• English
Sunday, December 3, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          တနှစ်တခါ …

          တနှစ်တခါ …

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home Lifestyle အားကစား

          ချန်ပီယံအောင်လအန်ဆန်း ဘာကြောင့်ရှုံးသလဲ

          by ဆလိုင်းသန့်စင်
          31 October 2020
          in အားကစား
          Reading Time: 1 min read
          A A
          ယမန်နေ့ အောက်တိုဘာ ၃၀ရက်နေ့ ညက စင်ကာပူတွင် ပြုလုပ်သည့် One Championship ပွဲတွင် နယ်သာလန်နိုင်ငံ သား ဒီရစ်ဒါတို့ ထိုးသတ်ရာ ချန်ပီယံ အောင်လအန်ဆန်း ရှုံးနိမ်သွား ခဲ့သည်။

          ယမန်နေ့ အောက်တိုဘာ ၃၀ရက်နေ့ ညက စင်ကာပူတွင် ပြုလုပ်သည့် One Championship ပွဲတွင် နယ်သာလန်နိုင်ငံ သား ဒီရစ်ဒါတို့ ထိုးသတ်ရာ ချန်ပီယံ အောင်လအန်ဆန်း ရှုံးနိမ်သွား ခဲ့သည်။

          37.5k
          VIEWS
          Share on FacebookShare on Twitter

          မြန်မာပရိတ်သတ်တို့၏ အချစ်တော် One Championship၏ MMA ချန်ပီယံ အောင်လအန်ဆန်း တယောက် အောက်တိုဘာလ ၃၀ ရက်မှာ ပြန်လည်ထိုးသတ်မည်ဆိုတော့ မြန်မာတနိုင်ငံလုံးက ပရိတ်သတ်တွေ အထူးစိတ်ဝင်စားခဲ့ကြသည်။

          မြန်မာပြည်မှာ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ COVID – 19 ပြင်းထန်စွာဖြစ်ပွားနေချိန် အလုပ်လက်မဲ့များ ဖြစ်ပြီး စီးပွားရေးများ ကြပ်တည်းကာ စားဝတ်နေရေးများ အခက်တွေ့၍ ဒုက္ခရောက်နေကြသော်လည်း “အောင်လပွဲ ရှိတယ်ဟေ့”ဆိုသည်နှင့် ပရိတ်သတ်များက တီဗီရှေ့ပြေးသူပြေး၊ ဖုန်းထဲကနေ ကြည့်ဖို့ ရှာကြဖွေကြနှင့် ဒုက္ခအားလုံးကို ခေတ္တမေ့ထားပြီး ကမ္ဘာ့အလယ်တွင် မြန်မာပြည်ကိုယ်စားပြု ယှဉ်ပြိုင်နေ သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သား အောင်လအန်ဆန်းကို အားပေးခဲ့ကြသည်။

          RelatedPosts

          စပိန်ဘောလုံး အကြီးအကဲ၏ အနမ်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဟုတ် မဟုတ် အစိုးရရှေ့နေများ စစ်ဆေးနေ

          စပိန်ဘောလုံး အကြီးအကဲ၏ အနမ်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဟုတ် မဟုတ် အစိုးရရှေ့နေများ စစ်ဆေးနေ

          29 August 2023
          1.8k
          အီလွန်မတ်စ်နှင့် ဇတ်ကာဘတ် ပြိုင် ဘယ်သူနိုင်မည်နည်း

          အီလွန်မတ်စ်နှင့် ဇတ်ကာဘတ် ပြိုင် ဘယ်သူနိုင်မည်နည်း

          24 June 2023
          3.5k
          မိုးသည်းထန်စွာ ရွာသွန်းနေကာ ပရိသတ်များ စိတ်ဝင်စားမှု လျော့နည်းနေချိန်တွင်ပင် မစ္စ ဘောင်ဆမ်နန်း ဆက်ပြေးနေခဲ့သည် / AFP

          နောက်ဆုံးမှ ပန်းဝင်ပြီး အားလုံးကို စိတ်ခွန်အားပေးခဲ့သော ကမ္ဘောဒီးယား အပြေးမယ်

          27 May 2023
          3.5k

          ဒီတကြိမ် အောင်လ၏ ပြိုင်ဘက်က နယ်သာလန်နိုင်ငံသား ဒီရစ်ဒါ ဖြစ်သည်။ ဒီရစ်ဒါက အရပ် ၆ ပေ ၄ လက်မရှိပြီး ဥရောပတိုက်၏ ကိုယ်ခံပညာဘက်စုံသုံး – MMA ပြိုင်ပွဲမှာ ချန်ပီယံဆု ၂ ကြိမ် ဆွတ်ခူးထား သူဖြစ်သည်။

          ၂၀၁၃ ခုနှစ်ကစတင်၍ MMA လောကကို ဝင်ရောက်ခဲ့ပြီး ပြိုင်ဘက်တွေကို ၁၂ ပွဲဆက်တိုက် အနိုင်ယူ ထားသူ ဖြစ်သည်။ အဆိုပါနိုင်ပွဲများအနက် ၈ ပွဲမှာ ချုပ်ကွက်ဖြင့် ပြိုင်ဘက်ကို ပွဲသိမ်းထားသူ ဖြစ်သည်။

          အောင်လအန်ဆန်းက ၂၀၀၅ ခုနှစ်ကစတင်ကာ MMA လောကသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ကစားသမားဘ၀ သက်တမ်းတလျှေက် ၃၆ ပွဲထိုး၊ ၂၆ ပွဲနိုင်၊ ၁၀ ပွဲရှုံးရလာဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် ဇွန်လက ကျင်းပသည့် Light of a Nation ပြိုင်ပွဲတွင် ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ရခဲ့ပြီး မြန်မာပြည်ကိုယ်စားပြု ပထမဆုံးသော ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ ဖြစ်လာခဲ့သည်။

          ထို့နောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် Quest For Gold ပြိုင်ပွဲတွင် ၎င်းထိုး သတ်နေသည့် မစ်ဒယ်ဝိတ်ထက် တဆင့်မြင့်သော လိုက်ဟဲဗီးဝိတ်ကစားသမား မာချာဒိုကို အနိုင်ယူကာ ဝမ်းချန်ပီယံရှစ်၏ ပထမဆုံးသော မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် နှစ်ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်းအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။

          ၂၀၁၇ ဇွန်လတွင် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ် သိမ်းပိုက်ခဲ့ချိန်မှစ၍ အောင်လက ပြိုင်ဘက်များကို ၇ ပွဲ ဆက်တိုက် အလဲထိုးအနိုင်ယူထားခဲ့သည်။

          ပြိုင်ဘက် ဒီရစ်ဒါက ချန်ပီယံ အောင်လအန်ဆန်းနှင့်ယှဉ်လျှင် MMA အတွေ့အကြုံနှင့် အောင်မြင်မှုအပိုင်းတွင် အစစ အရာရာ ကွာခြားနေသည်။ မြန်မာပရိတ်သတ်အများစုဆိုလျှင် ဒီရစ်ဒါ ဘယ်သူဆိုတာကိုပင် သေချာ မသိကြချေ။ သူတို့သိတာ အောင်လ ဖြစ်သည်။ အောင်လ ဘယ်သူနှင့်ထိုးထိုး သူတို့အားပေးရမည်ဟု မြန်မာပရိတ်သတ်များက ခံယူထားသည်။

          One Championship၏ နာမည်ကျော်ဖိုက်တာများထဲမှာပင် ပါဝင်ခြင်းမရှိသည့် ဒီရစ်ဒါနှင့် အောင်လအန်ဆန်း ပွဲကို မြန်မာပရိတ်သတ်များက ဟဲဗီးဝိတ် ချန်ပီယံကြီး ဘရန်ဒန် ဗီရာနှင့် ဂျပန်နိုင်ငံတွင် ထိုးခဲ့သည့်ပွဲလောက် စိတ်မပူကြချေ။ အများစုကတော့ အောင်လအန်ဆန်းကပဲ အနိုင်ယူသွားမည်ဟု ယုံကြည်နေကြသည်။

          အကြောင်းရင်းကတော့ ဂျူဂျစ်ဆုပညာဖြင့် ချုပ်ကိုင်အနိုင်ယူရာတွင် နာမည်ကြီးသည့်အတွက် မြန်မာ့စပါးအုံးမြွေ Burmese Python ဟု ပင် တင်စားခံထားရသည့် အောင်လအန်ဆန်း၊ လက်သီးချင်း ယှဉ်ထိုးသည့် Stand Fight တွင်လည်း ဘရန်ဒန် ဗီရာလို ဟဲဗီးဝိတ်ချန်ပီယံကိုပင် အလဲထိုးအနိုင်ယူထားသည့်အောင်လအန်ဆန်း ဖြစ်နေ သောကြောင့် ဖြစ်သည်။

          အောင်လအန်ဆန်းက ပွဲနေ့မတိုင်မီကပင် ဒီရစ်ဒါကို ချုပ်ကွက်သုံးမည်မဟုတ်ဘဲ လက်သီးချင်းယှဉ်ထိုးသည့် Stand Fight ဖြင့် ကစားသွားမည်ဟု ပြောဆိုခဲ့ပြီး ဒီရစ်ဒါကတော့ သူအားသန်သည့် ဂျူဂျစ်ဆုချုပ်ကွက်ဖြင့် အနိုင်ယူသွားမည်ဟု ကြုံးဝါးထားသည်။

          စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် “INSIDE THE MATRIX” ပြိုင်ပွဲ၌ လက်ရှိချန်ပီယံ အောင်လနှင့် စိန်ခေါ်သူ ဒီရစ်ဒါတို ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ခါးပတ်လုကြရာမှာတော့ ဒီရစ်ဒါက ပွဲစသည်နှင့် ဝင်လုံး၍ ဂျူဂျစ်ဆု ပညာဖြင့် ချုပ်ကိုင်ဖို့ ကြိုးစားသည်။ အောင်လက ပင့်လက်သီးတချက် ထိုးလွှတ်လိုက်ရာ ဒီရစ်ဒါ ထိသွား သည်။ ထို့နောက် အောင်လက ခြေကန်ချက်၊ လက်သီးချက်များဖြင့် ဒီရစ်ဒါကို တိုက်ခိုက်ရင်း အကဲစမ်းသည်။

          ဒီရစ်ဒါကတော့ အောင်လကို လက်သီးချင်းယှဉ်ထိုးဖို့ထက် ဝင်လုံးဖို့သာ ချောင်းနေခဲ့သည်။ မကြာမီ ဒီရစ်ဒါက အောင်လခြေကန်ချက်အပြီး ခန္ဓာကိုယ်ဟန်ချက်ထိမ်းနေစဉ် ခြေထောက်ကို ဖက်ပြီး ဝင်လုံးကာ ကိုင်ပေါက်လိုက် သည်။ ဒီအခိုက်အတန့်တွင် ဒီရစ်ဒါ၏ သန်မာမှုနှင့် MMA ကျွမ်းကျင်မှုက ထိပ်တန်းအဆင့် ရှိနေသည်ကို တွေ့ရသည်။

          အောင်လကတော့ ပွဲစသည်နှင့် ရုတ်တရက်ကြီး အပြင်းအထန် တိုက်ခိုက်လာသည့် ဒီရစ်ဒါ၏ တိုက်ကွက်ကြား ထဲမှာ အငိုက်မိသွားခဲ့သည်။

          အောင်လလဲကျသွားပြီးနောက် ဒီရစ်ဒါက လူချင်းလုံးပြီး လည်ပင်းကို အနောက်မှ ချုပ်တော့သည်။ ချုပ်သည်မှာ ဒီရစ်ဒါက အောင်လတကိုယ်လုံးကို သိုင်းဖက်ပြီး ခြေထောက်ကိုလည်း Lock ချ၍ ခြေချင်းချိတ်ပြီး အောင်လလွတ် ထွက်မသွားစေရန် အပီအပြင်ချုပ်ထားသည်။ လက်နှစ်ဖက်ကလည်း အောင်လ၏ လည်ပင်းကိုချုပ်ပြီး ပွဲသိမ်းဖို့ ကြိုးစားသည်။

          ဒီရစ်ဒါ၏ ချုပ်ကိုင်ထားမှုမှ အောင်လရုန်းထွက်ရန် ကြိုးစားသည်။ ပရိတ်သတ်အများစုက ဂျူဂျစ်ဆု ပညာ ကျွမ်းကျင်သည့်အောင်လတယောက် ဒီရစ်ဒါ၏ ချုပ်ကွက်မှ ရုန်းထွက်သွားနိုင်မည်ဟု ယူဆ ထားခဲ့ကြ သည်။ သို့သော် ဒီရစ်ဒါကပဲ ပိုမို သန်မာနေသည်လား၊ အောင်လကပဲ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရ၍ ကြံ့ခိုင်မှု မပြည့်ဝသည်လား မပြောတတ်။

          ဒီရစ်ဒါ၏ လက်များကို ဖယ်ရှားဖို့၊ အနောက်မှ သိုင်းဖက်၍ ချုပ်ထားမှုမှ ရုန်းထွက်ဖို့ အောင်လ၏ ကြိုးပမ်းမှုတွေက မထိရောက်ခဲ့ပေ။

          ဒီရစ်ဒါက အနောက်မှ ချုပ်နေရင်း ပွဲသိမ်းချုပ်ကွက်အသုံးပြုရန် ညာဘက်လက်ဖြင့် အောင်လ၏ မျက်နှာ ကိုထိုးသည်။ အောင်လကတော့ ဒီရစ်ဒါ၏ ပွဲသိမ်းတိုက်ကွက်ထဲ ရောက်မသွားစေရန် ဘယ်ဘက်လက်ဖြင့် ကာနေရပြီး ညာဘက်လက်က ခန္ဓာကိုယ်ဟန်ချက်ကို ထိမ်းနေရသည်။

          ဒါတွေက ပွဲကစားချိန် ၃ မိနစ် အတွင်း မြင်တွေ့ရသည့် အခြေအနေဖြစ်သည်။

          မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်လုပွဲဖြစ်၍ ပွဲကြီးပွဲကောင်း မြင်တွေ့ခွင့်ရမည်ဟု ပရိတ်သတ်များ မျှော်လင့်ကြ သော်လည်း တကယ်တမ်းမှာတော့ ဒီရစ်ဒါက ချုပ်ပြီး အောင်လက လွတ်ထွက်အောင် ရုန်းနေရသည့် အခြေအနေသာ မြင်တွေ့ခဲ့ရသည်။ ဒီရစ်ဒါ ပြင်ဆင်လာသည့် ပြိုင်ပွဲဗျူဟာက အောင်လကို အလစ်အငိုက် ဖမ်း၍ ရအောင်ချုပ်မည်။ သူချုပ်နိုင်လျှင် ချန်ပီယံဖြစ်မည်။

          မချုပ်နိုင်၍ လွတ်ခဲ့လျှင် အောင်လကို လက်သီးချင်းယှဉ်ထိုး၍ Stand Fight ဖြင့် တိုက်ခိုက်လျှင် အနိုင်မရ နိုင်မှန်း ဒီရစ်ဒါ တွက်ဆထားသည်။ ထို့ကြောင့် လက်ရှိရထားသည့်အခြေအနေကို အလွတ်မခံဘဲ အောင်လ ကို အသည်းအသန် ချုပ်သည်။ အောင်လက ပွဲချိန် ၃ မိနစ်မှာ ဒီရစ်ဒါချုပ်ထားသည့်အခြေအနေမှ အားကုန် သုံး၍ မတ်တပ်ရပ်ဖို့ ကြိုးစားသည်။

          ဒီရစ်ဒါကတော့ သူ့တကိုယ်လုံး အောင်လကျောကုန်းပေါ်တွင် ဖက်တွယ်၍ ခန္ဓာကိုယ်ဝိတ်အားဖြင့်ဖိကာ အောင်လကို ထပ်မံလှဲချသည်။ ဒီတကြိမ်မှာတော့ အောင်လအတွက် အခြေအနေပိုဆိုးသွားခဲ့သည်။

          လဲကျ၍ လုံးထွေးနေသည့်အခြေအနေတွင် အောင်လလည်ပင်းကို ဒီရစ်ဒါ ချုပ်နိုင်သွားခဲ့သည်။ ချန်ပီယံ အောင်လအစွမ်းကုန်ရုန်းသော်လည်း မရတော့ပေ။ ဒီရစ်ဒါ ဆင်ထားသည့်ပွဲသိမ်း တိုက်ကွက်အတွင်း သက်ဆင်းသွားခဲ့ပြီးနောက် ပွဲချိန် ၃ မိနစ် ၃၅ စက္ကန့်တွင် ဒီရစ်ဒါ၏ ချုပ်ထားသောလက်ကို ပုတ်၍ အောင်လ အရှုံးပေးခဲ့ရသည်။

          ဒီရစ်ဒါကို ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အံ့သြဖွယ်ရာအချက်ကတော့ ဂျူဂျစ်ဆု (ပြိုင်ဘက်ကို ချုပ်ကိုင် အနိုင်ယူ သည့်ပညာ) ကျွမ်းကျင်သည့်အောင်လတယောက် ဂျူဂျစ်ဆုနည်းဖြင့် အချုပ်ခံရပြီး ရှုံးပွဲ ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။

          အောင်လတယောက် ကိုဗစ်ရောဂါကြောင့် ကြံံ့ခိုငမှု မပြည့်ဝခဲ့၍လား၊ ပြိုင်ပွဲ ချဉ်းကပ်မှု နည်းဗျူဟာ အားနည်းခဲ့၍လား၊ ကိုဗစ်ကာလအတွင်း ဒီရစ်ဒါကို ယှဉ်ပြိုင်ဖို့ အကောင်းဆုံး မပြင်ဆင်နိုင်ခဲ့၍လား တွေးဆစရာဖြစ်သည်။

          ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်လုပွဲဆိုသော်လည်း အောင်လနှင့် ဒီရစ်ဒါတို့်ပွဲစဉ်က မြန်မာပရိတ်သတ် အတွက် ကြည့်ကောင်းသည့်တိုက်ခိုက်ရေး ပွဲကောင်းတစ်ပွဲတော့ မဖြစ်ခဲ့ပါ။ အောင်လအန်ဆန်းအတွက် တော့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို ရှုံးနိမ့်ခဲ့သည့် နောက်ပိုင်း ၃ နှစ်အတွင်း ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

          ယခုရှုံးပွဲကြောင့် အောင်လအန်ဆန်း၏ ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံခါးပိတ်ကို နယ်သာလန်နိုင်ငံသား ဒီရစ်ဒါထံ လွဲှပေးခဲ့ရသည်။ သို့သော် အောင်လမှာ ရွှေခါးပတ် ၂ ခု၏ ချန်ပီယံဖြစ်ခဲ့သည့်အတွက် One Championship၏ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံအဖြစ် ဆက်လက်တည်ရှိနေသည်။

          အောင်လအန်ဆန်း ရှုံးနိမ့်ခဲ့သဖြင့် မြန်မာနိုင်ငံ အနှံ့အပြားမှ အောင်လပရိတ်သတ်များ စိတ်မကောင်း ဖြစ်ကြသည်။ ပွဲအပြီး ငိုသူတွေ ငိုကြသည်။ အောင်လအန်ဆန်းကတော့ ဒီရစ်ဒါကို ရှုံးနိမ့်ခဲ့သည့်ပွဲကြောင့် စိတ်မကောင်း မဖြစ်ကြဖို့ ပရိတ်သတ်များကို လူမှုကွန်ရက်မှတဆင့် ပြောဆိုခဲ့ပြီး ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ခါးပတ်ကို ပြန်လည်အရ ယူပေး မည်ဟု ပရိတ်သတ်များကို ကတိပေးခဲ့သည်။

          “ကျနော် အသန်မာဆုံး၊ အကောင်းဆုံးပုံစံနဲ့ လေ့ကျင့်ပြင်ဆင်ရင်ဆိုင်ထိုးသတ်ပြီးတော့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ပြန်လည်အရယူမယ်လို့ ကတိပေးပါတယ်”ဟု အောင်လအန်ဆန်းက သူ၏ Facebook လူမှုကွန်ရက်မှတဆင့် ပရိတ်သတ်များကို ပြောဆိုလိုက်သည်။

          You may also like these stories:

          ကိုဗစ် စည်းကမ်းတွေ ချိုးဖောက်ပြီး အီတလီပြန်သွားတဲ့ ရော်နယ်ဒို

          ကိုဗစ် ကူးစက်မှု ရှိနေသေးရင်တောင် တိုကျိုအိုလံပစ်ကို ၂၀၂၁ မှာ ကျင်းပမည်

          Your Thoughts …
          Tags: MMA ချန်ပီယံONE Championshipဒီရစ်ဒါအောင်လအန်ဆန်
          ဆလိုင်းသန့်စင်

          ဆလိုင်းသန့်စင်

          ဧရာဝတီ

          Similar Picks:

          ရန်ကုန်မြို့၊ သုဝဏအားကစားကွင်းတွင် ကျင်းပသည့် One Championship ပြိုင်ပွဲ / ချမ်းစွန်း / ဧရာဝတီ

          မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း

          by ဆလိုင်းသန့်စင်
          1 July 2017
          16.5k

          ရှုံးပွဲမရှိသူ ကမ္ဘာ့ချန်ပီယံဟောင်း ဘစ်တာလီ ဘစ်ဒက်ရှ်အတွက်တော့ သူ၏ MMA ဖိုက်တာဘ၀ ရှုံးနိမ့်သူအမည် စာရင်းတွင် မြန်မာနိုင်ငံမှ အောင်လအန်ဆန်းက ထိပ်ဆုံးမှ ပါဝင်သွားခဲ့ပြီ ဖြစ်သည်။

          MMA မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ချန်ပီယံ အောင်လအန်ဆန်း  / မျိုးမင်းစိုး / ဧရာဝတီ

          ဘရာဇီးဖိုက်တာနှင့် ထိုးသတ်ရန် စိတ်လှုပ်ရှားနေသည့် အောင်လအန်ဆန်း

          by ဆလိုင်းသန့်စင်
          14 May 2018
          23k

          ဘရာဇီးဖိုက်တာ လီရန်ဒရို အက်တိုင်းဒီးစ် (Leandro Ataides) နှင့် ထိုးသတ်ရန် စိတ်လှုပ်ရှားနေကြောင်း MMA မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ချန်ပီယံ အောင်လအန်ဆန်း က

          မြန်မာ့စပါးအုံး အောင်လအန်ဆန်  /  ONE Championship

          မြန်မာနိုင်ငံက အဖြစ်အပျက်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ အောင်လအန်ဆန် ပြော

          by မစ်ကီ
          29 April 2021
          22k

          အောင်လက "စိတ်မကောင်းဖြစ်ရပါတယ်။ ဆန္ဒပြသူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်သတ်တာကို ခံနေရပါတယ်။ ဘာနဲ့မှ နှိုင်းယှဉ်မရနိုင်အောင်ပါပဲ။

          ဂျပန်ဖိုက်တာ ဟာဆီဂါဝါ ကို အလဲထိုး အနိုင်ယူခဲ့သည့် အောင်လအန်ဆန်း / One Championship Facebook

          မြန်မာတို့၏ ဖိုက်တာ အောင်လအန်ဆန်း

          by ဆလိုင်းသန့်စင်
          1 April 2019
          37k

          အောင်လ၏ ခြေကန်ချက်တွေက ကြိုးဝိုင်း အတွင်းမှာ တဖြောင်းဖြောင်း မည်နေသည်။ အောင်လကို ပထမ အချီမှာပင် ဖြိုလှဲသွားမည် ဟု ပြောဆိုထားသည့် ဟာဆီဂါဝါကတော့ ကြိုးဝိုင်း ထဲမှာ ပတ်ပြေးနေတာ တွေ့ရသည်။

          ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သည့် ရှင်းလင်းပွဲ၌ တွေ့ရသော ချင်း တိုင်းရင်းသား တီရယ်လ်ထန် (ဦးထုပ် အနက် ဆောင်းထားသူ)  / အောင်ကျော်ထက် / ဧရာဝတီ

          ပြိုင်ဘက်ကို ပထမ အချီတွင် အနိုင်ယူမည်ဟု ချင်း တိုင်းရင်းသား ကစားသမား ကြုံးဝါး

          by ထွန်းထွန်း
          5 March 2019
          8.8k

          သူ (Saroth) က ထိုးတာလည်း အရမ်း တော်ပါတယ်။ ကျနော့် ဘက်ကတော့ သူ့ထက် ကောင်းအောင် ပိုကြိုးစားထားပါတယ်။ အမိမြေမှာ မြန်မာ ပရိသတ်တွေ အိမ်ပြန်တဲ့ အခါ ပျော်ရွှင်ရအောင် ကျနော် ကြိုးစားမှာပါ

          အောင်လအန်ဆန်း နဲ့ ဒေါ်အောင်ဆန်းစုကြည် / Aung La Nsang facebook

          ဒေါ်အောင်ဆန်းစုကြည် အတွက် ငြိမ်းချမ်းရေးဆု တောင်းပေးလိုက်တဲ့ အောင်လအန်ဆန်း

          by ထွန်းထွန်း
          24 October 2017
          8.4k

          ကမ္ဘာ့ ကိုယ်ခံပညာ ဘက်စုံသုံး (MMA) ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ကချင် တိုင်းရင်းသား အောင်လအန်ဆန်း အနေနဲ့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ ညီညွတ်ငြိမ်းချမ်းမှုနဲ့ အနာဂတ်ကို ဦးဆောင်သွားနိုင်ဖို့ ဆုတောင်း စကား ဆိုလိုက်ပါတယ်။

          Next Post
          အရသာရှိတဲ့ ကိုကာကိုလာ ကြက်တောင်ပံကြော်

          ကိုကာကိုလာ ကြက်တောင်ပံကြော် စားရအောင်

          ထိုင်ဝမ်စစ်တပ် စုပေါင်းမင်္ဂလာပွဲမှာ တွေ့ရတဲ့ လိင်တူစုံတွဲ

          ထိုင်ဝမ်စစ်တပ် စုပေါင်းမင်္ဂလာပွဲမှာ လိင်တူစုံတွဲ ပထမဆုံးအကြိမ် ဆင်နွှဲ

          No Result
          View All Result

          Recommended

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          5 days ago
          13.9k
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          4 days ago
          12.2k

          Most Read

          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

            shares
            Share 0 Tweet 0
          • ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

            shares
            Share 0 Tweet 0
          • အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

            shares
            Share 0 Tweet 0
          • တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved