သန်မှုမရှိသော မိဘများက အပြင်းအထန် ငြင်းဆန် ကြသည်။

နောက်ပိုင်းတွင် ရှာတာလိုဗာသည် လက်ဝှေ့ကစားခဲ့သောကြောင့် မိဘများက ရေခဲပြင်ဟော်ကီသည် သမီးဖြစ်သူ အတွက် ပိုမို ကောင်းမွန်သည်ဟု ဆုံးဖြတ်ခဲ့သည်။

အနက်စ်တာဆီယာ ဆမာနိုဗာ (Anastasia Smirnova)

အနက်စ်တာဆီယာ ဆမာနိုဗာ (Anastasia Smirnova)

သူမက လက်ရှိ SKIF အသင်းမှ ဖြစ်သည်။ ယူရိုဖလားပွဲတွင် ရွှေနှင့်ငွေ တံဆိပ်များ ရခဲ့သူ မော်ဒယ်လ် ဟောင်း ဆမာနိုဗာ သည်ရေခဲပြင်ဟော်ကီ လောကသို့ အသက် ၁၉ နှစ်မှ ရောက်ရှိလာသဖြင့် အတန် ငယ် နောက်ကျသည်ဟု ဆိုရမည် ဖြစ်သည်။ ရေခဲပြင်ဟော်ကီ ကစားသမားဖြစ်လိုသော ညီမငယ် အတွက် သင့်တော်ခြင်း ရှိ/မရှိလေ့လာရန် ကစားကွင်းသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ရေခဲပြင် ဟော်ကီသည် အမျိုးသားများ အတွက် ကစားနည်းဖြစ်သည် ဟုသာ ဆမာနိုဗာ မူလက ထင်ခဲ့သည်။ သို့သော် ရေခဲပြင်ဟော်ကီ ကစားခြင်းကို လွန်စွာနှစ်ခြိုက်သွားပြီး ကျွမ်းကျင်သူဖြစ်လာသည်အထိ ကစားမည် ဟု ဆုံးဖြတ်လိုက်သည်။

ရေခဲပြင်ဟော်ကီလောကသို့ မရောက်မီ အလှမယ်ရွေးပွဲများနှင့် ဖက်ရှင်ပြပွဲများစွာတွင် ပါဝင်ခဲ့သူ ဆမာနိုဗာသည် အသက် ၂၀ အရွယ်တွင် ရေခဲပြင်ဟော်ကီအသင်းများနှင့် စတင် စာချုပ်ချုပ်နိုင်ခဲ့ပြီး ငွေအကြွေစေ့စုဆောင်းခြင်းနှင့် ဓာတ်ပုံရိုက်ခြင်း တို့ကိုလည်း ဝါသနာပါသည်။

တာတီယာနာ ရှချူးကီးနား (Tatiana Shchukina)

တာတီယာနာ ရှချူးကီးနား (Tatiana Shchukina)

ဆဗာ့ဒ်လိုဗက် ဒေသ အသင်း (Sverdlovsk Region Team) တွင် ကစားနေသူ၊ အမျိုးသားအဆင့် ချန်ပီယံအဆင့် ၃ ကြိမ် ရသူဖြစ်ပြီး ဇာတိ ပိုဒိုလက်ခ်တွင် အသက် ၁၃ နှစ်မှ စတင်ပြီး ရေခဲပြင် ဟော်ကီကစားသည်။ တနှစ်ခန့် ကစားပြီးနောက် ဂိုးသမား အဖြစ် ကစားခွင့်ပြုရန် နည်းပြထံ ခွင့်တောင်းပြီး ထိုမှစတင်ပြီး ထိုနေရာမှသာ ကစားခဲ့သည်။

သူမသည် ဥရောပ အလယ်ပိုင်း တောင်ပေါ်ဒေသများတွင် စကီးစီးလေ့ရှိပြီး စကီးစီးခြင်းကြောင့် စိတ်လှုပ်ရှားရခြင်းသည် ဟော်ကီဂိုးသမားများ ကစားကွင်းတွင် မရနိုင်သည့် ခံစားမှုကိုပေးသည်ဟု သူပြောသည်။ သူမသည် ရုရှား ဂန္ဓဝင်စာပေနှင့် နိုင်ငံတကာ ခေတ်ပြိုင်စာပေများ ဖတ်ရှုခြင်းကိုလည်း ဝါသနာပါသည်။

နီနာပီရိုဂိုဗာ (Nina Pirogova)

နီနာပီရိုဂိုဗာ (Nina Pirogova)

တော်နေးဒိုး အိတ်ချ်စီ (Tornado HC) တွင် ကစားနေသူ ပီရိုဂိုဗာသည် ၂၀၁၆ ခုနှစ် ကမ္ဘာ့ချန်ပီယံ လုပွဲတွင် ကြေးတံဆိပ် ရသူဖြစ်ပြီး ကမ္ဘာ့ အငယ်တန်းပြိုင်ပွဲများတွင်လည်း ကြေးတံဆိပ် ၂ ကြိမ်နှင့် အမျိုးသားအဆင့် ပွဲများတွင်လည်း ၂ ကြိမ် ဆုရဖူးသည်။

နီနာပီရိုဂိုဗာသည် ၂၀၁၇ ခုနှစ် ကမ္ဘာ့ အငယ်တန်းချန်ပီယံလုပွဲတွင် ရုရှားအသင်း၏ ခေါင်းဆောင် တာဝန်ယူခဲ့ပြီး ကွာတားဖိုင်နယ် ပွဲတွင် ချက်အသင်းနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ရာတွင် ပါဝင်ခဲ့သည်ကို လူသိများသည်။ ထိုပွဲအပြီးတွင် MMA ပွဲများကို ကြိုက်လာသည် ဟု ဆိုသော်လည်း သူမသည် ချက် အသင်းမှ ပြိုင်ဘက်များကို ထိုးကြိတ်ရန် မရည်ရွယ်ခဲ့ဘဲ သူမ၏ အသင်းမှ ဂိုးသမားကို ကာကွယ် ရန်သာ ရည်ရွယ်သည်ဟု ဆိုသည်။

အလဗ်တီနာ ရှာတာရိုဗာ (Alevtina Shtaryova)

အလဗ်တီနာ ရှာတာရိုဗာ (Alevtina Shtaryova)

တော်နေးဒိုး အိတ်ချ်စီ (Tornado HC) တွင် ကစားနေသူ ဖြစ်ပြီး ၂၀၁၅ ခုနှစ် ကမ္ဘာ့ အငယ်တန်း ချန်ပီယံလုပွဲတွင် ကြေးတံဆိပ်တခု၊ ၂၀၁၆ ခုနှစ် ကမ္ဘာ့ချန်ပီယံလုပွဲတွင် ကြေးတံဆိပ်တခုနှင့် Winter Universiade တွင်လည်း အနိုင်ရထားသည်။

ရှတာယိုဗာသည် အကိုဖြစ်သူ ဟော်ကီ ဘောလုံးနှင့် နှင်းလျှောစီးသည်ကို အသက် ၇ နှစ်အရွယ်တွင် တွေ့ခဲ့ပြီး ရေခဲပြင် ဟော်ကီကစားခြင်းကို စတင် စိတ်ဝင်စားခဲ့သည်။ ရေကူးခြင်းနှင့် အလှပြ နှင်းလျှောစီးခြင်း အပါအဝင် အားကစားနည်း အများအပြားကို ကစားခဲ့ပြီးနောက် ရေခဲပြင် ဟော်ကီ ကိုသာ အာရုံစိုက်ခဲ့သည်။ ရေခဲပြင်ဟော်ကီ ကစားခွင့်ရရန် အချိန်နှင့် အားထုတ်မှု အများအပြား ပြုလုပ်ခဲ့ရသည်။ ၆ လ ကြာမှ ငြင်းခုန်ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် ခွင့်ပြုချက်ရခဲ့သည်။

အန်နာ ရှိုခီနာ (Anna Shokhina)

အန်နာ ရှိုခီနာ (Anna Shokhina)

သူမသည် တော်နေးဒိုး အိတ်ချ်စီ (Tornado HC) မှပင် ဖြစ်ပြီး ၂၀၁၅ ခုနှစ် ကမ္ဘာ့အငယ်တန်း ချန်ပီယံလုပွဲတွင် ကြေးတံဆိပ်ရပြီး Winter Univesiade တွင် ဆု ၂ ကြိမ်ရထားသည်။

၂၀၁၄ ခုနှစ် ဆိုချီ အိုလံပစ် ပွဲတွင် ပါဝင်ခဲ့သော်လည်း ရုရှားအမျိုးသမီး အသင်းသည် မည်သည့်ဆုမျှ မရခဲ့ဘဲ အဆင့် ၆ သာ ရခဲ့သည်။ သူမသည် WHL တွင် စိုးမိုးထားသော တော်နေးဒိုး အိတ်ချ်စီ အသင်း၏ အသင်းခေါင်းဆောင်ဖြစ်သည်ပြီး ၂၀၁၆/၂၀၁၇ တွင် အသင်းအတွက် ဂိုးအများဆုံး သွင်းခဲ့သည်။

Your Thoughts …
Tags: ရုရှား ဟော်ကီအားကစားမယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
စစ်တွေ waterfront စီမံကိန်းပုံစံ / မျိုးမင်းစိုး / ဧရာဝတီ

ခွင့်ပြုမိန့် ရရှိထားပြီး အကောင်အထည်ဖော်ရန် ကြန့်ကြာနေသည့် လုပ်ငန်းများ စိစစ်တော့မည်

အစိုးရသို့ ဖက်ဒရယ် အခြေခံမူ တင်ပြနိုင်ရေး အရပ်ဘက် အဖွဲ့အစည်းများ ကြိုးပမ်းနေ

အစိုးရသို့ ဖက်ဒရယ် အခြေခံမူ တင်ပြနိုင်ရေး အရပ်ဘက် အဖွဲ့အစည်းများ ကြိုးပမ်းနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate