သေချာတာကတော့ အပန်းဖြေခရီးထွက်ခြင်းမှာ အလုပ်တွေ၊ အခြား အာရံုံစားစရာ ကိစ္စတွေ မပါဘဲ လူတိုင်း ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ခရီးထွက်ကြပါလိမ့်မယ်။
ဒီတော့ ကျနော်တို့ နမူနာယူစရာ ရှိတာက နယ်ပယ်တွေ တိုင်းမှာ အောင်မြင်နေကြတဲ့သူတွေရော ဘယ်လိုမျိုး ပုံစံနဲ့ အပန်းဖြေခရီးတွေ ထွက်ကြပါသလဲ။
သိရသလောက်တော့ သူတို့ဟာ အပန်းဖြေခရီး မထွက်ခင် တပတ်အလိုကတည်းက ပြင်ဆင်မှုတွေ လုပ်တတ်ကြပါတယ် တဲ့။ ဘယ်လို ပြင်ဆင်မှုတွေပါလဲ။
(၁) အခန်း ကြိုတင်မှာယူတယ်
ပထမဆုံးကတော့ ဘယ်နေရာကို အပန်းဖြေခရီးထွက်မယ် စဉ်းစားပြီးတာနဲ့ အဆိုပါဒေသက ဘယ်လို ဟိုတယ်မျိုး၊ တည်း ခိုစရာနေရာမှာ တည်းမယ်၊ အခန်းမှာယူမှုတွေ လုပ်ကြတယ်လို့ ဆိုပါတယ်။
ကိုယ်နဲ့မသိ မကျွမ်းကျင်တဲ့ အရပ်ဒေသမှာ ရောက်သွားပြီးချိန်မှ အခန်းရှာဖွေရတာ၊ အဆင်မပြေမှုတွေနဲ့ စိတ်ကြိုက် အ ခန်း မရနိုင်မှာတွေ ရှိနိုင်တဲ့အတွက် အခုလို အခန်းကြိုတင် လေ့လာငှားရမ်းလေ့ရှိတယ်လို့ သိရပါတယ်။
အဆိုပါ အခန်းငှားရမ်းမှုနဲ့အတူ လည်ပတ်စရာနေရာ လေ့လာမှုတွေ၊ လမ်းညွှန်ငှားရမ်းမှုတွေပါ လုပ်ဆောင်တတ်တယ်လို့် သိရပါတယ်။
(၂) အလုပ်တွေကို လက်လွှဲပြောင်းပေးတယ်
အောင်မြင်သူတွေဟာ ပုံမှန်ဝန်ထမ်းတွေထက် အလုပ်ပိုများတတ်ပြီး အခုလို အပန်းဖြေခရီးထွက်ချိန်မှာ အခြားဝန်ထမ်း တွေလို ခွင့်ယူခြင်းထက် မိမိရဲ့လုပ်ငန်းတာဝန်တွေကို ခရီးထွက်မယ့် ရက်ကာလအတွင်း အခြားသူတွေထံကို လွှဲအပ်တာ တွေ၊ ပြီးစီးအောင် ကြိုတင် ပြင်ဆင်ဆောင်ရွက်တာတွေ၊ အစည်းအဝေးရက် ပြောင်းလဲ ခေါ်ယူတာတွေ လုပ်ဆောင်တတ် ပါတယ်။ ခွင့်ယူတယ်၊ လုံး၀ အနားယူတယ် ဆိုတာမျိုး မလုပ်ကြပါဘူး။
(၃) ဦးစားပေး အလုပ်တွေ စဉ်တယ်
ခရီးသွားဖော်နဲ့ အစီအစဉ်တိုင်ပင်တာတွေ၊ လုပ်လက်စ အလုပ်တွေ လက်စသတ်တာတွေ၊ အစည်းအဝေးခေါ်ယူတာတွေ၊ အကြောင်းကြောင်းသော လုပ်ဆောင်စရာ မှန်သမျှကို ဦးစားပေးအစဉ်အတိုင်း ရေးချပြီး အစဉ်အတိုင်း ဆောင်ရွက်ပြီးမှ ခရီးထွက်တတ်ကြပါတယ်။ အချိန်ဇယား ရေးဆွဲ ဆောင်ရွက်ခြင်းပုံစံ ဖြစ်ပါတယ်။
(၄) အပန်းဖြေခရီးထွက်မယ် ဆိုတာကို အလုပ်ခွင်မှာ အသိပေးတယ်
မိမိ ဘယ်နေ့ကနေ ဘယ်နေ့ထိအောင် ခရီးထွက်မယ်ဆိုတဲ့အကြောင်း အပါအဝင် အဆိုပါရက်တွေ အတွင်းမှာ Email တွေ ၂ ရက်တခါလောက်ပဲ စစ်မယ်၊ ကြည့်မယ်ဆိုတဲ့အကြောင်း၊ ဖုန်းအဆက်အသွယ် အနားပေးထားမယ့် အကြောင်း၊ အသံ မက်ဆေ့ ချန်ထားမှုကို စစ်ဆေးဖြစ်မှာ မဟုတ်တဲ့ အကြောင်း၊ စသဖြင့် ဆိုလိုရင်းမှာ မိမိအနေနဲ့လာမယ့် အပန်းဖြေရက် အတွင်း အလုပ်ကိစ္စ မှန်သမျှကို ခေတ္တ အနားပေးထားမှာဖြစ်တဲ့အတွက် အခုလို တပတ်အလိုမှာ လုပ်ဆောင်စရာရှိသမျှ ကို ပူးပေါင်းလုပ်ဆောင်ဖို့၊ လက်လွှဲပေးဖို့နဲ့ တကယ်လို့ အရေးကြီး ဆက်သွယ်ဖို့ လိုအပ်ရင် မည်သို့ဆက်သွယ်လာဖို့တွေ ကို အပါအဝင် ဘယ်မှာ ရှိနေမယ်ဆိုတာတွေကို အသိပေးလေ့ရှိကြပါတယ်။
(၅) အပန်းဖြေရင်း ဖတ်ဖို့ စာအုပ်တွေ ယူဆောင်လေ့ရှိတယ်
ကျနော်တို့ဆီမှာတော့ အပန်းဖြေတယ်ဆိုတာ အလုပ်၊ စာ၊ တာဝန်တွေနဲ့ လုံး၀ မသက်ဆိုင်ဘဲ သီးခြား အပျော်ကမ္ဘာမှာ ခေတ္တနေခြင်းပါပဲ။ အောင်မြင်သူတွေကတော့ အပန်းဖြေ ခရီးမှာ စာဖတ်ချိန် သီးသန့် ပါရှိကြပါတယ်။
ပုံမှန် အချိန်မှာ အလုပ်တွေနဲ့ နပန်းလုံးနေရလို့ စာဖတ်ချိန် မရမှုကို အခုလို အပန်းဖြေချိန်မှာ စာဖတ်ကြတယ်လို့ ဆိုပါ တယ်။ သူတို့ ဖတ်ချင်တဲ့ စာအုပ်တွေကို ယူဆောင်သွားဖို့ ပြင်ဆင်ကြပါတယ်။
(၆) တာဝန်ကြီးတွေကို လက်လွှဲပေးမှု မလုပ်ကြဘူး
မိမိအနေနဲ့ လုပ်ငန်းတခုမှာ တာဝန်ကြီးပုဂ္ဂိုလ် ဖြစ်နေသည့်တိုင်အောင် မိမိ အပန်းဖြေခရီးထွက်ချိန်မှာ ကျန်ရှိမယ့် ဝန် ထမ်းတွေအတွက် တာဝန်ကြီး မထားခဲ့ဘဲ ပုံမှန်အလုပ်တာဝန်တွေပဲ လွှဲခဲ့လေ့ရှိတယ်လို့ သိရပါတယ်။ အလုပ်တာဝန်ကြီး တွေ မရှိချိန်မှလည်း အပန်းဖြေခရီးထွက်လေ့ရှိတယ်လို့ သိရပါတယ်။
(၇) လူမှုကွန်ရက်မှာ Post တွေကို သတိထားပြီး တင်လေ့ရှိတယ်
အောင်မြင်သူတွေရဲ့ အပန်းဖြေခရီးထွက်မယ့် အကြောင်းနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ Post တွေကို သတိထားပြီး တင် လေ့ရှိတယ်လို့ သိရပါတယ်။
မီဒီယာသမားတွေ ပါရှိလာမှာကို စိုးကြတယ်၊ လုပ်ငန်းခွင်မှာ မိမိ ရှိမနေကြောင်းကို အခြား မသိစေချင်သူတွေ သိမှာစိုးကြ တယ်၊ ဘယ်သူနဲ့ ခရီးသွားတယ် ဆိုတာတွေ သိမှာ စိုးကြပါတယ်တဲ့၊ ဒီအတွက် လျှို့ဝှက်စွာပဲ အပန်းဖြေခရီး ထွက်တာ များတယ်လို့ ဆိုပါတယ်။
Ref: www.businessinsider.com