ထိုင်းနိုင်ငံဟာ အာဆီယံ ၁၀ နိုင်ငံနဲ့ ပူးပေါင်းပြီး ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါပြီ။ ဘန်ကောက်မှာ ကျင်းပတဲ့ အစည်းအဝေးတခုမှာ ခရီးသွားနဲ့ အားကစားဝန်ကြီး Pipat Ratchakitprakan က ၂၀၃၄ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲကို အာဆီယံနိုင်ငံတွေနဲ့အတူ လက်ခံ ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ စတင်ဆောင်ရွက်နေပြီလို့ ပြောကြားလိုက်ပါတယ်။
အစည်းအဝေးအပြီးမှာ ဝန်ကြီးက ထိုင်းနိုင်ငံက မီဒီယာတွေကို ကမ္ဘာ့ဖလား လက်ခံကျင်းပနိုင်ဖို့အတွက် အကောင်အထည်ဖော်မယ့် အစီအစဉ်တွေကို ဝန်ကြီးချုပ် Prayut Chan–o-Cha ညွှန်ကြားထားတဲ့အတိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လက်ခံ ကျင်းပဖို့အတွက် အကောင်ထည်ဖော် ဆောင်ရွက်မှုကို ခရီးသွားနဲ့ အားကစားဝန်ကြီးဌာနက အမြဲတမ်း အတွင်းရေးမှူးက ဦးဆောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။ အာဆီယံ ၁၀ နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဘရူနိုင်းနိုင်ငံတို့ပူးပေါင်းပြီး ၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလား ကျင်းပနိုင်အောင် အကောင်ထည်ဖော် ဆောင်ရွက်နေကြတာပါ။
ကျင်းပနိုင်ဖို့ စိတ်အားထက်သန်နေပေမယ့် လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ FIFA အဆင့်သတ်မှတ်ချက် ဘောလုံးကွင်း မရှိသေးကြောင်း ထိုင်းနိုင်ငံ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ဆိုပါတယ်။
ဒါပေမယ့်လည်း ဘောလုံးကွင်းဟောင်းတွေကို အဆင့်မြင့်တင်ပြီး စံသတ်မှတ်ချက်နဲ့ ကိုက်ညီအောင် ပြင်ဆင်သွားမယ့်အပြင် ချောင်ဘူရီမှာလည်း ၂၀၂၆ ခုနှစ်မှာ ကျင်းပမယ့် လူငယ်နွေရာသီ အိုလံပစ်ပွဲတော်အတွက် အဆင့်မြင့် အားကစားကွင်း ဆောက်လုပ်သွားဖို့ ရှိပါတယ်။
နိုင်ငံတွင်းမှာရှိတဲ့ အသုံးပြုနေဆဲ ဘောလုံးကွင်းတွေကိုပါ ကမ္ဘာ့ဖလားနဲ့ တခြားအားကစားပွဲတွေ လက်ခံကျင်းပနိုင်တဲ့ထိ ပြင်ဆင်မွမ်းမံသွားဖို့ ရှိပါတယ်။ ဘန်ကောက်မှာရှိတဲ့ Rajamangala အမျိုးသားအားကစားကွင်း၊ ချင်းမိုင်းက 700th Anniversary အားကစားကွင်းနဲ့ နာခွန် ရတ်ချာစီမာမှာရှိတဲ့ နတ်ရွာစံဘုရင် ဘူမိဘောရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် အားကစားကွင်းတွေကို အဓိကထား ပြင်ဆင်မွမ်းမံမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Ref: Channel New Asia
You may also like these stories:
ဥရောပရဲ့ အကြီးဆုံး ဘောလုံးကွင်းမျာ
ဆာလောင်နေချိန် ဟမ်ဘာဂါ ကျွေးခဲ့ဖူးတဲ့ အမျိုးသမီးကို ပြန်လည် ရှာဖွေခဲ့တဲ့ စီရော်နယ်ဒို
Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားသမားများ
၂၀၂၄ အိုလံပစ်ပွဲမှာ Breaking အက ပြိုင်ပွဲများ ပါဝင်မည်