အားကစား

ဆာလောင်နေချိန် ဟမ်ဘာဂါ ကျွေးခဲ့ဖူးတဲ့ အမျိုးသမီးကို ပြန်လည် ရှာဖွေခဲ့တဲ့ စီရော်နယ်ဒို

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကျော် ဘောလုံးသမား စီရော်နယ်ဒိုဟာဆိုရင်တော့ သူ့ငယ်ဘဝအကြောင်း အင်တာဗျူးပြုလုပ်ခဲ့စဉ်မှာ သူဟာ McDonald က Edna လို့အမည်ရတဲ့ အမျိုးသမီး ဝန်ထမ်းတဦးကို ကျေးဇူးဆပ်ဖို့အတွက် ပြန်လည်ရှာဖွေနေတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

သူ ငယ်စဉ် ကလေးဘဝတုန်းက ဟမ်ဘာဂါ ဝယ်စားဖို့တောင် ပိုက်ဆံ မရှိခဲ့ချိန်၊ အလွန်အမင်း ဗိုက်ဆာနေချိန်မှာ McDonald က Edna ဆိုတဲ့ အမျိုးသမီးနဲ့ တခြားဝန်ထမ်း အမျိုးသမီးနှစ်ဦးတို့ဟာ သူ့ကို ကြင်ကြင်နာနာနဲ့ ပိုက်ဆံ မယူဘဲ အလကား ကျွေးခဲ့ဖူးတာကို အခုချိန်ထိ သတိတရ ရှိနေဆဲပဲလို့ စီရော်နယ်ဒိုက ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘောလုံး အကျော်အမော် စီရော်နယ်ဒိုဟာ သူ့ရဲ့ငယ်ဘဝနဲ့ ပတ်သက်ပြီး ITV နဲ့အင်တာဗျူးမှာ အခုလို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

“ဗိုက်ကလည်းဆာ၊ မုန့်ဝယ်စားဖို့လည်း ပိုက်ဆံ မရှိခဲ့ချိန်တုန်းက ကျနော် McDonald ရဲ့ဆိုင်တံခါးကို အရဲစွန့်ပြီး သွားခေါက်ခဲ့ဖူးပါတယ်။ ကျနော့်ကို သူများတွေစားလို့ ပိုတဲ့ ဟမ်ဘာဂါဖြစ်ဖြစ်၊ ရောင်းလို့ မကုန်တဲ့ ဟမ်ဘာဂါ နည်းနည်းလောက်ဖြစ်ဖြစ် ကျွေးဖို့ သွားပြောတော့ အဲဒီက အမျိုးသမီး ၃ ဦးက ပိုက်ဆံ မယူဘဲ ဟမ်ဘာဂါ ခပ်ကြီးကြီးတလုံံးကို ကျွေးခဲ့ပါတယ်”

“အဲဒီ ၃ ယောက်ထဲက တယောက်နာမည်ကိုပဲ ကျနော်သိပါတယ်။ ကျနော်သူတို့ကို ရှာနေတာ ကြာပါပြီ။ ပေါ်တူဂီက အဲဒီဆိုင်ကလည်း ပိတ်သွားတာကြာပြီဆိုတော့ ရှာလို့ မရခဲ့ပါဘူး။ တကယ်လို့ ဒီအင်တာဗျူးကို သူတို့ကြည့်နေမယ် ဆိုရင် ကျနော့်ကို ဆက်သွယ်ဖို့ ပြောချင်ပါတယ်”လို့ ပြောရင်း ဘောလုံးအကျော်အမော်ကြီးဟာ မျက်ရည်တွေ ကျနေခဲ့ပါတယ်။

မိသားစုထဲမှာ အငယ်ဆုံးနဲ့ ၄ ယောက်မြောက် သားတဦးဖြစ်တဲ့ Cristiano Ronaldo ဟာဆိုရင် ပေါ်တူဂီနိုင်ငံက Madeira ကျွန်းမှာ မွေးဖွားခဲ့တာပါ။

ငယ်စဉ်က ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းခဲ့ရပေမယ့် အခုလိုအောင်မြင်ချိန်မှာ သူ့ကို ကူညီခဲ့ဖူးတဲ့ ဝန်ထမ်းအမျိုးသမီးတွေကို သတိတရ ပြန်လည်ပြောပြပြီး တွေ့ဆုံကျေးဇူးဆပ်ချင်ကြောင်း တီဗီ အင်တာဗျုးမှာ ပြောကြားခဲ့တာကြောင့် သူ့ပရိသတ်တွေကတော့ သူနဲ့ထပ်တူ ဝမ်းနည်းခဲ့ကြရကာ ဝိုင်းဝန်းရှာဖွေပေးခဲ့တာကြောင့် အင်တာဗျူးအပြီး သိပ်မကြာခင်မှာပဲ ပြန်လည် ဆုံစည်းနိုင်ခဲ့ကြပါတယ်။

Ref. www.boredpanda.com

You may also like these stories: 

ကိုရီးယား Variety Show မှာ ပါဝင်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တဲ့ ခရစ္စတီရာနို ရော်နယ်ဒို

Instagram မှာ Follower အများဆုံးပုဂ္ဂိုလ်နေရာကို ဖယ်ပေးလိုက်ရတဲ့ Selena Gomez

Did you find apk for android? You can find new Free Android Games and apps.
Loading