အားကစား

အင်္ဂလန် ချန်ပီယံရှစ် အသင်းတွေကို ဘယ်သူတွေ ပိုင်ဆိုင်သလဲ

အင်္ဂလန်ရဲ့ အမှတ်ပေး ပြိုင်ပွဲတွေက ကမ္ဘာမှာ လူကြိုက် အများဆုံးနဲ့ အအောင်မြင်ဆုံးပါ။ အီတလီက စီးရီးဘီ ပြိုင်ပွဲတွေကို စိတ်စားသူ နည်းပါတယ်။ ဒီလိုပဲ အခြား ဒုတိယတန်းလို့ ဆိုနိုင်မယ့် ပြိုင်ပွဲတွေကို လူကြိုက် မများလှပပေမယ့် အင်္ဂလန်ရဲ့ ဒုတိယတန်း အမှတ်ပေး ဘောလုံးပြိုင်ပွဲ Football League Championship ရဲ့ အသင်းတွေနဲ့ ပြိုင်ပွဲတွေကတော့ လူတိုင်း သိကြ၊ စိတ်ဝင်စားကြပါတယ်။

အထူးသဖြင့်တော့ နာမည်ကြီး ပရီးမီးယားလိဂ်ကနေ လူသိများ ကျော်ကြားတဲ့ အသင်းတွေ တန်းဆင်းပြီး သွားကစားနေရ တတ်လို့ပါ၊ အရင်နှစ်က ဆိုရင် နယူးကာဆယ်လို အသင်း တန်းဆင်ပြီး ချန်ပီယံရှစ်ကို ရောက်သွားတယ်၊ ဒီလိုပဲ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်က အောင်မြင်တဲ့ အက်စတွန်ဗီလာလို အသင်းတွေ၊ ဖူဟမ်လ်၊ လိဒ် စတဲ့ အသင်းကြီး ဖြစ်ခဲ့ဖူးတဲ့ အသင်းတွေ ကျင်လည် နေတဲ့ ပြိုင်ပွဲ ဖြစ်လို့ပါ။

ဒီချန်ပီယံရှစ်က အသင်းတွေက စိတ်ဝင်စားစရာ ကောင်းသလို အသင်းကို ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ အရှေ့တိုင်းနိုင်ငံတွေက စီးပွားရေး လုပ်ငန်းရှင်တွေ၊ သူတွေး ပါဝင်နေတာကလည်း စိတ်ဝင်စားစရာပါ။ အင်္ဂလန် ချန်ပီယံရှစ် အသင်းတွေကို ဘယ်သူတွေ ပိုင်ဆိုင်ထားပါသလဲ ဆိုတာ တင်ပြပေးပါမယ်။

(၁) Aston Villa ။ ။ အေဗီလာလို့လည်း လူသိများတဲ့ အက်စတန်ဗီလာ အသင်းကို တရုတ်နိုင်ငံသား ဒေါက်တာ Tony Xia က ပိုင်ဆိုင်ပါတယ်။ သူက ၁ ဒသမ ၂ ဘီလီယံတောင် ချမ်းသာတဲ့ သူဌေးတဦး ဖြစ်ပြီး Recon Group အမည်ရှိ စီးပွားရေး လုပ်ငန်းကို တည်ထောင် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

(၂) Barnsley ။ ။ ဘန်စလေ အသင်းကို အမေရိကန်သား Chien Lee, Billy Beane, Paul Conway, တရုတ်နိုင်ငံသား Grace Hung, Neerav Parekh နဲ့ အင်္ဂလန်သား The Cryne မိသားစုတို့က ပိုင်ဆိုင်ထားကြပါတယ်။ သူတို့ တဦးချင်းစီရဲ့ ပိုင်ဆိုင်မှုကို သေချာမသိရပေမယ့် အားလုံးပေါင်းရဲ့ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၉ ဒသမ ၁ ဘီလီယံလောက် ပိုင်ဆိုင်တဲ့ သူဌေးတွေ ဖြစ်ပါတယ်။

(၃) Birmingham City ။ ။ ဘာမင်ဂမ်အသင်းကို တရုတ်က Paul Suen က ၆၀ ဒသမ ၇၈ ရာခိုင်နှုန်း၊ Wang Leiက ၅ ဒသမ ၂၈ ရခိုင်နှုန်းနဲ့ Carson Yeung က ၆ ဒသမ ၅၁ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားပါတယ်။ သူတို့ ၃ ဦးပေါင်းရဲ့ ကြွယ်ဝမှုက ဒေါ်လာ သန်း ၅၇၀လောက် ရှိပါတယ်။ အဓိက အနေနဲ့တော့ Birmingham International Holdings ကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

(၄) Bolton Wanderers ။ ။ ဘော်တန် အသင်းကို အင်္ဂလန်သား Eddie Davies က ပိုင်ဆိုင်ထားပါတယ်။ သူက ဒေါ်လာ ၅၂ သန်းလောက် ချမ်းသာသူ ဖြစ်ပြီး Strix လုပ်ငန်းကို တဦးတည်း ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

(၅) Brentford ။ ။ ဘရန့်ဖို့အသင်းကို အင်္ဂလန်သား Matthew Benham က ရှယ်ယာ ၉၆ ရာခိုင်နှုန်းအထိ အများဆုံး ပိုင်ဆိုင်ထားပါတယ်။ သူက ဘောလုံး အသင်း ပိုင်ရှင် စစ်စစ် ဖြစ်ပြီး အခြား စီးပွားရေး လုပ်ငန်း လုပ်ကိုင် ပိုင်ဆိုင်တာမျိုး မရှိပါဘူး။

(၆) Bristol City ။ ။ ဘရစ်စတိုးစီးတီး အသင်းကို အင်္ဂလန်သား Stephen Lansdwon က ပိုင်ဆိုင်ပါတယ်။ သူက အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံလောက် ချမ်းသာသူ ဖြစ်ပြီး Hargreaves Lansdwon လုပ်ငန်းကို အဓိက လုပ်ကိုင် နေသူ ဖြစ်ပါတယ်။

(၇) Burton Albion ။ ။ ဘာတန်အသင်းကို အင်္ဂလန်သား Ben Robinsonက ပိုင်ဆိုင်ထားပါတယ်။ သူကလည်း ဘောလုံး အသင်းပိုင်ရှင် အဖြစ်ပဲ နာမည်ကြီးပြီး အခြား လုပ်ငန်း လုပ်ကိုင်မှု မတွေ့ရပါ။

(၈) Cardiff City ။ ။ ကာဒစ်ဖ် အသင်းကို အမေရိကန်သား Vincent Tan ရှယ်ယာ ၅၁ ရာခိုင်နှုန်း ဝယ်ထားပြီး အများဆုံး ပိုင်ဆိုင်ထားပါတယ်။ သူက Berjaya Group ကို ဦးဆောင်နေတဲ့ လုပ်ငန်းရှင် တဦး ဖြစ်ပြီး ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၈၂၀ လောက် ကြွယ်ဝသူပါ။

(၉) Derby County ။ ။ ဒါဘီကောင်တီ အသင်းကို အင်္ဂလန်သား Mel Morris က ပိုင်ဆိုင်ပါတယ်။ သူက King အမည်ရှိ စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ်ပြီး ပိုင်ဆိုင်မှု ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံထိ ကြွယ်ဝသူပါ။

(၁၀) Fulham ။ ။ ဖူဟမ်လ်အသင်းကို အမေရိကန်က နာမည်ကျော် သူဌေးကြီး Shahid Khan က ပိုင်ဆိုင်ပါတယ်။ သူက Flex-N-Gate ဆိုတဲ့ ကားအပိုပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်း လုပ်ကိုင်နေတာ ဖြစ်ပြီး ပိုင်ဆိုင်မှု ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံလောက် ရှိသူပါ။

(၁၁) Hull City ။ ။ ဟူးလ်စီးတီး အသင်းကို အင်္ဂလန်သား The Allam မိသားစုက ပိုင်ဆိုင်ပါတယ်။ ဒီမိသားစုက Allam Marine ဆိုတဲ့ သင်္ဘောလုပ်ငန်းကို အဓိက လုပ်ကိုင်နေတာ ဖြစ်ပြီး ပိုင်ဆိုင်မှု ဒေါ်လာ ၃၂၅ သန်းလောက် ရှိပါတယ်။

(၁၂) Ipswich Town ။ ။ အစ်ပ်ဝှစ်ချ် တောင်းန် အသင်းကို အင်္ဂလန်သား Marcus Evans က ပိုင်ဆိုင်ပါတယ်။ သူက Marcus Evans Group ကို တည်ထောင် လုပ်ကိုင်နေသူ ဖြစ်ပြီး ပိုင်ဆိုင်မှု ဒေါ်လာ ၈၂၅သန်းလေက် ချမ်းသာပါတယ်။

(၁၃) Leeds United ။ ။ ယခင်နာမည်ကြီး လိဒ်ယူနိုက်တက် အသင်းက အီတလီသား Andrea Radrizzani ရဲ့ လက်ထဲမှာပါ။သူက Eleonora Sports Ltd နဲ့ Aser Group စီးပွားရေး လုပ်ငန်းစု နှစ်ခုကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

(၁၄) Middlesbrough ။ ။ မစ်ဒယ်ဘရော့ အသင်းက အင်္ဂလန်သား Steven Gibson ရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး သူက Bulkhaul Limited ကို လုပ်ကိုင်နေသူ ဖြစ်ပြီး ဒေါ်လာ သန်း ၂၆၀ လေက် ချမ်းသာပါတယ်။

(၁၅) Millwall ။ ။ မီဝေါလ် အသင်းကို အမေရိကန်သား John Berylson Richard Smith က ပိုင်ဆိုင်ထားပါတယ်။ သူက Chestnut Hill Ventures အမည်ရှိ ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီကို တည်ထောင် လုပ်ကိုင်နေတာ ဖြစ်ပြီး ၁၇၅ သန်းလောက် ချမ်းသာသူပါ။

(၁၆) Norwich City ။ ။ နော့ဝှစ်ချ်အသင်းကို အင်္ဂလန်သား Delia Smith, Michael Wynn-Jones နဲ့ Michael Fougler တို့က ပိုင်ဆိုင်ပါတယ်။ သူတို့ထဲမှာ Jones က ရှယ်ယာ ပိုင်ဆိုင်မှု အများဆုံး ဖြစ်ပြီး ၅၃ ရာခိုင်နှုန်း အထိအောင် ပိုင်ဆိုင်ထားပါတယ်။ အစားအစာထုတ်လုပ်မှု လုပ်ငန်း၊ စာပေထုတ်ဝေရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေ လုပ်ကိုင်ကြသူတွေ ဖြစ်ပါတယ်။

(၁၇) Nottingham Forest ။ ။ နော်တင်ဟမ် အသင်းက ဂရိနိုင်ငံသား Evangelos Marinakis ရဲ့ ပိုင်ဆိုင်မှု အဖြစ် ရှိနေပါတယ်။ သူက အခြား နာမည်ကြီး ဘောလုံး အသင်း Olympiacos F.C ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ဒေါ်လာ သန်း ၆၅၀ လောက် ချမ်းသာပါတယ်။

(၁၈) Preston North End ။ ။ ပရက်စတန်အသင်းကို အင်္ဂလန်အခြေစိုက် Trevor Hemmings CVO က ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားပြီး သူ့လက်ထဲမှာ ၅၁ ဒသမ ၄ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒီကုမ္ပဏီက ဇိမ်ခံမျှော်စင် လုပ်ငန်းတွေ၊ မြင်းပြိုင်ပွဲတွေ၊ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေနဲ့ အာမခံ လုပ်ငန်းတွေ လုပ်ကိုင်နေတာ ဖြစ်ပြီး တန်ဖိုး သန်း ၇၂၀ လောက်ရှိတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

(၁၉) Queens Park Rangers ။ ။ ပြည်တွင်းမှာ QPR အဖြစ် လူသိများတဲ့ ကွင်းစ်ပါ့ခ်ရိန်းဂျား အသင်းကို မလေးရှားက ဒေါ်လာ ၃၄၅ သန်း ချမ်းသာတဲ့ Tony Fernandes က ရှယ်ယာ ၆၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ဒေါ်လာ ၁၆ ဒသမ ၄ ဘီလီယံ ချမ်းသာတဲ့ အိန္ဒိယ သူဌေး Lakshmi Mittal က ၃၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ သူတို့ နှစ်ဦးဟာ Air Asia အပါအဝင် Tune Group နဲ့ ArcelorMittal လုပ်ငန်းတွေကို လုပ်ကိုင်နေသူပါ။

(၂၀) Reading ။ ။ ရီဒင်း အသင်းကို ထိုင်းနိုင်ငံသား Narin Niruttinanon က ရှယ်ယာ ၅၀ ရာခိုင်နှုန်း၊ Sasima Srivikorn က ၂၅ ရာခိုင်နှုန်း၊ Sumrith Thanakarnjanas က ၂၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားပါတယ်။

(၂၁) Sheffield United ။ ။ ရှက်ဖီးလ် အသင်းကို ဆော်ဒီအာရေဗျက မင်းသားတပါးလည်းဖြစ်၊ စီးပွားရေး လုပ်ငန်းရှင် တဦးလည်း ဖြစ်တဲ့ Abdullah bin Musa’ed က ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ သူက စက်သုံးဆီ ထုတ်လုပ်မှု လုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်ပြီး ဒေါ်လာ ၁၅၅ သန်းလောက် ချမ်းသာသူပါ။

(၂၂) Sheffield Wednesday ။ ။ ရှက်ဖီးဝမ်းနက်စ်ဒေး အသင်းကိုတော့ ထိုင်းနိုင်ငံက Thai Union Group လုပ်ငန်းကို တည်ထောင် လုပ်ကိုင်နေတဲ့ Dejphon Chansiri က ပိုင်ဆိုင်ထားပါတယ်။

(၂၃) Sunderland ။ ။ ဆန်းဒါးလန်း အသင်းက အမေရိကန်သား Ellis Short ရဲ့ ပိုင်ဆိုင်မှု အဖြစ် ရှိနေပြီး သူက Lone Star Funds ကိုရော Skibo Castle တွေကိုပါ ပိုင်ဆိုင်သူ ဖြစ်ပြီး ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံလောက် ချမ်းသာသူ ဖြစ်ပါတယ်။

(၂၄) Wolverhampton Wanderers ။ ။ ဝုဖ်ဗာဟက်တန် အသင်းကိုတော့ တရုတ် အခြေစိုက် Fosun International ရဲ့ လက်ခွဲ ကုမ္ပဏီ Guo Guangchang လုပ်ငန်းက ပိုင်ဆိုင်ထားပါတယ်။ ဒီကုမ္ပဏီက ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေ လုပ်ကိုင်နေတာ ဖြစ်ပြီး တန်ဖိုး ဒေါ်လာ ၉၈ ဒသမ ၂ ဘီလီယံလောက် တန်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

Ref: www.en.m.wikipedia.org

Loading