အခု ပြောပြမယ့်အကြောင်းကတော့ ကမ္ဘာ့နေရာအနှံ့မှာ ရှိနေတဲ့ အမြင့်ဆုံး တောင်ကြော၊ တောင်ကြားတွေဆီကနေ စီးဆင်း ကျရောက်နေတဲ့ ရေတံခွန်တွေအကြောင်းပဲ ဖြစ်ပါတယ်။
(၁) Angel Falls
ဗင်နီဇွဲလားနိုင်ငံမှာ ရှိပါတယ်။ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် ဖြစ်ပါတယ်။ အမြင့်ပေ ၃၂၁၂ပေကနေ ရေတွေ စီးဆင်းနေတာပါ။ ရေတံခွန်ရဲ့အဖျားအစက Canaima National Park အတွင်းမှာ ရှိတဲ့ Auyantepui တောင်ကနေ လာပါတယ်။ တဆင့် တည်း စီးကျမှု အမြင့်ဆုံး ရေတံခွန်တွေထဲက တခု ဖြစ်ပြီး တဆင့်တည်း စီးကျမှု အမြင့်ပေ ၂၆၄၈ပေ ရှိပြီးမှ နောက်တဆင့် ကို ရောက်ရှိ ဆက်လက်စီးနေတာ ဖြစ်ပါတယ်။
(၂) Tugela Falls
အဆင့်ပေါင်း ၅ဆင့် လျှောကျ စီးဆင်းနေတဲ့ ရေတံခွန်ပါ။ အမြင့်ပေ ၃၁၁၀ ရှိပါတယ်။ တောင်အာဖရိကနိုင်ငံ Royal Natal National Park အတွင်းမှာ တည်ရှိပါတယ်။ မိုးများတဲ့အချိန်မှာ ရေစီးကျမှု ပိုကောင်းသလို အလည်အပတ်လာသူ ပိုများပါ တယ်။ တနှစ်ပတ်လုံး စီးဆင်းနေတဲ့ ရေတံခွန်တခုလည်း ဖြစ်ပါတယ်။
(၃) Cataratas las Tres Hermanas
ပီရူးမှာ ရှိပါတယ်။ ရေအများအပြား စီးကျနေတဲ့ရေတံခွန်တခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အလွန်တရာ မြင့်မားတဲ့တောင် ကြောပေါ်ကနေ အမြဲစီးကျနေတာ ဖြစ်ပါတယ်။ Google Earth က ပုံရိပ်တွေအရ ပေ ၃၀၀၀လောက်ထိအောင် အမြင့် ရှိနိုင် ပါတယ်။
(၄) Oloupena Falls
ဟာဝိုင်ရီကျွန်းစုရဲ့အရှေ့မြောက်ဘက် မိုလိုကိုင်ကျွန်းမှာ ရှိပါတယ်။ အမြင့် မီတာ ၉၀၀ (၂၉၅၃ပေ)ထိအောင် ရှိပါတယ်။ ပင် လယ်ပြင်ထဲကို စီးကျနေတာ ဖြစ်ပြီး အမြဲစီးဆင်းနေတဲ့ ရေတံခွန် မဟုတ်ပါဘူး။
မိုးတွင်းလို ရာသီတွေမှာပဲ စီးကျနေတာ ဖြစ်ပြီး ရေတံခွန် တည်ရှိတဲ့ တောင်ကြားက မြင့်မားသလို ရေတံခွန်က သေးငယ်တာ ကြောင့် အနီးကပ် သွားရောက်လည်ပတ်ဖို့ ခက်ခဲချင်ပြီး ပယ်လယ်ထဲကနေ ဖြစ်စေ၊ ဝေဟင်ကနေ ဖြစ်စေ အကောင်းဆုံး ကြည့်ရှုနိုင်တာလည်း ဖြစ်ပါတယ်။
(၅) Catarata Yumbilla
ပီရူးနိုင်ငံမှာ တည်ရှိပါတယ်။ အမေဇုန်တောနဲ့ တဆက်တည်း ဖြစ်ပါတယ်။ တောင်ကြောမြင့်မားမှုကြောင့် ရေတံခွန်ကလည်း လိုက်ပြီး မြင့်မားနေတာ ဖြစ်ပေမယ့် အခြား ရေတံခွန်တွေလို ရေအများအပြား စီးကျနေမှုတော့ မရှိပါဘူး။ အမြင့်ပေ ၂၉၃၈ ပေထိအောင် ရှိပါတယ်။
(၆) Vinnufossen
နော်ဝေနိုင်ငံ၊ ဆန်ဒယ်ဆိုရာမှာ ရှိပါတယ်။ နော်ဝေမှာ ရှိတဲ့ ရေတံခွန်တွေထဲမှာရော ဥရောပမှာပါ အမြင့်ဆုံးရေတံခွန်ပါ။ အမြင့်ပေ ၂၈၂၂ပေ (မီတာ ၈၆၀)ထိအောင် မြင့်ပါတယ်။ ဗင်နမြစ်ရဲ့အစိတ်အပိုင်းတခုအဖြစ် တည်ရှိနေတာ ဖြစ်ပြီး Vinnufjellet တောင်ပေါ်ကနေ လျှောကျနေတာ ဖြစ်ပါတယ်။
(၇) Balaifossen
နော်ဝေနိုင်ငံ၊ ဟော်ဒါလန်းမှာ ရှိပါတယ်။ အမြင့်ပေ ၂၇၈၈ပေထိအောင် မြင့်ပါတယ်။ နော်ဝေနိုင်ငံအတွက်ရော ဥရောပ မှာပါ ဒုတိယ အမြင့်ဆုံးရေတံခွန်အဖြစ် တည်ရှိနေတာပါ။ သူလည်း လှေခါးထစ်ပုံစံ တဆင့်ချင်း စီးဆင်းလျှောကျနေတဲ့ ရေတံခွန် တခုပါ။
(၈) Puukaoku Falls
အမေရိကန်မှာ အမြင့်ဆုံး ရေတံခွန်ဖြစ်ပြီး ဟာဝိုင်ရီကျွန်းစုမှာ ရှိပါတယ်။ ဒီရေတံခွန်က အမြင့်တနေရာကနေ အောက်ဆုံး ထိအောင် လျှောကျစီးနင်းနေတာ မဟုတ်ဘဲ လှေခါးထစ်လို့ အဆင့်တွေနဲ့ လျှောကျစီးဆင်းနေတာ ဖြစ်ပါတယ်။ အမြင့်ပေ ၂၇၅၆ပေ ရှိပါတယ်။
(၉) James Bruce Falls
မြောက်အမေရိကမှာတော့ အမြင့်ဆုံးရေတံခွန်ဖြစ်ပြီး ကမ္ဘာမှာတော့ အဆင့် ၉ ရှိပါတယ်။ ကနေဒါနိုင်ငံ၊ Princess Louisa Marine Provincial Parkထဲမှာ တည်ရှိပါတယ်။ နှင်းထုတွေ အရည်ပျော်ပြီး စုပေါင်း စီးဆင်းဖြစ်တည်လာတယ်လို့ ဆိုပြီး အမြင့် ၂၇၅၅ပေ မြင့်ပါတယ်။
(၁၀) Browne Falls
နယူးဇီလန်နိုင်ငံမှာ ရှိပါတယ်၊ အမြင့် ၂၇၄၄ပေ (၈၃၆မီတာ)ကနေ ရေတံခွန်အဖြစ် စီးကျနေတာပါ။ အဆိုပါရေတံခွန်ရဲ့ အဖျား အစကတော့ မြင့်မားတဲ့တောင်တန်းပေါ်မှာ ရှိနေတဲ့ Browne ရေကန်ပဲ ဖြစ်ပြီး အဆိုပါ ရေကန်မှာ ရေတွေပြည့်လျှံ ပြီး စီးဆင်းနေတာ ဖြစ်ပါတယ်။
Ref: www.wonderslist.com