• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle အားကစား

ဘောလုံးစစ်ပွဲမှာ အီဂျစ်က ဖာရိုဘုရင်တွေ အောင်နိုင်မှာလား

by Sid
16 January 2018
in အားကစား
A A
အီဂျစ်ဘောလုံးအသင်း

အီဂျစ်ဘောလုံးအသင်း

12.6k
VIEWS
Share on FacebookShare on Twitter

အသင်း အမည်က Egypt National Football Team ဖြစ်ပြီး အီဂျစ်နိုင်ငံ လက်ရွေးစင် အသင်း အဖြစ် နိုင်ငံတကာ ပွဲတွေမှာ ကစားနေတာ ဖြစ်သလို လာမယ့် ၂၀၁၈ ရုရှား ကမ္ဘာ့ ဖလားမှာလည်း ခြေစစ်ပွဲအောင် ထားလို့ အုပ်စု အဆင့်ကနေ ပါဝင် ကစားခွင့်ရမှာ ဖြစ်ပါတယ်။

အသင်းကို The Pharaohs (ဖာရိုဘုရင်များ) လို့ နာမည်ပြောင် ခေါ်ပါတယ်။ ၁၉၂၁ ခုနှစ်ကတည်းက တည်ထောင် ဖွဲ့စည်းထားတဲ့ အီဂျစ်ဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်ခံ အသင်းပါ။ ရှေ့ပိုင်းမှာ အသင်းက အိမ်ကွင်း အဖြစ် Cairo International Stadium ကို လက်ခံ ကစားပေမယ့် ၂၀၁၂ ခုနှစ် နောက်ပိုင်းကနေ စတင်ပြီး Borg El Arab Stadium ကို ပြောင်းလဲ လက်ခံကစားနေတာ တွေ့ရပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
547
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
387
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
423

အာဖရိက ဘောလုံးအဖွဲ့ချုပ် CAF ရဲ့ လက်အောက်ခံ အသင်းပါ၊ မြောက်အမေရိက UNAF နယ်တွင်း နိုင်ငံ အဖြစ် သတ်မှတ်ခံထားရပါတယ်။ လက်ရှိ အသင်း နည်းပြဖြစ်သူ Hector Cuper က ကိုင်တွယ်နေပြီး အသင်း ခေါင်းဆောင် တာဝန်ကို Essam El-Hadary က တာဝန်ယူထားတာ တွေ့ရပါတယ်။

အသင်းက အိမ်ကွင်း ဝတ်စုံ အနေနဲ့ အင်္ကျီအနီ၊ ရင်ဘက်မှာ အနက်ကွက်လေးတွေ ထည့်ထားပြီး ဘောင်းဘီ အဖြူမှာ ဘေးဘက် အနီစင်းနဲ့ ခြေအိတ်က အနက်ရောင်ဖြစ်ပြီး လည်ပင်းကို အဖြူရောင် အစင်းနဲ့ ကွပ်ထားပါတယ်။ အဝေးကွင်း မှာတော့ အင်္ကျီ အဖြူရောင်၊ လက်မောင်းသား အနက်ရောင် ဖြစ်ပါတယ်။ ဘောင်းဘီက အနက်ရောင်မှာ ဘေးဘက် အဖြူရောင် အစင်း ပါရှိပါတယ်။ ခြေအိတ်က အဖြူရောင် ဖြစ်ပြီး လည်ပင်းမှာတော့ အနက်ရောင် အစင်း ကွပ်ထားပါတယ်။

အီဂျစ်ဘောလုံးအသင်း နည်းပြ Hector Cuper

လက်ရှိ ကမ္ဘာ့ အဆင့် သတ်မှတ်ချက်ကတော့ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ အတွင်းမှာ ဖီဖာ သတ်မှတ်ချက် အဆင့် ၃၁ နေရာမှာ ရပ်တည်နေပြီး နိုဝင်ဘာလ အတွင်းကနဲ့ အဆင့် တည်မြဲနေတာပါ။ အသင်းဟာ အာဖရိက တိုက်တွင်း အသင်းတွေထဲမှာတော့ အင်အားကြီး အသင်း ဖြစ်ပြီး ကမ္ဘာ့ အဆင့် သတ်မှတ်ချက် အဆင့် ၉ထိအောင် အမြင့်ဆုံး အဖြစ် ၂ ကြိမ် သတ်မှတ်ခံရဖူးပါတယ်။ ၂၀၁၀ ခုနှစ် အတွင်း စက်တင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ဖြစ်ပါတယ်။ စံချိန်တင် အနိမ့်ဆုံး အဆင့် ကျဆင်းမှု အဖြစ်ကိုတော့ ၂၀၁၃ခုနှစ် မတ်လ အတွင်းက တွေ့ရပြီး အဆင့် ၇၅ထိအောင် ကျဆင့်ဖူးတာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ ပွဲစဉ် ကစားမှုမှာ ဥရောပ အသင်းတွေလောက် မစောပေမယ့် အာဖရိက အသင်းတွေထဲမှာတော့ စောပါတယ်။ ၁၉၂၀ သြဂုတ် ၂၈ရက်မှာ ပထမဆုံး နိုင်ငံတကာ ပွဲစဉ်ကို ဘယ်ဂျီယမ်နိုင်ငံ ဂျန့်မှာ ကစားခဲ့ပြီး အဆိုပါ ပွဲမှာ အသင်းက ပြိုင်ဘက် အီတလီကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ ပထမဆုံးပွဲစဉ် ရလဒ် မကောင်းပေမယ့် အသင်းကြီး အီတလီကို ဂိုးသွင်းနိုင် သလို အကောင်းဆုံး လိုက်ကစားနိုင်ခဲ့တဲ့ အသသင်းပါပဲ။

အသင်း ခေါင်းဆောင် Essam El-Hadary

အသင်းရဲ့ အကြီးမားဆုံး နိုင်ပွဲကိုတော့ ကျနော်တို့နဲ့ အိမ်နီးချင်း နိုင်ငံ လာအိုနဲ့ ရရှိထားပါတယ်။ ၁၉၆၃ ခုနှစ် နိုုဝင်ဘာ ၁၅ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာ ကစားတဲ့ အီဂျစ်နဲ့ လာအိုပွဲမှာ အီဂျစ်က ၁၅ ဂိုး ဂိုးမရှိနဲ့ နိုင်ထားပါတယ်။ အသင်းရဲ့ အကြီးမားဆုံး ရှုံးပွဲကတော့ ပွဲဦးထွက် ရှုံးပွဲ ပေးခဲ့တဲ့ အီတလီနဲ့ ဖြစ်ပြီး ၁၉၂၈ ခုနှစ် ဇွန်လ ၁၀ ရက်က နယ်သာလန်နိုင်ငံ၊ အမ်စတာဒန်မှာ ကစားတဲ့ ပွဲမှာ အီတလီကို ၁၁ ဂိုး ၃ဂိုးနဲ့ ရှုံးထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား အတွေ့အကြုံ အနေနဲ့တော့ အသင်းက ကမ္ဘာ့အဆင့်မှာ ထိပ်ပိုင်းက ရပ်တည်နေပေမယ့် ကမ္ဘာ့ဖလား ဝင်ခွင့်တော့ သိပ်မရလှပါဘူး။ ၁၉၃၄ ခုနှစ်က ပထမဆုံး အကြိမ် ဝင်ခွင့်ရပြီး အခုထိ ၃ ကြိမ်ပဲ ဝင်ခွင့်ရထားပါတယ်။ အဆိုပါ ၁၉၃၄ ကမ္ဘာ့ဖလားဟာ အီဂျစ်အတွက် မျက်နှာပန်း လှခဲ့ပြီး အမြင့်ဆုံး အဆင့် ၁၃ ထိအောင် ရောက်ခဲ့ဖူးပါတယ်။

အာဖရိကနိုင်ငံများ ဖလားပွဲကိုတော့ ၁၉၅၇ ခုနှစ်ကနေ အခုချိန်ထိအောင် ၂၃ ကြိမ် ဝင်ခွင့်ရခဲ့ပြီး ချန်ပီယံ ၇ ကြိမ် ဖြစ်ထား သလို နောက်ဆုံး ချန်ပီယံဖြစ်ထားတဲ့ နှစ်ကတော့ ၂၀၁၀ ခုနှစ်က ဖြစ်ပါတယ်။ ကွန်ဖက်ဒရေးရှင်း ဖလားမှာတော့ ၁၉၉၉ ခုနှစ်က ပထမဆုံး အကြိမ် ဝင်ခွင့်ရပြီး အခုထိ ၂ ကြိမ်ပဲ ဝင်ခွင့်ရထားပါတယ်။ အုပ်စုအဆင့်ကနေ တကြိမ်မှ မတက်ခဲ့ရတာ ကတော့ အသင်း အတွက် မျက်နှာငယ်စရာပါ။

ဒါပေမယ့် အာဖရိကလို အခြား တိုက်ကြီးတွေနဲ့ စာရင် ခေါင်တဲ့ ဒေသ အတွက်ကတော့ အီဂျစ်ဟာ ဘောလုံးမှာ အောင်မြင်မှု အမြင့်ဆုံး အသင်းတွေထဲက တခုပါ။ ဖီဖာရဲ့ အဆင့် သတ်မှတ်ချက်မှာလည်း အထက်မှာ ပြောသလို အဆင့် ၉ ထိအောင် အမြင့်ဆုံး ရောက်ရှိခဲ့ခြင်းက အာဖရိက ဒေသတွင်း နိုင်ငံ အသင်းတွေထဲမှာ ကမ္ဘာ့အဆင့် ထိပ်ဆုံး ၁၀ သင်း စာရင်း ဝင်ဖူးတဲ့ အသင်း ၃ သင်းပဲ ရှိတဲ့ထဲမှာ ၁ သင်း အပါအဝင် ဖြစ်ပါတယ်။

စံချိန်တင် စာရင်းဝင်မှု အပိုင်းမှာလည်း အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း ပထမဆုံး ကမ္ဘာ့ဖလား ဝင်ခွင့်ရသူ အသင်း အဖြစ်လည်း မှတ်တမ်းဝင်နေတာပါ။ အရင်နှစ် ၂၀၁၇ က အာဖရိက ဖလားမှာလည်း ၇ နှစ်ကြာ ဝေးကွာနေတဲ့ ချန်ပီယံ ဆုကို ပြန်လည် ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ကင်မရွန်းကို ရှုံးလို့ ဒုတိယနဲ့ ကျေနပ်ခဲ့ရတာပါ။ ၂၀၁၇ အောက်တိုဘာ ၈ ရက်မှာတော့ လာမယ့် ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲ အောင်ခဲ့ပြီး ၂၈ နှစ်ကြာ ကမ္ဘာ့ဖလားဝင်ခွင့် ဝေးကွာမှုကို အဆုံးသတ်နိုင်ခဲ့တာပါ။

အသင်း အနေနဲ့ နိုင်ငံတကာပွဲ ကစားတဲ့ အပိုင်းမှာတော့ အခြား နိုင်ငံက အသင်းတွေနဲ့ ယှဉ်ကြည့်ရင် အားနည်းတယ် လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၇ အောက်တိုဘာ ၈ရက်က ခြေစစ်ပွဲမှာ ကွန်ဂိုကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်တယ်၊ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ အောင်တယ်၊ အဲဒီနောက် နိုဝင်ဘာ ၁၂ ရက်မှာ ဂါနာနဲ့ ကစားတယ်၊ တဖက် ၁ ဂိုးစီနဲ့ သရေကျတယ်၊ လာမယ့် ကမ္ဘာ့ဖလား မတိုင်ခင် ခြေစမ်းပွဲ ၂ ပွဲ ကစားဖို့ ရှိနေပြီး မတ်လ ၂၃ ရက်နေ့မှာ နာမည်ကြီး ပေါ်တူဂီ၊ ၂၇ ရက်နေ့မှာ ဘူလ်ဂေးရီးယား တို့နဲ့ ကစားဖို့ ရှိနေတာပါ။

ကမ္ဘာ့ဖလား ပွဲတွေမှာတော့ အုပ်စုပွဲစဉ်ကို လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ အဖွင့်ပွဲ အဖြစ် ဥရုဂွေးနဲ့ ကစားရမယ်၊ ၁၉ ရက်နေ့မှာ အိမ်ရှင် ရုရှား၊ ၂၅ ရက်နေ့မှာ ဆော်ဒီအာရေဗျတို့နဲ့ ကစားရမှာ ဖြစ်ပြီး အိမ်ရှင် ရုရှား၊ အင်အားကြီး ဥရုဂွေးတိုနဲ့ တအုပ်စုတည်း ကျနေခြင်းက အုပ်စု အဆင့်ကိုတောင် ဖြတ်ကျော်ဖို့ မလွယ်ဘူးလို့ ဆိုရမှာပါ။

ကမ္ဘာ့ဖလားပြီးရင်တော့ အသင်း အနေနဲ့ အာဖရိကနိုင်ငံများ ဖလားပွဲတွေ ဆက်ကစားရဖု့ိ ရှိနေပြီး စက်တင်ဘာ ၇ ရက်မှာ နိုင်ဂျာ၊ အောက်တိုဘာ ၁၀ ရက်နေ့မှာ ဆွာဇီလန်၊ ၁၃ရက်နေ့မှာ ဆွာဇီလန်အိမ်ကွင်းမှာ သွားကစားရပါလိမ့်မယ်။ နိုဝင်ဘာ ၁၆ ရက်မှာ တူနီးရှားနဲ့ ကစားရဖို့လည်း အခုနှစ်ကုန်အထိ ရှိနေတာပါ။

အသင်းအတွက် ပွဲအများဆုံး ကစားပေးထားသူတွေကို ကြည့်မယ် ဆိုရင် ၁၉၉၅ ခုနှစ်ကနေ စပြီး နိုင်ငံ အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ Ahmed Hassanက ၁၈၄ ပွဲ ကစားပေးထားပြီး ၃၃ ဂိုးထိအောင် သွင်းထားပေးခဲ့ပါတယ်။ ဂိုးအများဆုံး သွင်းယူပေးထားသူကတော့ ၁၉၈၅ ခုနှစ်မှာ လက်ရွေးစင် အသင်းတွက် စတင် ကစားခွင့်ရခဲ့တဲ့ Hossam Hassan က ပွဲပေါင်း ၁၆၉ ပွဲ ကစားပေးပြီး ဂိုးပေါင်း ၇၀ ထိအောင် အများဆုံး သွင်းယူပေးထားတာ ဖြစ်ပါတယ်။

Ref: en.m.wikipedia.org

Your Thoughts …
Tags: အီဂျစ်ဘောလုံးအသင်း
Sid

Sid

...

Similar Picks:

No Content Available
Next Post
ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ပါတီဝင်များနှင့် ပည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး တွေ့ဆုံခဲ့ကြစဉ် / ဧရာဝတီ

ယခုလပိုင်းအတွင်း သောင်းနှင့်ချီ ကြံ့ခိုင်ရေးပါတီသို့ ဝင်ဟုဆို

ပြန်ကြားရေး ဒုဝန်ကြီးအား ကြိုဆိုပါ၏

ပြန်ကြားရေး ဒုဝန်ကြီးအား ကြိုဆိုပါ၏

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate