Travel

အပန်းဖြေခရီးအတွက် ရွေးချယ်ရမယ့် ဈေးအကြီးဆုံး အပျော်စီးသင်္ဘောများ

အခုပြောပြမှာကတော့ နွေရာသီ အပန်းဖြေခရီးထွက်မယ်ဆိုရင် အကောင်းဆုံး သွားလာသင့်တဲ့ ပင်လယ်ပြင်ခရီးအတွက် ဈေးအကြီးဆုံးနဲ့ အကောင်းဆုံး အပျော်စီးသင်္ဘောများအကြောင်းပဲ ဖြစ်ပါတယ်။

(၁) Eclipse

အလျား ၅၃၃ ပေထိအောင် ရှိမယ့် သင်္ဘောကြီးပါ။ ဂျာမနီသင်္ဘောထုတ် ကုမ္ပဏီ Blohmနဲ့ Vossကနေ ၂၀၁၀ခုနှစ်က တည်းက တည်ဆောက် အသုံးပြုနေတာ ဖြစ်ပါတယ်။ သူ့ကို ငှားမယ်ဆိုရင် တပတ်ကို ယူရို ၃သန်းရှိပါမယ်။ လက်ရှိမှာ ရုရှား ဘီလီယံနာသူဌေး Roman Anramovichက ပိုင်ဆိုင်ထားပါတယ်။ ကမ္ဘာ့အကြီးဆုံး သင်္ဘောပါ။ ရဟတ်ယာဉ် ၃ စင်းထိအောင် ဆင်းသက်နိုင်ပါသေးတယ်။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

(၂) Queen Miri

ပေ ၃၀၀ အလျားရှိတဲ့သင်္ဘောပါ။ ၂၀၁၀ခုနှစအတွင်းကပဲ Neorion Shipyards ကနေ ဖန်တီး ထုတ်လုပ်ထားတာပါ။ တ ပတ်ငှားခ ယူရို ၁.၈၂သန်းရှိပါတယ်။ ကမ္ဘာမှာ ၂၉ စီးမြောက် အကြီးဆုံးသင်္ဘောပါ။ ၂၀၀၄ခုနှစ်ကတည်းက ဖန်တီးထား တာ ဖြစ်ပေမယ့် ၂၀၁၀မှာမှ Queen Miri အဖြစ် အမည်ပြောင်း အဆင့်မြှင့်ထားတာပါ။ မူလက Andreas Liveras က ပိုင် ဆိုင်တာ ဖြစ်ပြီး ၂၀၀၇ခုနှစ်မှာ ဒူဘိုင်းသူဌေးတဦး ဖြစ်တဲ့ Delma ဆီ ရောက်လာပါတယ်။ ပြီးတော့ ၂၀၁၃ခုနှစ်မှာ Delma ကနေ Edmiston ဆီကို ယူရို ၅၃သန်းနဲ့ ရောင်းချရောက်ရှိနေတာ ဖြစ်ပါတယ်။

(၃) Aquarius

အလျား ၃၀၁ပေ ရှည်ပါတယ်။ ၂၀၁၆ခုနှစ်အတွင်းကမှ Feadshipကနေ တည်ဆောက် ထုတ်လုပ်ထားတာပါ။ ရှေ့ထွက် ၆၇မီတာ ရှည်လျားတဲ့ Aquarius မော်ဒယ်နေရာမှာ အစားထိုးသုံးချင်လို့ ဆိုပြီး မှာကြားမှုကြောင့် အခု မော်ဒယ်သစ်ကို ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ သင်္ဘောပေါ်မှာ ရေကူးကန်ပါရှိပါတယ်။ Gym ခန်းလည်းပါတယ်၊ ပတ် လည်ကြည့် ပြတင်းပေါက်တွေနဲ့ ဆည်းဆာခန်းကိုလည်း ထည့်သွင်း ဖန်တီးထားပါတယ်။ ငှားရမ်းမယ့်ဈေးနှုန်း မသိရပေ မယ့် ဈေးမြင့်မယ့်အနေအထားပါ။

(၄) Here Comes the Sun

အလျား ၂၇၂ပေ ရှည်ပါတယ်။ Amelsက ၂၀၁၆ခုနှစ် အတွင်းက ထုတ်လုပ်ထားတာပါ။ တပတ်ငှားခ ယူရို ၁.၃သန်း ရှိ ပါ တယ်။ Amels က ထုတ်လုပ်သမျှ သင်္ဘောတွေထဲမှာ အကြီးဆုံးမော်ဒယ်ပါ။ ပိုင်ရှင်ဖြစ်သူက သင်္ဘောတွေ အများအပြား ပိုင်ဆိုင်ထားပြီး ၄ စင်းမြောက် Beatlesရဲ့သီချင်းအမည်ကို ပေးထားတဲ့ရွက်လှေ ဖြစ်လာပါတယ်။ ရုပ်ရှင်ရုံပါတယ်၊ Gym ခန်းပါတယ်၊ ရေကူးကန် ပါတယ်၊ သဘောကျစရာပါ။

(၅) Kismet

အလျား ၃၁၂ပေ ရှည်ပါတယ်။ ၂၀၁၄ခုနှစ်အတွင်းက ဂျာမနီ အခြေစိုက် Lurssen ကနေ ထုတ်လုပ်ထားတာပါ။ တပတ် ငှားရမ်းခ ယူရို ၁.၂သန်း ရှိပါတယ်။ အမေရိကန် ဘီလီယံနာ သူဌေး Shahid Khanက သူ့ရဲ့ ၆၈မီတာ အရှည်ရှိ Kismet သင်္ဘောမော်ဒယ် နေရာမှာ အစားထိုးဖို့ ဝယ်ယူထားတာ ဖြစ်ပါတယ်။ ခရီးသည် ၂၇၀ဦး ထိအောင် လိုက်ပါနိုင်ပါတယ်။

(၆) Phoenix 2

ဂျာမနီ အခြေစိုက် Lurssenရဲ့ ၂၀၁၀ခုနှစ်က ထုတ်လုပ်ထားတဲ့ မော်ဒယ် ဖြစ်ပြီး ၂၉၅ပေ ရှည်တဲ့မော်ဒယ်ပါ။ တပတ်ကို ယူရို ၁သန်း ပေးမှ ငှားနိုင်မှာပါ။ ပိုလန်ဘီလီယံနာ Jan Kulczyk အတွက် ထုတ်လုပ်ပေးထားတာပါ။ Spa ခန်း သက်သက်ပါ တယ်၊ ရုပ်ရှင်ရုံလည်း ပါရှိပါတယ်။ ၁၉၃၀ ဝန်းကျင်က ထုတ်လုပ်ခဲ့တဲ့ New Yorkမော်ဒယ်ရဲ့ပုံစံမျိုး ပြင်ဆင် ဖန်တီးထား တာ ဖြစ်ပါတယ်။

(၇) Savannah

၂၇၄ပေ ရှည်လျားတဲ့ ၂၀၁၅ခုနှစ်က ထုတ်လုပ်ထားတဲ့ Feadshipရဲ့ လက်ရာပါ။ တပတ်ကို ယူရို ၁သန်း ငှားရမ်းခ ရှိပါ တယ်။ Hybridစနစ်နဲ့ သွားတဲ့ ပထမဆုံး သင်္ဘောတွေထဲက တခုပါ။ အင်ဂျင်စနစ်က လျှပ်စစ်နဲ့ ဒီဇယ်အင်ဂျင်စနစ်ကို တွဲ ဖက်တပ်ဆင်ထားတာပါ။

ရေအောက်မှာပါ တည်းခိုခန်း ထည့်ထားတဲ့မော်ဒယ်ပါ။ ရေကူးကန်လည်း ပါတယ်၊ Spa ခန်းရော Gym ခန်းတွေက ပင် လယ်ကို ကြည့်ရင်း ခံစားနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။

Ref: www.businessinsider.com

Loading