အသက် ၂၈ နှစ်အရွယ်မှာ ဆူမိုနပန်းသမားဖြစ်လာတဲ့ ဂျပန်နိုင်ငံရဲ့အငယ်တန်း ဆူမိုနပန်းသမား Shobushi ဟာ COVID-19 ရောဂါကူးစက်ခံရပြီးနောက် သေဆုံးသွားပြီလို့ ဂျပန်ဆူမိုအသင်းရဲ့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။
ဧပြီလ ၅ရက်နေ့မှာ ရောဂါစတင်ကူးစက်ခံခဲ့ရပေမယ့် ဖုန်းလိုင်းတွေ မအားတာကြောင့် ဖုန်းမဆက်လိုက်ရဘဲ ဧပြီလ ၈ ရက်နေ့မှ ဆေးရုံကို တက်ရောက်ခဲ့တဲ့ Shobushi ဟာ ဧပြီလ ၁၉ ရက်နေ့မှာ ရောဂါပိုမိုပြင်းထန်လာခဲ့ပြီး အထူးကုသဆောင်မှာ ကြပ်မတ်ကုသခံခဲ့ရတယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
“ကျနော်တို့ အနေနဲ့ ဘယ်လို ပြောရမှန်းတောင် မသိပါဘူး။ သူ့ရဲ့ သေဆုံးမှုဟာ သူ့မိသားစုအတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ ဝတဲ့ နပန်းသမား တယောက်အတွက်ဆို ရောဂါက ပိုပြီး ပြင်းပြင်းထန်ထန်ခံစားနိုင်ပါတယ်”
“ဒီလို ပြင်းထန်တဲ့ ရောဂါကို သူ့မှာ ၁ လနီးပါးခံစားခဲ့တာက တော်တော်သနားဖို့ ကောင်းပါတယ်။ အခုချိန်မှာတော့ သူ့ကို ကောင်းရာမွန်ရာကို ရောက်ဖို့ပဲ ဆုတောင်းပေးရတော့မှာပါ”လို့ ဂျပန်ဆူမိုအသင်းရဲ့ တာဝန်ရှိသူ Hakkaku က ပြောပါတယ်။
မေလ ၁၃ ရက်နေ့မှာ သေဆုံးခဲ့တဲ့ အဲဒီ နပန်းသမားရဲ့ ဈာပနအခမ်းအနားကို နိုင်ငံအတွင်း လူမစုရအမိန့်များကြောင့် မိသားစု အနည်းငယ်နဲ့သာ ကျင်းပရမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ မေလ ၁၃ ရက်နေ့ ညနေပိုင်းအထိ သတင်းတွေ အရ COVID-19 ကူးစက်ခံရသူ ၁၆,၀၀၀ ဦး ခန့် ရှိပြီး ၆၆၈ ဦး သေဆုံးပြီး ဖြစ်တယ်လို့ သိရပါတယ်။
Ref. CNA