နာမည်ကျော် သတင်း Website တခုဖြစ်တဲ့ Business Insinder ကနေ ယခုနှစ် အတွင်းသွား ရောက် လည်ပတ်ဖို့ အကောင်းဆုံး နိုင်ငံ ၁၃ ခုကို ပြီးခဲ့တဲ့ ရက်အတွင်းကနေ ထုတ်ပြန်လာပါတယ်။
သူကတော့ ပတ်ဝန်းကျင်အလှအပတွေ၊ ဆွဲဆောင်မှုတွေနဲ့အတူ လုံခြုံမှု အရှိဆုံးနဲ့ စရိတ်အသက်သာဆုံး နိုင်ငံတွေအဖြစ် အဓိကထား ရွေးချယ်ဖော်ပြထားတာ ဖြစ်ပါတယ်။
(၁) စပိန်
ဥရောပ အနောက်တောင်ပိုင်းစွန်းစွန်းမှာ ရှိပါတယ်။ ဆေးရောင်စုံခြယ်သထားတဲ့ အိမ်တွေနဲ့ ပင်လယ်ကွေ့တခုလုံးကို ပန်း ချီကား တချပ်လို မြင်တွေ့ရစေနိုင်ပါတယ်။ သမိုင်းကြောင်းရော ယဉ်ကျေးမှုတွေကိုပါ လေ့လာဖို့ အကောင်းဆုံးနေရာပဲ ဖြစ် ပါတယ်။
(၂) ပြင်သစ်
ဥရောပ အနောက်ပိုင်းနိုင်ငံပါ။ အနုပညာ၊ သိပ္ပံနဲ့ တွေးခေါ်ပညာတွေမှာ ကမ္ဘာ့ဗဟိုချက်ပါပဲ။ ပဲရစ်ဆိုရင် ကမ္ဘာမှာ လည် ပတ်မှု အများဆုံး မြို့တော်တွေထဲမှာ နံပါတ် ၅နေရာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။
(၃) ဂျာမနီ
အနောက်အလယ်ပိုင်း ဥရောပနယ်ရဲ့အထင်ကရ နေရာပါ။ ကမ္ဘာမှာလည်ပတ်မှု အများဆုံး နိုင်ငံ စာရင်းမှာ နံပတ် ၇ နေ ရာရထားပါတယ်။ ဘာလင်က လည်ပတ်မှု အများဆုံး မြို့တော်စာရင်းမှာ နံပါတ် ၃ ချိတ်ပါတယ်။ Heidelberg ရဲတိုက်၊ Neuschwanstein ရဲ့တိုက်နဲ့ Bundestagတွေဟာ ဆွဲဆောင်မှု အကောင်းဆုံး နေရာတွေပါပဲ။
(၄) ဂျပန်
၂၀၁၆ခုနှစ် တနှစ်အတွင်းမှာတင် ကမ္ဘာလှည့်ခရီးသည် ၂၄.၀၃သန်း ရှိခဲ့ပါတယ်။ Kyoto နဲ့ Himeji ရဲတိုက်တွေ အပါအဝင် ရှေးဟောင်း အဆောက်အဦတွေက ခရီးသွားတွေကို အဓိက ဆွဲဆောင်မှု ဖြစ်စေခဲ့ပါတယ်။
(၅) အင်္ဂလန်
နိုင်ငံရဲ့အဓိက စီးပွားရေးလုပ်ငန်းက ခရီးသွားလုပ်ငန်းပါပဲ။ GDPရဲ့ ၉ရာခိုင်နှုန်း အပါအဝင် တနိုင်ငံလုံးရဲ့ လုပ်အား ၁၀ ရာ ခိုင်နှုန်းကို ခရီးသွားလုပ်ငန်းကနေ ရရှိနေစေတာပါ။ ကမ္ဘာမှာ လန်ဒန်ဟာ ခရီးသွား အများဆုံး ဝင်ရောက်တဲ့ မြို့တော် ပါ။
(၆) အမေရိကန်
ပြင်သစ်ပြီးရင် ကမ္ဘာလှည့်တွေကို အများဆုံး ဆွဲဆောင်နိုင်တဲ့ နိုင်ငံပါ။ Grand Canyonနဲ့ Yellowstone လို သဘာ၀ ပတ်ဝန်းကျင်တွေကို ကြည့်ဖို့ အများဆုံး လာရောက်လည်ပတ်ကြတာပါ။ ချီကာဂို၊ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကို တွေ ကလည်း ခရီးသွားများ စိတ်ဝင်စားရာ မြို့တွေပါ။
(၇) သြစတြေးလျ
ရာသီဥတုအနေအထားကြောင့်ရယ်၊ သဘာဝပတ်ဝန်းကျင် အရသာ ခံစားနိုင်မှုရယ်၊ ဖန်တီးမှု ဆန်းသစ်တဲ့ မြို့ပြ တည် ဆောက်ပုံတွေကြောင့်ရယ် ခရီးသွား အများအပြား စိတ်ဝင်စားကြပါတယ်။ Kangaroo Island နဲ့ မယ်ဘုန်း၊ ပါ့သ်မြို့တွေ က ခရီးသွား အများဆုံး လည်ပတ်နေကြ နေရာတွေပါ။
(၈) အီတလီ
တနှစ်ကို ခရီးသွား ပျမ်းမျှ သန်း ၅၀လောက် ဝင်ရောက်ပါတယ်။ ကမ္ဘာမှာ လည်ပတ်မှု အများဆုံးနိုင်ငံစာရင်းမှာ နံပါတ် ၅နေရာ ရှိပါတယ်။ ခရီးသွားစရိတ် ဒေါ်လာ ဘီလီယံ ၁၅၀လောက် ဖန်တီးရရှိနေပါတယ်။ ကမ်းခြေနဲ့ ပယ်လယ်ကွေ့နေ ရာတွေကို အများဆုံး ဝင်ရောက် လည်ပတ်နေကြတာပါ။
(၉) ကနေဒါ
အမေရိကတိုက်ရဲ့မြောက်ဘက်စွန်းနိုင်ငံပါ။ တိုရန်တို၊ မွန်ထရီနဲ့ ဗန်ကာဗာလို အကြီးဆုံး မြို့ကြီးသုံးခုမှာ အနုပညာ၊ ဓလေ့နဲ့ မြေပြင် ပတ်ဝန်းကျင်အနေအထားတွေကို အများ လေ့လာလည်ပတ်တာ တွေ့ရပါတယ်။
(၁၀) ဆွစ်ဇာလန်
နိုင်ငံရဲ့အဓိက စီးပွားရေးလုပ်ငန်းက ခရီးသွားလုပ်ငန်းပါ။ ပင်လယ်ရေလွှာလျှောစီးမှု လုပ်ငန်းနဲ့အတူ ခရီးသွားတွေကို အ ကောင်းဆုံး ဆွဲဆောင်နိုင်နေပြီး ပင်လယ်ကမ်းခြေ လည်ပတ်မှုအတွက် အများဆုံး လာရောက်ကြတာ တွေ့ရပါတယ်။
(၁၁) ဟောင်ကောင်
အရှေ့အာရှရဲ့ဖွံ့ဖြိုးမှု အမြန်ဆုံးနိုင်ငံလည်း ဖြစ်ပြီး ကမ္ဘာမှာ လည်ပတ်မှု အများဆုံး စာရင်းမှာ ၁၁ချိတ်ပါတယ်။ ၂၀၁၄ ခုနှစ်တစ်နှစ်တည်းမှာတောင် ခရီးသွားကဏ္ဍကနေ ဒေါ်လာ ဘီလီယံ ၃၀လောက် ရရှိခဲ့ပါတယ်။
(၁၂) သြစတီးယား
နိုင်ငံရဲ့GDP ၉ ရာခိုင်နှုန်းထိအောင် တိုးတက်နေစေတဲ့ သြစတီးယားရဲ့ပင်မလုပ်ငန်းပါပဲ။ မြို့တော် ဗီယင်နာဆိုရင် ဂီတ မြို့တော်လို့တောင် လူသိများပါတယ်။ ဥရောပတေးဂီတတွေကို အကောင်းဆုံး ခံစားနိုင်အောင် ဖျော်ဖြေပေးမှု ရှိသလို အ ဆိုပါ ဂီတခံစားလိုသူ တမျိုးတည်း လည်ပတ်မှုနှုန်းတင် နှစ်စဉ်ခရီးသည် ၄ သန်းလောက် ရှိနေစေပါတယ်။
(၁၃) စင်ကာပူ
နှစ်စဉ် ခရီးသွား ၁၅သန်းလောက် ဝင်နေပါတယ်။ ကာစီနိုတွေကလည်း ၂၀၀၅ခုနှစ်ကတည်းက တရားဝင်က စားနိုင်နေခဲ့ တာပါ။ ကျန်းမာရေးဝန်ဆောင်မှု ကဏ္ဍကလည်း ခရီးသွား အများအပြား စိတ်ဝင်စားကြသလို နှစ်စဉ် ကျန်းမာရေးစစ်ဆေး မှုနဲ့ အပန်းဖြေအတွက် ခရီးသည် ၂သိန်းလောက် ဝင်နေတာပါ။
Ref: www.businessinsider.com