• English
Tuesday, July 8, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle အားကစား

အောင်မြင်မှု ဆာလောင်နေတဲ့ အာဖရိကက တီရန်ဂါ တောဘုရင်များ

by Sid
5 February 2018
in အားကစား
A A
အောင်မြင်မှု ဆာလောင်နေတဲ့ အာဖရိကက တီရန်ဂါ တောဘုရင်များ
6.9k
VIEWS
Share on FacebookShare on Twitter

Lions of Teranga (တီရန်ဂါ ခင်္သြေ့များ၊ တနည်းအားဖြင့် တောဘုရင်များ) ဆိုပြီး ချစ်စနိုးခေါ်ကြတဲ့ ဆီနီဂေါ နိုင်ငံ အသင်း အနေအထားက အသင်းသေး လို့ သတ်မှတ်လို့ မရပါဘူး။ ကမ္ဘာ့ အဆင့် သတ်မှတ်ချက်မှာ သူ့ရဲ့ ခြေစွမ်းက လေးစားဖို့ ကောင်းလောက်အောင် အာဖရိက အသင်းတွေထဲမှာ မြင့်မားတဲ့ အဆင့်နဲ့ ရပ်တည်နိုင်နေတဲ့ အသင်း။ ဒါပေမယ့် ထူးခြားချက်က ဆီနီဂေါကို နာမည်ကြီး ထမင်းငတ် အသင်းလို့ ဆိုရမယ်။ ကမ္ဘာ့အဆင့်မှာ မြင့်သလောက် အသင်းလိုက်တော့ အောင်မြင်မှု များများ စားစား မရှိလှပါဘူး။ အခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ထားပေမယ့် ကမ္ဘာ့ဖလား အပါအဝင် ဖလားပြိုင်ပွဲတိုင်းက ဆီနီဂေါ အတွက် အောင်မြေ မဟုတ်သလို ဖြစ်နေတာကြောင့် ပါ။

ဆီနီဂေါဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်ခံ အဖြစ် ရှိနေတဲ့ အသင်း၊ ပထမဆုံး ကမ္ဘာ့ဖလား ဝင်ခွင့်ကို ၂၀၀၂ ခုနှစ်ကမှ ရခဲ့တယ်၊ အာဖရိကဘောလုံးနယ် အတွင်းက အသင်း တသင်း၊ ကျယ်ဝန်းတဲ့ အာဖရိကကို အပိုင်း ပြန်ခွဲရင် ဆီနီဂေါက အနောက်အာဖရိက နယ်ထဲမှာ ပါတယ်၊ လက်ရှိ အသင်းကို အော်လောင်စီဆေး (Allou Cisse) က နည်းပြ အဖြစ် တာဝန်ယူထားပါတယ်။ အသင်း ခေါင်းဆောင် အဖြစ် ချိတ်ခ်ဟောင် ကော်ယိတ် (Cheikhou Kouyate) က ဦးဆောင်နေ တယ်။ အိမ်ကွင်း အနေနဲ့ Stade Leopold Sedar Senghor ကွင်းကို လက်ခံ ကစားတဲ့ အသင်းပေါ့။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
2.1k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
374
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.1k

အိမ်ကွင်းမှာ ဆိုရင် အကျႌ၊ ဘောင်းဘီ၊ ခြေအိတ် အားလုံးက အဖြူရောင်၊ အကျႌ ရင်ဘတ်မှာတော့ အာဖရိက တိုက်မြေပုံကို အရောင်လေးတွေနဲ့ ပုံဖော် ထည့်သွင်းထားတယ်၊ အဝေးကွင်းမှာ ဆိုရင် အကျႌ၊ ဘောင်းဘီ၊ ခြေအိတ် အားလုံးက အစိမ်းရင့်ရောင်၊ အကျႌလက်မောင်းမှာ အဝါရောင် အနားကွပ်လေး ပါတာလောက်ပဲ ထူးခြားမှု ရှိတယ်၊ ဒီလို ဝတ်စုံကို ဝတ်ဆင်ကစားတဲ့ အသင်းပါ။

အခုနှစ်ပိုင်း အတွင်းမှာ ဆီနီဂေါရဲ့ ခြေစွမ်းက သိသာလောက်အောင် တိုးတက်နေတယ်၊ အခုနှစ် ဇန်နဝါရီ အတွင်းမှာ ဖီဖာ အဆင့် သတ်မှတ်ချက် အဆင့် ၂၄ ရှိနေတယ်၊ ဒါက အင်အားကြီး ဥရောပ ဒေသတွင်း အသင်းတွေ ပြန်လှည့် ကြည့်ရ လောက်အောင် တိုးတက်လာတဲ့ အာဖရိက အသင်း တသင်းရဲ့ အဆင့်ပါ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ အဆင့် ၂၃ ထိ သမိုင်း တလျှောက် အမြင့်ဆုံး ရောက်ခဲ့တယ်၊ ဒီဇင်ဘာမှာလည်း ၂၃ ပဲ၊ ၂ လဆက်တိုက် အမြင့်ဆုံး အဆင့်ကို ထိန်းထားနိုင် ခဲ့တယ်၊ အခု ဇန်နဝါရီ အတွင်းမှာ ၁ ဆင့် ကျပြီး ၂၄ ဖြစ်သွားတယ်ပေါ့။ သမိုင်း တလျှောက် အဆင့် အနိမ့်ဆုံး ကျဆင်းမှု အဖြစ်တော့ ၂၀၁၃ ခုနှစ် ဇွန်လက ၉၉ ဆင့်ထိ ရောက်သွားဖူးတာ တွေ့ရပါတယ်။

အာဖရိကနယ်တွင်း နိုင်ငံလည်း ဖြစ်တယ်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့တဲ့ နိုင်ငံ တခုဖြစ်လို့ အသင်းက ပထမဆုံး နိုင်ငံတကာ ကစားပွဲကို ၁၉၅၉ ခုနှစ်မှ စတင် ကစားနိုင်ခဲ့တာကြောင့် တခြား အသင်းတွေထက် နောက်ကျခဲ့တာ တွေ့ရပါ တယ်။ ပထမဆုံး နိုင်ငံတကာပွဲကို ၁၉၅၉ ခုနှစ်က ဂမ်ဘီယာနိုင်ငံမှာ အဆိုပါ အချိန်က အင်္ဂလန်ပိုင်ထားတဲ့ ဂမ်ဘီယာ အသင်းနဲ့ ပြင်သစ် ပိုင်နေသေးတဲ့ ဆီနီဂေါတို့ ကစားခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

အသင်းသမိုင်း တလျှောက် အကြီးမားဆုံး နိုင်ပွဲကိုတော့ ၂၀၁၀ ခုနှစ် အောက်တိုဘာ ၉ ရက်က ဆီနီဂေါနိုင်ငံ၊ ဒါကာမှာ ကစားတဲ့ မောရစ်သျှနဲ့ ပွဲမှာ ၇ ဂိုး ဂိုးမရှိနဲ့ နိုင်ထားတာပါ။ ဒီလိုပဲ အကြီးမားဆုံး ရှုံးပွဲကိုတော့ ၁၉၆၆ ခုနှစ် နိုဝင်ဘာ ၂ ရက်က ချက်ကိုဆလိုဗက်ကီးယားနိုင်ငံ ပရာဟာမှာ ကစားတဲ့ ချက်နဲ့ ပွဲမှာ ၁၁ ဂိုး ဂိုးမရှိနဲ့ ရှုံးထားဖူးတာ တွေ့ရပါတယ်။

အထူးသဖြင့်တော့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း အသင်းက ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်ကောင်းမွန်လာပေမယ့် အခုထိ ကမ္ဘာ့ဖလား ၂ ကြိမ်ပဲ ဝင်ခွင့်ရသေးတယ်၊ ပထမဆုံး ခြေစစ်ပွဲ အောင်တဲ့ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားမှာ အကြိုဗိုလ်လုပွဲ (ကွာတားဖိုင်နယ်) အထိ ရောက်ခဲ့ဖူးတာကတော့ ထူးခြားမှု တခုပါ။ ပြီးတော့ အာဖရိက နိုင်ငံများ ဖလား ပွဲစဉ်တွေကို ၁၉၆၅ ခုနှစ်ကတည်းက ပထမဆုံး စတင် ဝင်ပြိုင်ခဲ့ပြီး အခုထိ ၁၄ ကြိမ် ဝင်ခွင့်ရထားပေမယ့် လက်ရှိ ကမ္ဘာ့အဆင့် ၂၄ ဖြစ်နေတဲ့ ဆီနီဂေါက အာဖရိကနိုင်ငံများ ဖလား တလုံးမှတောင် မရဖူးဘဲ ၂၀၀၂ ခုနှစ်က ဒုတိယ တကြိမ် အမြင့်ဆုံး ရခဲ့ဖူးတာမို့ အရိပ်ဆိုးကို ရိုက်ချိုးပြီး သမိုင်းဝင် အောင်မြင်မှု တခု စိုက်ထူနိုင်မှာလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အာဖရိက ဒေသတွင်း နိုင်ငံတွေထဲမှာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲကို ရောက်ဖူးတာ ဆိုလို့ ဆီနီဂေါရယ်၊ ၁၉၉၀ မှာ ကင်မရွန်းရယ်၊ ၂၀၁၀ ခုနှစ်မှာ ဂါနာရယ် ၃ သင်းပဲ ရှိသေးတာပါ။ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားမှာ အုပ်စုတွင်း ပြင်သစ်ကို အဖွင့်ပွဲမှာ ၁ ဂိုး ဂိုး မရှိနဲ့ နိုင်တယ်၊ အဆိုပါ အချိန်က ပြင်သစ်ဟာ ကမ္ဘာ့ဖလားရော ဥရောပ ချန်ပီယံ အဖြစ်ပါ ရှိနေတဲ့ အသင်းပါ။ ဒိန်းမတ်နဲ့ ဥရုဂွေးလို အင်အားကြီး အသင်းတွေကို သရေကစားပြီး ၁၆ သင်း အဆင့်တက်တယ်၊ အဲဒီ အဆင့်မှာ ဆွီဒင်ကို ထပ်နိုင်ပြီး ကွာတား ဖိုင်နယ် တက်တယ်၊ နောက်တော့ တူရကီကို ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။

ဆီနီဂေါအသင်း အနေနဲ့ အောင်မြင်မှု အများဆုံး ရတဲ့ ပြိုင်ပွဲဆိုလို့ Amilcar Cabral Cup တခုပဲ ရှိပြီး သူက အနောက်အာဖရိက နိုင်ငံများ ဖလားပွဲလို့ ဆိုနိုင်ပါတယ်။ ဒီပွဲမှာတော့ ဆီနီဂေါက ချန်ပီယံ ၈ ကြိမ်ထိ အများဆုံး ဖြစ်ထားပြီး အောင်မြင်မှု အများဆုံး အသင်း အဖြစ် ရှိနေတာပါ။ သူ့နောက်မှာတော့ ဂူနီယာက ၅ ကြိမ် ချန်ပီယံ ဖြစ်ထားပြီး ဒုတိယ လိုက်နေပါတယ်။

အသင်း အနေနဲ့ ၁၉၆၆ ထိအောင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ မဝင်ခဲ့ပါဘူး။ ပထမဆုံး ခြေစစ်ပွဲ ဝင်ကန်မှုကို ၁၉၇၀ မှာ စခဲ့တယ်၊ ၁၉၈၆ ခုနှစ် ခြေစစ်ပွဲထိ မအောင်ခဲ့ဘူး၊ ၁၉၉၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ လုံး၀ မဝင်ခဲ့ပြန်ဘူး။ ၁၉၉၄ နဲ့ ၁၉၉၈ တွေမှာ ခြေစစ်ပွဲ ဝင်ပေမယ့် မအောင်ပြန်ဘူး။ ၂၀၀၂ ခုနှစ် ဂျပန်-တောင်ကိုရီးယား ကမ္ဘာ့ဖလားမှာမှ ပထမဆုံး ခြေစစ်ပွဲ အောင်ခဲ့တာပါ။ ၂၀၀၆၊ ၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားတွေမှာ ခြေစစ်ပွဲ မအောင်ခဲ့ပဲ အခုနှစ် ၂၀၁၈ ကမ္ဘာ့ဖလားမှာ တကျော့ပြန် ကစားခွင့်ရလာတာလည်း ဖြစ်ပါတယ်။

အသင်းရဲ့ အခု နောက်ဆုံး ကစားထားတဲ့ ရလဒ်တွေကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့က ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ တောင်အာဖရိက အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်တယ်၊ ၁၄ ရက်နေ့မှာ ဆီနီဂေါအိမ်ကွင်းမှာ ကစားတော့လည်း ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြန်ပြီး ခြေစစ်ပွဲလည်း အောင်ထားသလို အသင်းကြီး တောင်အာဖရိကကို နှစ်ကျော့လုံး နိုင်လိုက်တာ လည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား မတိုင်ခင် ခြေစမ်းပွဲတွေ အနေနဲ့ မတ်လ ၂၃ ရက်မှာ အင်္ဂလန်နဲ့ ကစားဖို့ ရှိတယ် လု့ိ ဆိုသလို ၂၆ ရက်မှာ လည်း ခြေစမ်းပွဲ တပွဲ ရှှိနေပါတယ်၊ အသင်းကြီးတွေနဲ့ ဖြစ်နိုင်ပြီး သေချာ ကြေငြာတာတော့ မတွေ့ရသေးပါဘူး။ မေလ ၃၁ ရက်မှာ လူဇင်ဘတ်၊ ဇွန်လ ၈ ရက်နေ့မှာ ခရိုအေးရှားတွေနဲ့ ကစားဖို့တော့ သေချာနေပါတယ်။

ကမ္ဘာ့ဖလား ပွဲစဉ် အနေနဲ့တော့ အဖွင့်ပွဲ အဖြစ် ဇွန်လ ၁၉ ရက်နေ့မှာ ပိုလန်၊ ဇွန်လ ၂၄ ရက်နေ့မှာ ဂျပန်၊ ဇွန်လ ၂၈ ရက်နေ့မှာ ကိုလံဘီယာ အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပြီး လက်ရှိ ခြေစွမ်းနဲ့ အနေအထားအရတော့ အုပ်စု အဆင့်က တက်နိုင်ဖို့ အခွင့်အရေးကောင်း ပိုင်ဆိုင်ထားပါတယ်။

အသင်းအတွက် ပွဲအများဆုံး ကစားထားသူ အဖြစ်နဲ့ စံချိန်ဝင်နေသူက ၁၉၉၉ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်ထိ ကစားပေးခဲ့တဲ့ ဟင်နရီ ကာမာရာ (Henri Camara) က ၉၉ ပွဲ၊ ဂိုး အများဆုံး သွင်းယူပေးထားသူ အဖြစ် ဟင်နရီကပဲ ၉၉ ပွဲမှာ ၂၉ ဂိုး အများဆုံး သွင်းယူပြီး စံချိန် တင်ထားတာပါ။ လက်ရှိ ကစားသမားထဲမှာ ပွဲအများဆုံး ကစားထားသူက ၂၀၁၁ ခုနှစ်ကမှ ဝင်ရောက် ကစားပေးနေသူ အိုင်ဒရစ်ဆာဂါနာရူယဲ (Idrissa Gana Gueye) ဖြစ်ပြီး သူက ၅၈ ပွဲကစားထားသလို လက်ရှိ ကစားသမားထဲမှာ ဂိုး အများဆုံး သွင်းယူပေးထားသူကတော့ ၂၀၀၉ ခုနှစ်ကတည်းက အသင်းမှာ ကစားနေသူ မော်ဆာဆိုး (Moussa Sow) က ၄၉ ပွဲမှာ ၁၈ ဂိုးထိ သွင်းယူပေးထားတာ တွေ့ရပါတယ်။

Ref: en.m.wikipedia.org

Your Thoughts …
Tags: အာဖရိက ဆီနီဂေါအသင်း
Sid

Sid

...

Similar Picks:

No Content Available
Next Post
၂၀၁၆ ဇွန်လ ၂၈ ရက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ညစာစားပွဲဖြင့် တည်ခင်းလက်ခံနေသော ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာ / Reuters

ထိုင်းရွေးကောက်ပွဲ ၂၀၁၉ ခုနှစ်အထိ ကြန့်ကြာနိုင်

ဝအောင် ကိုက်ထား

ဝအောင် ကိုက်ထား

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

5 days ago
5.2k
ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

1 week ago
6.2k

Most Read

  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0
  • စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

    shares
    Share 0 Tweet 0
  • တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယ-မြန်မာနယ်စပ်အနီး ချင်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate