• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle အားကစား

အနီရောင် တောင်ကိုးရီးယား နတ်ဆိုးများ ကမ္ဘာ့ဖလားကို ရယူနိုင်မှာလား

by Sid
10 January 2018
in အားကစား
A A
အနီရောင် တောင်ကိုးရီးယား နတ်ဆိုးများ ကမ္ဘာ့ဖလားကို ရယူနိုင်မှာလား
13.9k
VIEWS
Share on FacebookShare on Twitter

အသင်းကို Korea Republic National Football Team လို့ ခေါ်ပါတယ်၊ တောင်ကိုရီးယား ဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်မှာ ရှိပြီး နိုင်ငံ ကိုယ်စားပြု အသင်း အနေနဲ့ နိုင်ငံတကာ ဘောလုံး ပွဲစဉ်တွေမှာပါ ဝင်ရောက်ကစားနေတာပါ။ ၁၉၆၀ ပြည့်လွန်နှစ်တွေကနေ စတင်ပြီး အသင်းဟာ အာရှမှာ အင်အားအကြီးဆုံး အသင်း တသင်း အဖြစ် စတင် သတ်မှတ်ခံလာရ သလို အခု နောက်ပိုင်း သမိုင်းကြောင်း အောင်မြင်မှု အနေအထားအရ လက်ရှိမှာ အာရှရဲ့ အအောင်မြင်ဆုံး ဘောလုံး အသင်းလို့တောင် သတ်မှတ်နိုင်နေပါပြီ။

ဒါကလည်း ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲကို ၉ ကြိမ်ဆက်တိုက် ဝင်ပြိုင်ခွင့်ရထားတယ်၊ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားမှာ လည်း ပါတယ်၊ စုစုပေါင်း ကမ္ဘာ့ဖလား ဝင်ခွင့် ၁၀ ကြိမ်ရဖူးတယ်၊ ဒါတွေက အာရှအသင်းတွေထဲမှာ အကြိမ်ရေ အများဆုံး ဖြစ်လို့ပါ။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
585
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
304
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
383

အသင်းကို အမည်ပြောင် အနေနဲ့ The Reds (အနီရောင်စစ်သည်များ) နဲ့ Red Devils (အနီရောင်နတ်ဆိုးများ) လို့လည်း ခေါ်ပါတယ်။ AFC ဆိုတဲ့ အာရှ ဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်ခံ အသင်း ဖြစ်ပါတယ်။ အာရှတွင်း နိုင်ငံ များပြားမှုနဲ့ ဘောလုံးနယ်ပယ် ခွဲေ၀ သတ်မှတ်မှု အရတော့ အရှေ့အာရှနယ်အတွင်းမှာ ပါရှိတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အသင်း ကို နည်းပြ Shin Tae-yong က ကိုင်တွယ်နေပြီး အသင်းခေါင်းဆောင် အဖြစ် Ki Sung-yueng က တာဝန်ယူနေတာ တွေ့ရပါတယ်။ အိမ်ကွင်း အဖြစ် Seoul World Cup Stadium ကို လက်ခံကစားတာ ဖြစ်ပါတယ်။

အသင်းက အိမ်ကွင်းမှာ အနီရောင် အကျႌ၊ ဘောင်းဘီနဲ့ ခြေအိတ်တွေကို ဝတ်ဆင်ကစားပြီး အကျႌရဲ့ ရင်ဘတ်ခြမ်းမှာ ကြက်သွေးရောင် အရိပ်ထည့်ထားပါတယ်၊ အဝေးကွင်းမှာတော့ အဖြူရောင် အကျႌ၊ ဘောင်းဘီနဲ့ ခြေအိတ်တွေ ဝတ်ဆင်ပြီး အိမ်ကွင်း ဝတ်စုံလိုပဲ ရင်ဘက်ခြမ်းမှာ အပြာရောင် အရိပ် ထည့်သွင်းဖန်တီးထားတာလည်း တွေ့ရပါတယ်။


လက်ရှိ အာရှ အင်အားကြီး ဆိုပေမယ့် ကမ္ဘာ့အဆင့်မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အဆင့် သတ်မှတ်ချက်မှာ အဆင့် ၆၀ အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။ ဒါဟာ နိုဝင်ဘာလ အတွင်း သတ်မှတ်ချက် အဆင့် ၅၉ ထက် ၁ ဆင့် ကျသွားတာ ပါ။

အသင်းရဲ့ သမိုင်းတလျှောက် အဆင့် အမြင့်ဆုံး သတ်မှတ်ခံရမှု အဖြစ် ၁၉၉၈ ခုနှစ် ဒီဇင်ဘာ အတွင်းက အဆင့် ၁၇ ထိ ရောက်ဖူးတာလည်း တွေ့ရပါတယ်။ အသင်းကြီး တသင်း ဖြစ်တာနဲ့ အညီ အရမ်းတော့ ဆိုးရွားလောက်အောင် အဆင့် နိမ့်ကျခြင်း မရှိဖူးပဲ ၂၀၁၄ နိုဝင်ဘာနဲ့ ၂၀၁၅ ဇန်နဝါရီတွေ အတွင်း အနိမ့်ဆုံး အဖြစ် အဆင့် ၆၉ ထိအောင် ၂ ကြိမ် ရောက်ဖူးတာပဲ တွေ့ရပါတယ်။

အသင်းက ဂျပန်လို အသင်းနဲ့ စာရင် နိုင်ငံ တကာပွဲစဉ် ကစားမှု နောက်ကျတယ် လို့ ဆိုရမှာပါ။ ပထမဆုံး နိုင်ငံတကာ ပွဲစဉ်ကို ၁၉၄၈ ခုနှစ် ဇူလိုင် ၆ ရက်နေ့ကမှ စတင် ကစားခဲ့ပြီး အဆိုပါပွဲကို ဟောင်ကောင်မှာ သွားကစားခဲ့တာ ဖြစ်ပြီး ဖွင့်ပွဲမှာ တောင်ကိုရီးယားက ဟောင်ကောင်ကို ၅ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့လို့ မျက်နှာပန်း လှခဲ့ပါတယ်။

အသင်းရဲ့ စံချိန်တင် အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲကိုတော့ ၂၀၀၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမှာ လက်ခံကစားခဲ့တဲ့ နီပေါနဲ့ ပွဲမှာ ရရှိခဲ့ပြီး အဆိုပါ ပွဲမှာ နီပေါကို ၁၆ ဂိုး ဂိုး မရှိနဲ့ နိုင်ခဲ့တာပါ။ သမိုင်းတလျှောက် အဆိုးရွားဆုံး ရှုံးပွဲကိုတော့ ၁၉၄၈ ခုနှစ် သြဂုတ် ၅ ရက်နေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မှာ ဆွီဒင်နဲ့ ကစားတဲ့ပွဲမှာ ဆွီဒင်ကို ၁၂ ဂိုး ဂိုး မရှိနဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။

အမြင့်ဆုံး အောင်မြင်မှု အနေနဲ့ ဆိုရင်လည်း ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားမှာ စတုတ္ထရဖူးတာ တွေ့ရပါတယ်။ ဒါဟာ တခြား အာရှ အသင်းတွေထက် ပိုကောင်းတဲ့ ကမ္ဘာ့ဖလား အောင်မြင်မှု အဆင့်လည်း ဖြစ်ပါတယ်။ အာရှ ဖလားပြိုင်ပွဲကိုတော့ ၁၉၅၆ ခုနှစ်မှာ စတင် ဝင်ခွင့် ရခဲ့ပြီး အခုချိန်ထိအောင် ၁၃ ကြိမ် ခြေစစ်ပွဲ အောင်ခဲ့ပြီး ၁၉၅၆ နဲ့ ၁၉၆၀ တွေမှာ ၂ ကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။ ကွန်ဖက်ဒရေးရှင်း ဖလားမှာတော့ ၂၀၀၁ ခုနှစ်က ၁ ကြိမ် ဝင်ခဲ့ပေမယ့် အုပ်စု အဆင့်နဲ့ ထွက်ခဲ့ရ ပါတယ်။

၂၀၀၂ ခုနှစ်အတွင်းက ဂျပန်နဲ့ အတူ ကမ္ဘာ့ဖလားကို အိမ်ရှင် အဖြစ် လက်ခံ ကစားတဲ့ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အထိအောင် ရောက်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်တော့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ၁၆ သင်း အဆင့် ရောက်ခဲ့သေးတယ်၊ အာရှ ဖလားဆိုရင် လည်း ချန်ပီယံ ၂ ကြိမ်ပဲ ဖြစ်ဖူးပေမယ့် ဒုတိယ ၄ ကြိမ်၊ တတိယ ၄ ကြိမ်စီ ရထားပြီး အောင်မြင်မှု အမြင့်ဆုံး အာရှ အသင်း တသင်း အဖြစ် ရှိနေတာပါ။ Asian Games မှာလည်း ၁၉၇၀၊ ၁၉၇၈ နဲ့ ၁၉၈၆ တွေမှာ ရွှေတံဆိပ် ရယူထားပါ သေးတယ်။

အသင်းရဲ့ အဓိက ပြိုင်ဘက်ကတော့ အိမ်နီးချင်း အင်အားကြီး ဂျပန်ဖြစ်ပါတယ်။ အခုချိန်ထိ ဂျပန်နဲ့ ၇၅ ပွဲ ကစားထားပြီး ၄၀ နိုင်တယ်၊ ၂၂ ပွဲ သရေနဲ့ ၁၃ ပွဲပဲ ရှုံးထားလို့ ရလဒ်ကောင်းနေပါတယ်။ ပြီးတော့ နိုင်ငံရေး အရပါ ပြိုင်ဘက် ဖြစ်နေတဲ့ မြောက်ကိုရီးယားနဲ့လည်း အဓိက ပြိုင်ဘက်တွေ အဖြစ် ရှိနေပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားက ပြိုင်ဖက်ကောင်း တော့ မဟုတ်ခဲ့ပါဘူး။ ပြီးတော့ တရုတ်၊ အီရန်တို့လည်း ရှိပါတယ်။ အထူးသဖြင့်တော့ အီရန်နဲ့ အာရှဖလား ကွာတားဖိုင်နယ်မှာ ၅ နှစ်ဆက် တွေ့ဆုံဖူးပြီး ၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ၁ ပွဲသရေနဲ့ ခြေညီနေပါတယ်။ ဒါပေမယ့် ရှေ့ပိုင်းမှာ တောင်ကိုရီးယားရဲ့ ရလဒ်တွေ ဆိုးဝါးထားမှုက အခုချိန်ထိအောင် အီရန်နဲ့ ပွဲမှာ ၁၃ ပွဲ ရှုံးထားတယ်၊ ၇ ပွဲ သရေကျပြီး ၉ ပွဲပဲ နိုင်ထားတာပါ။

အသင်းရဲ့ နောက်ဆုံး ခြေစွမ်းပိုင်း အနေအထားကတော့ အားရစရာပါ၊ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က မြောက်ကိုရီးယားနဲ့ EAFF ချန်ပီယံပြိုင်ပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ထားသလို၊ ဒီဇင်ဘာ ၁၆ ရက်နေ့က ဂျပန်နဲ့ ပွဲစဉ်မှာလည်း ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ထားပါတယ်။

ကမ္ဘာ့ဖလား မတိုင်ခင် ဥရောပရဲ့ အင်အားကြီးပိုလန်နဲ့ လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ခြေစမ်းပွဲ ကစားဖို့ ရှိနေတာပါ။ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် အနေနဲ့တော့ အုပ်စုနည်းနည်း ကျပ်နေတယ် လို့ ဆိုရမှာ ဖြစ်ပြီး ဇွန်လ ၁၈ ရက်နေ့မှာ ပထမဆုံး ပွဲ အနေနဲ့ ဆွီဒင်၊ ၂၃ ရက်နေ့မှာ ဒုတိယ ပွဲအဖြစ် မက္ကဆီကို၊ ၂၇ ရက်နေ့မှာ အုပ်စု နောက်ဆုံးပွဲ အဖြစ် ဂျာမနီတို့နဲ့ ကစားရမှာပါ။

ဆွီဒင်ရဲ့ ခြေစွမ်းကလည်း ကောင်းတယ်၊ မက္ကဆီကိုကလည်း ပြိုင်ဘက်အဆင့်ထက် သာတယ်လို့ ဆိုနိုင်မယ့် အသင်း ဖြစ်သလို ဂျာမနီကတော့ ၂ ကြိမ်အဖြစ်နဲ့ရော ဘရာဇီးရဲ့ စံချိန်ကိုပါ အမီလိုက်ဖို့ ဖလား ရယူချင်နေတာမို့ ကျော်ဖြတ်ဖို့ တောင်ကိုရီးယား ဘောလုံးအသင်း အနေနဲ့ တော်တော်ကို ခက်ခဲမယ့် အနေအထား ဖြစ်နေပါတယ်။

Ref: www.en.m.wikipedia.org

Your Thoughts …
Tags: တောင်ကိုရီးယား ဘောလုံး အသင်း
Sid

Sid

...

Similar Picks:

No Content Available
Next Post
လူကြီးလူကောင်း ရုပ်ရှင်ဇာတ်ကားတွင် တက်ရောက်ပြောကြားပေးခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ လူမင်း / ယုဖြူဟန် / ဧရာဝတီ

အသက်အရွယ်နဲ့ဝါအရ မီဒီယာသမားတွေကို ဆုံးမစကားပြောလို့ရပြီဆိုတဲ့ လူမင်း

Reuters သတင်းထောက် ၂ ဦး ယနေ့ ရုံးထုတ် မြင်ကွင်း / ချမ်းစွန်း / ဧရာဝတီ

မမှန်ကန်သည့်နည်းဖြင့် အရေးယူခံရခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံ Reuters သတင်းထောက် ၂ ဦးပြော

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate