အခု ကျနော်ပြောပြချင်တာကတော့ နာမည်ကြီး Wonders List ကနေ ရွေးချယ်ဖော်ပြခြင်းခံရတဲ့ ကမ္ဘာတဝှမ်း က လူတို့ ဖန်တီးတည်ဆောက်တဲ့ အမှတ်တရ ရုပ်တုတွေထဲက အကောင်းဆုံးဖန်တီးမှုကြောင့် အဆင့် (၁)နေရာမှာ ရပ်တည်လာ နိုင်တဲ့ မြန်မာပြည်တွင်းက ဗုဒ္ဓရုပ်ပွားတော်အကြောင်းနဲ့ စာရင်းဝင် နာမည်ကြီး ရုပ်တုတွေပဲ ဖြစ်ပါတယ်။
အားလုံးကို စုံအောင် ပြောပြချင်လို့ နိဒါန်းနည်းနည်းနဲ့ပဲ ပြောပါမယ်။
(၁) LayKyun Sekkya Buddha
ပေ ၃၈၀ အမြင့်ရှိတဲ့ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ပါ။ ကမ္ဘာမှာ ဒုတိယအမြင့်ဆုံးရုပ်တုအနေနဲ့ ရပ်တည်နေပါတယ်။ ဂေါတမ ဘုရားကို ရည်မှန်းပြီး ဖန်တီးပူဇော်ထားတာပါ။ မုံရွာနယ်ထဲက ဖိုးကောင်းတောင်ပေါ်မှာ တည်ရှိပြီး ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ် ပွားတော် ဖြစ်လာဖို့ အချိန် ၁၂နှစ်ကြာ တည်ဆောက်ထားရတယ်လို့ သိရပါတယ်။
(၂) The Guan Yin Statue
၃၅၄ ပေထိအောင် မြင့်မားတဲ့ ကွမ်ရင်မယ်တော် ရုပ်တုပါ။ ကမ္ဘာမှာ စတုတ္ထမြောက်အမြင့်ဆုံး ရုပ်တုပါ။ သုံးဘက်မြင် ရုပ် တုပါ၊ မျက်နှာတဖက်ဆီမှာ မတူညီတဲ့ သဏ္ဌာန်တွေ ရှိပါတယ်။ မျက်နှာတခုက ကျွန်းဘက်ကို လှည့်နေပါတယ်၊ ကျန်နှစ် ဖက်ကတော့ တောင်တရုတ်ပင်လက်ဘက်ကို မျက်နှာမူထားတာပါ။
(၃) Emperors Yan and Huang
၃၄၇ ပေထိအောင် အမြင့်ရှိတဲ့ ကမ္ဘာ့ပဉ္စမမြောက်အမြင့်ဆုံး ရုပ်တုပါ။ တရုတ်အလယ်ပိုင်းက ဟီနန်မှာ ရှိပါတယ်။ လူမှုရေး နဲ့စီးပွားရေး အထိမ်းအမှတ်ပွဲတွေကို အဆိုပါ ရုပ်တုနေရာမှာ ကျင်းပလေ့ ရှိပါတယ်။
(၄) The Statue of Liberty
အမေရိကန်နိုင်ငံ၊ နယူးယောက်မှာ ရှိပါတယ်။ မြေပြင်ကနေ ၃၀၅ပေ မြင့်ပါတယ်။ ပြင်သစ်ကနေ အမေရိကန်ကို လက် ဆောင်ပေးထားတာပါ။ အမျိုးသမီးနတ်ဘုရားတပါးဖြစ်သူ Libertas ကို ပုံဖော်ဖန်တီးထားတာပါ။
(၅) Rodina-Mat Zovyot
အမျိုးသမီးတဦးကနေ ဓားကို ဝင့်နေဟန်ရုပ်တုပါ။ ၁၉၆၇ ခုနှစ်ထိအောင် ကမ္ဘာ့အမြင့်ဆုံးရုပ်တု ဖြစ်ခဲ့ပြီး ၂၇၉ပေ မြင့်ပါ တယ်။ ဒီနေ့မှာတော့ ဥရောပမှာ အမြင့်ဆုံး ရုပ်တုဖြစ်ပါတယ်။ တန် ၇၉၀၀ လောက်ထိအောင် အလေးချိန် ရှိပါတယ်။ ကမ္ဘာမှာ အမြင့်ဆုံး အမျိုးသမီးရုပ်တုအဖြစ် ရပ်တည်နေပါသေးတယ်။
(၆) Leshan Giant Buddha
တရုတ်နိုင်ငံ၊ တန်မင်းဆက် လက်ထက်က ဖန်တီးကိုးကွယ်လာခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ပါ။ မင်ဂျင်း၊ ဒါဒူနဲ့ ကွင်ဂျီမြစ် သုံးခု ပေါင်းဆုံရာ တောင်နံရံကို ထွင်းထုထားတာပါ။ ကမ္ဘာ့အကြီးဆုံး ကျောက်သားဗုဒ္ဓရုပ်ပွားတော် ဖြစ်သလို ယူနက်စကိုရဲ့ရှေး ဟောင်းထိန်းသိမ်းနယ်မြေ သတ်မှတ်ခံထားရပါတယ်။ ၂၃၃ ပေ အမြင့် ရှိပါတယ်။
(၇) The Chaukhtatgyi Buggha
ရန်ကုန်မှာရှိတဲ့ ခြောက်ထပ်ကြီးဘုရား ဖြစ်ပါတယ်။ ၂၁၇ ပေ ထိအောင် အလျား ရှိပါတယ်။ မြန်မာနိုင်ငံမှာ အကြီးဆုံးစာ ရင်းဝင် လျောင်းတော်မူဘုရားပါ။ ဦးခေါင်းတော်မှာ စိန်ကို ရွှေနဲ့ ကွပ်ပြီး ထည့်သွင်းကိုးကွယ်ထားတယ်လို့ သိရပါတယ်။
(၈) The MotherLand Monument
ယူကရိန်းက ကိဗ်မြို့မှာ ရှိပါတယ်။ ပေ ၂၀ မြင့်ပြီး ဆိုဗီယက်တွေက နာဇီတွေကို စစ်နိုင်ပြီး အမှတ်တရ ဖန်တီးထားတာပါ။ အဆိုပါ မြေနေရာမှာရှိတဲ့ အမြင့်ဆုံးကုန်းပေါ်မှာ ဖန်တီးထားပြီး အဝေးက မြင်နိုင်အောင် ဖန်တီးထားပါတယ်။
(၉) Christ the King Monument
ပိုလန်နိုင်ငံ၊ ဆွစ်ဘိုဇင်မှာ ရှိပါတယ်။ ၁၇၂ပေ မြင့်တဲ့ ရုပ်တုပါ။ မြို့သူ မြို့သားတွေရဲ့ အလှူငွေတွေနဲ့ပဲ ဖန်တီးထားတာပါ။ ထူးခြားချက်က ကျောက်သားရုပ်တုကို ကြေးသရဖူ ဆောင်းပေးထားတာ ဖြစ်ပြီး သရဖူ တခုတည်းနဲ့တင် ၁၀ပေ အမြင့်ရှိ ပါတယ်။
(၁၀) African Renaissance Monument
အမြင့်ပေ ၁၆၀ ရှိပါတယ်။ အတ္တလန်တစ်ပင်လယ်ထဲကနေ လှမ်းမြင်နိုင်အောင် ဖန်တီးထားတာပါ။ အမျိုးသားက လက် ပေါ်မှာ ကလေးငယ်ကို မတင်ထားတယ်၊ အမျိုးသမီးက အမျိုးသား ဘေးမှာ ရပ်နေပြီး မိသားစု ၃ ဦးလုံးက ပင်လယ်ကို ကြည့်နေတဲ့ သဏ္ဌာန်ပါ။ ဒေါ်လာ ၂၇ သန်း အကုန်ကျခံ ဖန်တီးထားတာ ဖြစ်ပါတယ်။
(၁၁) Lord Murugan Statue
မလေးရှားနိုင်ငံ၊ ဆီလန်ဂေါ်အရပ်က ဘာတူလိုဏ်ဂူအနီးမှာ ရှိပါတယ်။ ပေ ၁၄၀မြင့်တဲ့ ရုပ်တု ဖြစ်ပြီး မလေးရှားမှာ အမြင့် ဆုံး ရုပ်တုဖြစ်သလို ကမ္ဘာပေါ်က ဟိန္ဒူရုပ်တုကိုးကွယ်မှု အားလုံးထဲမှာ ဒုတိယအမြင့်ဆုံးပါ။ သံမဏိ တန် ၂၅၀ သုံးပြီး ဖန် တီးထားကာ ရွှေဆေး လီတာ ၃၀၀ သုတ်ထားပါတယ်။
(၁၂) Rock Sculpture of Decebalus
ဒေစီယာ (Dacia)ရဲ့ နောက်ဆုံးဘုရင် Decelalusရဲ့ မျက်နှာကို ကျောက်တောင်မှာ ထွင်းထုထားတာပါ။ ရိုမေးနီးယားနိုင်ငံ၊ Dnaube မြစ်အနီး၊ Iron Gates မှာ ရှိပါတယ်။ ဥရောပမှာ အမြင့်ဆုံး ကျောက်သားရုပ်တု ဖြစ်ပြီး ပေ ၁၃၀ မြင့်ပါတယ်။
(၁၃) Genghis Khan Equestrain Statue
နာမည်ကျော် ဘုရင်ဂျစ်ကျစ်ခန်ရဲ့ မြင်းစီးနေဟန် ရုပ်တုပါ။ ပေ ၁၃၀မြင့် ပါတယ်။ Tuul မြစ်အနီး ကမ်းပါးပေါ်မှာ တည်ရှိ ပြီး ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ ၅သန်း အကုန်ခံပြီး ဖန်တီးထားတာပါ။
(၁၄) The Merlion of Sentosa
စင်ကာပူနိုင်ငံ၊ ဆန်တိုစာကျွန်းမှာ ရှိပါတယ်။ ၁၂၁ပေ မြင့်မားတဲ့ ရုပ်တုပါ။ ခင်္သြေ့ဦးခေါင်း၊ ငါး ခန္ဓာကိုယ်နဲ့ ဖန်တီးထားလို့ ထူးခြား စိတ်ဝင်စားကြတာပါ။ Lion City ကို လည်ပတ်မှုနဲ့အတူ သွားရောက်သူ များပြားလျက် ရှိပါတယ်။
(၁၅) Youth Mao Zedong Statue
အမြင့် ၁၀၅ပေ ခန့် ရှိတဲ့ ဦးခေါင်းတခုတည်းကိုပဲ ပုံဖော်ဖန်တီးထားတဲ့ ရုပ်တုပါ။ တရုတ်ခေါင်းဆောင် မော်စီတုန်းရဲ့အ သက် ၃၂နှစ်က မျက်နှာကို ပုံဖော်ထားတာပါ။ ဒေါ်လာ ၃၅သန်းခန့် အကုန်အကျခံ ဖန်တီးထားတယ်လို့ သိရပါတယ်။
(၁၆) The Christ the Redeemer
ခရစ်ယာန် ဘုရား Jesus Christရဲ့ ရုပ်တုပါ။ ဘရာဇီးက Rio de Janeiro မှာ ရှိပါတယ်။ မြို့ရဲ့ အထက် ပေ ၂၀၀၀ လောက် အမြင့်ရှိတဲ့ တောင်ပေါ်မှာ ဖန်တီးထားလို့ တမြို့လုံးကနေ မြင်နိုင်ပါတယ်။ ရုပ်တု အမြင့်ကတော့ ပေ၁၀၀လောက် ပဲ ရှိတာပါ။
(၁၇) Mansu Hill Grand Monument
ကြေးနဲ့ ဖန်တီးထားတဲ့ မြောက်ကိုရီးယား ရင်ပြင်ထဲမှာရှိတဲ့ ခေါင်းဆောင် ကင်အီးဆောင်နဲ့ ကင်ဂျုံအီးတို့ရဲ့ ရုပ်တုတွေပါ။ အစက ခေါင်းဆောင်ကင်အီးဆောင်ရုပ်တုတခုပဲ ရှိပေမယ့် ၂၀၁၂အရောက်မှာ နောက်ထပ် ကင်ဂျုံအီးရဲ့ရုပ်တု ထပ်မံ ဖန် တီးထည့်သွင်းထားတာပါ။
(၁၈) The Statue of Mevlana Rumi
၁၃ရာစုအတွင်းက ကျော်ကြားတဲ့ မွတ်စလင် ကဗျာဆရာ၊ တရားဟောဆရာ၊ စာချဆရာ တဦးဖြစ်သူ Mevlana Rumiရဲ့ အမှတ်တရ ရုပ်တုပါ။ ၆၆ ပေ အမြင့် ရှိပါတယ်။ Eray Okkan ကနေ ဒီဇိုင်းဆွဲ ဖန်တီးတည်ဆောက်ခဲ့တာပါ။
(၁၉) Statue of Ganesha
ကမ္ဘာ့အကြီးဆုံး Ganesha တွေထဲက တခုပါပဲ။ ဟန္ဒူရဲ့နတ်ဘုရားရုပ်တုတခု ဖြစ်ပြီး ၅၂ပေ မြင့်မားကာ ၇၈ပေ အကျယ် ရှိ ပါတယ်။ ထိုင်းနိုင်ငံ Chachoengaso မှာ ရှိပါတယ်။
(၂၀) Forever Marilyn
တရုတ်ပညာရှင် တဦးက အခုလို ၂၆ပေမြင့်တဲ့ မာရီလင်းအမှတ်တရ ရုပ်တုကို ၂ နှစ်ကြာ ဖန်တီးခဲ့တာပါ။ ၁၉၅၅ ခုုနှစ် ထွက် The Seven Year Itch ဇာတ်ကားထဲက နာမည်ကျော်မင်းသမီး မာရီလင်းမွန်ရိုးရဲ့ဇာတ်ဝင်ခန်းတခုထဲက ပုံစံပါ။ အမေရိကန်မှာရော သြစတြေးလျမှာပါ လှည့်လည် ပြသခံခဲ့ရပါတယ်။
Ref: www.wonderslist.com