သင့်စိတ်ကူးထဲက ပင်လယ်ကမ်းခြေဆိုတာက ငွေရောင် သဲသောင်ပြင်တွေနဲ့ အပြာရောင် ပင်လယ်ကြီး ထိစပ်နေတဲ့ ရေ ပြင်ဖွေးဖွေးတွေ လွှမ်းမိုးထားတဲ့ နေရာ၊ လှိုင်းကြက်ခွပ်လေးတွေနဲ့ပျော်စရာ ကမ္ဘာပေါ့။ ဒါပေမယ့် ကမ်းခြေတိုင်းတော့ မသာယာပါဘူး။
အခု ကျနော်က ကမ္ဘာပေါ်မှာ အညစ်ပတ်ဆုံး ကမ်းခြေတွေအကြောင်း နည်းနည်းလောက် ပြောချင်ပါတယ်။ လည်ပတ်ဖို့ မကောင်းတဲ့ကမ်းခြေတွေပေါ့။
(၁) Kamilo, Hawaii
ဟာဝါယီကျွန်းက ကမ္ဘာပေါ်က အလှဆုံးနေရာတွေထဲက တခုပါ။ သူ့နယ်မှာ ကမ်းခြေတွေ အများကြီး ရှိတဲ့အထဲက အခု Mamilo ကတော့ အမှိုက်ကမ်းခြေ၊ ပလတ်စတစ်ကမ်းခြေလို့တောင် တင်စားခေါ်ရလောက်အောင် ကမ်းခြေတဝိုက် အ မှိုက်တွေနဲ့ ဖြစ်နေပါတယ်။
Kamilo ကို Big Island လို့လည်း လူသိများပါတယ်။ အထူးသဖြင့် ပလတ်စတစ်အမှိုက်တွေနဲ့ နေရာတိုင်းမှာ ပြည့်နေပါ တယ်။ တကယ်လို့ ကျွန်းတောင်ပိုင်းကို အလည်ရောက်နေရင်တော့ Kamilo ကို လက်ရှောင်ပါ၊ သူ့ အနီးမှာ Punalu ကမ်းခြေရှိပါတယ်။ ဒါပေမယ့် Punalu ကတော့ ရေနက်လို့ ရေကူးမယ်ဆိုရင်တော့ သတိထားကူးသင့်ပါတယ်။
(၂) Juhu, Mumbai, India
မွန်ဘိုင်းမှာတော့ နာမည်ကြီး ကမ်းခြေတွေထဲက တခုပါ။ ဒါပေမယ့် ကမ်းခြေမှာ ပလတ်စတစ် အမှိုက်နည်းပေမယ့် အမှိုက် မျိုးစုံ ပြန့်ကျဲနေပါတယ်။ အထူးသဖြင့်တော့ ဒီရေ ကာကွယ်ရေးဘောင်တွေ ဆောက်လုပ်မှုကနေ စွန့်ပစ် အမှိုက်တွေ များ ပါတယ်။
ပင်လယ်ရေတွေက ဒီရေတက်ချိန်မှာ အိမ်တွေထဲ ဝင်ပြီး အဆိုပါ ရေတွေ ပြန်ကျမှုနဲ့အတူ ပင်လယ်ကမ်းခြေက ရေကလည်း ညစ်ထေးနေပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၆အတွင်း ကမ်းခြေသာယာလှပရေးအတွက် စေတနာ့ဝန်ထမ်း ၁၀၀၀ ကျော်နဲ့ သန့်ရှင်းရေး လုပ်ဆောင်ထားတာ တွေ့ရပြီး အမှိုက်မျိုးစုံ ပေါင် ၁၁.၅သန်းလောက် ဖယ်ထုတ်ထားတယ်လို့ သိရပါတယ်။
(၃) Guanabara Bay Beaches, Rio de Janerio, Brazil
၂၀၁၆ခုနှစ် အိုလံပစ် အားကစားပွဲနဲ့အတူ အခု ကမ်းခြေလည်း အမှိုက်တွေ ပိုစုလာတယ်လို့ သိရပါတယ်။ ရေညှိတွေနဲ့ အ တူ ရေပေါ်မှာ ပေါလောပေါ်နေတဲ့ အမှိုက်တွေနဲ့ ပြည့်နေပါတယ်။ တချို့သတ္တဝါ အသေတွေလည်း ရောပါနေပါတယ်။ အိုလံပစ် အတွင်း အချို့ကစားသမားတွေ ပင်လယ်ရေနဲ့ အတူ ရောဂါပိုး ကူးစက်လို့ ဖျားနာမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။
ဂူရာနာဘာရာ ပင်လယ်အော်မှာတော့ အညစ်ပတ်ဆုံး ကမ်းခြေတခုပါ။ တကယ်လို့ Rioမှာ အပန်းဖြေမယ်ဆိုရင်တော့ Copacabana နဲ့ Ipanema လို ကမ်းခြေတွေကို ရွေးသင့်ပါတယ်။ ကျေးလက်အရသာတွေကို ခံစားနိုင်မယ့် Armacao dos Buziosကမ်းခြေတွေလည်း အနီးနားမှာ တည်ရှိပါသေးတယ်။
(၄) Haina, Dominican Republic
ကမ္ဘာမှာ ညစ်ညမ်းမှုအမြင့်မားဆုံး မြို့တွေထဲက တမြို့ဖြစ်တဲ့ Hainaနဲ့ အတူ ပူးတွဲတည်ရှိတဲ့ ကမ်းခြေပါ။ Hainaဆိုတာ The Dominican Chernobyl (ဒိုမီနီကန်ရဲ့စွန့်ပစ်မြို့တော်)အဖြစ် နာမည်ပြောင်အခေါ်ခံနေရပါတယ်။
ဘက်ထရီအိုးအဟောင်းတွေ စုံပုံနေပြီး အက်ဆစ်နံ့တွေ ပျံ့နှံ့နေတယ်၊ မြို့တွင်းရဲ့ ရာခိုင်နှုန်း ၉၀ ကျော်လောက်ကလည်း အဆိပ်သင့်နေပါသေးတယ်။ စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကလည်း မြစ်ထဲကို စွန့်ပစ်တယ်၊ ဒီလိုနဲ့ ဟိုင်နာကမ်းခြေက ရေကူးဖို့ မသင့်တော့ပါဘူး။ လေကောင်းလေသန့် ရှူရှိုက်ဖို့လောက်ပဲ အဆင်ပြေပါတော့တယ်။
အမှိုက်တွေလည်း တန်နဲ့ ချီပြီး ရှိနေပါတယ်။ ကာရေဘီယံ ပင်လယ်ထဲ ဒိုမီနီကန်မှာ လည်မယ်ဆိုရင် Punta Resort လို အပန်းဖြေစခန်းတွေ၊ Cabarete လို ကမ်းခြေနေရာတွေ ရှိပါတယ်။
(၅) Henderson Island, Pitcairn Islands Group, British Overseas Territories
နယူးဇီလန်နဲ့ ချီလီ အကြားမှာ ရှိတဲ့ ကျွန်းပါ။ ကမ္ဘာမှာ အညစ်ညမ်းဆုံးကျွန်းလို့ သတ်မှတ်နိုင်လောက်ပါတယ်။ ၂၀၁၅ ခု နှစ် က စစ်တမ်းတွေ အရ ကျွန်းမှာ ပလက်စတစ် အမှိုက် ၁၈တန်လောက် ရှိပါတယ်။
ဒီအမှိုက်တွေထဲမှာ ပလတ်စတစ် အမှိုက်ပေါင်း ၃၇.၇သန်းလောက် ရှိမယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။ ကျွန်းက ၁၄.၄ စတုရန်းမိုင်ပဲ ကျယ်ဝန်းတာပါ။
ကမ္ဘာမှာ အကျယ်အဝန်းနဲ့ အမှို အချိုးချတွက်ရင် အမှိုက်အများဆုံး ရှိတဲ့ နေရာပါ။ ကုန်းမြေနဲ့ ဝေးတာ တချက်က လူတိုင်း လည်ပတ်မှု မရှိဘဲ ဖြစ်နေစေပါတယ်။ ကမ်းဝေးကျွန်းမှာ အပန်းဖြေချင်ရင်တော့ Pitcairn ကျွန်းလို နေရာမှာ ရွေးချယ် အပန်းဖြေတာ ပိုကောင်းမှာပါ။
Ref: www.businessinsider.com