အားကစား

အနုပညာကို ချစ်သော စပါးအသင်း၏ ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ ဂျိုးလူဝစ်

Want create site? Find Free WordPress Themes and plugins.

အရင်က ပရီးမီးယားလိဂ်မှာ အသင်းကြီးတွေ ပြီးရင် အလယ်အလတ် အသင်း အနေနဲ့ ရှိခဲ့တဲ့ စပါး အသင်းဟာ အခုတော့ အသင်းကြီး စာရင်းဝင်လာပြီလို့တောင် ဆိုနိုင်တော့မှာပါ။ အမှတ်ပေးဇယား ရပ်တည်မှုမှာလည်း ဇယားထိပ်ပိုင်း ရပ်တည် နိုင်လာသလို ဥရောပပွဲတွေလည်း ဝင်ခွင့်ရတယ်၊ ခြေစွမ်းလည်း ကောင်းလာတယ်၊ ဒေသတွင်း အသင်းကြီးတွေ ကိုလည်း ကောင်းကောင်း ယှဉ်ကစားလာနိုင်ပါတယ်။

လက်ရှိ စပါးအသင်းကို အင်္ဂလန်သား ဂျိုးလူဝစ် (Joe Lewis) က ရှယ်ယာ ၇၀ ဒသမ ၆ ရာခိုင်နှုန်းနဲ့ Daniel Levy က ကျန်တဲ့ ရှယ်ယာ ၂၉ ဒသမ ၄ ရာခိုင်နှုန်း ခွဲေ၀ ပိုင်ဆိုင်ထားတာပါ။ ရှယ်ယာပိုင်ဆိုင်မှုအရ ဂျိုးလူဝစ်က အသင်းရဲ့ ရှယ်ယာ အများဆုံး ပိုင်ထားပြီး အသင်းရဲ့ အရေးပါတဲ့သူ အဖြစ် ရှိနေတာပါ။

ဂျိုးလူဝစ်ရဲ့ နာမည် အပြည့်အစုံက Joseph C. Joe Lweis ပါ။ ဂျိုးက စီးပွားရေးသမား၊ ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့က မွေးဖွားခဲ့တဲ့ သူ၊ အခုဆိုရင် အသက် ၈၀ ရှိနေပြီ၊ အသက်ကြီးပေမယ့် သူ့ရဲ့ လုပ်ငန်းတွေကို အခုတိုင် စီစဉ်ကွပ်ကဲ နေဆဲပါ။ အခုတော့ ဘဟားမားက နယူးပရိုဗီးဒန့်မှာ နေထိုင်ပါတယ်။

သူက စီးပွားရေး သမား တဦး အနေနဲ့ လူသိများတယ်၊ အထူးသဖြင့်တော့ Tavistock Group လို စီးပွားရေး လုပ်ငန်းစုရဲ့ ဥက္ကဌ အဖြစ် လူသိများပါတယ်။ ပြီးတော့ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ကိုင်တယ်၊ အခု ဘောလုံး အသင်း ရှယ်ယာတွေ ဆိုတာ ရင်းနှီးမြှပ်နှံမှု အဖြစ် ဝယ်ထားတဲ့ သဘောပေါ့။ ပြီးတော့ ဂျိုးလူဝစ်က အနုပညာ မြတ်နိုးသူ တဦး။ အနုပညာ ပစ္စည်းတွေ စုဆောင်းတတ်တဲ့ ဝါသနာလည်း ရှိပါတယ်။ ၁၉၅၈ ခုနှစ်ကတည်းက စီးပွားရေး နယ်ပယ်ထဲ ဝင်ရောက်လာတဲ့ သူက အခုထိ ငွေရှာနေသူ တဦးပါ။

၂၀၁၆ ခုနှစ် အတွင်းက Forbes မဂ္ဂဇင်းရဲ့ အချမ်းသာဆုံး စာရင်းမှာ သူက ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံရှိပြီး အင်္ဂလန်မှာ အချမ်းသာဆုံး အဆင့် ၆၊ ကမ္ဘာမှာ ၂၄၈ ဦးမြောက် အဖြစ် ပိုင်ဆိုင်ထားသူပါ။ ဒါတောင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ အတွင်း သူ့ရဲ့ ပိုင်ဆိုင်မှုက ၅ ဒသမ ၆ ဘီလီယံထိ ရှိလာလို့ အခုဆိုရင် အရင်အဆင့်ထက်အောင် ပိုပြီး မြင့်မား နေလောက်ပြီ ဖြစ်ပါတယ်။

ဂျိုးက အိမ်ထောင် ၂ ဆက်ကျခဲ့တယ်၊ ပထမ ဇနီးသည်က Esther Browne ၊ သူမနဲ့ ကလေးနှစ်ယောက်ရတယ်၊ Vivienne Lewis Silverton နဲ့ Charles Lewisတွေ ဖြစ်ပါတယ်။ နောက်တော့ သူတို့ နှစ်ယောက် ကွာရှင်းလိုက်တယ်၊ ဂျိုးက ဒုတိယ အိမ်ထောင်ထပ်ကျတယ်၊ Jane Lewis ဖြစ်ပြီး သူမနဲ့တော့ အခုထိ ရိုးမြေကျ ပေါင်းဖက်တော့မှာလည်း ဖြစ်ပါတယ်။

တကယ်ဆို ဂျိုးက အင်္ဂလန်သား ဆိုပေမယ့် လူမျိုးက ဂျုး မိသားစုကနေ မွေးဖွားလာသူပါ။ သူက အသက် ၁၅ နှစ်မှာ ကျောင်းက ထွက်ပြီး သူ့ဖခင်ရဲ့ အလုပ်တွေကို ဝင်ကူနေခဲ့သူပါ။ နောက်တော့ သူ့ဖခင် အရွယ်ရလာပြီး သူက နေရာဝင်ယူ တယ်၊ အသေးစား လုပ်ငန်းလေးကနေ တန်ဖိုးကြီး အမှတ်တရ လက်ဆောင် ပစ္စည်းတွေ ဖန်တီးပြီး အင်္ဂလန်ကို လာလည် တဲ့ အမေရိကန်ခရီးသွားတွေကို ရောင်းချတယ်။

ဒီလိုနဲ့ West End လို ကလပ်ကို သူပိုင်လာပါတယ်။ သူ့ အလုပ်မှာ ပထမဆုံး ဝန်ထမ်းတွေ အဖြစ် လက်ရှိ စီးပွားရေး နယ်ပယ်မှာ အောင်မြင်နေတဲ့ Robert Earl နဲ့ Nolans တို့လို မိသားစုတွေကို အလုပ်ခန့်ထား လုပ်ကိုင်တယ်။ ၁၉၇၉ ခုနှစ် မှာတော့ သူက အဆိုပါ ကလပ်ကို ရောင်းချလိုက်ပြီး သန်းကြွယ်သူဌေး အဖြစ် ချမ်းသာနိုင်မယ့် အလုပ်တွေကို ပြောင်းလဲ လုပ်ကိုင်ဖို့ ခြေလှမ်းစခဲ့ပါတယ်။

၁၉၈၀ နဲ့ ၁၉၉၀ တွေမှာ သူက ငွေကြေးလဲလှယ်မှု လုပ်ငန်းထဲ ဝင်လာခဲ့တယ်။ အခုလက်ရှိ သူနေတဲ့ ဘဟားမားကို ရောက်လာပြီး ၁၉၉၂ ခုနှစ်မှာ George Soros နဲ့ ပေါင်းပြီး European Exchange Rate Mechanism ကို တည်ထောင် လုပ်ကိုင်ခဲ့ပါတယ်။

တကယ်တော့ ဂျိုးက အရင်းနည်းနည်းပဲ စိုက်နိုင်သူ ဖြစ်ပြီး လုပ်ငန်းကိုတော့ လုပ်အားများများနဲ့ ပါဝင် ဦးဆောင် လုပ်ကိုင်သူပါ။ ဆိုရိုကတော့ ငွေပိုစိုက်ခဲ့သူ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကနေ Black Wednesday လို အစီအစဉ်တွေ ကို ကျင်းပပြီး လုပ်ငန်းကို အောင်မြင်အောင် ကြိုးစားခဲ့တာ တွေ့ရပြီး ရလဒ် အနေနဲ့တော့ ဂျိုးက သန်းကြွယ်သူဌေး တဦး ဖြစ်လာပါတော့တယ်။

အချို့သော မီဒီယာတွေရဲ့ ဖော်ပြချက်မှာ ဂျိုးဟာ ဆိုရိုထက်တောင်မှ အမြတ်ပိုပြီး ရသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အခုတော့ ဂျိုးဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဖြစ်နေပါပြီ။

အခုထိအောင်လည်း FX trader လို လုပ်ငန်းတွေကို ဂျိုးက လုပ်ကိုင်နေသေးတယ်။ နောက်တော့ စီးပွားရေး လုပ်ငန်း အဖြစ် Tavistock Group ကို တည်ထောင်တယ်၊ ဒီစီးပွားရေး လုပ်ငန်းစုက နိုင်ငံပေါင်း ၁၅ နိုင်ငံလောက်မှာ ကုမ္ပဏီပေါင်း ၂၀၀ လောက် တည်ထောင် လုပ်ကိုင်နေတဲ့ လုပ်ငန်းစုကြီးလည်း ဖြစ်ပါတယ်။

နာမည်ကြီး လုပ်ငန်းနဲ့ ရင်းနှီးမြှပ်နှံမှုတွေ အဖြစ် Lake Nona ကျန်းမာရေး ဝန်ဆောင်မှု၊ Life သိပ္ပံလုပ်ငန်း၊ စပါးအသင်းမှာ ရှယ်ယာဝယ်ယူ ပိုင်ဆိုင်ထားမှုတွေ၊ Glasgow Rangers F.C မှာလည်း အရင်က ရှယ်ယာတွေ ဝယ်ထားဖူးတယ်၊ Tavistock Cup လို အားကစား အစီအစဉ်တွေလည်း ကျင်းပ လုပ်ကိုင်တယ်၊ အရည်အသွေးမြင့် တန်ဖိုးကြီး လူသုံးကုန် ပစ္စည်း ထုတ်လုပ် ရောင်းချမှုလည်း ရှိတယ်၊ BayCorp, Pampa Energia လို ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့ ထုတ်လုပ်မှု ဆိုင်ရာ လုပ်ငန်းတွေလည်း လုပ်ကိုင်တယ်။

ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေ၊ Freebirds World Burrito, Abe & Louie’s, Mitchells & Butlers plc, Zed451 လို စားသောက်ဆိုင်တွေလည်း ဖွင့်ထားတယ်၊ Tamar Capital, Bulgarian Property Development လို ကုန်သွယ်ရေး လုပ်ငန်းတွေလည်း ရှိတယ်၊ Lake Nona Golf & Country Club လို ဂေါက်ကွင်းတွေလည်း ပိုင်ဆိုင် ဖွင့်လှစ်ထားသလို Albany, Harmony Cove, The St. Regis Atlanta လို အဆင့်မြင့် အပန်းဖြေစခန်းတွေလည်း ဖွင့်လှစ် လုပ်ကိုင်နေတာ တွေ့ရပါတယ်။

အနုပညာ ပစ္စည်း စုဆောင်းထားမှု အပိုင်းမှာ ခန့်မှန်းခြေအရ ဂျိုး ဝယ်ထားတဲ့ အနုပညာ ပစ္စည်း အားလုံးပေါင်းရဲ့ တန်ဖိုးက ဒေါ်လာ ၁ ဘီလီယံဖိုးလောက်ထိ ရှိနိုင်တယ် လို့ ယူဆရပါတယ်။ Picasso, Matisse, Lucian Freud နဲ့ Henry Moore တို့လို ပညာရှင်တွေရဲ့ လက်ရာတွေကို ဝယ်ထားတယ်။ သမိုင်းဝင် ဝယ်ယူမှု အနေနဲ့ ပန်းချီပညာရှင် ဖရန်စစ်ဇ် ဘေကွန် (Francis Bacon) ရဲ့ Triptych 1974-1977 ပန်ချီကားကို ၂၀၀၈ခုနှစ် အတွင်းက စတာလင်ပေါင် ၂၆ ဒသမ ၃ သန်းထိ ပေးချေ ဝယ်ယူခဲ့တာလည်း တွေ့ရပါတယ်။

ပြီးတော့ ဒုတိယ ကမ္ဘာစစ် မတိုင်ခင်က ပန်းချီလက်ရာပေါင်း များစွာကို သူ ပိုင်ဆိုင်ထားတာလည်း တွေ့ရပါတယ်။ ဒါဆိုရင်တော့ စပါး အသင်းပိုင်ရှင် ဂျိုးဟာ စီးပွားရေး လုပ်သလောက် အနုပညာကိုလည်း ချစ်သူ၊ ဂျုးလူမျိုး ပီပီ စီးပွားရေး ကောင်းကောင်း လုပ်တတ်သူ ဖြစ်ပြီး အခု နောက်ပိုင်း စပါး အသင်းရဲ့ တိုးတက်မှုတွေမှာလည်း ဂျိုးရဲ့ ထောက်ပံ့ ပုံဖော်ပေးမှု ကောင်းကောင်း ရလာလို့ ရလဒ်ကောင်းတွေ ထွက်လာတာလည်း ဖြစ်နိုင်နေပါတယ်။

Ref: en.m.wikipedia.org

Did you find apk for android? You can find new Free Android Games and apps.
Loading