• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle အားကစား

အုပ်စုချောင်တဲ့ ဟာရီကိန်းတို့ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားမှာ အမြင့်ပျံနိုင်မလား

by Sid
4 May 2018
in အားကစား
A A
အုပ်စုချောင်တဲ့ ဟာရီကိန်းတို့ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားမှာ အမြင့်ပျံနိုင်မလား
14.4k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အမှတ်ပေး ဘောလုံးပြိုင်ပွဲ ရှိရာ နိုင်ငံ၊ အာရှရဲ့ လူကြိုက်အများဆုံး အသင်းတွေ ရှိရာနိုင်ငံ၊ ပြည်တွင်းမှာလည်း နိုင်ငံ အသင်း အလိုက် လူကြိုက်များတာ ဆိုရင် အင်္ဂလန်က ထိပ်ဆုံး စာရင်းဝင်မယ် ထင်ပါတယ်။ ကမ္ဘာ့ဖလားကို ၁ ကြိမ် ကိုင်မြှောက်ဖူးတယ်၊ ဒါပေမယ့် ၁ ကြိမ်ပါပဲ။ ရာစုနှစ်ဝက်နီးပါး ကမ္ဘာ့ဖလားနဲ့ အလှမ်းဝေနေပါတယ်။ ပြောရရင် ကမ္ဘာ့ဖလား ပြိုင်ပွဲလို့ ဆိုလိုက်တာနဲ့ အင်္ဂလန်က ဟော့နေပြီ၊ ဒါပေမယ့် တကယ်တမ်း အောင်မြင်မှုတော့ ကောင်းကောင်း မရလှပါ။ သို့မယ့် ၂၀၁၈ ကမ္ဘာ့ဖလားမှာတော့ အခွင့်အလမ်း တချို့ရှိနေတယ် လို့ သုံးသပ်ကြပါတယ်။

The Football Association လို့ ဆိုတဲ့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA ရဲ့ လက်အောက်ခံ အသင်းပါ။ အသင်းကို အမည်ပြောင် အနေနဲ့ The Three Lions (ခြင်္သေ့သုံးကောင်) လို့ ခေါ်ကြပါတယ်။ ဒါကလည်း ဘောလုံး အသင်း အမှတ် တံဆိပ်မှာ ခြင်္သေ့သုံးကောင်ကို သုံးထားလို့ပါ။ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFAနယ်ဝင် အသင်းပါ။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.3k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
552
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
514

လက်ရှိ အင်္ဂလန် အသင်းကို နည်းပြ အဖြစ် Gareth Southgate (ဂါရက် ဆောက်ဂိတ်) က ကိုင်တွယ်နေပြီး အသင်းခေါင်းဆောင် နေရာကိုတော့ နာမည်ကျော် ကစားသမား ဝိန်းရွန်းနီ အနားယူပြီးနောက်ပိုင်း တိတိကျကျ သတ်မှတ် တာဝန်ယူစေခြင်း မတွေ့ရသေးပဲ အဆင်ပြေသလို ထားရှိ ကစားနေစေတာ တွေ့ရပါတယ်။ အသင်းက အိမ်ကွင်း အနေနဲ့တော့ Wimble Stadium ကို အသုံးပြုတာ တွေ့ရပါတယ်။

အသင်းက အိမ်ကွင်းမှာ အဖြူရောင် အင်္ကျီနဲ့ ခြေအိတ်ကို ဝတ်ဆင်တယ်၊ ရိုးရှင်းတယ် လို့ ဆိုရမှာပါ။ အခြား အနားကွပ်၊ အလှကွက်တွေ ဘာမှ မပါပါဘူး။ ဘောင်းဘီက အပြာရောင် ပြောင်ပဲ ဖြစ်ပါတယ်။ အဝေးကွင်းမှာတော့ အင်္ကျီနဲ့ ခြေအိတ် က အနီရောင် ဖြစ်ပါတယ်။ အင်္ကျီမှာ ရင်ဘတ်နေရာအတွင်း အပေါင်း လက္ခဏာ အမှတ်တံဆိပ်ကို အနီဖျော့ အသားခံပေါ်မှာ အနီရောင်ရင့်ရင့်နဲ့ ရိုက်နှိပ်ထားပါတယ်။ ဘောင်းဘီကတော့ အဖြူရောင်ပဲ ဖြစ်ပါတယ်။

လက်ရှိ ဖီဖာ အဆင့် သတ်မှတ်ချက် အရ အဆင့် ၁၃ မှာ ရှိနေပါတယ်။ ဒါဟာ ဧပြီလ အတွင်း အဆင့် ၁၈ ကနေ ၅ ဆင့် တက်လာတာပါ။ အသင်းက ကမ္ဘာ့ဖလား ၁ ကြိမ် ရဖူးသည့်တိုင်အောင် ထူးခြားချက်က ဖီဖာ အဆင့် သတ်မှတ်ချက် အဆင့် ၁ မရဖူးတာပဲ ဖြစ်ပြီး သမိုင်းတလျှောက် အမြင့်ဆုံး အဆင့် အဖြစ် ၂၀၁၂ ခုနှစ် သြဂုတ်လ အတွင်းက အဆင့် ၃ ထိ ၁ ကြိမ်ပဲ ရောက်ဖူးတာပါ။ စံချိန်တင် အဆင့် နိမ့်ကျမှု အဖြစ်နဲ့တော့ ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီ အတွင်းက အဆင့် ၂၇ ထိအောင် ရောက်သွားဖူးပါတယ်။

အသင်းက နိုင်ငံတကာပွဲစဉ် ကစားမှု အနေနဲ့ နိုင်ငံ အသင်းတွေထဲမှာ အစောဆုံး ကစားတဲ့ အသင်း စာရင်းမှာ ပါရှိနေပြီး ပထမဆုံး ပွဲစဉ်ကို ၁၈၇၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်ကတည်းက စကော့တလန် နိုင်ငံမှာ စကော့တလန်နဲ့ ကစားခဲ့ပြီး အဆိုပါ ပွဲမှာ ဂိုး မရှိ သရေ ကျခဲ့ပါတယ်။ အကြီးမားဆုံး နိုင်ပွဲ အဖြစ်နဲ့တော့ ၁၈၈၂ ခုနှစ် ဇူလိုင် ၃၁ ရက်က အိုင်ယာလန်မှာ ကစားတဲ့ အိုင်ယာလန်နဲ့ ပွဲမှာ ၁၃ ဂိုးပြတ် အနိုင်ရခဲ့တာပါ။ အသင်းက အကြီးမားဆုံး ရှုံးပွဲ အဖြစ် မထင်မှတ်ပဲ အသင်းငယ် တသင်းကို ဂိုးပြတ် ရှုံးထားပါတယ်။ ၁၉၅၄ ခုနှစ် မေ ၂၃ ရက်က ဟန်ဂေရီမှာ ကစားတဲ့ ဟန်ဂေရီနဲ့ ပွဲမှာ မထင်မှတ်ပဲ ၇ ဂိုး ၁ ဂိုးနဲ့ ရှုံးထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားနဲ့ ပတ်သတ်ရင်တော့ အစဉ်အလာ ကြီးမားတဲ့ အသင်းလို့ ဆိုနိုင်ပြီး ၁၉၅၀ ကတည်းက ပထမဆုံး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ခဲ့တာ ဖြစ်ပြီး အခုထိအောင် ၁၅ ကြိမ်ထိ ဝင်ခွင့်ရထားပါတယ်။ ကမ္ဘာ့ဖလား ၁ ကြိမ် ရဖူးပြီး ၁၉၆၆ ခုနှစ်က ဖြစ်ပါတယ်။ ဥရောပချန်ပီယံဖလား (ပြည်တွင်းမှာ ယူရိုပြိုင်ပွဲ) လို့ လူသိများတဲ့ ပြိုင်ပွဲမှာလည်း ၁၉၆၈ ခုနှစ်ကနေ အခုထိ ၉ ကြိမ် ဝင်ပြိုင်ထားပြီး ၁၉၆၈ ခုနှစ်နဲ့ ၁၉၉၆ တွေမှာ တတိယ ၂ ကြိမ် ရဖူးထားပါတယ်။

အင်္ဂလန်ဆိုတာ ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံး ဘောလုံး ၂ သင်းထဲက တသင်းလည်း ဖြစ်ပါတယ်။ နောက်တသင်းက စကော့တလန်ပါ။ ၁၈၇၂ က ကစားတဲ့ အင်္ဂလန်နဲ့ စကော့တလန် ပွဲဟာ ကမ္ဘာ့ပထမဆုံး နိုင်ငံတကာ ဘောလုံးပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။

အသင်းက လာမယ့် ကမ္ဘာ့ဖလားမှာ အုပ်စုချောင်တယ် လို့ ဆိုနိုင်ပြီး ပနားမား၊ တူနီးရှား၊ ဘယ်ဂျီယန်တို့နဲ့ တအုပ်စုတည်း ကျနေပါတယ်။ အင်္ဂလန် အနေနဲ့ သတိထားစရာ ဘယ်ဂျီန် တသင်းပဲ ရှိပြီး အခြား အသင်းတွေကတော့ အနိုင်ကစားနိုင်ဖို့ ရှိနေတာပါ။

အုပ်စုပွဲစဉ် အနေနဲ့တော့ ဖွင့်ပွဲ အဖြစ် ဇွန်လ ၁၈ ရက်နေ့မှာ တူနီးရှား၊ ၂၄ ရက်နေ့မှာ ပနားမားနဲ့ ၂၈ ရက်နေ့မှာ ဘယ်ဂျီယန်တို့နဲ့ ကစားရမှာပါ။ ပထမ ပွဲစဉ် ၂ ပွဲမှာ ရမှတ် အပြည့် ယူထားနိုင်မယ် ဆိုရင် ဘယ်ဂျီယန်နဲ့ ဘယ်လို ရလဒ်ပဲ ထွက်ထွက် အုပ်စု ဒုတိယတော့ ရနိုင်ဖို့ များပြီး နောက်တဆင့် အလွယ်တကူ တက်ရောက်နိုင်လိမ့်မယ် လို့ ESPN က သုံးသပ်ထားတာ တွေ့ရပါတယ်။

အသင်းရဲ့ စံချိန်ရှင်တွေကို ကြည့်မယ် ဆိုရင် ပွဲအများဆုံး ကစားထားပေးသူက ၁၉၇၀ ကနေ ၁၉၉၀ ထိအောင် နှစ် ၂၀ ကြာ အသင်း အတွက် ကစားပေးခဲ့သူ ဂိုးသမား Peter Shilton (ပီတာ ရှယ်တန်) ရှိပြီး သူက ၁၂၅ ပွဲ ဝင်ဖမ်းထားပါတယ်။

အသင်း အတွက် ဂိုးအများဆုံး သွင်းယူပေးထားသူကတော့ ၂၀၁၆ ခုနှစ်ကမှ နိုင်ငံ လက်ရွေးစင်ကစားသမား ဘဝကနေ အနားယူလိုက်တဲ့ နာမည်ကျော် တိုက်စစ်မှူး Wayne Rooney (ဝိန်းရူနီ)  ရှိပြီး သူက ပွဲပေါင်း ၁၁၉ ပွဲမှာ ၅၃ ဂိုး သွင်းယူ ပေးထားခဲ့တာ ဖြစ်ပါတယ်။

ဂန္ထဝင် တိုက်စစ်မှူး Bobby Charlton (ဘော်ဘီ ချာလ်တန်) ရဲ့ စုစုပေါင်း သွင်းဂိုး ၄၉ ဂိုးကိုတောင် နှစ်ပေါင်း ၅၀ လောက် ကျော်ဖြတ်နိုင်ဖို့ ခက်ခဲ့တဲ့ စံချိန်ကို ရူနီက ကျော်ဖြတ်ထားတာ ဖြစ်ပြီး လက်ရှိ သွင်းဂိုးနှုန်းတွေ အရတော့ ရူနီရဲ့ သွင်းဂိုး စံချိန်ကို ကျော်ဖြတ်နိုင်မယ့် တိုက်စစ်မှူးသစ် ထွက်ပေါ်လာဖို့ အချိန်ပေး စောင့်ရပါလိမ့်ဦးမယ်။ ဒါပေမယ့် လက်ရှိ အင်္ဂလန်မှာ ကြယ်ပွင့်သစ် ဟာရီကိန်းတော့ ရှိနေပါတယ်။ စပါး အသင်း အတွက် ဂိုးသွင်းစက် ဖြစ်နေသလို အသင်းကို လည်း ပရီးမီးယားလိဂ်မှာ ထိပ်ပိုင်း အဆင့်မှာ ရပ်တည် ရာသီ သိမ်းနိုင်အောင် ကူညီပေးနေသူပါ။

အခု ကမ္ဘာ့ဖလားမှာလည်း အင်္ဂလန်အတွက် အားကိုးရာဟာ ဟာရီကိန်းလို့ ယုံကြည်နေသူတွေ ရှိပါတယ်။ တကယ်ရော အခုနှစ် အင်္ဂလန်ကို ဟာရီကိန်းက အမြင့်ပျံစေနိုင်မှာလား။ အောင်မြင်မှုနဲ့ အလှမ်းဝေးနေတဲ့ အင်္ဂလန် အတွက် အခုနှစ် ကမ္ဘာ့ဖလားဟာ နောက်တဆင့် တက်ဖို့ လွယ်ပေမယ့် အဆင့် တခု ရဖို့တော့ အသင်းကောင်းတွေ အများကြီးကို ရင်ဆိုင်ရမှာပါ။ ခြေင်္သိ့သုံးကောင် ဘယ်လောက် အောင်မြင်နိုင်မှာလဲ ဆိုတာကတော့ မကြာခင် တွေ့မြင့်ရတော့မှာပါ။

Ref: en.m.wikipedia.org

Your Thoughts …
Tags: အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလား
Sid

Sid

...

Similar Picks:

No Content Available
Next Post
/ Guitar Zone

ဂစ်တာတီး စသင်နေတဲ့ သူတွေအတွက် အကြံပြုချက် ၇ချက်

ပြည်သူ့ဂုဏ်ရည်ဆုမှာ နံပါတ်၃ နေရာ မှာ ပါဝင်လာတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ / ချမ်းစွန်း / ဧရာဝတီ

ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်စာရင်းမှာ နံပါတ် ၃နေရာက ပါဝင်လာတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.4k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate