• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle အားကစား

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်းတွေ အကြောင်း

by Sid
3 April 2018
in အားကစား
A A
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်းတွေ အကြောင်း
9.3k
VIEWS
Share on FacebookShare on Twitter

လာမယ့် ဇွန်လ အတွင်း စတင် ကျင်းပတော့မယ့် ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ အတူ အရင့် အရင်က ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား သမိုင်း တလျှောက် စံချိန်တင်ထားနိုင်တဲ့ မှတ်သားစရာလေးတွေ အကြောင်း ပြောပြပါမယ်။ ၂၀၁၈ ကမ္ဘာ့ဖလား မတိုင်ခင် ပြိုင်ပွဲတွေရဲ့ စံချိန်တွေလို့ ဆိုရင်လည်း ရပါတယ်။ ဒီစံချိန်တွေကို သိထားရင် ဘယ်သူတွေက ဘယ်လို စံချိန်တွေကို ချိုးဖျက်ပြီး စံခိျန်သစ် တင်မလဲ ဆိုတာ ခန့်မှန်းနိုင်ဖို့ပါ။

ပထမဆုံး ပြောပြချင်တဲ့ စံချိန်တခု ဖြစ်တဲ့ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဆုဖလား အများဆုံး ရယူထားနိုင်တဲ့ အသင်းဟာ ဘရာဇီးပါ။ ဘရာဇီးအသင်းဟာ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄ နဲ့ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားတွေ ရယူထားနိုင်ခဲ့ ပြီး စုစုပေါင်း ၅ ကြိမ် ရထားပါတယ်။ ဒီစံချိန်ကို အခုနှစ် ကမ္ဘာ့ဖလားမှာ ဘရာဇီးက ၆ ကြိမ်မြောက် ရယူပြီး စံချိန် ထပ်တင်မှာလား၊ ၄ ကြိမ်ထိ ချန်ပီယံ ဖြစ်ထားတဲ့ ဂျာမနီ အသင်းက အမီလိုက်ပြီး စံချိန်တူ ဖြစ်လာမှာလား ဆိုတာတွေက ရင်ခုန်စရာတွေပါ။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.4k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
437
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.2k

ဒီလိုပဲ ကမ္ဘာ့ဖလားမှာ ဒုတိယ ဖလားအများဆုံး ရထားတဲ့ အသင်းကတော့ ဂျာမနီပါ။ ဗိုလ်လုပွဲကို အများဆုံး တက်ရောက် နိုင်တဲ့ အသင်းလို့လည်း ဆိုရမှာပါ။ ၁၉၅၄၊ ၁၉၆၆၊ ၁၉၇၄၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၂၀၀၂ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားတွေမှာ ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီး ချန်ပီယံ ၄ ကြိမ်၊ ဒုတိယ ၄ ကြိမ် ရထားပါတယ်။ ဒုတိယ ရရှိတဲ့ အကြိမ်ရေပါ ထည့်တွက်ရင်တော့ အခုနှစ် ကမ္ဘာ့ဖလားသာ ဂျာမနီရခဲ့ရင် ဘရာဇီးကို ကျော်တက်ပြီး အောင်မြင်မှု အများဆုံး၊ အမြင့်ဆုံး အသင်း ဖြစ်လာမှာပါ။

ဗိုလ်လုပွဲ တက်ရောက်မှု အများဆုံး အသင်း၊ ဒုတိယ ရရှိမှု အများဆုံး အသင်း အပြင် တတိယနေရာလုပွဲ ကစားရမှု အများဆုံး အသင်း၊ တတိယ ရရှိမှု အများဆုံး အသင်းကလည်း ဂျာမနီပါပဲ။ ၁၂ ကြိမ်တိုင် ထိပ်ဆုံး ၃ သင်းမှာ ဝင်ဖူးပါတယ်။

ဒီလိုပဲ ထိပ်ဆုံး ၄ သင်း (စတုတ္ထ) အသင်းဝင် အနေနဲ့လည်း ဂျာမနီကပဲ ၁၃ ကြိမ်နဲ့ အများဆုံး အောင်ပွဲခံထားပါတယ်။ ထိပ်ဆုံး ၈ သင်း အဆင့်ထိ အမြဲတမ်း အများဆုံး ရောက်တဲ့ အသင်းကလည်း ဂျာမနီပါပဲ။ ပြိုင်ပွဲ အားလုံးထဲမှာ ၁၇ ကြိမ် ရောက်ထား ပြန်ပါသေးတယ်။

ဒါပေမယ့် အုပ်စုအဆင့်ကနေ အမြဲတမ်း ၁၆ သင်း အဆင့် တက်ရောက်နိုင်မှု အများဆုံး အသင်းကတော့ ဘရာဇီးပါ။ အခုထိ ကမ္ဘာ့ဖလားကို ၂၁ ကြိမ် ခြေစစ်ပွဲ အောင်ပြီး ခြေစစ်ပွဲ အောင်မြင်မှု အများဆုံး အသင်း ဖြစ်တဲ့ ဘရာဇီးက ၂၁ ကြိမ်မှာ အကြိမ် ၂၀ ထိအောင် အုပ်စုကနေ တက်ပြီး ၁၆ သင်း အဆင့်ရောက်နေကျပါ။

ဂျာမနီဟာ ၁၉၆၆၊ ၁၉၈၂၊ ၁၉၈၆နဲ့ ၂၀၀၂တွေမှာ ကမ္ဘာ့ဖလား ၄ ကြိမ်ရပြီး ဆုဖလား ရယူနိုင်မှုမှာ ဘရာဇီးကို ဖိအားပေးနေနိုင်တဲ့ အသင်းပါ။ တတိယ အများဆုံး ရထားတဲ့ အသင်းကလည်း ဂျာမနီ အသင်းပဲ ဖြစ်ပြီး ၁၉၃၄၊ ၁၉၇၀၊ ၂၀၀၆ နဲ့ ၂၀၁၀တွေမှာ ၄ ကြိမ် ရထားတာပါ။ စတုတ္ထ အများဆုံး ရထားတဲ့ အသင်းကတော့ ဥရုဂွေးပါ၊ ၁၉၅၄၊ ၁၉၇၀ နဲ့ ၂၀၁၀ တွေမှာ ရထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားမှာ ၂ နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ဖူးသူ ၂ သင်း ရှိပါတယ်။ သူတို့က ၁၉၃၄ နဲ့ ၁၉၃၈ ကမ္ဘာ့ဖလားမှာ ၂ ကြိမ်ဆက်တိုက် ချန်ပီယံ အီတလီနဲ့ ၁၉၅၈ နဲ့ ၁၉၆၂ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက်တိုက် ချန်ပီယံ ဘရာဇီးတို့ပါ။

ဒီလိုပဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဆက်တိုက် အများဆုံး ခြေစစ်ပွဲအောင်မြင်တဲ့ အသင်းက ဂျာမနီပါ။ ၁၉၃၀ကနေ အခု ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားထိ ၂၁ ကြိမ် ဆက်တိုက် ခြေစစ်ပွဲ အောင်ထားပါတယ်။ ၂ နှစ်ဆက်တိုက် ဗိုလ်လုပွဲ တက်ခဲ့ပေမယ့် ဒုတိယ နေရာပဲ ရတဲ့ အသင်းလည်း ၂ သင်း ရှိပါတယ်။

၁၉၇၄ နဲ့ ၁၉၇၈ ကမ္ဘာ့ဖလားတွေမှာ ၂ နှစ်ဆက် ဒုတိယ ရတဲ့ နယ်သာလန်နဲ့ ၁၉၈၂ နဲ့ ၁၉၈၆ ကမ္ဘာ့ဖလားမှာ ၂ နှစ်ဆက် ဒုတိယရသူ ဂျာမနီတို့ပဲ ဖြစ်ပါတယ်။ တတိယနေရာကို ၂ နှစ်ဆက်ရဖူးသူကလည်း ဂျာမနီ ဖြစ်ပါတယ်။ ၂၀၀၆ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားတွေမှာ ၂ နှစ်ဆက် တတိယနေရာနဲ့ ကျေနပ်ခဲ့ရတာပါ။

အိမ်ရှင်အဖြစ် လက်ခံကစားပြီး ဇာတိမြေမှာ ချန်ပီယံ ဖြစ်ထားတဲ့ အသင်းတွေ ရှိပါတယ်။ ၁၉၃၀ ခုနှစ်မှာ ဥရုဂွေးက အိမ်ရှင်လည်း ဖြစ်တယ်၊ ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၃၄ မှာလည်း အီတလီက ပြိုင်ပွဲကို လက်ခံကစားတယ်၊ သူပဲ ချန်ပီယံ ဖြစ်ပါတယ်။

၁၉၆၆ ခုနှစ်မှာ အင်္ဂလန်က လက်ခံကစားပြီး ချန်ပီယံဆု ရယူနိုင်ခဲ့တယ်။ ၁၉၇၄ မှာ ဂျာမနီ၊ ၁၉၇၈ မှာ အာဂျင်တီးနားနဲ့ ၁၉၉၈ တွေမှာ ပြင်သစ်တို့ကလည်း အိမ်ကွင်းတွေမှာ လက်ခံကစားပြီး ချန်ပီယံ ဖြစ်ခဲ့လို့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေဟာ အိမ်ရှင်တွေ စိုးမိုးနိုင်မှု ပိုများတာ တွေ့နိုင်ပါတယ်။

ကမ္ဘာ့ဖလား ၁ ကြိမ်မှ  မရဖူးပေမယ့် ဒုတိယနေရာနဲ့ပဲ အခုထိ ကျေနပ်နေရတဲ့ အသင်း ၁ သင်း ရှိပါတယ်။ နယ်သာလန်ပါ။ ဗိုလ်လုပွဲ ၃ ကြိမ် ရောက်ဖူးပါတယ်။ ၁၉၇၄၊ ၁၉၇၈ နဲ့ ၂၀၁၀ တွေပါ။ ဒါပေမယ့် ၃ ကြိမ်လုံး ဒုတိယပဲ ရခဲ့ပါတယ်။ ဒီလိုပဲ ခြေစစ်ပွဲ အောင်လို့ ဝင်ခွင့်ရပေမယ့် တခါမှ အုပ်စုအဆင့်ကို မကျော်ဖြတ်ဖူးသေးတဲ့ အသင်း ၁ သင်း ရှိပါတယ်။ သူက စကော့တလန်ပါ။ အခုထိ ကမ္ဘာ့ဖလား ဝင်ခွင့် ၈ ကြိမ် ရထားဖူးပေမယ့် အုပ်စုအဆင့်ကနေ ၁ ကြိမ်မှ နောက်တဆင့် မတက်နိုင်ခဲ့သေးပါဘူး။

ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲအောင်တယ်၊ ပြိုင်ပွဲ ဝင်ခွင့်ရတယ်၊ အုပ်စု အဆင့်ရောက်တယ် ပေါ့။ ဒါပေမယ့် အုပ်စု အဆင့်မှာ နိုင်ပွဲ ၁ ပွဲတောင် မရဖူးတဲ့ အသင်း ၂ သင်း ရှိပါသေးတယ်။ ၁၉၃၀၊ ၁၉၅၀၊ ၁၉၉၄ တွေမှာ ဝင်ပြိုင်ခဲ့တဲ့ ဘိုလီဗီးယားနဲ့ ၁၉၈၂၊ ၂၀၁၀၊ ၂၀၁၄ တွေမှာ ခြေစစ်ပွဲ အောင်လို့ အုပ်စုပွဲ ကစားခဲ့ရတဲ့ ဟွန်ဒူးရပ်စ် အသင်းတွေက အုပ်စုတွင်းမှာတောင် ၁ ပွဲမှ အနိုင်မရခဲ့ပါဘူး။ ဗိုလ်လုပွဲမှာ ဆုံတွေ့မှု အများဆုံး အသင်း ၂ သင်းကတော့ ၁၉၈၆၊ ၁၉၉၀၊ ၂၀၁၄ ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲမှာ ဆုံခဲ့တဲ့ အာဂျင်တီးနားနဲ့ ဂျာမနီတို့ပဲ ဖြစ်ပါတယ်။       ။

Ref: en.m.wikipedia.org

Your Thoughts …
Tags: ကမ္ဘာ့ဖလား
Sid

Sid

...

Similar Picks:

စပိန်ဘောလုံး အကြီးအကဲ၏ အနမ်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဟုတ် မဟုတ် အစိုးရရှေ့နေများ စစ်ဆေးနေ

စပိန်ဘောလုံး အကြီးအကဲ၏ အနမ်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဟုတ် မဟုတ် အစိုးရရှေ့နေများ စစ်ဆေးနေ

by ဧရာဝတီ
29 August 2023
1.8k

ဟာမိုဆိုသည် ၁၅ ရက်အတွင်း တရားဝင် တိုင်ကြားချက် တင်ရန် အခွင့်အရေးပေးလိမ့်မည်ဟု တရားရုံးကပြောကြားခဲ့သည်။

၂၀၂၂ ကမ္ဘာ့ဖလားကို ချန်ပီယံဟောင်း ပြင်သစ်ပဲ ဆက်ထိန်းထားနိုင်မလား၊ အာဂျင်တီးနားကပဲ လုယူသွားနိုင်မလား /  Cluchpoints

ပြင်သစ်လက်ထဲက ကမ္ဘာ့ဖလား အာဂျင်တီးနား လုသွားမလား

by လေးလေး
15 December 2022
5.4k

ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် ဗိုလ်လုပွဲတက်တာဖြစ်ပြီး စတုတ္ထအကြိမ်မြောက် ဗိုလ်လုပွဲတက်ခြင်းလည်း ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားကို အာဂျင်တီးနားနဲ့ ခရိုအေးရှား၊ ပြင်သစ်နဲ့ မော်ရိုကိုတို့ အကြိုဗိုလ်လုပွဲတွေ ကန်ပါမယ် / Getty Images

လေးသင်းစလုံး နိုင်ခြေရှိတဲ့ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲများ

by လေးလေး
13 December 2022
2.7k

ဘယ်သူမှ စကားထဲထည့်မပြောခဲ့တဲ့ မော်ရိုကိုက ကျော်ဖြတ်ပြခဲ့တော့ အံ့သြလွန်းလို့ သေတော့မယ် ဖြစ်ခဲ့ကြရ။

ကမ္ဘာ့ဖလား ဂျာစီအင်္ကျီများသည် ဒေါ်လာ ၉၀ မှ ၁၅၀ ကြား ကုန်ကျသည်  / The New York Times

ကမ္ဘာ့ဖလား ဂျာစီအင်္ကျီတွေ ဘယ်သူချုပ်သလဲ

by ဧရာဝတီ
7 December 2022
6.8k

Adidas အတွက် ဘောလုံးကန်ဖိနပ်များ ပြုလုပ်ပေးသည့် မြန်မာနိုင်ငံ၊ ရန်ကုန်ရှိ Pou Chen အုပ်စုစက်ရုံမှ အလုပ်သမား ၇,၈၀၀ အတွက် အဖြေမှာ တနေ့လျှင် ၄,၈၀၀ ကျပ် သို့မဟုတ် ၂ ဒသမ ၂၇...

အာဂျင်တီးနားအသင်းဟာ ဗိုလ်လုပွဲကို ထိုက်တန်တဲ့ခြေစွမ်းပြပြီး ရောက်ခဲ့သလို ဗိုလ်လုပွဲမှာလည်း ချန်ပီယံခြေစွမ်းပြပြီး ဗိုလ်စွဲခဲ့တာပါ။

ကမ္ဘာ့ဖလားပွဲ ပြီးတော့ ဘာတွေကျန်ခဲ့လဲ

by လေးလေး
19 December 2022
2.2k

အာဂျင်တီးနားအသင်းဟာ ဗိုလ်လုပွဲကို ထိုက်တန်တဲ့ခြေစွမ်းပြပြီး ရောက်ခဲ့သလို ဗိုလ်လုပွဲမှာလည်း ချန်ပီယံခြေစွမ်းပြပြီး ဗိုလ်စွဲခဲ့တာပါ။

ကမ္ဘာကျော်ဘောလုံးသမား၊ ပါရမီရှင်ဘောလုံးသမား အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ

အာဂျင်တီးနားလို ပြင်သစ်က မော်ရိုကိုကို ဂိုးပြတ်သွင်းမှာလား

by လေးလေး
14 December 2022
2.8k

မော်ရိုကို ခံစစ်ကလည်း ဂိုးမပေးရသေးတဲ့ ခံစစ်ပီပီ ယုံကြည်မှုအပြည့်နဲ့ ပြင်သစ်တိုက်စစ်ကို ထိန်းချုပ်ကစားရင်း ကောင်တာချောင်း ကစားပါလိမ့်မယ်။

Next Post
အစာ မရှိချိန် မစားသင့်သည့် အစာများ

ဝမ်းဗိုက်ထဲမှာ အစာ မရှိချိန် မစားသင့်သည့် အစာများ

မတ္တရာမြို့အဝင်ဆိုင်းဘုတ် / ဒီလှိုင်းဝင်း

ရွှေတချောင်း မြောင်းဘောင်လမ်း အတိုင်း မန္တလေး - မတ္တရာ ကားလမ်းသစ် ဖောက်မည်

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.4k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate