• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle အားကစား

အက်စတွန်ဗီလာ အသင်းကို ပိုင်ဆိုင်တဲ့ အာရှသား တိုနီရှား

by Sid
24 February 2018
in အားကစား
A A
အက်စတွန်ဗီလာ အသင်းကို ပိုင်ဆိုင်တဲ့ အာရှသား တိုနီရှား
5.4k
VIEWS
Share on FacebookShare on Twitter

လက်ရှိ အင်္ဂလန် ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲမှာ အက်စတွန်ဗီလာ အသင်းက ၃၃ ပွဲပြိုင်၊ ၁၇ ပွဲ နိုင်၊ ၉ ပွဲ သရေ၊ ၇ ပွဲရှုံးနဲ့ ရမှတ် ၆၀ ရထားပြီး တတိယနေရာမှာ ရှိနေတာပါ။ သူ့အထက်မှာတော့ ဝုလ်ဗာဟင့်တန် ဝမ်းဒါးရားစ် (Wolverhampton Wanderers) အသင်းက ရမှတ် ၇၃ မှတ်နဲ့ ပထမ၊ ကာဒစ်ဖ်စီးတီး (Cardiff City) အသင်းက ရမှတ် ၆၄ မှတ်နဲ့ ဒုတိယ ရထားပါတယ်။ အရှိန်ပြင်းပြင်းနဲ့ အဆင့်တွေတက်လာတဲ့ အက်စတွန်ဗီလာအသင်းရဲ့ တိုးတက်မှုက စိတ်ဝင်စားစရာကောင်းသလို အသင်းပိုင်ရှင်ကလည်း အာရှသား တဦး ဖြစ်လို့ စိတ်ဝင်စားစရာပါ။ ပိုင်ရှင် အမည်က တိုနီရှားပါ။

သူက တရုတ်နိုင်ငံသား၊ နာမည် အပြည့်အစုံက တိုနီကျားထုန်ရှာ (Tony Jiantong Xia)၊ ၁၉၇၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့မှာ သူ့ကို မွေးတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းမှာတော့ သူ့ကို တိုနီရှား (Tony Xia) လို့ပဲ ခေါ်ကြ ပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
538
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
235
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
776

သူ က Recon Group အမည်ရှိ စီးပွားရေး လုပ်ငန်းစုကို တည်ထောင်ခဲ့သူလည်း ဖြစ်တယ်၊ လက်ရှိမှာလည်း ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ တာဝန်ကို ရယူထားတယ်။ CEO လည်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် ဇွန်လ အတွင်း အမေရိကန် လုပ်ငန်းရှင် Randy Lerner ဆီကနေ အက်စတွန်ဗီလာ အသင်းကို ပြန်လည် ဝယ်ယူထားသူလည်း ဖြစ်ပါတယ်။ သူက အသင်းရဲ့ ဥက္ကဋ္ဌ တာဝန်ကိုပါ လက်ရှိ ရယူထားပြန် ပါတယ်။

အသက် ၄၁ နှစ်ပဲ ရှိသေးတဲ့ တိုနီရှားကို ဇီဂျန်းပြည်နယ်၊ ကျူဇူးမှာ မွေးပါတယ်။ အခုတော့ ဘေကျင်းမှာ နေထိုင်လျက် ရှိပါတယ်။ တရုတ်လူမျိုး၊ တရုတ်နိုင်ငံသားပါပဲ။ ဟားဗက်တက္ကသိုလ် အပါအဝင် အမေရိကန်နိုင်ငံံ၊ မက်ဆာချူးဆက် နည်းပညာ သိပ္ပံမှာလည်း တက်ဖူးတယ်၊ အောက်ဖိုု့ တက္ကသိုလ်တွေမှာလည်း ပညာ သင်ယူခဲ့ဖူးသူပါ။

စီးပွားရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြှပ်နှံမှုတွေကို အဓိက လုပ်ကိုင်နေသူပါ။ ၁၉၉၉ ခုနှစ် ကနေ စတင်ပြီး စီးပွားရေး နယ်ပယ်ထဲ ဝင်ရောက်လာသူ ဖြစ်ပြီး ၂၀၁၇ ခုနှစ် အတွင်း စာရင်းတွေ အရတော့ စတာလင်ပေါင် သန်း ၉၉၀ လောက် ချမ်းသာသူ ဖြစ်လို့ အမေရိကန်ဒေါ်လာနဲ့ ပြန်တွက်ရင်တော့ ဘီလီယံနာ တဦး ဖြစ်နေပါပြီ။

ငယ်ဘဝမှာ တိုနီက အသက် ၄ နှစ်မှာ ကျောင်း စတက်တယ်၊ ဒါပေမယ့် ၆ နှစ်ပြည့်မှ ကျောင်းထားနိုင်မယ့် အနေအထားမှာ မိဘတွေကြောင့် အသက် မပြည့်သေးပေမယ့် ကျောင်းတက်ခွင့် ရခဲ့ပါတယ်။ ၁၄ နှစ်မှာတော့ ဘေကျင်းမှာ တက္ကသိုလ်တက်ဖို့ အိမ်ကနေ ထွက်ခဲ့တယ်။ နောက်တော့ ဗိသုကာပညာနဲ့ ပတ်သတ်ပြီး လေ့လာဖို့ ဟားဗက်ကနေ ပညာသင်ဆု ခေါ်ယူခံရသူ ၁၀၀၀ ဦးထဲက ပထမဆုံး ၂၅ စာရင်း ဝင်ခဲ့ပါတယ်။

နောက်တော့ ပညာသင်ဆု ပုံစံနဲ့ပဲ မက်ဆာချူးဆက် တက္ကသိုလ်မှာလည်း တက်ဖူးတယ်၊ အောက်ဖို့တက္ကသိုလ်ဝင် ထရီနီတီ ကောလိပ်မှာလည်း ၁၉၉၈ ကနေ ၁၉၉၉ ထိ ပညာ သင်ယူခဲ့တာ တွေ့ရပါတယ်။

၁၉၉၉ ခုနှစ် မတ်လအတွင်းမှာ သူက ဒီဇိုုင်းရေးဆွဲမှု ကုမ္ပဏီ XWHO ကို ဘော်စတွန်မှာ တည်ထောင်ခဲ့ပါတယ်။ ဒီလုပ်ငန်းကို သူရဲ့ ချစ်သူလည်းဖြစ်၊ ကျောင်းမှာ သူ့ကို နည်းပြ အဖြစ် ပညာသင်ပေးခဲ့သူ ဆရာမနဲ့ တွဲဖက် တည်ထောင် လုပ်ကိုင်ခဲ့တာပါ။ ဒါဆိုရင်တော့ တိုနီက ဆရာမကိုပဲ အသဲစွဲအောင် ချစ်မိခဲ့သူ တဦးလို့ ဆိုရပြန်မှာပါ။

နောက်တော့ လုပ်ငန်းကို ဘော်စတွန်ကနေ တရုတ်နိုင်ငံ၊ ဟန်ဇူးကို ပြောင်းလဲ အခြေချ လုုပ်ကိုင်တယ်။ ဒါအပြင် လုပ်ငန်း အမည်ကိုလဲ Teamax အဖြစ် ပြောင်းလဲ လုပ်ကိုင်ခဲ့တာ တွေ့ရပြီး နောက်တော့ သူက အဆိုပါလုုပ်ငန်းကို ပေါင် သန်း ၄၃၀ နဲ့ ပြန်လည် ရောင်းချနိုင်ခဲ့တဲ့ အထိ အေင်မြင်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ် အရောက်မှာတော့ Recon စီးပွားရေး လုပ်ငန်းစုကို လက်လွှဲရယူခဲ့ပါတယ်။ ဒီကုမ္ပဏီက တိုနီလက်ထဲ မရောက်ခင်ကတည်းက Teamax နဲ့ အတူ နည်းပညာ၊ ကျန်းမာရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကို တွဲဖက် လုုပ်ကိုင်နေခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးတော့ New Energy, Smart သယ်ယူပို့ဆောင်ရေးနဲ့ ဒီဇိုင်းရေးဆွဲခြင်း၊ တည်ဆောက်ရေးနဲ့ ငွေကြေးဝန်ဆောင်မှု၊ အားကစားလုပ်ငန်းတွေနဲ့ ခရီးသွားလာရေး လုုပ်ငန်းတွေကိုပါ ပူးပေါင်း လုပ်ဆောင်နေခဲ့တာပါ။

တိုနီလက်ထဲ Recon အုပ်စု ရောက်လာ အပြီးမှာတော့ လုပ်ငန်းချဲ့ထွင်မှု အများဆုံး ထပ်မံ လုုပ်ကိုင်လာပါတယ်။ အထူးသဖြင့် အားကစားကဏ္ဍကနေ ဝင်ငွေ ရရှိအောင် တိုနီက အိန္ဒိယ၊ စပိန်၊ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေက ဘောလုံး အသင်းတွေကို ဝယ်ယူချင်တယ်၊ ရင်းနှီးမှုတွေ လုပ်ဆောင်ပြီး အသင်းကို အောင်မြင်မှု ရအောင် ဖန်တီးစေဖို့နဲ့ အတူ တန်ဖိုးမြင့်တက်လာဖို့ မျှော်မှန်းထားတာပါ။

ဒီလိုပဲ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေမှာ စိတ်ဝင်စားမှု များတဲ့ တိုနီနဲ့ Recon အတွက်ကတော့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ အတွင်းကလည်း Recon အုပ်စုဝင် လုပ်ငန်းစု Recon Holdigs က အမေရိကန်၊ ဟောလီးဝုဒ် အခြေစိုုက် ရုပ်ရှင် ထုတ်လုုပ်ရေး လုပ်ငန်း Millennium Films ရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်း ထိအောင် ဝယ်ယူခဲ့သေးတာလည်း တွေ့ရပါတယ်။

ဒီထုတ်လုုပ်ရေးက နာမည်ကျော် The Expendables လို ဇာတ်ကားကောင်းတွေကို ထုတ်လုုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီလို ထုတ်လုပ်ရေး လုပ်ငန်းမှာ ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူ ဖြစ်လာတဲ့ တိုနီက Millennium Films ရဲ့ ဥက္ကဋ္ဌဖြစ်လာပြီး လုပ်ငန်းကို တည်ထောင်သူလည်း ဖြစ်၊ နောက်ထပ် ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားသူ ဖြစ်တဲ့ Avi Lerner က CEO အဖြစ် ဆက်လက် တာဝန်ယူလုပ်ကိုင်နေတာ တွေ့ရပါတယ်။

အင်္ဂလန် ကလပ် အက်စတွန်ဗီလာနဲ့ ပတ်သတ်ရင်တော့ အသင်းကို ၂၀၁၆ ခုနှစ် မေလ ၁၈ ရက်နေ့က Recon အုပ်စု အမည်နဲ့ ဝယ်ယူ တော့မှာ ဖြစ်တယ်လို့ ကြေငြာခဲ့တာ တွေ့ရပြီး အသင်း အတွက် ပေါင် သန်း ၆၀ ထိ ပေးချေခဲ့ရပါတယ်။ အခုတော့ ဗီလာကို Recon အုပ်စုဝင် လက်ခွဲ လုပ်ငန်း Sports, Leisure and Tourism ရဲ့ လက်အောက်မှာ ထားရှိ လုပ်ကိုင် နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဇွန်လ ၁၄ ရက်နေ့ နောက်ပိုင်း ထုတ်ပြန်ချက်တွေ အရတော့ အသင်းကို ပေါင် ၇၆ သန်းထိ ပေးချေ ဝယ်ယူခဲ့ရတယ် လို့လည်း ဆိုပါတယ်။ အပြီးသတ် ဝယ်ယူမှု အပြီးမှာတော့ တိုနီဟာ အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်လာ ပါတော့တယ်။

တိုနီက လက်ရှိ ပေကျင်းမှာ နေတယ်၊ သူ့ဇနီးသည် Sally နဲ့ ကလေး တယောက်ရှိတယ်။ တိုနီက အောက်စ်ဖို့မှာ ကျောင်းတက် ကတည်းက ဗီလာအသင်းရဲ့ ပရိတ်သတ် တယောက်ပါ။ တက္ကသိုလ် တက်ချိန်ကလည်း ဘောလုံး ကစားခဲ့တာတွေ့ရပြီး တိုက်စစ်မှူး နေရာက ကစားခဲ့ပါတယ်။

တိုနီက သူ့ကိုယ်သူ အမြဲတမ်း ကိုယ့်ထူးကိုယ်ချွန်သမား အဖြစ် ဂုဏ်ယူပြီး ပြောလေ့ ရှိပါတယ်။ သူဟာ ဘီလီယံနာ တယောက် ဖြစ်နေပြီ ¬လို့လည်း မကြာခဏ ပြောလေ့ရှိတယ်၊ ဒါကလည်း Teamax ကို ရောင်းချကတည်းက ပေါင် သန်း ၄၃၀ ရခဲ့လို့ ဘီလီယံနာ နီးပါး ချမ်းသာခဲ့တာပါ။

တိုနီရှား ပြောလေ့ရှိတဲ့ စကား တခွန်းက “ကျနော့်မှာ စီးပွားရေး လုပ်ငန်းတွေ အများကြီး ရှိတယ်၊ တန်ရာတန်ကြေး ဒါမှ မဟုတ် အဲဒီထက် ပိုရမယ် ဆိုရင် လုုပ်ငန်းတွေကို ရောင်းထုတ်နိုင်တယ်” လို့လည်း ပြောတတ်ပါတယ်။ တကယ့် စီးပွားရေး သမားစစ်စစ်ပါပဲ။ ဒါပေမယ့် ကိုယ့်ထူးကိုယ်ချွန်သမား တယောက်ဖြစ်လို့ နမူနာယူသင့်သူ အာရှသား တဦး ပါပဲ။

Ref: en.m.wikipedia.org

Your Thoughts …
Tags: အက်စတွန်ဗီလာအသင်း
Sid

Sid

...

Similar Picks:

No Content Available
Next Post
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဌာနမှူး ဦးအောင်ဆန်းဝင်း / ဧရာဝတီ

“ကျန်းမာရေးကို ထိခိုက်စေတဲ့ ရေမျိုး မဟုတ်ပါဘူး”

အမေရိကန် ပြည်ထောင်စုက ပြည်နယ် နာမည်တွေမှာ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ ရှိပါတယ်

အမေရိကန် ပြည်ထောင်စုက ပြည်နယ်တွေရဲ့ သက်ဆိုင်ရာ နာမည် အဓိပ္ပာယ်များ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate