အပန်းဖြေခရီး သွားကြတဲ့ အခါ လွတ်လွတ်လပ်လပ် ရေကူးပြီး အပန်းဖြေတာလည်း ပါဝင်လာပါတယ်။ ရေကူး အပန်းဖြေ တဲ့ အခါ သီးသန့် ရေကူးကန် မဟုတ်ဘဲ အများနဲ့ အတူ ကူးခတ်အပန်းဖြေရရင် အပြည့်အ၀ စိတ်ကြိုက် မဖြစ်ဘဲ ဖြစ်နေ တတ်ပါတယ်။ ဒါကြောင့် ဟိုတယ်တွေမှာ သီးသန့် ရေကူးကန်တွေပါ ထည့်သွင်းတည်ဆောက် လာကြတယ်။ သီးသန့် ရေကူးကန်လေးနဲ့ အေးအေးလူလူ တည်းခို အပန်းဖြေနိုင်မယ့် ဟိုတယ်တွေ အကြောင်း ပြောပြပါမယ်။
(၁) Cabo San Lucas ။ ။ ပစ္စဖိတ် သမုဒ္ဓရာကို မျက်နှာမူ ဖန်တီးထားတဲ့ ရေကူးကန် ပါရှိတဲ့ မက္ကဆီကို Thompson ဟိုတယ်ရဲ့ အထူးခန်း ဖြစ်ပါတယ်။ နှစ်ယောက်ခန်း အတွက် သီးသန့် ရေကူးကန် ထည့်သွင်း ဖန်တီးထားတာပါ။
(၂) New South Wales ။ ။ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ အနောင်ပိုင်း Blue Mountains တွေ အနီး Emirates One & Only Wolgan Valley မှာ ရှိပါတယ်။ ပတ်ဝန်း ရှုခင်းတွေကို အကောင်းဆုံး ခံစားနိုင်အောင် တောင်ကြားမှာ ဖန်တီးထားပြီး သုံးယောက်ခန်းတွေ အတွက် သီးသန့် ရေကူးကန် ပါရှိပါတယ်။
(၃) Los Angeles ။ ။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ ဟိုတယ် Bel-Air ရဲ့ အဆင့်မြင့် အခန်း ဖြစ်ပါတယ်။ L.A လို့ အမည်ပေးထားပြီး အခန်းတိုင်းမှာ သီးသန့် ရေကူးကန် ထည့်သွင်းဖန်တီးထားတာ ဖြစ်ပါတယ်။
(၄) Canyon Point ။ ။ အမေရိကန်နိုင်ငံရဲ့ နာမည်ကျော် ဂရန်းကင်ယွန် ရှုခင်းတွေကို ခံစားနိုင်အောင် တည်ဆောက် ထားတဲ့ ဟိုတယ် Amangiri ရဲ့ အဆင့်မြင့် အခန်းတွေ ဖြစ်ပါတယ်။ ရေချိုးရင်း ကန္တာရ အလယ်မှာ အပန်းဖြေနိုင်အောင် သီးသန့် ရေကူးကန်တွေ ထည့်သွင်း ဖန်တီးထားတာပါ။
(၅) Somerset Village ။ ။ ဘာမူဒါကျွန်းမှာ ရှိတဲ့ ကမ်းဘရိချ်ကမ်းခြေ အဆင့်မြင့် တည်းခိုးအိမ်ရာနဲ့ Spa မှာ ရှိတဲ့ အခန်းတွေက သီးသန့် ရေကူးကန် ပါရှိပြီး ကျွန်းအခြေပြု တည်ဆောက်ထားတဲ့ တည်းခို ဟိုတယ်တွေထဲမှာ အကောင်းဆုံး တခုပါ။
(၆) Mykonos ။ ။ ဂရိနိုင်ငံ မိုင်ခိုနို ကာဗို တာဂူး အရပ်မှာ ရှိတဲ့ The Greek Villas ရဲ့ အဆင့်မြင့်အခန်းပါ။ ပင်လယ်ကမ်းခြေမှာ တည်ဆောက်ထားတာ ဖြစ်ပြီး ပင်လယ်ပြင်ရှုခင်းကို ရေကူးကန်ကနေ ခံစားမြင်တွေ့နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
(၇) Acapulco ။ ။ ဒီနေရာကတော့ မက္ကဆီကိုရဲ့ Banyan Tree Cabo Marques အနီးမှာ ရှိတဲ့ ဟိုတယ်ပါ။ လက်ရှိ ကမ္ဘာပေါ်က ရှုခင်း အကောင်းဆုံး ခံစား တွေ့မြင်နိုင်တဲ့ ဟိုတယ်ခန်းတွေထဲက တခု ဖြစ်ပါတယ်။
(၈) Beverly Hills ။ ။ ကယ်လီဖိုးနီးယားက Beverly Hills ဟိုတယ်မှာ ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘန်ဂလို ၅ လုံး ထပ်တိုးထားတာ တွေ့ရပါတယ်။ ကယ်လီဖိုးနီးယားမှာ ရေကူးရင်း နေပူစာလှုံဖို့ အကောင်းဆုံး ဟိုတယ် အဖြစ် သတ်မှတ် ခံထားရပါတယ်။
(၉) Isla Mujeres ။ ။ မက္ကဆီကိုမှာ ရှိတဲ့ Excellence Playa Mujeres ရဲ့ အထူးခန်း ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အမိုးပေါ်မှာ သီးသန့် ရေကူးကန် ထည့်သွင်း ဖန်တီးထားတာ ဖြစ်ပြီး အဆိုပါ သီးသန့်ခန်းက များများစားစားတော့ မရှိဘူးလို့ ဆိုပါတယ်။
(၁၀) Seminyak ။ ။ အင်ဒိုနီးရှား နိုင်ငံ ဘာလီမှာ ရှိတဲ့ One Eleven Bali ဟိုတယ်က အခန်းတွေပါ။ တယောက် အိပ်ခန်း ၉ ခန်းပဲ ရှိပါတယ်။ အခန်းတိုင်းမှာ သီးသန့် ရေကူးကန် ပါရှိတာ ဖြစ်ပါတယ်။
(၁၁) Toiny ။ ။ ဟိုတယ် Le Toiny St. Barthရဲ့ အထူးခန်း ဖြစ်ပါတယ်။ အဆင့်မြင့်ခန်း ၁၄ခန်း ရှိပြီး ပင်လယ်ကို ခံစားတွေ့မြင်နိုင်တဲ့ သီးသန့် ရေကူးကန် ပါရှိတဲ့ အခန်းတွေပါ။ ကာရီဘီယံရှိ စိန့်ဘာသီလမီမှာ ရှိပါတယ်။
(၁၂) West End ။ ။ အန်ဂူလာမှာ ရှိတဲ့ Four Seasons Resort and Residence Anguilla ရဲ့ အထူးခန်းတွေ ဖြစ်ပါတယ်။ သီးသန့် ရေကူးကန်တွေ ပါရှိပြီး အခန်းတိုင်းရဲ့ ဝန်းကျင်မှာ အုန်းပင် ထန်းပင် စတဲ့ အပင်မျိုးတွေတွေ အစီအရီ စိုက်ထားပါ တယ်၊ အပန်းဖြေခရီးထွက်ဖို့ အကောင်းဆုံး နေရာ တခုပါ။ ။
Ref: www.architecturaldigest.com