• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle အားကစား

ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦးရဲ့ တပွဲကစားတိုင်းရတဲ့ ဝင်ငွေ ဘယ်လောက်လဲ

by Sid
17 January 2018
in အားကစား
A A
ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦးရဲ့ တပွဲကစားတိုင်းရတဲ့ ဝင်ငွေ ဘယ်လောက်လဲ
10.8k
VIEWS
Share on FacebookShare on Twitter

အားကစားလောကရဲ့ တန်ဖိုးအကြီးဆုံး စာချုပ် ချုပ်ဆို သဘောတူညီခဲ့ကြတဲ့ စာချုပ်တွေနဲ့ တပွဲဝင်ငွေ ဘယ်လောက် ရတယ် ဆိုတဲ့ အကြောင်း ပြောပြပါမယ်။ ပြောင်းရွှေ့ကြေးတွေ၊ အပိုဆုကြေးတွေ၊ လစာတွေ၊ အာမခံကြေးတွေနဲ့ အတူ ရပိုင်ခွင့်တွေ အားလုံးကို ထည့်ပေါင်းပြီး ချုပ်ဆိုကြတဲ့ တန်ဖိုးတွေလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ လစာ တခုတည်း အများဆုံး ရသူတွေ၊ ဆုကြေး အများဆုံး ရသူတွေ သီးသန့် ပြောထားတာ မဟုတ်ပဲ အားလုံးကို အခြေခံ စုပေါင်း တွက်ချက်ပြီး ပြောထားတာ ဖြစ်ပါတယ်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
310
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
371
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
857

(၁) လက်ရှိ အားကစားလောကမှာ တန်ဖိုးအကြီးဆုံး စာချုပ် ချုပ်ဆိုထားသူကတော့ ဘေ့စ်ဘော ကစားသမား ဂျီယာကာလို စတင်တန် (Giancarlo Stanton) ဖြစ်ပါတယ်။ လက်ရှိ မီယာမီ မာလင် (Miami Marlins) အသင်းမှာ ကစားနေတဲ့ ဂျီယန်ကာလို့ဟာ ၂၀၁၄ ခုနှစ်က အခု စာချုပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပြီး သက်တမ်းက ၂၀၂၇ အထိ ကြာမြင့်ပါတယ်။ စာချုပ် တန်ဖိုး အမေရိကန် ဒေါ်လာ ၃၂၅ သန်း ဖြစ်ပြီး သူ့ အနေနဲ့ တနှစ်ကို ဒေါ်လာ ၂၅ သန်းလောက် ဝင်ငွေ ရနေမှာ ဖြစ်ပြီး တနှစ် အတွင်း ဘေ့စ်ဘော ကစားရမယ့် ပွဲတွေနဲ့ ပြန်တွက်ရင် ဂျီယန်ကာလို့ဟာ တပွဲ ကစားတိုင်း ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၅၄ သိန်း ရရှိမှာ ဖြစ်ပါတယ်။

(၂) လက်ရှိ နယူးယော့ယန်းကီး (New York Yankees) အသင်းကနေ ခေါ်ယူခြင်း ခံထားတဲ့ အဲလက်ရိုဒရီဂုဇ် (Alex Rodriguez) ကတော့ ဒုတိယ တန်ဖိုး အကြီးဆုံး စာချုပ် ချုပ်ဆိုထားသူပါ။ သူလည်း ဘေ့စ်ဘော ကစားသမားပါ။ ၁၀ နှစ် သက်တမ်းရှိ စာချုပ်ကို ၂၀၀၈ ခုနှစ်ကနေ ချုပ်ဆိုခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ထိ ကြာခဲ့သလို အခုနှစ် အတွင်း စာချုပ် သက်တမ်း ပြည့်သွားပေမယ့် သက်တမ်းတိုးပြီး အသင်းမှာ ဆက်ရှိနေတယ် လို့ ဆိုပါတယ်။ သူရဲ့ ၁၀ နှစ် သက်တမ်း စာချုပ်က ဒေါ်လာ ၂၇၅ သန်း တန်ဖိုးရှိခဲ့ပြီး တနှစ်ကို ၂၇ ဒသမ ၅ သန်း ရမှာ ဖြစ်သလို တပွဲချင်း ပြန်တွက်ကြည့်ရင် ၁ ဒသမ ၆၇ သိန်း ရရှိမှာလည်း ဖြစ်ပါတယ်။

(၃) လူကြိုက်များလာတဲ့ ဘောလုံးအားကစားရဲ့ တန်ဖိုးကြီး စာချုပ်က အဆင့် ၃ မှာ ချိတ်လာပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလ ဘာစီလိုနာကနေ ပြင်သစ်ကလပ် PSG ရောက်လာသူ နေမာ (Neymar) ရဲ့ စာချုပ် ဖြစ်ပါတယ်။ ၅ နှစ် သက်တမ်း ရှိစာချုပ်ကို ၂၀၁၇ ကနေ ၂၀၂၂ ခုနှစ် အတွက် ချုပ်ဆိုခဲ့တာပါ။ စာချုပ်ရဲ့ တန်ဖိုး ဒေါ်လာ သန်း ၂၇၀ ဖြစ်ပါတယ်။ နေမာ အနေနဲ့ တနှစ်ကို ဝင်ငွေ ဒေါ်လာ ၅၄ သန်း ရရှိမှာ ဖြစ်ပြီး ဘောလုံးတပွဲ ကစားတိုင်း ဒေါ်လာ ၁ ဒသမ ၀၈ သိန်း ဝင်ငွေရနေတာလည်း ဖြစ်ပါတယ်။

(၄) ဘေ့စ်ဘောက အာရှမှာ လူကြိုက်နည်းပေမယ့် ဥရောပမှာ အသင့်အတင့်နဲ့ မြောက်အမေရိကတိုက်မှာတော့ လူကြိုက် အများဆုံးပါပဲ။ အဆင့် ၄ နေမှာလည်း ဘေ့စ်ဘော ကစားသမား အဲလက်ရိုဒရီဂုဇ် (Alex Rodriguez) ရဲ့ စာချုပ်က စာရင်းဝင်နေပါတယ်။ Texas Rangers အသင်းကနေ အဲလက်ကို ၁၀ နှစ် သက်တမ်းရှိ စာချုပ်နဲ့ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး စာချုပ်ရဲ့ တန်ဖိုးက ဒေါ်လာ ၂၅၂ သန်းထိအောင် တန်ပါတယ်။ အဲလက်အနေနဲ့ တနှစ်ကို ဝင်ငွေ ၂၅ ဒသမ ၂ သန်း ရခဲ့ပြီး ကစားပွဲ တပွဲပြီးတိုင်း ဝင်ငွေ ၁ ဒသမ ၅၅ သိန်းလောက် ရခဲ့တာပါ။

(၅) အဆင့် ၅ မှာလည်း ဘေ့စ်ဘော ကစားသမား မစ်ဂွဲကာဘရီယာ (Miguel Cabrera) ရဲ့ စာချုပ်ရှိနေပါတယ်။ ဒက်ထရော့ တိုက်ဂါး (Detroit Tigers) အသင်းကနေ သူ့ကို ၈ နှစ် သက်တမ်း စာချုပ်နဲ့ ၂၀၁၆ ခုနှစ်ကနေ စတင် ခေါ်ယူခဲ့တာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်ထိ အသင်းမှာ ရှိနေမှာပါ။ စာချုပ် တန်ဖိုး ဒေါ်လာ ၂၄၈ သန်းဖြစ်ပြီး တနှစ်ကို ဝင်ငွေ ၃၁ သန်း ရမှာဖြစ်သလို တပွဲပြီးတိုင်း ဒေါ်လာ ၁ ဒသမ ၉၁ သိန်း ဝင်နေမှာလည်း ဖြစ်ပါတယ်။

(၆) အမေရိကန် ဘေ့စ်ဘော ကစားသမား ရောဘင်ဆင်ကာနို (Robinson Cano) ကို ဆီယက်တယ်မရီနာ (Seattle Mariners) အသင်းက ချုပ်ဆိုထားတဲ့ စာချုပ်က တန်ဖိုး ဒေါ်လာ သန်း ၂၄၀ ဖြစ်ပါတယ်။ ၁၀ နှစ် သက်တမ်းနဲ့ ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကနေ စတင် ချုပ်ဆိုခဲ့တာ ဖြစ်လို့ လာမယ့် ၂၀၂၃ ခုနှစ်ထိ အသင်းမှာ ရှိနေမှာပါ။ ရောဘင်ဆင် အနေနဲ့ တနှစ်ကို ဝင်ငွေ ၂၄ သန်း ရရှိမှာ ဖြစ်ပြီး တပွဲပြီးတိုင်း ဒေါ်လာ ၁ ဒသမ ၄၈ သိန်း ဝင်ငွေရနေတာလည်း ဖြစ်ပါတယ်။

(၆-ခ) အထက်က ရောဘင်ဆင်နဲ့ စာချုပ်တန်ဖိုးတူ စာချုပ်ကို ဘေ့စ်ဘောကစားသမား အဲလ်ဘတ်ပူဂျိုး (Albert Pujols) က လော့စ်အင်ဂျလိစ် အိန်ဂျယ် (Los Angeles Angels) အသင်းနဲ့ ချုပ်ဆိုထားပါတယ်။ တန်ဖိုး သန်း ၂၄၀ ဖြစ်ပါတယ်။ သူလည်း ၁၀ နှစ် သက်တမ်းနဲ့ပဲ ဖြစ်ပြီး ၂၀၁၂ ကနေ ၂၀၂၁ ခုနှစ်အထိ အသင်းမှာ ကစားနေမှာပါ။ အဲဘတ် အနေနဲ့ တနှစ် ဝင်ငွေ ဒေါ်လာ ၂၄ သန်းရမှာ ဖြစ်သလို ကစားပွဲ တပွဲ အတွက် ဆိုရင် ၁ ဒသမ ၄၈ သိန်း ရမှာပါ။

(၇) ဘတ်စကတ်ဘော ကစားသမားထဲမှာ တန်ဖိုးအကြီးဆုံး စာချုပ် ချုပ်ဆိုထားနိုင်သူကတော့ ဟွန်စတန်ရော့ကက် (Houston Rockets) အသင်းနဲ့ စာချုပ်ထားတဲ့ ဂျိမ်းစ်ဟာဒင် (James Harden) ပဲ ဖြစ်ပါတယ်။ ၂၀၁၇ ကနေ ၂၀၂၃ ခုနှစ် အထိ ၆ နှစ် သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုထားတာပါ။ စာချုပ်က တန်ဖိုး ဒေါ်လာ ၂၂၈ သန်း တန်ပါတယ်။ ဂျိမ်းစ် အနေနဲ့ တနှစ်ကို အသင်းကနေ ဝင်ငွေ ၃၈ သန်း ရနေမှာ ဖြစ်ပြီး ဒါဟာ တပွဲ ကစားတိုင်း ဝင်ငွေ ၄ ဒသမ ၆၃ သိန်း ရနေတာ လည်း ဖြစ်ပါတယ်။

(၈) စင်စင်နတီ ရက်ဒ် (Cincinnati Reds) အသင်းနဲ့ စာချုပ် ချုပ်ဆို ကစားနေတဲ့ ဘေ့စ်ဘောကစားသမား ဂျိုယေးဗော့တို (Joey Votto) ရဲ့ စာချုပ်က ဒေါ်လာ ၂၂၅ သန်း တန်ဖိုး ရှိပါတယ်။ ၁၀ နှစ် သက်တမ်း ရှိတဲ့ အခု စာချုပ်ကို ၂၀၁၄ ခုနှစ်က ချုပ်ဆိုထားတာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်ထိ အသင်းမှာ ရှိနေမှာပါ။ ဂျိုယေး အနေနဲ့ တနှစ်ကို ဝင်ငွေ ၂၂ ဒသမ ၅ သန်းလောက် ရှိနေမှာ ဖြစ်ပြီး တပွဲ ကစားတိုင်း ဝင်ငွေ ၁ ဒသမ ၃၈ သိန်း ဝင်နေတဲ့ သဘောပါ။

(၉) ဘော့စတန် ရက်ဆောက်စ် (Boston Red Sox) အသင်းနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ဘေ့စ်ဘောကစားသမား ဒေးဗစ်ပရိုက်စ် (David Price) ကလည်း ဒေါ်လာ ၂၁၇ သန်းတန် စာချုပ်ကို ၇ နှစ်စာ ချုပ်ဆိုထားပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် အထိ အသင်းမှာ ရှိနေမှာ ဖြစ်ပြီး ဒေးဗစ် အနေနဲ့လည်း တနှစ်ကို ဝင်ငွေ ၃၁ သန်းလောက် ရရှိမှာ ဖြစ်သလို တပွဲ ကစားတိုင်း ၁ ဒသမ ၉၁ သိန်း ထိ ဝင်ငွေ ရနေတာ ဖြစ်ပါတယ်။

(၁၀) လော့စ်အင်ဂျလိစ်ဒေါ့ဂျာ (Los Angeles Dodgers) အသင်းကနေ ခေါ်ယူထားတဲ့ ဘေ့စ်ဘောသမား ကလေတန် ကာရှော (Clayton Kershaw) ရဲ့ စာချုပ်ကငတော့ တန်ဖိုး ဒေါ်လာ ၂၁၅ သန်းထိအောင် ရှိပါတယ်။ ၇ နှစ် သက်တမ်း စာချုပ်ပဲ ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ထိ အသင်းမှာ ကစားပေးရမှာ ဖြစ်ပါတယ်။ ကလေတန် အနေနဲ့ အသင်းကနေ တနှစ်ကို ၃၀ ဒသမ ၇ သန်းလောက်ထိ ဝင်ငွေရနေတာ ဖြစ်ပြီး ဒါဟာ တပွဲ ကစားတိုင်း ၁ ဒသမ ၈၆ သိန်း ရနေတဲ့ သဘောဖြစ်ပါတယ်။

သူတို့ နောက်မှာတော့ တန်ဖိုးအကြီးဆုံး စာချုပ် စာရင်းမှာ အဆင့် ၁၇ ထိ ဘေ့စ်ဘော ကစားသမားတွေပဲ ဦးဆောင်နေပြီး အဆင့် ၁၈ မှာမှ လက်ဝှေ့ကစားသမား ဖလွိုက်ဒ် မေဝဲသား (Floyd Mayweather) က သန်း ၁၈၀ တန် စာချုပ်နဲ့ ကြားဖြတ်ရပ်တည်နိုင်ခဲ့ပြီး ထိပ်ဆုံး အဆင့် ၂၅ ထိအောင် ဘေ့စ်ဘော ကစားသမားတွေပဲ အမြင့်ဆုံး စာချုပ်တန်ဖိုးတွေနဲ့ ရပ်တည်နေနိုင်ကြတာ တွေ့ရပါတယ်။ ။

Ref: www.en.m.wikipedia.org

Your Thoughts …
Tags: အားကစားစာချုပ်များ
Sid

Sid

...

Similar Picks:

No Content Available
Next Post
နာဂ ဒေသသည် မြန်မာနိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုအနက် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဖြစ်သည်။

နာဂဒေသတွင် ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ပေးရန် အကြံပြု

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရှိ ဝန်ကြီးချုပ်သစ်ထိုင်မည့်နေရာအား တွေ့ရစဉ် / ဆလိုင်းသန့်စင်

ဧရာဝတီတိုင်းအစိုးရကို ဘယ်သူဦးဆောင်မှာလဲ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
4.1k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.2k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate